Main menu

Background

အရောအနှောများကြောင့် ကယား ငရုတ်ဈေးကွက်ပျောက်

Mon, 07/01/2013 - 11:29 -- ydnar

ထိုင်းဟင်းလျာတွေကို ကြည့်လိုက်ရင် အစပ်မပါတာရှားတယ်။ အဓိကဟင်းကလဲ စပ်တာပဲ။ ဟင်းရန် ကလဲ စပ်တာဘဲ၊ ဟင်းချိုဆို ပေမယ့် အစပ်ပါတာဘဲ။ မြန်မာ့ဟင်းလျာထက် အပူအစပ်အသုံး ပိုများတယ်။ သူတို့ ဒေသ ထွက် ငရုတ်လဲရှိမှာဖြစ်ပေမယ့် မေလလယ် ကလွိုင်ကော်မှာပြုလုပ်ခဲ့တဲ့မယ်ဟောင်ဆောင်နဲ့ ကယားဒေသ ထွက် ကုန်ဆွေးနွေးပွဲမှာ ကယားဘက်က ထွက်တဲ့ ငရုတ်စစ်စစ်ကို ထွက် သမျှ ဝယ်ချင်တဲ့ အကြောင်းဆွေးနွေးခဲ့ ကြတယ်။

ကယားငရုတ်ဆိုပေမယ့်နာမည်ကြီးတာကရှမ်းပြည်နယ် တောင် ပိုင်းအဖျား ကယားနယ်စပ်နဲ့နီးတဲ့ ဆီဘူး၊ ပီကင်းစတဲ့ရွာတွေက ထွက်တဲ့ငရုတ်တွေက နာမည်ကြီးတယ်။ ထိုင်းကတော့ ပီကင်း ငရုတ် ဆိုပြီး အမေးများတယ်။ လွိုင်ကော်နဲ့ ဖရူးဆိုနယ်စပ်တွေမှာလဲ ငရုတ် စိုက်ကြပါတယ်။ ဒါပေမယ့် နာမည်ရတာက ဆီဘူးငရုတ်၊ ပီကင်း ငရုတ် အနေနဲ့ နာမည်ရတယ်။ သူ့အရည်အချင်းက စားရင်စပ်ပေ မယ့် အခြားငရုတ်တွေလို ပူမနေဘူး၊ လက်နဲ့ကိုင်ရင်လည်း မပူဘူး။ ဆီဘူးငရုတ်က အခွံပါးပြီး အတောင့်ညှက်တယ်။ ထိုင်းကုန်သည်တွေက လွန်ခဲ့တဲ့ ၃ - ၄ နှစ်က ဆီဘူးငရုတ်ကို တစ်နှစ် တစ်နှစ်မှာ ကီလိုသိန်းချီပြီး၊ ဝယ်ပေမယ့် နောက်ပိုင်းမှာ ရောသမမွှေဇာတ်လမ်းများကြောင့်  ကယားငရုတ်နာမည်ပျက်ခဲ့ တယ်။ ဆီဘူးငရုတ် သပ်သပ်ဆိုရင် တစ်ပိဿာ တစ်သောင်းဈေး ပေါက်ပေမယ့် အထက်အညာကထွက်တဲ့ ၄၀၀၀ ကျပ်တန် ငရုတ် တွေနဲ့ရောပြီး၊ တင်ပို့ကြလို့ တစ်ပိဿာ ၆၀၀၀ ကျပ်ဈေးပဲ ရှိ တော့တယ်။ ကိုယ့်ဒေသထွက်ကုန် ရဲ့ ဈေးကွက်ကို ကိုယ်တိုင်ဖျက် သလိုပဲ။ ဒါကြောင့် မီးဖိုချောင်သုံးသီးနှံတွေ ဈေးကွက်ခိုင်မာရေးအတွက် ပစ္စည်းကောင်းတာနဲ့ ညံ့တာရော ပြီး ရောင်းတာမျိုး၊ ပဲတူခဲတူရောင်း တာမျိုး၊ နှမ်းနက်ဈေးကောင်းရင် တခြားအရောင်နှမ်းကို ဆံပင်နက် ဆေး ဆိုးပြီး၊ရောင်းတာမျိုးတွေဟာဈေးကွက်လည်းပျက်၊ ဖောက်သည် လည်းဆုံးရှုံး၊ စားသုံးသူများလည်း ထိခိုက်တယ် လို့ တင်ပို့ကြတဲ့ လုပ် ငန်းရှင်များအနေနဲ့ ရှောင်ရှားသင့်ပါတယ်။ ၂၀၁၀ ပြည့်နှစ်အတွင်းကလည်း ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ ကုန်သည်အချို့ ပဲတူခဲ တူရောနှောပြီး ရောင်းချခဲ့ကြတဲ့ အတွက် နာမည်ပျက်ခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။ ကုန်သည်တွေ ထဲမှာ စောင့် ထိန်းရမဲ့ကျင့်ဝတ် တွေဖောက်ဖျက်ပြီး၊ မိမိအကျိုးစီးပွား တစ်ခုတည်း ရှေ့တန်းတင်၊ တစ်ခါစားကြံတဲ့ ကုန်သည် အချို့ရှိခဲ့ကြလို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များနဲ့ ပူးပေါင်းပြီး၊ အရေးယူ ဆောင်ရွက်ခဲ့ရပါတယ်။ မိမိဒေသထွက် ကုန်တွေ ဈေးကွက် မှာ နာမည်တစ်ခုနဲ့ ထာဝရရှင်သန်တိုးတက်ဖု့ိဆိုတာ အားလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ပြီး၊ ထိန်းကျောင်းသွားရမှာ ဖြစ်ပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ အမည်ပျက် စာရင်း (Black  List) မှာ ထည့်သွင်းသတ်မှတ် အရေးယူခြင်းကို ကျူးလွန်တဲ့ပြစ်မှု အမျိုးအစား ပေါ်မူတည်ပြီး၊ အချိန် ကာလသတ်မှတ်ချက်နဲ့ အရေးယူမှာ ဖြစ် ကြောင်းကြေညာခြင်းကို ပို့ကုန်သွင်းကုန်နဲ့ပတ်သက်တဲ့ သတင်းလွှာ (၅/၂၀၀၀)နဲ့ ကြေညာထားပြီးဖြစ်ပါတယ်။ သတင်းလွှာမှာ တည်ဆဲ စည်းမျဉ်းစည်းကမ်းများအား လိုက်နာ ခြင်းမရှိဘဲ မြန်မာနိုင်ငံမှာ ကျင့်သုံးဆောင်ရွက်လျက်ရှိတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အခွင့် ကောင်း ယူပြီး၊ စီးပွားရေး မသမာမှု ဆောင်ရွက်တဲ့ကုမ္ပဏီများနဲ့ ယင်း ကုမ္ပဏီရှိ လူပုဂ္ဂိုလ်များအား ၎င်း တို့ကျူးလွန် တဲ့ ပြစ်မှုအမျိုးအစားနဲ့ အတိုင်းအတာပေါ်မူတည်ပြီး၊အမည်ပျက်စာရင်း (Black  List)မှာ ထည့်သွင်းသတ်မှတ် အရေးယူခြင်း၊ အခြားသင့် လျှော်တဲ့ အရေးယူမှု များ၊ ပြစ်ဒဏ်များချမှတ်ခြင်းနဲ့ အရေးယူဆောင်ရွက်လျက် ရှိကြောင်း နဲ့သက်ဆိုင်ရာကုမ္ပဏီများနဲ့ ယင်းကုမ္ပဏီရှိ လူပုဂ္ဂိုလ်များအား အမည် ပျက်စာရင်းမှာ ထည့်သွင်း သတ်မှတ်အရေးယူခြင်းနဲ့ စပ်လျဉ်းပြီး သတင်းလွှာ ထုတ်ပြန်တဲ့ နေ့မှစပြီး၊ ကျူးလွန်တဲ့ ပြစ်မှုအမျိုးအစား အလိုက် အချိန်ကာလသတ်မှတ်ချက်များအတိုင်း၊ အရေးယူ ဆောင် ရွက်သွားမှာဖြစ်ကြောင်း အသိပေးကြေညာ ထားပြီးဖြစ်ပါတယ်။ ပြစ်မှုအလိုက် အချိန်ကာလ သတ်မှတ်ချက် မှာ ပြစ်ဒဏ် အမျိုးအစား ၁၃ မျိုးပါရှိပြီး၊ အမှတ်စဉ် ၁ မှာစာချုပ်ပါ သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခြင်းအတွက် အချိန် ကာလ အများ ဆုံး ၂ နှစ်၊ အမှတ်စဉ် ၆ မှာ စာချုပ်ပါစည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက်ပြီး မရိုးမသားပြုလုပ်ခြင်း အတွက် အများဆုံး ၃ နှစ်၊ အမှတ်စဉ် ၁၂ မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်က  ကျင့်သုံးနေတဲ့ ဈေးကွက် စီးပွားရေးစနစ်အပေါ် အခွင့်ကောင်းယူပြီး၊ စီးပွားရေး မသမာမှုများ ပြုလုပ်ခြင်းအတွက် အများဆုံး ၅ နှစ်အချိန် ကာလ သတ်မှတ်အရေးယူဆောင်ရွက်သွားဖို့ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေနဲ့ ကုန်သွယ်မှုပမာဏ တိုးတက်ရေး အတွက် ကုန်သွယ်မှု ဆိုင်ရာ ဖြေလျော့မှုများ ပြုလုပ်ပေးခြင်း၊ ထုတ်ကုန်သွင်းကုန်ပစ္စည်း များအတွက် Automatic  Licensing   System   ခွင့်ပြုပေးခြင်း၊ ဆက်လက်ပြီး၊ ကုန်ပစ္စည်းအချို့အား Non  Licensing  System ခွင့်ပြုပေးခြင်း စသည်ဖြင့် ဆောင်ရွက်ပေးနေသကဲ့သို့ ပုဂ္ဂလိက လုပ် ငန်းရှင်များဘက်မှလည်း မိမိတို့နိုင်ငံထွက်ကုန်များအား ရရှိပြီး၊ ဈေးကွက်များ မပျောက်စေရေး၊ ဈေးကွက်သစ်များ ထပ်မံထိုးဖောက် ရရှိရေးတို့အတွက် ရောင်းဝယ်တင်ပို့မှု စည်းမျဉ်း စည်းကမ်းများ ဖောက်ဖျက်ခဲ့ သဖြင့် ဈေးကွက်ပျောက်ခဲ့ ရတဲ့ ဖြစ်စဉ်သာဓကများ အပေါ် သတိချပ်သင့်၊ အသိတရားနဲ့ ရှောင်ရှားသွားဖို့ တိုက်တွန်း ရေးသားလိုက် ရပါတယ်။                          MW ၊ MMA