တရားမဝင်ကုန်သွယ်မှုများလျော့နည်းပပျောက်စေရန်နဲ့ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိစေ ရန်ရည်ရွယ်ပြီး တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်ကတ်(ITC)နဲ့ကုန်သည်ငယ်၊ ကုန်သည်လတ်များကို လုပ်ကိုင်ခွင့်ပြုပေး လျက် ရှိရာ ၂၀၁၂ ဒီဇင်ဘာ ၁ ရက်နေ့မှစပြီး မူဆယ်နဲ့ မြဝတီ ကူးသန်း ရောင်း ဝယ်ရေးစခန်း၊ နိုဝင်ဘာ ၂၁ ရက်နေ့မှာ တမူးကူးသန်းရောင်းဝယ်ရေးစခန်းများကို စတင် ဆောင်ရွက် လျက်ရှိတယ်လို့သိရပါတယ်။
ချင်းရွှေဟော်ကူးသန်းရောင်းဝယ် ရေး စခန်းကိုလည်း ၂၀၁၃ ဧပြီလမှ စတင်ပြီး (ITC) ကတ်ဖြင့်လုပ်ကိုင် ခွင့်ပြုပေး လျက်ရှိရာ မေလနဲ့ ဇွန်လဆန်းပိုင်းမှာ လုပ်ကိုင်မှုမရှိပဲ ဇွန်လနှောင်းပိုင်းမှာ ပြောင်းတန် ၂၀ ခန့် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၆၀၈ သန်းဖိုးကို တင်ပို့နိုင် ခဲ့တယ်လို့ ချင်းရွှေဟော် ကူးသန်းရောင်းဝယ်ရေးစခန်းမှသိရပါတယ်။ဒေသခံအုပ်ချုပ် ရေးအဖွဲ့များ၊ ကုန်သည်ကြီးများအသင်းဝင် ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ (ITC) လုပ်ငန်းရှင်များ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းစည်းရုံးဆောင်ရွက် ပေးကြရန် ၂၀၁၃ ခုနှစ်ဇွန်လမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ စားသုံးသူ အကာအကွယ်ပေးရေး ညှိနှိုင်းအစည်းအဝေးမှာ စခန်းတာဝန်ခံဒုတိယညွှန်ကြား ရေးမှူး ဦးဇော်ဝင်းမှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။Source: ခရဟ KMT(DCCA)