Main menu

Background

ထိုင်းဘွန်းနဲ့ စတော့ရှယ်ယာ ဈေးကွက်များမှ နိုင်ငံခြားငွေ စီးထွက်မှုများပြား

Mon, 07/15/2013 - 11:03 -- ydnar

အကျပ်အတည်းကိုဖြေရှင်းဖို့ အတွက်နဲ့ စီးပွားရေးတွေ တိုးတက်လာ ဖို့အတွက် နိုင်ငံအများအပြားက သူတို့ ရဲ့ ဘဏ္ဍာရေးစနစ်အတွင်းကို ငွေကြေး တွေအားဖြည့်ပေးပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေ က သူတို့စီးပွားရေးတွေ တိုးတက်လာ အောင် လှုံ့ဆော်ပေးဖို့ ကြိုးစားခဲ့ကြပါ တယ်။ အကျိုးဆက်အဖြစ် နိုင်ငံခြား မတည် ရင်းနှီးငွေတွေက ထွန်းသစ်စ နိုင်ငံတွေရဲ့ ဘဏ္ဍာရေးဈေးကွက်ထဲကို စီးဝင်လာပါတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံ ဈေးကွက်လဲ ပါဝင်ကြောင်း ထိုင်းနိုင်ငံ နေရှင်း သတင်းမှာ ဖော်ပြထား ပါ တယ်။

ဒီမတည်ငွေ ရင်းတွေ ရုတ်တရက် လားရာ လမ်းကြောင်း ပြောင်းပြီး ပြင်ပ ကိုစတင် စီးထွက်သွားရင် ဖြစ်လာမဲ့ ငွေကြေး တည်ငြိမ်မှုကိစ္စ အတွက် စိုး ရိမ်ပူပန်မှုတွေ ရှိလာပါတယ်။ ဘတ်ငွေ တန်ဖိုးဧပြီ ၂၂ ရက်မှာ တစ် ဒေါ်လာ ၂၈ ဒသမ ၆၆ ဘတ်က နေ ဇွန် ၂၈ ရက်မှာ ၃၁ ဒသမ ၁၈ ဘတ် ရှိခဲ့ပါတယ်။ နှစ်လအတွင်း ၈ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တာ ဖြစ် ပါတယ်။ အမေရိကန်ဗဟိုဘဏ်က တစ်လကိုဒေါ်လာ ၈၅ ဘီလီယံ (ဘတ် ၂ ဒသမ ၆၄ ထရီလီယံ) ဖိုးဝယ်ယူမဲ့ ငွေကြေး တွန်းအားပေး အစီအစဉ်ကို ဆက်လက် ဆောင်ရွက်မယ်လို့ ဗဟို ဘဏ်ဥက္ကဌက လွှတ်တော်ကို တင်ပြ လိုက်တဲ့အခါ ဘတ်ငွေတန်ဖိုး ထူးထူး ခြားခြား ကျဆင်းခဲ့ပါတယ်။ ငွေဖြစ်လွယ်မှုကျဆင်းမှာကို စိုးရိမ် မှုကြောင့် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် တွေအတက်အကျအများကြီးဖြစ်ခဲ့ပါ တယ်။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေက စာချုပ်စာတမ်းတွေ ကနေ ငွေတွေပြန်ဖော်ပြီး အမေရိကန် ပြည် ထောင်စုကို ပြန်ယူ သွားကြပါတယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံတာတွေ စီး ထွက်သွားတဲ့အတွက် အာမခံ စာချုပ် စာတမ်းတွေရဲ့ တန်ဖိုး ကျဆင်းခဲ့ပါ တယ်။ ရှယ်ယာတွေရောင်းထုတ်တာနဲ့ ဘွန်းစာချုပ်တွေသက်တမ်းကုန်ဆုံးသွား တာပူးတွဲသွားတဲ့အတွက် ဘွန်းစာချုပ် ဈေးကွက်ထဲကနေ မတည်ငွေကို ဘတ် ၃၈ ဘီလီယံဖိုး စီးထွက်ခဲ့ပါတယ်။ ထို့အတူ စတော့ဈေးကွက်ထဲကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက အလား တူကာလအတွင်းမှာ ဘတ် ၆၇ ဘီလီ ယံဖိုးပြန်ရောင်းခဲ့ပါတယ်။ ကုန်လွန်ခဲ့တဲ့နှစ်လအတွင်း ပြန် သုံးသပ်ရင် အမေရိကန်ဗဟိုဘဏ်က စီးပွားရေးတွန်းအားပေးအစီအမံတွေကို ရုပ်သိမ်းမှုကမရေရာတဲ့အတွက် ထိုင်း ဘဏ္ဍာရေးဈေးကွက်ထဲကနေ ထွက်ငွေ ကဘတ် ဘီလီယံ ၁၅၀ ဘီလီယံဖိုးထိ ရှိနိုင်ပါတယ်။