Main menu

Background

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တင်ပို့တဲ့ မြန်မာ့ပို့ကုန်တွေအတွက် အကောက်ခွန်သက်သာခွင့်ပေးမယ့် အီးယူ GSP အခွင့်အရေး

Wed, 07/24/2013 - 11:10 -- ydnar

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ ကို မြန်မာနိုင်ငံက တင်ပို့မယ့်ကုန်ပစ္စည်း တွေအပေါ်အကောက်ခွန် သက်သာခွင့် ပြန်လည်ပေးအပ်တဲ့ ဆုံးဖြတ်ချက်ကို ဥရောပပါလီမန်နဲ့ ဥရောပကောင်စီ တို့က ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ မှာ Regulation (EU) No. 607/2013 နဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ကစပြီး ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံ တွေကိုတင်ပို့တဲ့ မြန်မာ့ပို့ကုန်တွေအပေါ် ဖွံ့ဖြိုးမှု နည်းပါးတဲ့ နိုင်ငံစာရင်းဝင်နိုင်ငံ တစ် နိုင်ငံအနေနဲ့ အကောက်ခွန်ကင်းလွတ် ခွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင်နောက် ကြောင်းပြန်ရရှိမယ့် အခွင့်အရေးအနေနဲ့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ကစပြီး ပို့ခဲ့တဲ့ ပို့ကုန်တွေကစပြီး ဒီအခွင့် အရေး ကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။ဒါကြောင့်အီးယူဈေးကွက်ကို လက်တွေ့ တင်ပို့ရာမှာ အီးယူ GSP နဲ့ပတ်သက် ၍ သိသင့်သိထိုက်တာ တွေကို အမေး အဖြေပုံစံနှင့် ဖော်ပြလိုက်ပါတယ်-၁။    အီးယူ GSP ဆိုတာ ဘာလဲ။ အီးယူ GSP ဆိုတာဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကို ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးမှုနည်းပါးသေးတဲ့ နိုင်ငံ တွေက တင်ပို့တဲ့ကုန်ပစ္စည်းတွေ အပေါ်တစ်ဖက်သတ်အကောက်ခွန်  လျော့ပေါ့ပေးတဲ့အစီအစဉ် ဖြစ်ပါ တယ်။ ၂။    အီးယူက GSP  အစီအစဉ်ကို ဘယ်လို နိုင်ငံတွေကို ပေးအပ် တာပါလဲ။ အီးယူက GSP  အခွင့်အရေးကို ဖွံ့ဖြိုးဆဲနိုင်ငံများ၊ဖွံ့ဖြိုးမှုနည်းပါး တဲ့နိုင်ငံများနဲ့  ဖွံ့ဖြိုးတိုးတက် မှုနှင့် ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ်ရှိတဲ့ နိုင်ငံများဆိုပြီး အုပ်စုသုံးခုခွဲ ပြီးပေး ပါတယ်။ အုပ်စုအပေါ်မူတည်ပြီး အကောက်ခွန်ကို လုံးဝကင်းလွတ် ခွင့် (သို့) လျော့ပေါ့ပေးတာ မျိုး ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေရဲ့ ထွက်ကုန်အားလုံး ကတော့အကောက်ခွန်ကင်းလွတ် ခွင့်ရ မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ လည်းပါဝင်ပါတယ်။၃။      ဒါဆို GSP  အခွင့်အရေးရရှိတဲ့ နိုင်ငံတွေကတင်ပို့တဲ့ကုန်ပစ္စည်း အားလုံးဟာအခွန်သက်သာခွင့် ရမှာလား။ မရပါဘူး။ဒါကိုနောက်ပိုင်း ဆက် လက်ရှင်းပြပါ့မယ်။၄။    GSP အခွင့်အရေးရရှိဖို့ ဘယ်လိုအချက် အလက်တွေနဲ့ ကိုက်ညီဖို့ လိုအပ်ပါလဲ။ ပင်းရင်းဒေသစည်းမျဉ်းနဲ့ ကိုက်ညီဖို့ လိုအပ် ချက် (၃) ခုရှိပါတယ်။ နံပါတ်တစ်ကတော့ (Origin Criteria)  ပင်ရင်းဒေသထုတ်ကုန် စံသတ်မှတ်ချက်နဲ့ ကိုက်ညီရမယ်။ နံပါတ်နှစ် ကတော့(Direct Consignment) တိုက် ရိုက်တင်ပို့တဲ့နည်းလမ်းဖြစ်ရမယ်။ အခုအချိန် မှာ အီးယူက Direct Consignment ဆိုတဲ့ နေရာမှာ  Non Manipulation  စည်းမျဉ်း ကို သုံးနိုင်တယ်ဆိုပြီး ဖြေလျော့မှု ပေးထား ပါတယ်။  Non Manipulation ဆိုတာက  GSP အခွင့်အရေး ရရှိတဲ့နိုင်ငံက တင်ပို့လိုက် တဲ့ ကုန်ပစ္စည်းတွေကို ပြုပြင်ပြောင်းလဲခြင်း၊ ထပ်တိုးထုတ် လုပ်ခြင်းမရှိပဲ မူရင်းအခြေအနေ အတိုင်း အီးယူအဖွဲ့ဝင် နိုင်ငံများအတွင်း သယ်ဆောင် ခွင့် ပြုတဲ့နည်းလမ်းဖြစ် ပါတယ်။ နံပါတ်သုံး ကတော့ (Documentary Evi-dence) သက်သေခံစာရွက်စာတမ်းအထောက် အထား (Form A, Invoice)  အပြည့်အစုံ တင်ပြနိုင်ရမယ်။  ၅။    နိုင်ငံတခုရဲ့ ပြည်တွင်းထွက်ကုန်ဆိုတာကို ဘာနဲ့ တိုင်းတာတာလဲ။ နိုင်ငံတခုရဲ့ထွက်ကုန်ဆိုတာကို ပင်ရင်းဒေသ စည်းမျဉ်းနဲ့ တိုင်းတာပါတယ်။ ၆။     ပင်ရင်းဒေသစည်းမျဉ်းဆိုတာရော ဘာ လဲ။ ပင်ရင်းဒေသစည်းမျဉ်းဆိုတာ ပစ္စည်းတွေ ဘယ်ကနေထုတ်လုပ်လဲဆိုတာကို စဉ်းစားတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါဟာ ဘယ်နိုင်ငံ ကနေတင်ပို့တယ်ဆိုတာအပြင်ဘယ်လိုထုတ် လုပ်တယ်ဆိုတာလဲ ပါဝင်ပါတယ်။ ၇။     ပင်ရင်းဒေသထွက်ကုန်ကို ဘယ်လို သတ် မှတ်လဲ။ ရာနှုန်းပြည့် ပြည်တွင်းထွက်ကုန်  (Wholly Obtained or Produced)၊ပြည်ပသွင်း ကုန် ကုန်ကြမ်းအသုံးပြု ထုတ်လုပ်ထားတဲ့ထွက် ကုန် (Not wholly obtained or produce) ဆိုပြီးနည်းလမ်းနှစ်မျိုးနဲ့သတ်မှတ် ပါတယ်။ ၈။    ဘယ်လို ပစ္စည်းမျိုးကို ရာနှုန်းပြည့် ပြည်တွင်း ထွက်ကုန်လို့ သတ်မှတ်လဲ။ အခြေခံအားဖြင့်တော့ အခွင့်အရေးလက်ခံ ရရှိတဲ့ နိုင်ငံရဲ့ သဘာဝသယံဇာတ ကိုအသုံး ပြုပြီးထုတ်လုပ်ထားတဲ့ပစ္စည်းမျိုးဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် ပြည်ပသွင်းကုန်ပစ္စည်း မပါဝင်တဲ့ ပစ္စည်းမျိုး ဖြစ်ပါတယ်။ ဥပမာ လက်ရှိ မြန်မာ့ပို့ကုန်တွေထဲက ဆန်၊ ပဲမျိုးစုံ တို့ဖြစ်ပါတယ်။၉။    ပြည်ပက တင်သွင်းတဲ့ ကုန်ကြမ်းပစ္စည်းကို အသုံးပြု ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ အတွက်ဘယ်လို အချက်တွေက ပြည်တွင်း ထွက် ကုန်လို့ သတ်မှတ်နိုင်မှာလဲ။ အချို့ပစ္စည်း တွေဟာ အလွယ်တကူပဲ နိုင်ငံ တစ်ခုရဲ့ ထွက်ကုန်လို့ သတ်မှတ်နိုင်ပေမဲ့ တိုး တက်လာနေတဲ့ ဒီနေ့ခေတ်မှာ ပစ္စည်း အချို့ ဟာတစ်နိုင်ငံတည်းက ထုတ်လုပ်တဲ့ပစ္စည်း တွေမဖြစ်နိုင်ပါဘူး။ ဒါကြောင့် အခွင့်အရေး လက်ခံရရှိတဲ့ နိုင်ငံတွေဟာ ပြည်ပက ပစ္စည်း တွေ တင်သွင်းပြီး ထုတ်လုပ်ခဲ့မယ် ဆိုရင် ကိုယ်နိုင်ငံရဲ့ ထွက်ကုန်ဖြစ်ဖို့ အတွက် ထုတ်လုပ်မှုပုံစံတွေကို ကြည့်ပြီး သတ်မှတ်မှာ ဖြစ်ပါတယ်။ အခြေခံအားဖြင့် ဒီနည်းလမ်း(၃)မျိုးနဲ့ သတ်မှတ်လို့ရပါတယ် - (၁)    အကောက်ခွန်လိုင်း (H.S ခေါင်းစဉ်) ပြောင်းလဲမှု နည်းလမ်း (၂)    ပြည်တွင်းပစ္စည်း တန်ဖိုး ပါဝင်မှု ရာခိုင်နှုန်း ထွက်ချက်သည့်နည်းလမ်း (၃)    သီးသန့်စည်းမျဉ်းဖြင့်ထုတ်လုပ်မှု နည်း လမ်း အကောက်ခွန်လိုင်း (H.S ခေါင်းစဉ်) ပြောင်း လဲမှုနည်းလမ်းဆိုတာ အသုံးပြုထားတဲ့ ကုန်ကြမ်းပစ္စည်းရဲ့ H.S ခသိန နဲ့ထွက်လာတဲ့ ကုန်ချောပစ္စည်းရဲ့ H.S code  ဟာ ဂဏန်း ၄ လုံး (4 digit) ကနေစပြီးကွဲပြားရင်ရ ပါတယ်။(ဥပမာ - သတ္တုချောင်း (H.S code 74.07) ကနေ သတ္တုပိုက် (H.S code 74.11) ကိုပြောင်းလဲသွားခြင်းမျိုး) သစ် (H.S code 4407)  ကနေ ကုလားထိုင် (H.S code 8403)   ကို ပြောင်းလဲသွားတာ မျိုး။) ပြည်တွင်းပစ္စည်း တန်ဖိုး ပါဝင်မှု ရာခိုင်နှုန်း တွက်ချက်သည့်နည်းလမ်းဆိုတာ ပြည်ပ ကုန်ကြမ်းပစ္စည်း အသုံးပြုတဲ့ အချိုးအစားနဲ့ စက်ရုံထွက် ကုန်ချော ပစ္စည်းတန်ဖိုးကို အချိုးအစားတွက်ချက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အချိုးအစားနဲ့မကိုက်ညီရင်တော့ပင်ရင်းဒေသ ထွက်ကုန်လို့ သတ်မှတ်လို့ ရမှာမဟုတ်ပါဘူး။ (ဥပမာ - ထီး (H.S  ခေါင်းစဉ်-6601) ကို ထုတ်လုပ်မယ်ဆိုရင် အသုံးပြုထားတဲ့ ပြည်ပ ကုန်ကြမ်းပစ္စည်း တန်ဖိုးဟာ ကုန်ချောပစ္စည်း တန်ဖိုးရဲ့ ၇၀%ထက်မပိုရတာမျိုး၊ သတ်မှတ် အချိုးအစားဟာ ကုန်ပစ္စည်းကိုလိုက်၍ ကွဲလွဲမှု ရှိပါတယ်။)သီးသန့်စည်းမျဉ်းဖြင့် ထုတ်လုပ်မှုနည်းလမ်းဆိုတာ ကုန်ပစ္စည်း ထုတ်လုပ်မှု နည်းလမ်းစဉ် (သို့မဟုတ်) နည်းပညာ အသုံးပြုထုတ်လုပ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ၁၀။    ကိုယ့်ပစ္စည်းဟာ ပင်ရင်းဒေသ စည်းမျဉ်း နဲ့ကိုက်ညီပြီဆိုရင် ဘာကိုသတိထားဖို့ လိုအပ် သေးလဲ။ ကိုယ့်ပစ္စည်းရဲ့H.S code  အမှန်ကိုသိရှိဖို့ လိုအပ်ပါသေးတယ်။ ဒါမှမဟုတ်ရင် Origin Criteria မှားယွင်းပြီးလျှောက်မိတတ်ပါတယ်။  Origin Criteria မှားယွင်းပြီး လျှောက်ထား မိရင် အခွန်ကင်းလွတ်ခွင့် ရမှာမဟုတ်ပါဘူး။၁၁။    Form A  ဆိုတာက ဘာပါလဲ။ Form A  ဆိုတာအီးယူကိုပစ္စည်းတင်ပို့တဲ့ အခါ မှာ အကောက်ခွန် သက်သာခွင့် ရရှိဖို့ အသုံးပြုတဲ့ စာရွက်စာတမ်းဖြစ်ပါတယ်။ ၁၂။     Form A   ကို ဘယ်သူဖြည့်သွင်းရသလဲ။ Exporter ကဖြည့်ရပါတယ်။ Exporter  ကိုယ်တိုင်ကသာ ကိုယ့်ပစ္စည်းဟာ ပင်ရင်း ဒေသ စည်းမျဉ်းနဲ့ ကိုက်ညီ/မညီသိနိုင်လို့ပါ။၁၃။     Form A  လျှောက်ထားလာမှုကို ထုတ် ပေးတဲ့ အာဏာပိုင် အဖွဲ့အစည်း က ငြင်းဆိုခွင့် ရှိလား။ ရှိပါတယ်။ ကုန်ပစ္စည်းတွေရဲ့  ပင်ရင်းဒေသ သတ်မှတ်ချက်ကို ဘယ်လိုနည်းလမ်းနဲ့ ထုတ်လုပ်တယ်ဆိုတာမျိုး၊ လုံလောက်တဲ့ တင်ပြနိုင်မှုမရှိဘူးဆိုရင် ငြင်းဆိုနိုင်ပါတယ်။၁၄။    Form A  ကို ဘယ်အချိန်မှာ လျှောက်ထား နိုင်ပါသလဲ။ ပုံမှန်အားဖြင့် Form A  ကို ကုန်ပစ္စည်း အမှန် တကယ် တင်ပို့ပြီးချိန်မှာ လျှောက်ထားနိုင် ပါတယ်။ ဒါပေမဲ့ အချို့အခြေအနေတွေမှာ နောက်ကြောင်းပြန် လျှောက်ထား နိုင်ပါ တယ်။ ၁၅။    Form A   ကို တစ်စောင်မှာ ကာလသတ် မှတ်ချက် ရှိပါသလား။ ရှိပါတယ်။  Form A  ကိုထုတ်ယူပြီး ၁၀ လအတွင်းတင်သွင်းတဲ့နိုင်ငံရဲ့ အကောက်ခွန် ဌာနကို တင်ပြရပါမယ်။ ၁၆။     Form A  ပျက်စီး၊ ပျောက်ဆုံး၊ ခိုးယူခံရရင် ဘယ်လိုလုပ်ရမလဲ။ မိတ္တူမှန် ပြန်လည်လျှောက် ထားနိုင်ပါတယ်။ ၁၇။    မြန်မာနိုင်ငံကို အီးယူက GSP အခွင့် အရေးပြန်လည်ပေးအပ်မယ်လို့ သိရှိထား ပါတယ်။အချိန်အတိအကျ ပြောနိုင်ပါ ပြီးလား။ ဇူလိုင်လ ၁၉ ရက်နေ့မှာ မြန်မာ နိုင်ငံက အီးယူကပေးတဲ့ GSP အခွင့် အရေးကို တစ်ကျော့ပြန် ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။၁၈။    မြန်မာ့ပို့ကုန်တွေအတွက် နောက်ကြောင်း ပြန်လျှောက်ထားနိုင်မဲ့ အစီအစဉ်ကိုလဲ သိလိုပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ ကစပြီး အီးယူကိုတင်ပို့ထားတဲ့ ကုန်ပစ္စည်းတွေကို နောက်ကြောင်းပြန် အနေနဲ့ Form A   ပြန်လည် လျှောက်ထားနိုင်ပါတယ်။သုတေသနနှင့်ပြည်သူ့ဆက်ဆံရေး ဌာနခွဲ