Main menu

Background

နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏မှတ်ဖွယ်ရာ စကားအချို့ကို ပြန်လည်ခံစားခြင်း

Wed, 07/24/2013 - 11:11 -- ydnar

မိုးဦးကာလမိုးကောင်းချိန်ဖြစ် သည့်ဇူလိုင်လသည့်ကား မြန်မာနိုင်ငံ သားတို့အတွက်သားစဉ်မြေးဆက်မမေ့ အပ်သော ကြေကွဲဖွယ်ဖြစ်ရပ်ဖြစ် ပျက်ခဲ့သော အချိန်ဖြစ်သည်။ အုံ့မှိုင်း နေသောမိုးကောင်းကင်၊ သဲသဲမဲမဲ ရွာနေသောမိုး၊ယောက်ယက်ခတ်ပြေး လွှားနေကြသောလူများ၊ ထိတ်လန့် တုန်လှုပ်သွားသောအမူအရာများ၊ ဝမ်းနည်းကြေကွဲနေသော မျက်နှာများ စသဖြင့်  မြန်မာပြည်မျှော်လင့်ချက် ပြိုလဲပြီဆိုသော အခြေအနေကို သရုပ် ဖော်သည့်အပြုအမူများကို လွန်ခဲ့သော ၆၆ နှစ် ကာလကအဖေအမေတို့၊ အဘိုးအဘွား တို့ကြုံခဲ့ရပြီးဖြစ်သည်။   ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိအချို့အစည်းအဝေးပြုလုပ်နေ ချိန်တွင် မသမာသူလူတစ်စု၏ ရက်စက် သောအကြံအစည်တို့ဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်းကိုခံလိုက်ခြင်းဖြစ်သည်။ ယခုဆိုလျှင်ဗိုလ်ချုပ်နှင့် အပေါင်းအပါ တို့ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၆၆နှစ်  ကြာမြင့်ခဲ့လေပြီ။ ဗိုလ်ချုပ်သည်ကျဆုံး ချိန်၌ အသက်၃၀ကျော်သာရှိသေး သည့်လူငယ်တစ်ယောက်ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်၏တွေးခေါ်မြော် မြင်မှု၊ စဉ်းစားချင့်ချိန်တတ်မှုတို့သည် အရွယ်နှင့်မမျှလောက်အောင် ကြီးမား ပြီးမြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်မှုရရှိရေး အတွက်လည်း၎င်းင်း၏ မိန့်မှာချက်၊ ပြောဆိုချက်များမှာ လည်း ပြောဆိုခဲ့ရာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည့် ယခု အချိန်အထိတိုင်မှတ်သားလိုက်နာဖွယ် အဖြစ်ရှိနေသည်ကိုတွေ့ရသည်။စဉ်းစား မိတိုင်းကြေကွဲ ခံစားရတတ်သည့် ယခုကဲ့သို့ အာဇာနည်နေ့ ဝန်းကျင် အချိန် အခါမျိုးတွင် ဗိုလ်ချုပ်၏ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးရေး အတွက် လိုက်နာမှတ်သား၊ ဆောင်ရွက်သင့် သည့်မိန့်ခွန်းများ၊ ဟောပြောချက်များ စွာမှလက်လှမ်းမီသလောက်အချို့ကိုပြန် လည်ခံစား တင်ပြအပ်ပါသည်။လွတ်လပ်မှု၊စီးပွားရေးနှင့် နိုင်ငံရေး ဆိုတာ "စီးပွားရေးလွတ်လပ်မှုမရှိရင် နိုင်ငံရေးလွတ်လပ်မှုဆိုတာဟာ ပြက် ရယ်ပြုစရာဖြစ်မယ်။ နိုင်ငံရေးလွတ် လပ်မှုဆိုတာဟာ ပြက်ရယ်ပြုစရာဖြစ် မယ့်အသားလွတ်ဟန်ပြတာဖြစ်မယ်။” (၁၉၄၆ခုနှစ် မေလ ၁၆ ရက်နေ့၊ ဖဆပလအဖွဲ့ချုပ်၏ ဒုတိယမြောက် ဗဟို ဦးစီးအဖွဲ့၏ အစည်းအဝေး တွင်ပြော ကြားသောမိန့်ခွန်း)ညီညာမျှတစွာစုပေါင်းလုပ်ဆောင်မှု၏ အရေးပါမှု တိုင်းပြည်အနှံ့အပြားမှာ သမဝါ ယမလုပ်ငန်းတွေ ဆောင်ရွက်ဖို့အချိန် သင့်နေပါပြီ၊ လုံးလုံးလျားလျားလျော်ကန်နေပါပြီ။ ဒီလုပ်ငန်းဟာကျွနု်ပ်တို့ ပြည်သူတွေရဲ့နှလုံးသားထဲမှာ ပူးပေါင်း လိုစိတ်၊ စည်းစည်းလုံးလုံးနေ ထိုင်လုပ် ကိုင်လိုစိတ်တွေသွင်းပေးပါလိမ့်မယ်။ဒါတွင်မကသေးပါဘူး၊ ကျစ်ကျစ်လျစ် လျစ်သုံးစွဲတတ်မှု၊ကိုယ်ထူ ကိုယ်ထ လုပ် မှု၊တီထွင်ဖန်တီးကြိုးပမ်းတတ်မှုတွေ ရှိလာအောင်လဲအားပေးအား မြှောက် ပြုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွနု်ပ်တို့တိုင်းပြည်မှာ အရင်းအနှီးသိပ် ရှားပါးနေချိန်မှာ သမဝါယမလုပ်ငန်း ဟာ တိုင်းပြည်ရဲ့သာယာဝပြောရေးကို မြှင့်တင်ဖို့အတွက် အကောင်းဆုံးနည်း လမ်းဘဲ ဖြစ်တယ်ဆိုတဲ့အကြောင်း၊ အဆုံးမှာတော့အရင်းအနှီးကို ဖန်တီး ပေးတဲ့နေရာဟာလုပ်အားဘဲ၊ ဒို့ရဲ့ လုပ်အားဘဲဖြစ်တယ်ဆိုတဲ့ အကြောင်း တွေကို ပြည်သူတွေဟာအလုပ်လုပ် ရင်း သိလာနားလည်လာမှာ ဖြစ်လို့ ပါဘဲ။”(၁၉၄၆ ခုနှစ် မေလ၁၆ ရက် နေ့၊ ဖဆပလအဖွဲ့ချုပ်၏ ဒုတိယ မြောက်ဗဟိုဦးစီးအဖွဲ့၏ အစည်း အဝေးတွင်ပြောကြားသော မိန့်ခွန်း)စေတနာထား၍ စုပေါင်းဝိုင်းဝန်း “စုပေါင်းရောင်းဝယ်ရေး အဖွဲ့များ ကိုလဲ ဖြစ်နိုင်သည့် နေရာတိုင်းတွင် ဖွဲ့ စည်းရန်လို ပါသည်။ ရှေးကမြန်မာပြည် မှာစုပေါင်းရောင်းဝယ်ရေးအသင်းများ ပျက်ပြားခဲ့ရသည်မှာ၊ ထိုအဖွဲ့အသင်း များကို တိုင်းသူပြည်သားတို့က စေတနာဖြင့် ပူးပေါင်းဆောင်ရွက်မှု အပေါ်တွင် ခိုင်မြဲအောင် မတည်ခဲ့ကြ ခြင်းကြောင့်ဖြစ်ပါသည်။ တိုင်းသူပြည် သားတို့က၊ ထိုအဖွဲ့များ၏ အကျိုး သည်ငါတို့၏အကျိုးပင်ဖြစ်ပါတကား ဟု သဘောပိုက်ကြသည့် အရပ်များ တွင်ကား၊ ထိုအဖွဲ့များမှာ စည်ပင်ဖွံ့ဖြိုး လျက်ရှိကြပါသည်။ ကျွန်တော်တို့ တိုင်းပြည်မှာဆိုလျှင် စုပေါင်းရောင်း ဝယ်ရေးမရှိသည့် အရပ်များ၌ ကုန်စည် များ ဝေငှရေးကို စီမံပေးမှုအတွက် အစည်းအရုံး အမျိုးမျိုးပါဝင်သည့် ပြည်သူပြည်သားကော်မတီများဖွဲ့ စည်းထားရန် ဖြစ်နိုင်မည့်အရေးကို စဉ်း စားကြည့်ရန်လိုပါသည်။အချင်းချင်း စုပေါင်းပြီးသတင်းပြန်လည် စဉ်းစားကြည့် ရန်လိုပါသည်။ စုပေါင်းရောင်းဝယ်ရေး အဖွဲ့များအတွက် စစ်ဆေးကြည့်ရှုရေး အဖွဲ့များလိုမည်ဖြစ်ရာ၊ ထိုအဖွဲ့မျိုးထား ရှိရေးကိစ္စကိုလည်း စုံစမ်းကြည့်ရန် လိုပါသည်။ အချင်းချင်းစုပေါင်းပြီး သတင်းအပြန်အလှန် ရယူရေးနှင့် စုံစမ်းရှာဖွေရေးသည်လည်း လိုပါသည်။ ဤကိစ္စအတွက် အသင်းအဖွဲ့များက လိုသောသတင်းများကို ပေးနိုင်ပါလိမ့် မည်။“(၁၉၄၇ ခုနှစ် ဇွန်လ ၇ရက်နေ့ တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ ဆိုရန်တို ဗီလာအဆောက်အအုံ၌ မြန်မာပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်း ကွန်ဖရင့်အစည်းအဝေးတွင် မြွက် ကြားသည့် မိန့်ခွန်း။) အခွန်ရှောင်ခြင်း၏ပြင်းထန်သော ဒဏ်ချက် “အခွန်ဘဏ္ဍာကို တိုင်းသူပြည် သားတို့မပေးဘဲ ငြင်းဆန်ခြင်းသည် တိုင်းပြည်နိုင်ငံ၏ စီးပွားရေးကို အစိတ် စိတ်အမွှာမွှာဖြစ်အောင် ဖြိုခွဲဖျက်ဆီး ပစ်ခြင်းပင်ဖြစ်၍၊ ဤသို့နိုင်ငံ့ စီးပွားရေး ပြိုကွဲသွားပါက၊ နောက်ဆုံး၌ အများဆုံး အနစ်နာခံရမည့်သူတို့မှာ တိုင်းသူပြည် သားလူထုပင်ဖြစ်သည်။” “(၁၉၄၇ခုနှစ် မတ်လ ၂၁ ရက်နေ့ည ၈ နာရီခွဲ အချိန်တွင်ရေဒီယိုမှအသံလွှင့်မိန့်ခွန်း)တရားသေ၊တစ်ယူသန်မသင့်လျော် “လူကြီးမင်းတို့ရေးဆွဲပြုလုပ်မည့် အစီအစဉ်သည်လွန်မင်းစွာကျပ် တည်း ခြင်းသော်လည်းကောင်း ၊လှေနံဒါးထစ်သော် လည်းကောင်းမဖြစ်စေရ၊ဖြစ်ပေါ်လာသော အကြောင်း တရားအားလျော်စွာ ပြုပြင် ပြောင်းလဲ ၍ ရနိုင်သောအစီအစဉ်ဖြစ် ရပါမည်၊ လှေနံဒါးထစ်အစီအစဉ်မျိုး မှာများသော အားဖြင့်ကောင်းသော အစီအစဉ်မျိုး မဟုတ်၊ တိုင်းပြည်၏ ပေါ်ပေါက်ဆဲ ပေါ်ပေါက်လတ္တံ့သော အကြောင်းတရား အမျိုးမျိုးနှင့် သင့်လျော် ပြေပြစ်အောင် ရေးဆွဲသော အစီအစဉ်မျိုးသာလျှင် ကျေနပ်လောက် သောအစီအစဉ် ဖြစ်ပါ သည်။ (၁၉၄၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ပြည်လမ်း၊ ဆိုရန်တိုဗီလာ အဆောက်အအုံ၌မြန်မာပြည်ပြန် လည်ထူထောင်ရေးလုပ်ငန်းကွန်ဖရင့် အစည်းအဝေးတွင် မြွက်ကြားသည့် မိန့်ခွန်း။) ကိန်းဂဏန်းစာရင်းအင်းများကို နားလည်မှု ကျွန်တော်တို့သတိထားရမည့် အချက်မှာကျွန်တော်တို့ဟာ အကြောင်း တစ်ခုကိုစာရင်းအင်းနှင့် အမြင်အားဖြင့် အခိုင်အမာသဘောသက်ရောက်အောင် ပြောလာပြီဆိုရင် ယုံလွယ်တတ်ကြ သည့် အန္တရာယ်ဖြစ်ပါသည်။ စာရင်း အင်းများကို ကျွန်တော်လေ့လာခဲ့ဖူး သည်။ ကိုယ်တွေ့ဗဟုသုတ အရပြောရ မည်ဆိုလျှင် ၎င်းင်းတို့ကို ကြည့်၍များ စွာနားလည်အကူအညီ ရသော်လည်း ပထမကထင်မြင်စိတ် ကူးထားချက်တွေ အခိုင်အမာဖြစ်အောင် စုဆောင်းပြု လုပ်ထားသည့် စာရင်းအင်းမျိုးနှင့် တွေ့ကြုံနေကြရမည့် အချက်ကို သတိပြုထားကြဖို့  လိုပါသည်။ ကျွန်တော်ပြောခဲ့သည့်အတိုင်း စာရင်း အင်းအထောက်အထားနှင့်ပြောဆိုခြင်း ဟာ အကျိုးရှိသည့်အလေ့အထမျိုး ဖြစ်သော်လည်း၊ ထိုစာရင်း အင်းနှင့် အထောက်အထားပြုလုပ်ထားသည့် ရည်ရွယ်ချက်သဘောလက္ခဏာများကို စောကြောစစ်ဆေးဖို့ရန် အလွန်အရေး ကြီးပါသည်။ သို့သော် လည်းအရေး အကြီးဆုံးမှာကား၊ ကျွန်တော်တို့သည် ၎င်း တို့ကိုအထောက်အထားပြု၍ လမ်း မှန်အတိုင်းထင်မြင် ယူဆနိုင်ဖို့ရန် အရေးကြီးပါသည်။” (၁၉၄၇ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ဆိုရန်တိုဗီလာ အဆောက် အအုံ၌ မြန်မာပြည် ပြန်လည် ထူထောင်ရေး လုပ်ငန်း ကွန်ဖရင့် အစည်းအဝေးတွင်ဗိုလ်ချုပ်အောင်ဆန်း မြွက်ကြားသည့် မိန့်ခွန်း။) မနိုင်သည့်ဝန်မဖြစ်စေလို “အရေးကြီးသောကိစ္စများတွင် တတ်စွမ်းနိုင်သမျှတစ်ခုပြီးတခုလုပ်ရပေ လိမ့်မည်။တစ်ပြိုင်နက်အကြံအစည် များလွန်းက ဘေးဥပဒ်အန္တရာယ်များ ဆိုက်ရောက်တတ်ပေသည်။ မိမိတို့တိုင်း ပြည်အတွင်း အစွမ်းကုန်ဆောင်ရွက် လိုသော စိတ်ဆန္ဒထက်သန်ခြင်းကြောင့် စီမံချက်များပြုလုပ်ရာတွင်လောလုပ်ရ ပေလိမ့်မည်။တစ်ပြိုင်နက် အကြံအစည် များလွန်းက ဘေးဥပဒ်အန္တရာယ်များ ဆိုက်ရောက်တတ်ပေသည်။ မိမိတို့ တိုင်းပြည်အတွင်း အစွမ်းကုန်ဆောင် ရွက်လိုသောစိတ်ဆန္ဒထက်သန်ခြင်း ကြောင့် စီမံချက်များ ပြုလုပ်ရာတွင် လိုဘကြီးလွန်းသော စီမံကိန်းများ မပြု လုပ်မိရန်အတွက် ဂရုပြုရပေလိမ့် မည်။ အစီအမံကောင်းသူမှန်လျှင်တစ်စခန်းပြီး မှတစ်စခန်းသို့တက်လှမ်းကြမြဲဖြစ်သည်။  ဆိုလိုသောအချက်မှာတစ်ကြိမ်တစ်ခါတည်း တွင် တစ်လှမ်းတည်းသာ လှမ်းရမည် ဟူ၍ မဟုတ်ပေ၊ လိုအပ်၍ ဖြစ်နိုင်လျှင် တစ်ကြိမ်တည်းတစ်လှမ်းတွင် မက နှစ်လမ်း သုံးလှမ်းတက်လှမ်းရန် အသင့်ရှိရမည့်အပြင် သို့ပြုလုပ်ရန် အရည်အချင်းလည်းရှိရပေလိမ့်မည်။” (၁၉၄၇ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ပြည်လမ်း၊ ဆိုရန်တိုဗီလာ အဆောက်အအုံ၌ မြန်မာပြည်ပြန် လည်ထူထောင်ရေးလုပ်ငန်းကွန်ဖရင့် အစည်းအဝေးတွင်ဗိုလ်ချုပ်အောင်ဆန်း မြွက်ကြားသည့် မိန့်ခွန်း။) ငွေချေးငှားရခြင်းသက်သာစေဖို့ “ငွေရင်း နိုင်ငံအပြင်ဖက်သို့ထွက် မသွားစေရန် အချို့သောနိုင်ငံများ၌ တတ်နိုင်သမျှကာကွယ်ရန် ကြိုးစား ထားကြပါသည်။ ငွေရင်း နိုင်ငံပြင်ပသို့ ထွက်သွားလျှင် ကျွန်တော်တို့ဝယ်အား ကို စွန့်ပစ်လိုက်သကဲ့သို့သာ ဖြစ်ပေ မည်။ ကျွန်တော်တို့နိုင်ငံခြားမှ ငွေချေး ယူရခြင်းကို တတ်နိုင်သမျှလျော့ပေါ့ သက်သာ သွားအောင် ငွေစုရေးကိုအား ပေးရပေလိမ့်မည်။” (၁၉၄၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ဆိုရန်တိုဗီလာအဆောက်အအုံ ၌မြန်မာပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းကွန်ဖရင့်အစည်း အဝေးတွင် မြွက်ကြားသည့် မိန့်ခွန်း။) အရေးကြီးသည့် အခြေခံအဆောက် အအုံ “လမ်းပန်းဆက်သွယ်ချဲ့ထွင်ရေး ကိစ္စမှာဆိုလျှင် မြန်မာပြည်သည် စစ်မ ဖြစ်မီကပင်၊သယ်ယူပို့ဆောင်ရေးများစွာ မရှိခဲ့ချေ၊ ယခုအခါ မည်သည့် နေရာမဆို လူများအသုံးပြုနိုင်သည့် လမ်းပန်းဆက်သွယ်မှုများမှာ နည်းပါး ဆိုးဝါးသည်ဟုသာ ဆိုနိုင်သည်။ ယခု တိုင်းပြည်တွင် ရင်ဆိုင်တွေ့နေရသော ပြဿနာအရပ်ရပ်တို့တွင် သယ်ယူပို့ ဆောင်ရေး လုံလောက်စွာမရှိမှုလည်း ပါဝင်နေလေသည်၊ထို့ကြောင့် လမ်းပန်း ဆက်သွယ်ရေးကို အမြန်ဆုံး ပြန်လည် ထူထောင်ရန် လိုနေသည့်ကိစ္စကို အထူး ဖော်ပြရန်မလို။” (၁၉၄၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ဆိုရန်တိုဗီလာ အဆောက် အအုံ၌မြန်မာပြည်ပြန်လည်ထူထောင် ရေးလုပ်ငန်းကွန်ဖရင့် အစည်းအဝေး တွင် မြွက်ကြားသည့် မိန့်ခွန်း။)များလည်းများ ကောင်းလည်း ကောင်း အောင် “ကုန် အထွက်တိုးတက် လာ အောင် ပြုလုပ်ခြင်းသည် ဆင်းရဲခြင်း အတွက် မလွဲနိုင်သော ဆေးမျိုးမဟုတ် သည် ကို ကျွန်တော်သိပါသည်။ မလို သည့် ကုန်ထွက်ပစ္စည်းများကို တိုးတက် ထွက်အောင်လုပ်ခြင်းသည် အရေးကြီး သော ပစ္စည်းများလိုနေသူများ အတွက် အကျိုးမများသည့်အပြင် အဆိုးဖြစ် တတ်ပါသည်။ကျွန်တော် ဆိုလိုသည်မှာ အများ အပြားထွက်အောင်လုပ်သည့် ပစ္စည်းသည် ကောင်းမွန်ဖို့လည်း အရေးကြီးပါသည်။”  (၁၉၄၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ ဆိုရန်တိုဗီလာ အဆောက် အအုံ၌မြန်မာပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းကွန်ဖရင့် အစည်းအဝေး တွင် မြွက်ကြားသည့် မိန့်ခွန်း။) ဗိုလ်ချုပ်၏မိန့်ခွန်းများထဲတွင် စုပေါင်းညီညွှတ်စွာလုပ်ကိုင်မှု၊မျှတမှု၊အခွန် အပေါ်ထားရှိသင့်သည့်သဘောထား၊ ကိန်းဂဏန်းများကိုမြင်တတ်မှု၊အလုပ် လောဘကြီးခြင်း၏အန္တရာယ်၊ပြည်တွင်း ကိုယ်ပိုင်အရင်းအနှီးရရှိရေး ၊ လမ်းပန်း ဆက်သွယ်ရေးအရေးကြီးမှုနှင့်အရည် အသွေးကောင်းကုန်စည်များထုတ်လုပ်မှု စသဖြင့်တိုင်းပြည် အကျိုးဖြစ်ထွန်းစေ နိုင်သည့်အချက်များစွာပါရှိရာမှတ်သား လိုက်နာစရာအဆိုအမိန့်ပင်ဖြစ်ပါသတည်း။ ကိုးကား။  မြတ်မော်၊“ဗိုလ်ချုပ် အောင်ဆန်း၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးနှင့်စစ်ရေးအတွေး အခေါ်များ”စာမျက်နှာ၈၄-၁၁၃၊ ပွင့်လင်း စာပေ၊နဝဒေးပုံနှိပ်တိုက်၊ဇန္နဝါရီလ၊၁၉၇၀။