Main menu

Background

ဆင်းရဲမှု အဆုံးသတ်ရေးဆီသို့(Towards The End of Poverty)

Wed, 07/24/2013 - 11:12 -- ydnar

နှစ်ပေါင်း၂၀အတွင်း တစ်ဘီလီ ယံနီးပါး ရှိသောသူများကို ဆင်းရဲတွင်း မှဆွဲထုတ်နိုင်ခဲ့သည့်အတိုင်း ကျွနု်ပ်တို့ ကမ္ဘာ့လူမှုအဖွဲ့အစည်းများက နောက် တစ်ကြိမ်ကြိုးစားရအံ့ ၁၉၄၉ သမ္မတ ဟင်နရီထရူးမင်း က သူ့၏ ကျမ်းသစ္စာကြိမ်ဆိုပွဲ၌ ကမ္ဘာ့ လူဦးရေထက်ဝက်ကျော်ဟာ အလွန် ဆိုးဝါးလှတဲ့ အခြေအနေများမှာ နေ ထိုင် အသက်ရှင် နေကြရတယ်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ သမိုင်းတွင် ပထမဦးဆုံး အကြိမ်အဖြစ် လူတွေ၏ အသိပညာနှင့် ကျွမ်းကျင်မှုဟာ သူတို့ ၏ ရင်ဆိုင်ကြုံတွေ့နေရတဲ့ဒုက္ခတွင်းက လွတ်မြောက်နိုင်ကြောင်း ဆိုခဲ့သည်။ အချိန်များသည် ထရူးမင်း မျှော်လင့် ထားတာထက် ပိုမိုကြာမြင့်ခဲ့သည်။ သို့ရာတွင် နောက်ပိုင်းနှစ်များ၌ ကမ္ဘာ က အလွန်ဆင်းရဲလှပါသည် ဆိုသော သူများကို အတိုင်းအတာတစ်ခု အထိ ကယ်တင်နိုင်ခဲ့ပြီ။ ၁၉၉၀ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များအတွင်း ဖွံ့ဖြိုး ဆဲနိုင်ငံ များမှ လူဦးရေ၏ ထက်ကျော်ရှိနေ သည့် ဆင်းရဲသူ ၄၃ ရာခိုင်းနှုန်းကနေ ၂၁ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ပြီး ယင်း မှာ လူဦးရေ တစ်ဘီလီယံနီးပါး ဖြစ် သည်။ ယခုတော့ ထရူးမင်း၏ ဆန္ဒကို ဖြည့်စွမ်းပေးနိုင်မည့် အခွင့်အရေးကို အနည်းဆုံးတော့ ပံ့ပိုးပေးနိုင်မည့် အခြေအနေကို ရောက်ရှိနေပြီဖြစ် သည်။ ဤကမ္ဘာတွင် လူဦးရေ ခုနှစ် ဘီလီယံ နေထိုင်လျက် ရှိပြီး၊ ယင်းတို့ အထဲမှ ၁ ဒသမ ၁ ဘီလီယံနီးပါးမှာ နိုင်ငံတကာကလက်ခံထားသည့် ဆင်းရဲ မှုမျဉ်းဖြစ်သော တစ်နေ့ဝင်ငွေ ၁ ဒသမ ၂၅ ဒေါ်လာအောက် ဝင်ငွေ မျှနှင့်ပင် အသက်ရှင်ရပ်တည်နေထိုင် နေရကြပေသည်။ ယခုအချိန်မှ နောင်နှစ်များသို့တိုင် ဆက်လက် ဆောင်ရွက်စရာများ ရှိနေ သေးသည်။ ပုံမှန်အားဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ခေါင်း ဆောင်များ၊ အစိုးရတာဝန်ရှိသူ များ၊ နိုင်ငံတကာအလှူရှင် အဖွဲ့ အစည်းများ တွေ့ဆုံကြ၍ ရှိပြီးထောင်စု နှစ် ရည်မှန်းချက်များ နေရာ၌အစား ထိုး မည့် ရှေ့ဆက်လက်ဆောင်ရွက် ကြရ မည့် ရည်မှန်းချက်အသစ်များကို ဆွေး နွေး သတ်မှတ်ကြရဦးမည် ဖြစ်သည်။ လက်ရှိ ဆောင်ရွက်လျက် ရှိသော ထောင်စုနှစ် ရည်မှန်းချက်မှာ ၂၀၀၀ ခုနှစ် စက်တင်ဘာလက ချမှတ် ထား ခဲ့ခြင်းဖြစ်ပြီး၊ လာမည့် ၂၀၁၅ ခုနှစ်တွင် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။  ထို့ကြောင့်ပင် အစိုးရများက သက္ကရာဇ် ၂၀၃၀ တွင် နောက်ထပ် ဘီလီယံချီ သည့် ဆင်းရဲတွင်းနက်နေသူများကို ယင်းတို့၏ ဆင်းရဲဒုက္ခများမှ လွတ် ကင်းအောင် ရည်မှန်းချက်အသစ် များ လက်ခံကြရန် လိုအပ်သည်။ လေးစားပါသည် အရင်းရှင်စနစ် တစ်နေ့ ၁ ဒသမ ၂၅ ဒေါ်လာ သာရရှိသူမည့်သူတစ်ဦးတစ်ယောက်မှ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မရှိပေ။ အမေရိ ကန်နိုင်ငံ၏ ဆင်းရဲမှုမျဉ်းသည် လူလေး ဦးရှိသော မိသားစု တစ်စုအတွက်  အနည်းဆုံးတစ်နေ့ဝင်ငွေမှာ ၆၃ ဒေါ် လာရှိသည်။ ထွန်းသစ်စ စက်မှု နိုင်ငံ များ၌ပင် အနည်းငယ် ချမ်းသာသည့် အုပ်စုများ၏ ဆင်းရဲမှု မျဉ်းအတွက် တစ်နေ့ ဝင်ငွေမှာ ၄ ဒေါ်လာ ဖြစ် သည်။ သို့ရာတွင် ဆင်းရဲသူများ၏ တစ်နေ့ဝင်ငွေမှာ ၁ ဒသမ ၂၅ ဒေါ် လာဖြင့် အနည်းဆုံး ဖြစ်နေသည်။ (၂၀၀၅ ခုနှစ်၌ အဆင်းရဲဆုံးနိုင်ငံ ၁၅ နိုင်ငံ၏ ဆင်းရဲမှုမျဉ်းများကို ပျမ်းမျှ သတ်မှတ်ထားခြင်းဖြစ်သည်) တစ်နေ့ လျှင် ထိုဝင်ငွေကိုမျှ မရရှိကြလျှင် ထို သူများကို ဆင်းရဲသူများ၊ အန္တရာယ်ရှိ သောအလုပ်ဖြင့် အသက်မွေးကြရသူ များစသည်ဖြင့် သတ်မှတ်ထား သည်။ သူတို့သည် ပညာရေး တတ်မြောက်မှု အားနည်းခြင်း၊ ကျန်းမာ ရေးချို့ယွင်း ခြင်း၊သင့်တော်လုံလောက်သည့် အဝတ် အထည်နှင့် နေစရာ အိမ်ရာ မရရှိခြင်း စသည့် အခက်အခဲများကို ကြုံတွေ့ နေကြရပြီး အများစုကို တစ်ခါတစ်ရံ၌ ကမ္ဘာ့က ထောက်ပံ့ ကူညီကြသော် လည်း ယင်းတို့အတွက် အစားအစာကဲ့ သို့သော် ရုပ်ဝတ္ထုပစ္စည်းဖြည့်ဆည်း ပေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်ပေးမှုများမှာ လောက်င ခြင်းမရှိပေ။ အတိုင်းအတာတစ်ခု အထိ ထိုသူများကိုကူညီနိုင်ခဲ့သော်လည်း မဖြစ်မနေ ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်း တစ်ခုအဖြစ် တည်ရှိနေ ဆဲ ဖြစ်သည်။ မည်သည့်ပေတံဖြင့် တိုင်းတိုင်း ကမ္ဘာကဆောင်ရွက်ပေးခဲ့သည့် ဆင်းရဲ မှုလျှော့ချရေး အောင်မြင်မှုမှာ အထူး ချီးကျူးထောမနာပြုရမည့်ကိစ္စပင်။ မူလထောင်စုနှစ်ရည်မှန်းချက်များထဲမှ မိခင်သေဆုံးမနှုန်း လေးပုံသုံးပုံလျှော့ချ ရေး၊ ကလေးငယ် သေဆုံးမှုကို သုံးပုံ နှစ်ပုံလျှော့ချရေးဆိုသည့် ရည်မှန်း ချက်များကိုတော့ ပြည့်မှီနိုင်မည် မဟုတ်သော်လည်း၊ ၁၉၉၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာ့ဆင်းရဲသူ များမှ ထက်ဝက် လျှော့ချနိုင်ရေး ရည်မှန်းချက်ကိုမူ ၅ နှစ်စော၍ လျှော့ ချနိုင်ခဲ့ပြီးဖြစ်သည်။ ဆင်းရဲမှုကို ဖြစ်စေသည့် အကြောင်း အရာများကို အာရုံစိုက် ကုစားခြင်းနှင့် တိုးတက်မှုတိုင်းတာ နိုင်သည့် စံချိန်စံညွှန်းများသတ်မှတ်၍ ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ထောင်စု နှစ် ရည်မှန်းချက်များမှာ အကျိုးရှိခဲ့ သည်။ သို့သော်လည်းချေးငွေအများ စုမှာ အရင်းရှင် စနစ်ဆန်သည့် လုပ်ငန်းများနှင့် လွတ်လပ်သောကုန် သွယ်လုပ်ငန်းများ ကြီးထွားလာရေး အတွက် အရေးပါသည့်အတွက် ချေးငွေအများစုမှာ ထိုလုပ်ငန်းများသို့ ရောက်ရှိကြရမှာဖြစ်ပြီး၊ အမှန်တကယ် လည်းတိုးတက်စေခဲ့သည့်အတွက် ယင်းလုပ်ငန်းများက ဝင်ငွေဖြန့်ဖြူးမှုကို အားပေးဖြစ်ပေါ်စေခဲ့သည်။ ဆင်းရဲမှုနှုန်းကို နှစ်ဆယ်ရာစု နှောင်းပိုင်းကာလနှစ်များတွင် စတင်ချေ ဖျက်နိုင်ခဲ့သည်။ အကြောင်းမှာ ဖွံ့ဖြိုး ဆဲနိုင်ငံများ၏ စီးပွားရေးသည် အလျင် အမြန် တိုးတက်ခဲ့ပြီး၊ ၁၉၆၀-၂၀၀၀ ခုနှစ်များတွင် တိုးတက်မှုနှုန်း ၄ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ၂၀၀၀-၂၀၁၀ ခုနှစ် များတွင် ၆ ရာခိုင်နှုန်းအထိ တိုးတက် လာခဲ့သည်။ အဆိုပါ တိုးတက်မှု ကြောင့် ဆင်းရဲမှုနှုန်းကို သုံးပုံနှစ်ပုံအထိ လျှော့ချ နိုင်ခဲ့သည်။ ကျန်နေသည့် သုံးပုံတစ်ပုံသော လူများသည်လည်း ဝင်ငွေခွဲဝေမှု ပိုမိုညီမျှလာခဲ့ခြင်း၏ အကျိုးကို ခံစားခဲ့ကြရသည်။ ညီမျှမှု အနည်းငယ်သာခံစားကြရသည့်နိုင်ငံများ၌ ဝင်ငွေ ၁ ရာခိုင်နှုန်းတိုးလျှင် ဆင်းရဲမှု ကို သုညဒသမ ၆ ရာခိုင်နှုန်းသာ လျှော့ ချနိုင်သော်လည်း၊ ညီမျှမှုအများဆုံးရှိ သည့် နိုင်ငံများတွင်မူ ဝင်ငွေ ၁ ရာခိုင် နှုန်းတိုးလျှင် ဆင်းရဲမှုကို ၄ ဒသမ ၃ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်။ တရုတ်နိုင်ငံ(ထောင်စုနှစ်ရည် မှန်း ချက်နှင့်ပတ်သက်၍ မည်သည့်စိတ် ဝင်စားမှုမျှမပြ) သည်ဆင်းရဲမှု ၄ ပုံ ၃ပုံ လျော့ချနိုင်ခဲ့သည်။ မညီမျှမှုများ တိုးပွားလာသည့်တိုင် တရုတ်နိုင်ငံ၏ စီးပွားရေးကလည်း အလွန်လျင်မြန်စွာ တိုးတက်ခဲ့သည့်အတွက် အလွန် ဆင်းရဲသည့် အုပ်စုများပျောက်ကွယ် လာခဲ့သည်။ ၁၉၈၁-၂၀၁၀ ခုနှစ်များ အတွင်း အလွန်ဆင်းရဲသည့် လူဦးရေ ၆၈၀ သန်းကိုဆင်းရဲတွင်းမှ လွတ် မြောက်စေခဲ့ပြီး၊ ၁၉၈၀ ခုနှစ်တွင် အဆင်းရဲဆုံးဦးရေ ၈၄ ရာခိုင်နှုန်းရှိရာ မှယခုအခါ ၁၀ ရာခိုင်နှုန်းသာကျန် ရှိ တော့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က လူဦးရေ တစ်ဘီလီယံနီးပါးကို ဆင်းရဲ တွင်းမှ ကယ်ထုတ်နိုင်ခဲ့သော်လည်း နောင်လာမည့် နှစ် ၂၀ အတွင်းလူဦး တစ်ဘီယံကိုဆင်းရဲတွင်းမှ လွတ်မြောက် စေရန်မှာမူ ပိုမိုခက်ခဲနိုင်သည့် အခြေ အနေဖြစ်သည်။ ဆင်းရဲမှုအများဆုံး ဖြစ်နေသည့်နေရာဒေသနှစ်ခုဖြစ်သော အိန္ဒိယနှင့် အာဖရိကနိုင်ငံများ၏ အစိုးရ အုပ်ချုပ်မှု အားနည်းမှုများကြောင့် တရုတ်နိုင်ငံ၏ အောင်မြင်ခဲ့သော အတွေ့အကြုံများကို အစားထိုး ဖြေရှင်း ခက်ခဲလိမ့်မည် ဖြစ်သည်။ အခြား အကြောင်းတစ်ခုမှာ တစ်နေ့ ၁ ဒသမ ၂၅ ဒေါ်လာအောက် ရောက်နေသော သူများကို အလွယ်တကူ ထိုဝင်ငွေ ထက်ပို၍ ရရှိအောင်ဆောင်ရွက်နိုင် သည်။ အကြောင်းမှာ ထိုသူများသည် ထိုဝင်ငွေမျဉ်း၏ အောက်နား ကလေး တွင် ရှိနေကြသူများဖြစ်သဖြင့် စီးပွား ရေးအနည်းတိုးတက်ရုံမျှဖြင့် ထိုသူများ ဆင်းရဲမှုမျဉ်း၏ အထက်သို့ရောက်ရှိ လာကြမည်ဖြစ်သည်။ ထို့ကြောင့် ဆင်းရဲသူ အနည်းငယ်ကို ဆွဲတင်ရ သည့်ကိစ္စသည် အရေအတွက် အများ အပြားကို တွန်းတင်ရသည့်ကိစ္စထက် ပိုမို လွယ်ကူသည့်ကိစ္စ ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ ရည်မှန်းချက်များ အောင်မြင်နိုင် သည့်တိုင် သတိကြီးစွာ ဆောင်ရွက်ကြ ရဦးမည် ဖြစ်သည်။ ၂၀၀၀ ခုနှစ် ကာလများကတည်းက စီမံဆောင်ရွက် သည့်အတိုင်း ဖွံ့ဖြိုးဆဲနိုင်ငံများက ယင်း တို့၏တိုးတက်မှုများကို အလေးထား ဆောင်ရွက်နိုင်လျှင်၊အဆင်းရဲဆုံးသော နိုင်ငံများကလည်း ဝင်ငွေအလယ် အလတ် နိုင်ငံများ၏ ခပ်လှမ်းလှမ်း၌ နောက်ကျမကျန်နေခဲ့လျှင်၊ မညီမျှမှုများ ကျယ်ကျယ် ပြန့်ပြန့်မဖြစ်ပေါ်ခဲ့လျှင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် သက္ကရာဇ် ၂၀၃၀ ခုနှစ်၌ ဆင်းရဲမှုကိုယခုရှိနေ သည့် ၁၆ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ လျှော့ချနိုင်မည်ဖြစ်သည်။ စီးပွားရေးတိုး တက်မှုကလည်း အနည်းပိုမြန်မည်၊ ဝင်ငွေခွဲဝေမှုကလည်း ပိုညီမျှလာမည် ဆို လျှင် အဆင်းရဲဆုံးဦးရေကို ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်လိမ့် မည်ဖြစ် ပြီး လက်တွေ့ဆောင်ရွက်နိုင် ပါက သုည ရာခိုင်နှုန်း နီးပါးသို့ပင် ရောက်ရှိနိုင်သည်။ ထိုအခါ ဆင်းရဲသူ ဦးရေမှာ သန်း ၁၀၀ ခန့်သာရှိနိုင်ပြီး ထိုသူများမှာဆောင်ရွက်ပေးရန် အလွန် ခက်ခဲလှသည့် အာဖရိကနိုင်ငံများမှ ဖြစ်ပေမည်။ ထို့ကြောင့် ဆင်းရဲသူသန်း ထောင်ချီရှိသည်ဆိုသည့် အဖြစ်အပျက် မှာ သမိုင်းမှတ်တမ်း အဖြစ်သာ ကျန်ရှိ နေတော့မည်ဖြစ်သည်။ ဈေးကွက်များနှင့် ဆင်းရဲမှုများ ဆောင်ရွက်စရာကိစ္စပေါင်းများ စွာ ရှိပါသည်။ သို့သော်လည်း ထို အကြောင်းအရာများ အမှန်ဖြစ်လာ အောင် ဆောင်ရွက်ရာတွင် အဆိုးမြင် သူများ ထင်ထားသလောက် ခက်ခဲ သည်တော့မဟုတ်။ ဆင်းရဲမှုလျှော့ ချခြင်း လုပ်ငန်းများကို ကမ္ဘာကသိခဲ့ ပြီဖြစ်သောကြောင့်ဖြစ်သည်။ အခြေခံ လူမှုရေးကိစ္စများ၌ ဖြည့်ဆည်းဆောင် ရွက်ပေးခြင်းနှင့်ချေးငွေထုတ်ချေးမှုအစီ အစဉ်များ ကဲ့သို့သော အစီအစဉ်များ ပါဝင်သည့် မူဝါဒရည်မှန်းချက်များက ကူညီပေးနိုင်မည်ဖြစ်သည်။ အင်ဒိုနီး ရှားတွင် လူလတ်တန်းစားများကို စက်သုံးဆီထောက်ပံ့ခြင်းနှင့် တရုတ် နိုင်ငံ၏ အိမ်ရာအစီအစဉ်များကတော့ မညီမျှမှုကို တိုးတက်စေခဲ့သည်ဟု ဆိုသည်။ ဆင်းရဲမှုလျှော့ချရေး အစီ အစဉ်များတွင် ဈေးကွက်ကို လွတ်လပ် စွာ ဆောင်ရွက်စေခြင်းကြောင့် ဆင်းရဲ သူများကို ချမ်းသာလာစေသည်။ ဆိုလို သည်မှာ နိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်ရေးကို ဆောင်ရွက်ပေးရန်ဖြစ် သည်။ ( အာဖရိကသည်  ကုန်သွယ်ခွန် များကြောင့် ဒဏ်ခတ်ခံနေရသကဲ့သို့ ဖြစ်သည်၊ တရုတ်နိုင်ငံ၏ အလျင်အမြန် တိုးတက်မှုမှာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ ကြီးထွား လာစေရေးကို ခွင့်ပြုခဲ့ခြင်းကြောင့်ဖြစ်သည်)။ သို့သော် အိန္ဒိယနှင့် အာဖရိကနိုင်ငံများသည် လက်ဝါးကြီးအုပ်လုပ်ငန်းများအားခွင့်ပြု ထားခြင်းနှင့် ကန့်သတ်ထိန်းချုပ်ခြင်း များရှင်သန်နေခြင်းကြောင့် ဆင်းရဲမှု လျှော့ချရေးအတား အဆီးသဖွယ်ဖြစ် နေနိုင်သည်။ အနောက်နိုင်ငံများသည် စီးပွား ရေးနှေးကွေးမှုများနှင့်ကြုံလာသည့်အခါ ဈေးကွက်အကန့်အသတ် ဖြစ်နေသည် များ ကိုရှာဖွေဖြေရှင်းပေးခြင်း၊ ကမ္ဘာ့ နိုင်ငံများနှင့် ကုန်သွယ်ရေးတိုးမြှင့်နိုင် အောင် ဆောင်ရွက်ခြင်းဖြင့် တုံ့ပြန် ဆောင်ရွက်လျက် ရှိပြီး၊ ဖွံ့ဖြိုးဆဲ နိုင်ငံများကိုလည်း ယင်းအတွေးအခေါ် အယူအဆများ ဖြန့်ဝေပေးသည်။ ယင်းကို အကြံဉာဏ်တစ်ခု အနေဖြင့် သာသဘောမထားဘဲ၊ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ကြလျှင်၊ ဖွံ့ဖြိုး ပြီး နိုင်ငံများချမ်း သာလာစေခဲ့သည့် စီးပွားရေးမူဝါဒများကို ကျယ်ကျယ်ပြန့် ပြန့် သုံးသပ်ကာ ဆင်းရဲသူအုပ်စုကြီးမှ အဆင်းရဲဆုံးများကို ဆင်းရဲဆုံး ဒုက္ခ များမှ လွတ်ကင်းအောင် ဆောင်ရွက် ကြရန်သာ ဖြစ်ပေသည်။