Main menu

Background

ဥရောပသမဂ္ဂ စီးပွားရေး

Wed, 07/31/2013 - 12:57 -- ydnar

တစ်ချိန်က ဥရောပဒေသက အခြေတင့်အနေတင့်ခဲ့တဲ့ ဒေသတစ်ခု ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အနောက် ဥရောပဒေသက စီးပွားရေးဖွံ့ဖြိုးတိုး တက်တဲ့ ဒေသတစ်ခုဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဂျာမနီ၊ ပြင်သစ်နဲ့ စပိန်စတဲ့ နိုင်ငံတွေက စက်မှုလုပ်ငန်း တွေရှေ့တန်းရောက်ခဲ့တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံ အုပ်စုတွေ ဖြစ်ခဲ့ပါတယ်။

 
ဒါပေမဲ့ နောက်ပိုင်းမှာ ဥရောပသမဂ္ဂထဲမှာပါဝင် တဲ့ ယူရိုဇုန် ၁၇ နိုင်ငံရဲ့ စီးပွားရေးတွေ ယိမ်းယိုင်လာခဲ့ပါတယ်။ ယခုတော့ နာလန်ထူစပြုလာပြီဖြစ်သလို အဖွဲ့ဝင် တစ်နိုင်ငံတိုးပြီး ၁၈ နိုင်ငံရှိခဲ့ပါတယ်။
ဥရောပဒေသနဲ့ စီးပွားရေးဆုတ်ကပ် တစ်ချိန်ကစည်ပင်ဖွံ့ဖြိုးခဲ့တဲ့ ဥရောပဒေသရဲ့စီးပွားရေးက ၂၀၁၁ ခုနှစ် စတုတ္ထသုံးလပတ်နဲ့ ၂၀၁၃ ခုနှစ် ပထမသုံးလပတ်အကြား သုံးလပတ် ၁၈ ပတ်အထိ ဆက်တိုက်စီးပွားရေး ဆုတ်ကပ်ဖြစ်ခဲ့ပါတယ်။ ဥရောပဒေသ ရဲ့ ၂၀၁၃ ခုနှစ် ဒုတိယသုံးလပတ်နဲ့ ပတ်သက်တဲ့ စီးပွားရေးကိန်းဂဏန်း တွေကတော့ သြဂုတ်လလယ်လောက်မှ သာ ရနိုင်မှာဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၇ နိုင်ငံပါဝင်တဲ့ ယူရိုဇုန် အစိုးရတွေက ဖွံ့ဖြိုးတိုးတက်မှုကို အား ပေးတွန်း တင်နိုင်ဖို့အတွက် ကြွေးမြီတွေ ကို လျှော့ချနေတဲ့အပြင် အစိုးရအသုံး စရိတ်တွေကိုလည်း အကြီးအကျယ် ကန့်သတ်ဖို့ ကြိုးပမ်းနေပါတယ်။ အလုပ်လက်မဲ့နှုန်းကလည်း ယူရိုနယ် မြေမှာမြင့်မားနေပါတယ်။ အားနည်းနေ တဲ့ဘဏ်တွေက စီးပွားရေးလုပ်ငန်းတွေ အတွက် ချေးငွေထုတ်ချေးတာလျှော့ချ ပြီး ရင်းနှီးမြှုပ်နှံ တာတွေကို လျှော့ချခဲ့ ရပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာယူရိုဇုန် စီးပွားရေးက ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် ကိုပြန်လည်ခြေချလာတာကို စီးပွားရေး စစ်တမ်းတွေအရ တွေ့မြင်နေရပြီး ကာလရှည်ကြာစွာဖြစ် ပွားခဲ့တဲ့ စီးပွား ဆုတ်ကပ်က  ရုန်းထွက်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။
ပြောင်းလဲလာတဲ့ အခြေအနေ ယူရိုဇုန်ရဲ့စီးပွားရေးအခြေအနေ က ဇူလိုင်လမှာပြန်လည်ကောင်းမွန် လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်း လောက်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုဖြစ်ပါတယ်။ မားကစ်အေဂျင်စီကထုတ်ပြန်တဲ့ ယူရိုဇုန်ဝယ်ယူသူများရဲ့ အညွှန်းကိန်းက ၅၀ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ထူးထူးခြားခြားဖြစ်ခဲ့ပါ တယ်။ မားကစ်ရဲ့စစ်တမ်းက ဒေသ တွင်းမှာရှိတဲ့ ကုမ္ပဏီထောင်ပေါင်းများ စွာကို စစ်တမ်းကောက်ယူခဲ့တာဖြစ်လို့ ယုံကြည်အားထားထိုက်တဲ့ စစ်တမ်း တစ်ခုဖြစ်ပြီး ဇူလိုင်လရှိခဲ့တဲ့ ၄၈ ဒသမ ၇ ကနေမြင့်တက်လာတာဖြစ်ပါတယ်။ ဒီအခြေအနေကဒီစီးပွားရေး ဆုတ်ကပ် ထဲကနေယူရိုဇုန်ကို မဖြစ်မနေဆွဲထုတ် ပါမယ်လို့ကတိပြုခဲ့တဲ့ ဥရောပဗဟို ဘဏ် (အီးစီဘီ) ကမူဝါဒရေးဆွဲသူတွေ အတွက် ရင်အေးစရာဖြစ်ခဲ့ရပါတယ်။
ဂယက်ရိုက်ခတ်ဆဲအခြေအနေများ ယူရိုဇုန်နာလန်ထူမှုကို အဓိက ဂယက်နိုင်တဲ့အခြေအနေကတော့ပြင်ပ ကအခြေအနေတွေဖြစ်တဲ့ အမေရိကန် နဲ့ တရုတ်စီးပွားရေးအခြေအနေနဲ့ ယူရို ဇုန်အတွင်းစည်းမှာ အဓိက နိုင်ငံနှစ် နိုင်ငံဖြစ်တဲ့ ဂျာမနီနဲ့ပြင်သစ်တို့ရဲ့စီးပွား ရေးအခြေအနေတွေပဲဖြစ်ပါတယ်။ စစ်တမ်းအစီရင်ခံစာထုတ်ပြန် ချိန်မှာ ပြင်သစ်နိုင်ငံရဲ့ စက်မှုလုပ်ငန်း အပေါ်ယုံကြည်မှုက ဇူလိုင်လမှာ အမြင့်ဆုံးကိုရောက်နေချိန်ဖြစ်ပါတယ်။ အီတလီနိုင်ငံရဲ့ လက်လီရောင်းချမှုတွေ က ၁၄ လအတွင်း ပထမဆုံးအကြိမ် မြင့်တက်နေချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇူလိုင်အတွင်းမှာ တရုတ်နိုင်ငံစက်ရုံတွေ ရဲ့ တိုးတက်မှုအရှိန်အဟုန်ကျဆင်းနေ တာက ဥရောပအတွက် သတင်း ကောင်းမဟုတ်သလို တရုတ်နိုင်ငံကို ပစ္စည်းတင်ပို့နေတဲ့ ဥရောပကုမ္ပဏီတွေ အတွက် သတင်းဆိုးဖြစ်ခဲ့ပါတယ်။ တရုတ်နဲ့တစ်ခြားထွန်းသစ်ဈေး ကွက်တွေမှာဝယ်လိုအား ကျဆင်းနေ တာက မကြာသေးမီလများ အတွင်းက အမေရိကန်ရဲ့ကုန်ချော ထုတ်လုပ်မှုကို နှေးကွေးကျဆင်းစေခဲ့ ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဝယ်လိုအားကြောင့် ဇူလိုင်မှာ အနည်းငယ်ပြန်လည်ဦးမော့လာခဲ့ပါ တယ်။ ဂျာမနီနိုင်ငံရဲ့ ဝန်ဆောင်မှုကဏ္ဍ ငါးလအတွင်းအမြင့်ဆုံးအခြေအနေကို ရောက်ရှိခဲ့ပါတယ်။ ယူရိုနယ်မြေစီးပွား ရေးဆုတ်ကပ်ထဲကျဆင်းခဲ့ပြီးနောက်ပိုင်း ဂျာမန်ကုန်ချောထုတ်လုပ်သူတွေရဲ့ စွမ်း ဆောင်ရည်မြင့်တက်လာတာက ယူရို ဇုန်ရဲ့လိုအပ်ချက်ကို အများဆုံးဖြည့် ဆည်းပေးနိုင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာစီးပွားရေး လုပ်ငန်း တွေ ဇူလိုင်မှာ ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ယခင်နဲ့ နှိုင်းစာရင် ကျဆင်းမှု နှေးလာပါတယ်။ ပြင်သစ်ရဲ့အလုပ် လက်မဲ့နှုန်းက ယခင်နှစ်ကနဲ့နှိုင်းယှဉ် ရင် ဒီနှစ်ဇွန်မှာ အများကြီးကျဆင်းခဲ့ ပါတယ်။ ဂျာမနီနိုင်ငံရဲ့ PMI အညွှန်းကိန်း က ဇွန်မှာ ၅၀ ဒသမ ၄ ရှိခဲ့ရာမှ ဇူလိုင် မှာ ၅၂ ဒသမ ၈ ထိရောက်ရှိခဲ့ပါတယ်။ ကုန်ချောထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု ကဏ္ဍနှစ်ခုစလုံးမှာငါးလအတွင်းစီးပွား ရေးစွမ်းဆောင်ရည်မြင့်တက်ခဲ့တဲ့ လက္ခ ဏာဖြစ်ပါတယ်။ ၁၇ နိုင်ငံလုံးမှာရှိခဲ့တဲ့ ကုန်ချော ထုတ်လုပ်သူတွေက ဇူလိုင်မှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အမြင့်တက်ဆုံးဖြစ်ခဲ့ တယ်လို့ ပြောပါတယ်။ ဝန်ဆောင်မှု ကဏ္ဍကတော့ စွမ်းဆောင်ရည်ကျခဲ့ပါ တယ်။ ဒါပေမဲ့ ယခင်လတွေနဲ့နှိုင်းစာ ရင်တော့ ကျဆင်းနှုန်းနှေးလာပြီလို့ မားကစ်အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။ ယူရိုဇုန်ရဲ့နာလန်ထူမှုကို ဒီနယ်မြေ မှာအကြီးဆုံးနဲ့ အခိုင်မာဆုံးစီးပွားရေး ဖြစ်တဲ့ ဂျာမနီကဦးဆောင် သွားမယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါပေမဲ့ သိပ်သတိမထားမိသေးတဲ့ အချက်က ဂရိရွေးကောက်ပွဲနောက်ပိုင်း လာမဲ့နှစ်မှာဖြစ်လာမဲ့ ဂရိကြွေးမြီပြန် ပြင်ဆင်ညှိနှိုင်းမှုဖြစ်ပါတယ်။ ဒီလုပ်ငန်း ဆောင်ရွက်မှုအရ အစိုးရကြွေးမြီလျှော် ပစ်ရမှာတွေပါဝင်တဲ့အတွက် ဥရောပ ကြွေးမြီဈေးကွက်ကို ရိုက်ခတ်လာနိုင် စရာရှိပါတယ်။
ဥရောပဘဏ်များ စီးပွားရေးတိုးတက်လာတဲ့လက္ခ ဏာတွေက ၂၀၁၃ ခုနှစ် ဒုတိယနှစ် ဝက်မှာ စီးပွားရေးပြန်လည်တိုးတက် လာအောင်ဆောင်ရွက်ဖို့ ရည်မှန်းချက် ထားတဲ့ ဥရောပဗဟိုဘဏ်က ကြိုဆိုရ မယ့်ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ လူငယ်လူ ရွယ်တွေကြား အလုပ်လက်မဲ့ဦးရေတိုး ပွားနေတာအပါအဝင် ပျက်စီးယိုယွင်း သွားတဲ့စီးပွားရေး ကို ပြုပြင်ရာမှာ အထောက်အပံ့ပေးနိုင်ဖို့ဘဏ်တွေက ဆောင်ရွက်ပေးစရာတွေ အများကြီးရှိ နေတယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။ နေရာအတော်များများမှာ သက် သာတဲ့နှုန်းထားနဲ့ စီးပွားရေးလုပ်ငန်း တွေကို ချေးငွေထုတ်ချေးနိုင်ဖို့ ဘဏ် တွေမှာစွမ်းဆောင်ရည်ဆက်လက်ချွတ် ယွင်းနေဦးမှာဖြစ်ပါတယ်။ ဒါကလည်း နာလန်ထူမှုအတွက်ကြီး မားတဲ့အခက် အခဲတစ်ခုဖြစ်ပါတယ်။ စံနှုန်းသတ်မှတ် ချက်တွေတင်းကျပ်ထားတဲ့အတွက် တတိယသုံးလပတ်မှာ စီးပွားရေး လုပ်ငန်းတွေက ချေးယူမဲ့စွမ်းအား ဆက်လက်ကျဆင်းဦးမယ်။ ဒါပေမဲ့ ယခင်နှစ်နဲ့နှိုင်းယှဉ်ရင်နည်းမယ် လို့ဘဏ် တွေက ခန့်မှန်းထားကြောင်း ဇူလိုင် ၂၄ ရက်ကထုတ်ပြန်တဲ့ အီးစီဘီရဲ့ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။ ဥရောပမှာကုမ္ပဏီတွေအတွက် အဓိက ဘဏ္ဍာရေးထောက်ပံ့ရာလမ်း ကြောင်းက ဘဏ်တွေဖြစ်ပါတယ်။ ဒီဘဏ်တွေက ချေးငွေထုတ်ချေးတဲ့ အခါလိုက်နာရမယ့်စံနှုန်းတွေကို တင်းကျပ်ထားဆဲ ဖြစ်ကြောင်း အီးစီဘီကပြုလုပ်တဲ့ ဘဏ်ချေးငွေဆိုင် ရာ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါ တယ်။ ဘဏ်တွေရဲ့ငွေထုတ် ချေးနိုင်တဲ့ အခြေအနေကကောင်းမွန် တိုးတက်နေ ပေမဲ့ငွေချေးယူသူတွေဘက်က စွန့်စားမှု အန္တရာယ်တွေနဲ့ စီးပွားရေးမရေရာမှု တွေကချေးငွေကိစ္စကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ချေးငွေအမျိုးအစား အားလုံးမှာ ဝယ်လိုအား ကျဆင်းနေ ပေမဲ့ စားသုံးသူချေးငွေ အတွက်ကိုသာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် စံနှုန်းတွေ လျှော့ချပေးခဲ့ပါတယ်။
ပို့ကုန်သွင်းကုန် ယူရိုဇုန်ရဲ့ မေလပို့ကုန် က သွင်း ကုန်နည်းတူကျဆင်းခဲ့ပါတယ်။ ယခု အခြေအနေကိုကြည့်ခြင်းအားဖြင့် စစ်ပြီးကာလနောက် အရှည်ကြာဆုံး ကျဆင်းမှုကသတ္တမသုံးလပတ်အဖြစ် ဆက်လက်ကျဆင်းမယ့် လက္ခဏာကိုပြသ နေပါတယ်။ ရာသီအလိုက်ညှိနှိုင်းထား တဲ့ ပို့ကုန်အခြေအနေက ဧပြီအောက် ၂ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းသလို သွင်းကုန်ကလည်း ၂ ဒသမ ၂ ရာခိုင် နှုန်းကျဆင်းခဲ့ကြောင်း ဥရောပသမဂ္ဂရဲ့ စာရင်းအင်းအေဂျင်စီက ဇူလိုင် ၁၆ ရက်ကထုတ်ပြန်ပါတယ်။ အလုပ်လက်မဲ့နှုန်းမြင့်မားတာ၊ လုပ်ခဈေးနှုန်းတွေကျဆင်းတာနဲ့အစိုးရ အသုံးစရိတ်ေ တွလျှော့ချနေရတာကြောင့် ပြည်တွင်းဝယ်လိုအားကျဆင်းနေတာ တွေကြောင့် ယူရိုဇုန်ဖွံ့ဖြိုးရေးအတွက် ပို့ကုန်လုပ်ငန်းတွေက အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ တခြားနေရာတွေရဲ့ စီးပွားရေးကျဆင်း နေတာတွေကြောင့် လာမဲ့လတွေမှာ ပင်လယ်ရပ်ခြားတင်ပို့မှုတွေမြင့်တက် လာရေးက အလှမ်းဝေးနေဆဲဖြစ်နေပါ တယ်။ ရာသီလိုက်ညှိနှိုင်းမှုမရှိပါကယူရို ဇုန်ရဲ့ မေ ကုန်သွယ်မှုပိုငွေက ယူရို ၁၅ ဒသမ ၂ဘီလီယံရှိခဲ့ရာ ၂၀၁၂ ခုနှစ်က ရှိတဲ့ ယူရို ၆ ဒသမ ၆ ဘီလီယံထက်မြင့် တက်ခဲ့တာဖြစ်ပါတယ်။ ဧပြီလပိုငွေက ယူရို ၁၄ ဒသမ ၁ ဘီလီယံရှိခဲ့ပါတယ်။ ယခုနှစ်ကုန်သွယ်မှုပိုငွေပြရတာ က သွင်းကုန် ၆ ရာခိုင်နှုန်းကျဆင်းခဲ့ တာကြောင့်ဖြစ်တဲ့အတွက် ပြည်တွင်း ဝယ်လိုအားကျဆင်းတဲ့ သဘောကို ပြသနေကြောင်း ဥရောပစာရင်းရုံး Eurostat  က ပြောပါတယ်။
ရှေ့အလားအလာ ယူရိုနယ်မြေရဲ့ စီးပွားရေးက လာမဲ့ ၁၂ လအတွင်း မြင့်တက်မယ်လို့ ခန့်မှန်း ထားပါတယ်။ ဒါပေမဲ့ စီးပွားရေးအခြေ အနေက အတက်အကျကြမ်းတမ်းပြီး စီးပွားရေးတိုးတက်နှုန်းတန့်နေတာတွေ အလုပ်လက်မဲ့ဦးရေမြင့်တက်တာတွေ တစ်ပုံကြီးနဲ့ ကြုံတွေ့ရနိုင်တယ်လို့  ရှင်ဝှာသတင်းဌာန ရဲ့သီးခြားတွေ့ဆုံမေး မြန်းခန်းမှာ ငွေကြေးနဲ့ဘဏ္ဍာရေးအဖွဲ့ အစည်းများရဲ့ ဖိုရမ်တစ်ခုမှာ ဥက္ကဋ္ဌ ဒေးဗစ်မားရှ်က ပြောပါတယ်။ ယူရိုနယ်မြေရဲ့စီးပွားရေးက တိုး တက်မှုရှိလာမယ်ဆိုပေမဲ့ အနည်း အကျဉ်းလောက်သာတိုးတက်နှုန်းရှိနိုင် တယ်လို့ မားရှ်ကပြောပါတယ်။ ဥရောပ ဗဟိုဘဏ်ရဲ့နောက်ဆုံး ခန့်မှန်းချက်အရ ယခု ၂၀၁၃ ခုနှစ် တစ် ခုလုံးမှာ စီးပွားရေးက သုည ဒသမ ၆ ရာခိုင်နှုန်းကျဆင်းလိမ့်မယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာ ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာလိမ့်မယ်လို့ဆိုပါတယ်။ တစ်နိုင်ငံချင်းအနေအထားအရဆိုရင် ကွာဟချက်ကြီးမားနိုင်ပါတယ်။ ဂျာမနီ နိုင်ငံက ကုန်ချောထုတ်လုပ်မှုနဲ့ ဝန် ဆောင်မှုနှစ်ခုစလုံးဆက်လက်တိုးတက် ပြီး အလုပ်အကိုင်ဖန်တီးနိုင်မှုမြင့်မား နိုင်ပါတယ်။ ဒါပေမဲ့ ဥရောပတောင်ပိုင်း နိုင်ငံတွေရဲ့ ကုန်ထုတ်လုပ်မှုက အနည်း ငယ်ကျဆင်းနိုင်ပါတယ်။ ယူရိုဇုန်ရဲ့ နာလန်ထူမှုက မညီ မညာရှိနေဦးမည်ဖြစ်ကြောင်းနဲ့ ဥရောပ အဓိကနိုင်ငံတွေ အများစုမှာဖွံ့ဖြိုးပြီး တစ်ချို့နိုင်ငံတွေမှာ ခြိုးခြံချွေတာရေး အစီအစဉ်တွေကြောင့် ဖွံ့ဖြိုးမှုနှုန်းကျ ဆင်းနိုင်ကြောင်း စီးပွားရေးပညာရှင် အာဇတ်ဇန်ဂါနာက ပြောပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက် အကူဖြစ်စေဖို့အတွက် အီးစီဘီက အသေးစားနဲ့အလတ်စားစီးပွားရေး လုပ်ငန်းတွေကို ချေးငွေ ထုတ်ချေးမဲ့ အစီအမံတွေကို ဆောင်ရွက်လိမ့် မယ်လို့ ခန့်မှန်းထားပါတယ်။ အစီအမံ သစ်တွေရဲ့အကျိုးသက်ရောက်မှုရှိလာဖို့ အတွက်အချိန်ယူရမှာဖြစ်ပေမဲ့ နာလန် ထူဖို့ဆောင်ရွက်ရာမှာ ဘဏ္ဍာငွေ ကို အလွယ်တကူနဲ့ကျယ်ကျယ်ပြန့်ပြန့် ရဖို့ က အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေ ပါတယ်။ အဓိက မောင်းနှင်အားက ပို့ကုန် တွေတိုးမြှင့်ဖို့နဲ့ ပြည်တွင်းဝယ်လိုအား တွေ ဒုတိယနှစ်ဝက်အတွင်းမြင့်တက် လာဖို့လည်း လိုအပ်ပါတယ်။ မည်သို့ပင် ဆိုစေ အစိုးရဘတ်ဂျက်လိုငွေလျှော့ချ ရေးနဲ့ ကော်ပိုရိတ်နဲ့ဘဏ်လုပ်ငန်း ကဏ္ဍ တွေမှာ ချေးငွေတွေလျှော့ချဆောင် ရွက်နေရတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးမှု ကို အဟန့် အတားဖြစ်စေနိုင်ပါတယ်။ အလုပ်သမားဈေးကွက်အခြေအနေတွေ ကလည်း အခွင့်မသာသေးတဲ့အခြေ အနေတွေရှိနေဦးမှာဖြစ်ပြီး ဝင်ငွေထဲမှ သုံးစွဲနိုင်မဲ့ငွေကြေးနဲ့ ပုဂ္ဂလိကစားသုံးမှု ကို ကျဆင်းစေဦးမှာဖြစ်ကြောင်း ခန့် မှန်းကြပါတယ်။ တင်းကျပ်တဲ့ချေးငွေ အခြေအနေတွေနဲ့ ပြည်တွင်းဝယ်လို အားကျဆင်းတဲ့အခြေ အနေတွေကြောင့် စုစုပေါင်းပုံသေရင်းနှီးမြှုပ်နှံမှုအခြေ အနေတွေကလည်း ကျဆင်းနေဆဲဖြစ် ပါတယ်။ ပို့ကုန်ဖွံ့ဖြိုးမှုအခြေအနေနဲ့ မတည် ရင်းနှီးငွေတွေထည့်ဝင်ဖို့ အားအင်ကုန် ခန်းလာတာတွေက ၂၀၁၃ ခုနှစ် တတိ ယသုံးလပတ်နဲ့ စတုတ္ထသုံးလပတ်မှာ ရင်းနှီးမြှုပ်နှံမှုတိုးတက်နှုန်းနှေးကွေး နေဦးမှာဖြစ်ပါတယ်။ သုည ဒသမ ၁ ရာခိုင်နှုန်းနဲ့ သုည ဒသမ ၄ ရာခိုင်နှုန်း တိုးတက်နှုန်းအသီးသီးရှိမယ်လို့ ခန့်မှန်း ထားပါတယ်။