Main menu

Background

သဘာဝဓာတ်ငွေ့ဆုလာဘ်နှင့် မြန်မာ့စီးပွားရေး ဦးမော့လာမှု

Wed, 07/31/2013 - 13:00 -- ydnar

မြန်မာနိုင်ငံက ပြည်ပရင်းနှီးမြုှပ်နှံ မှုတွေကို တံခါးဖွင့်ပေးလိုက်တဲ့အတွက် ဘာလင်တံတိုင်းကြီး ပြိုကျသွားသလို ဗီယက်နမ်နိုင်ငံကဲ့သို့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ အလားအလာ စတင်လိုက်ပြီဖြစ် ပါတယ်။ ဒီလိုဆိုနိုင်တာကလည်းသဘာဝဓာတ်ငွေ့ တိုးတက်ထုတ်ယူလာနိုင်မှုအပေါ် ခန့်မှန်းတွက် ချက်ထားလို့ပဲဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံစွမ်း အင်ဝန်ကြီးဌာနရဲ့ အဆိုအရ Exxon Mobil ကော်ပိုရေးရှင်း၊ Woodside Petroleum ကုမ္ပဏီလီမိတက်နဲ့ Oil India လီမိတက်စတဲ့ ကုမ္ပဏီကြီးတွေအပါအဝင် နိုင်ငံတကာ စွမ်းအင် ကုမ္ပဏီပေါင်း ၅၉ ခုဟာ မြန်မာနိုင်ငံရဲ့ ဒေါ်လာ ၇၅ ဘီလီယံ တန်ဖိုးရှိတဲ့ သဘာ၀ ဓာတ်ငွေ့သိုက် တူးဖော်တဲ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသွားဖို့ တာစူနေကြတယ်လို့သိရပါတယ်။ တရုတ်နဲ့ အိန္ဒိယ ဧရာမဈေးကွက်ကြီးနှစ် ခုအကြားမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံအဖို့ မိမိ မှာရှိတဲ့ သဘာ၀ အရင်းအမြစ်တွေကို ရှာဖွေ ဖော်ထုတ်ဖို့ အရင်းအနှီးအမြောက်အမြားလိုအပ်ပါ တယ်။ McKinsey  နိုင်ငံတကာ တက္ကသိုလ်ရဲ့ အစီရင်ခံစာတစ်စောင်အရ မြန်မာနိုင်ငံအနေနဲ့ ၂၀၃၀ ပြည့်နှစ် ရောက်ရင် နိုင်ငံရဲ့စီးပွားရေး ၈ ရာခိုင်နှုန်းတိုးတက်ဖို့ စွမ်းအင်နဲ့ စိုက်ပျိုးရေး အခြေခံ စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် စုစုပေါင်းဒေါ်လာ ဘီလီယံ ၃၂၀ လိုအပ် တယ်လို့ ခန့်မှန်းထားပါတယ်။ ဆစ်ဒနီမြို့မှာရှိတဲ့ ဥပဒေအကြံပေး လုပ်ငန်း တစ်ခုဖြစ်တဲ့ Baker & McKenzic  မှ အကြီးတန်း အကြံပေးအရာရှိ Melinda Tun ကို မေးတော့ သူက “ယခုအခါ ကမ္ဘာက မြန်မာနိုင်ငံကို ရင်းနှီး မြှုပ်နှံမှုလုပ်ဖို့ နယ်ပယ်သစ်ဈေးကွက်   (Frontier market) တစ်ခုလို မြင်တွေ့ လာကြပါတယ်။ လက်ဦးမှုယူပြီး ရင်းနှီးမြှုပ်နှံနိုင်တဲ့သူတွေ အတွက် နှစ်ပေါင်းများစွာ အကျိုးရှိနိုင်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီနေရာဟာ လူဦးရေအလွန် များ ပြားတဲ့ ဝယ်လိုအား အလွန်ကောင်းတဲ့ ဈေးကွက် ကြီး နှစ်ခုရဲ့ကြားမှာ တည်ရှိနေလို့ပဲဖြစ်တယ်”လို့ ဖြေပါတယ်။ ကမ္ဘာမှာ အကြီးဆုံး သဘာဝဓာတ်ငွေ့ အရည် (LNG) ဝယ်ယူနေတဲ့ Korea Gas  ကော်ပိုရေးရှင်း၊ ထိုင်းနိုင်ငံက အကြီးဆုံး PTT နဲ့ မလေးရှားနိုင်ငံက Petroliam Nasional Bhd ကုမ္ပဏီတို့ ဟာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေမှာ ရှာဖွေလုပ်ကိုင်ဖို့ လေလံဆွဲရာမှာ အောင်မြင်ခဲ့ပြီး ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံက ဒုတိယ အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ် လုပ်တဲ့ကုမ္ပဏီကြီးဖြစ်တဲ့ Wood side ကလည်း လွန်ခဲ့တဲ့နှစ်က ကမ်းလွန် လုပ်ကွက်နှစ်ခုမှာရှာဖွေဖို့ သဘောတူညီခဲ့ပြီး အကဲဖြတ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အဲဒီကုမ္ပဏီရဲ့ အုပ်ချုပ် ရေးအရာရှိချုပ် (CEO) ဖြစ်သူ Peter Coleman  က “ကမ်းလွန်ရေနက်ပိုင်း လုပ်ကွက်တွေအတွက် ဆောင်ရွက်ဖို့ ဆွေးနွေးနေပါတယ်။ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်းဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ထွန်းပြောင်စေနိုင်ပါတယ်” လို့ ပြော ပါတယ်။ အိန္ဒိယနိုင်ငံအစိုးရပိုင် ဒုတိယ အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေရေး ကုမ္ပဏီကြီး ဖြစ်တဲ့ Oil India ကလည်းကမ်းလွန် လုပ်ကွက် တွေမှာ ရှာဖွေလုပ်ကိုင်ဖို့ လေလံဆွဲမယ်လို့ ကုမ္ပဏီ ရဲ့ ဘဏ္ဍာရေးညွှန်ကြားရေးမှူး TK Ananth Kumar က ပြောပါတယ်။ မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ PTT ကုမ္ပဏီကြီးရဲ့ CEO ဖြစ်သူ Pailin Chuchottawarn ကလည်း မြန်မာနိုင်ငံ မှာပိုမိုပြီး ရင်းနှီးမြှုပ်နှံကာလုပ်ကိုင်သွား ဖို့ရှိတယ်လို့ Bloomberg ရုပ်မြင်သံကြား တွေ့ဆုံ ခန်းမှာ ပြောကြားသွားခဲ့ပါတယ်။ BP ရေနံကုမ္ပဏီကြီးရဲ့ လေ့လာချက်အရ မြန်မာနိုင်ငံရဲ့သဘာဝဓာတ်ငွေ့သိုက် ပမာဏဟာ ကုဗပေ ၇ ဒသမ ၈ ထရီလီယံရှိတဲ့ အတွက် အနာဂတ် ဈေးနှုန်းနဲ့တွက်ရင် အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံတန်တယ်လို့သိရပါတယ်။ အမေရိကန် နိုင်ငံ စွမ်းအင်သတင်း အချက်အလက် စီမံခန့်ခွဲ ရေးအဖွဲ့ (EIA) ရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ မှာရှိနိုင်တဲ့ သဘာဝဓာတ်ငွေ့သိုက်ပမာဏဟာ ကုဗပေ ၁၀ ထရီလီယံအထိရှိနိုင်ပြီး ၂၀၁၁ ခုနှစ် ကုဗပေ ၄၂၁ ဘီလီယံ ထုတ်ယူခဲ့တယ်လို့ သိရ ပါတယ်။Oil India ကုမ္ပဏီရဲ့ ဘဏ္ဍာရေး ညွှန်ကြားရေးမှူး Kumar ကတော့  “မြန်မာနိုင်ငံ မှာရှိတဲ့ သဘာဝဓာတ်ငွေ့သိုက် ပမာဏဟာ သိ ထားတာထက်ပိုပြီး ကြီးမားနိုင်ပါတယ်။ ရေရှည် အတွက် မြန်မာနိုင်ငံမှာလုပ်ကိုင်ဖို့လိုအပ်ပါတယ်” လို့ပြောပါတယ်။ အမေရိကန်နိုင်ငံ EIA အဖွဲ့က သူ့ရဲ့ ဝက်ဘ် ဆိုက်မှာ “စီးပွားရေး ပိတ်ဆို့ထားခဲ့မှု၊ နည်းပညာ ချို့တဲ့ခဲ့မှုနဲ့ တစ်ဖက်သတ် စည်းမျဉ်း စည်းကမ်း၊ မူဝါဒတွေကြောင့် နိုင်ငံခြား ကုမ္ပဏီတွေက မြန်မာ နိုင်ငံမှာ လုံလုံလောက်လောက် ရင်းနှီးမြှုပ်နှံ လုပ် ကိုင်ခွင့် မရရှိခဲ့တဲ့အတွက် ရေနံနဲ့ သဘာဝဓာတ် ငွေ့ ထုတ်လုပ်မှု လုပ်ငန်းကို အတားအဆီး ဖြစ်စေ ခဲ့တယ်”လို့ ရေးသားခဲ့ပါတယ်။ ယခုအခါ မြန်မာအစိုးရအနေနဲ့ မိမိရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေ ထုတ်လုပ်ရေးလုပ်ငန်းမှာ ပွင့်လင်းမြင်သာမှုရှိအောင် အဆင့်ဆင့်လုပ်ဆောင် လာနေတာတွေ့ရပါတယ်။ နိုဝင်ဘာလ အတွင်း ကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ပြည်ပကုမ္ပဏီတွေကို ဆွဲဆောင်လာခဲ့ပါတယ်။ လောလောဆယ်နိုင်ငံခြားကုမ္ပဏီပေါင်း ၁၆ ခုဟာ ကုန်းတွင်း ရှာဖွေရေး လုပ်ကွက် ၁၇ခု မှာ ရှာဖွေ လုပ်ကိုင်နေပြီး ကုမ္ပဏီ ၁၅ ခုက ကမ်းလွန် လုပ် ကွက်တွေမှာ ရှာဖွေ၊ ထုတ်လုပ်နေပါတယ်။ အဲဒီ ကုမ္ပဏီအားလုံးဟာနိုင်ငံပိုင်မြန်မာရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်းနဲ့ ဖက်စပ်လုပ်ကိုင် နေတယ်လို့ သိရပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ရဲ့ အဆိုအရ သဘာဝဓာတ်ငွေ့ ရောင်းချမှုနဲ့ အဲဒီ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ယခု ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဟာ ၆ ဒသမ ၇၅ ရာခိုင်နှုန်းတိုးတက်မယ်လို့ ခန့် မှန်းထားပါတယ်။ သြစတြေးလျနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေး ကုမ္ပဏီဖြစ်တဲ့ Roc Oil ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ သိသိသာသာရှာဖွေတွေ့ရှိနိုင်တဲ့ အလား အလာတွေရှိနေပြီး စီးပွားရေးကို လျင်မြန်စွာ တိုးတက်ပြောင်းလဲ သွားစေနိုင်တယ်လို့ ပြောကြား ကြောင်းပါခင်ဗျား။Ref: "Myanmar's Economic Miracle Hinges on Natural Gas Bounty" By Rokteem Ktakey and James Paton (Bloomberg)