Main menu

Background

စားသုံးသူပြည်သူများ သတိထားသင့်သည့် ခဲအဆိပ်သင့်ခြင်းအန္တရာယ်

Wed, 07/31/2013 - 13:44 -- ydnar

ကျွန်တော့်မှာ ခဲအဆိပ်သင့်တဲ့ တူမလေး တစ်ယောက်ရှိပါတယ်။ သမီးလေး ငယ်ငယ်လေး တုန်းကတော့ အလွန် သွက်လက်ချက်ချာပြီး ဉာဏ်ရည်ထက်မြက်ခဲ့ပါတယ်။ တူမလေးရဲ့ အဖေ ဟာ ဘက်ထရီပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦး ဖြစ်တဲ့အတွက် ခဲလုပ်ငန်းနဲ့ နေ့စဉ်ထိတွေ့ ရပါတယ်။

 
သူ့ရဲ့လုပ်ငန်းခွင်မှာ သမီးငယ်လေး ရောက်လာလေ့ရှိပြီး ဆော့ကစားတတ်ပါတယ်။ အဲဒီမှာပဲဆော့ကစားရင်းအသက် (၁)နှစ်ခွဲအရွယ် မှာ ခဲအဆိပ်သင့်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကလေး ဟာ ဝမ်းမကြာခဏသွားတတ်ပြီး နောက်ပိုင်းမှာ ခဏခဏတက် တတ်ပါတယ်။ ရန်ကုန်ကလေး ဆေးရုံကြီးကို ပြသတဲ့အခါမှာ ကလေးဟာ ခဲ အဆိပ်သင့်ကြောင်း သိရပါတယ်။ အင်မတန် သွက်လက်ချက်ချာတဲ့ကလေးဟာ ထုံထုံအအကြီး ဖြစ်လာတယ်။ အသက် (၃)နှစ်အထိစကားမပြော တတ်သေးတဲ့အပြင်အာရုံကြောများလည်းပျော့ခွေ နေခဲ့ပါတယ်။ဒါ့အပြင် ကလေးအိပ်ဖို့ ကျောပိုး တဲ့အခါမှာလည်းခြေထောက်နဲ့လက်တွေကဆန့်ဆန့် ကြီးဖြစ်နေလို့ ကျောပိုးတဲ့လူကြီးတွေ အတော် အခက်တွေ့နေရပါတယ်။ နောက်ပိုင်း ဝေဒနာရှင် လူမမယ်လေးဖြစ်လာရရှာတယ်။ ဆေးဘယ် လောက်ကုကု မမီတော့တဲ့ အခြေအနေ ဖြစ်လာ ရပါတော့တယ်။ ခဲအဆိပ်သင့်တဲ့ အန္တရာယ် ကျွန်တော့် တူမလေး ခံစားလာခဲ့တာ ယနေ့တိုင် အောင်ပဲ ဖြစ်ပါတယ်။
ခဲသတ္ထုသည် အသုံးဝင်သည့် ပစ္စည်းတစ်မျိုး ဖြစ်သည် ခဲကို လူတို့အသုံးပြုတဲ့ အသုံးအဆောင်များ မှာ အထောက်အကူပြုပစ္စည်း အနေနဲ့အသုံးပြု ပါတယ်။ ဘက်ထရီအိုးများ၊ အိမ်သုတ်ဆေးများ၊ ခဲဂဟေလုပ်ငန်းများ၊ ကုန်ပစ္စည်း ထုပ်ပိုးခွံများ၊ ခဲယမ်းများ၊ ဗုံးများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ တယ်လီဖုန်းငွေဖြည့်ကတ် လျှို့ဝှက်နံပါတ် ဖုံးအုပ် ခြင်းများနဲ့ အခြားကိစ္စရပ်များတွေမှာ အသုံးပြုခဲ့ ပါတယ်။ လူတို့အတွက် မရှိမဖြစ်ပစ္စည်း ဖြစ်တဲ့ အတွက်သုံးတတ်ရင်မိတ်ဆွေ၊ မသုံးတတ်ရင် ဘေး ဖြစ်သွားမှာဖြစ်ပါတယ်။
ခဲအဆိပ်သင့်စေတဲ့အကြောင်းအရာများ သာမန်အားဖြင့် ခဲအဆိပ်ကို ကလေးငယ် များ ကိုသာကူးစက်စေနိုင်တယ်လို့ မှတ်ထားတတ် ကြပါတယ်။ ကလေးတွေမှာတော့ ကူးစက်ဖို့ ပိုမို များပါတယ်။ ဒါပေမဲ့ အရွယ်ရောက်ပြီး လူတွေမှာ လည်း ကူးစက်နိုင်တယ်လို့ ပညာရှင်များက ဆိုကြ ပါတယ်။ ကလေးငယ်လေးတွေမှာ ကျတော့ ပွန်းပဲ့ နေတဲ့ ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်တွားသွား တဲ့အချိန်တွေ၊ အိပ်နေတဲ့အချိန်တွေ၊ ဆော့ကစား နေတဲ့အချိန်တွေမှာ ခဲအဆိပ်သင့်နိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ အချို့ကလေး တွေဟာအစာမဟုတ်တဲ့အရာဝတ္ထုတွေကို ပါးစပ် ထဲထည့်ပြီး ကိုက်ဝါးတတ်ပါတယ်။ ခဲဆိပ်ပါတဲ့ အရာဝတ္ထုတွေ ဝါးစားမိရင် သေချာပေါက် ခဲ အဆိပ်သင့်သွားမှာ ဖြစ်ပါတယ်။ ဥပမာ အိမ် သုတ်ဆေးကနေ ကွာကျလာတဲ့ ဆေးသားတွေကို ကလေးငယ်တွေ လက်လှမ်းမီတဲ့ နေရာမှာ ရှိရင် ကိုက်စား တတ်ကြပါတယ်။ သတိထားစရာ ကောင်းပါတယ်။ တစ်ချို့လူကြီးတွေတောင် အိမ် သုတ်ဆေးကနေ ပဲ့ကျလာတဲ့ ဆေးသားတွေကို အမှတ်မထင် ဖဲ့စားတတ်တာမျိုးတွေ၊ ငုံထား တာမျိုးတွေလုပ်တတ်ကြပါတယ်။ ဒီအလေ့အကျင့် ဆိုးတွေ ဖျောက်ပစ်ဖို့ လိုပါတယ်။ ဘာကြောင့် လည်းဆိုတော့ ယခုခေတ်မှာ ထုတ်လုပ်တဲ့ဓာတု ဗေဒပစ္စည်းတွေရဲ့ စွမ်းပကားက အလွန်အဆိပ် ပြင်းတဲ့အတွက်ဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ခဲပါဝင်တဲ့ လေကို ရှူရှိုက်မိတာတွေ၊ ခဲမှုန့်ကို မျိုချမိတာတွေ၊ မြေကြီး နဲ့ဆက်စပ်တဲ့ အစားအသောက်ကနေ ပါလာတဲ့ ခဲများကို အနည်းငယ်ကို စားမိတာတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ ကလေးတွေရဲ့ အသွေး ထဲ၊ ဦးနှောက်နဲ့အရိုးတွေမှာ သွားစုနေလိမ့်မယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ လေ့လာ ဆန်း စစ်ချက်များအရ အသက် (၆) နှစ် အောက် ကလေးငယ်တွေမှာခဲအဆိပ်သင့်အန္တရာယ် ဖြစ်နိုင် ချေအများဆုံးလို့ ဆိုထားပါတယ်။ ၁၉၉၀ပြည့်နှစ် ကအမေရိကန်မှာလူဦးရေ (၆၄) သန်းကို စမ်းသပ် ခဲ့ရာ (၃၈)သန်းဟာအိမ်သုတ်ဆေးကနေ တစ်ဆင့် ခဲအဆိပ်သင့်ကြကြောင်းတွေ့ရှိထားပါတယ်။
ခဲအဆိပ်သင့်သည့်လက္ခဏာများ ခဲအဆိပ်သင့် ခံရတဲ့လူများကို  ကြည့်ရင် လူစဉ်မမီတာကို ချက်ချင်းသိနိုင်ပါတယ်။ ဒါပေမဲ့ အချို့လူကြီး တွေမှာ ခဲအဆိပ်သင့်တာကို မျက်မြင် ကြည့်ရုံနဲ့ မသိနိုင်ဘူး။ ခဲအဆိပ်သင့်တဲ့လူ တစ်ယောက်မှာ မြင်တွေ့နိုင်တဲ့ လက္ခဏာတွေ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-   (၁)    အရိုး၊ ကြွက်သားများရဲ့ လှုပ်ရှားမှု ပျော့ သွားစေခြင်း၊ (၂)    ကျောက်ကပ်၊ အကြားအာရုံ ချို့ယွင်း ပျက်စီးစေခြင်း၊ (၃)    မကြာခဏ ခေါင်းကိုက်၍ စိတ်မကြည် လင်ခြင်း၊ (၄)    မောပန်း နွမ်းနယ်၍ အိပ်မပျော်တတ် ခြင်း၊ (၅)    သင်ယူ တတ်မြောက်နိုင်မှု နှေးကွေး ခြင်း၊ (၆)    ရန်ပြုလိုတဲ့ သဘောထားရှိခြင်း၊ (၇)    ဝမ်းဗိုက် မကြာခဏနာခြင်း၊ (၈)    ကိုယ်အလေးချိန်ကျခြင်း၊ (၉)    ခန္ဓာကိုယ် မအီမသာ ဖြစ်ခြင်း၊ (၁၀)    အကြားအာရုံ ချို့ယွင်းစေခြင်း၊ (၁၁)    ပျို့အန်တတ်ခြင်း၊ (၁၂)    အသားအရောင် ဖြူဖတ်ဖြူရော် ဖြစ် ခြင်း၊ (၁၃)    အစာစားလိုတဲ့စိတ် မရှိခြင်း၊ (၁၄)    အာရုံခံစားမှု လျော့နည်းခြင်း၊ (၁၅)    မှတ်Óဏ် အားနည်းခြင်း၊ (၁၆)    မျိုးပွားမှုအား ထိခိုက်စေခြင်း၊ (၁၇)    ထုံထုံထိုင်းထိုင်း ဖြစ်စေခြင်း၊ ဘက်ထရီအိုး ပြုပြင်ရေးလုပ်ငန်း ဆောင် ရွက်သူ တစ်ဦးရဲ့ ပြောပြချက်အရ ဘက်ထရီအိုးရှိ ခဲအပိုင်းကို ကိုင်တော့မယ်ဆိုရင် လက်အိတ်နဲ့ နှာ ခေါင်းစည်းတို့ကို အသုံးပြုလေ့ရှိကြောင်း၊ နေ့စဉ် ငှက်ပျောသီး (၁) လုံး၊ နွားနို့ (၁) ခွက် အမြဲ စား သောက်လေ့ ရှိကြောင်း၊ ထမင်းစားရင် လက်နဲ့ မစားဘဲ ဇွန်းခရင်းကို အမြဲအသုံးပြုလေ့ရှိကြောင်း၊ ဒီလိုကျင့်သုံးလာလို့လည်း နှစ်ပေါင်း (၃၀) သူ့ရဲ့ လုပ်သက်အတွင်း ခဲအဆိပ်မသင့်ခဲ့ကြောင်း  မှတ် သားစရာ သိရှိခဲ့ရပါတယ်။
မပြန်နိုင်တဲ့ ဧည့်သည် ဧည့်သည်ဆိုတာ အချိန် အတိုင်းအတာ တစ်ခုထိသာ ကိုယ့်ဆီမှာ ရောက်လာတာမျိုးဖြစ် ပါတယ်။ မပြန်နိုင်တဲ့ ဧည့်သည်ကတော့ ကိုယ်က ပြန်စေချင်ပေမဲ့ အလိုက်ကန်းဆိုးမသိတဲ့ ဧည့်သည် ကို ဆိုလိုတာဖြစ်ပါတယ်။  ခဲအဆိပ်ဟာလည်း လူ့ခန္ဓာကိုယ်အတွင်း လူ့သက်တမ်းတစ်လျှောက် မပြန်သေးတဲ့ ဧည့်သည်ပဲဖြစ်သွားပါတယ်။ အချိန် ကာလအားဖြင့် နှစ်သန်းပေါင်း (၂၈၀၀၀၀) နှစ် အထိအသွေးထဲအသားထဲကျန်ခဲ့မယ်လို့ သိပ္ပံနည်း အရ တွက်ချက်ကြပါတယ်။ ဆိုလိုတဲ့ သဘောက ခဲအဆိပ်ဟာ လူ့ခန္ဓာကိုယ်အတွင်းမှာ ဒီအတိုင်း ရှိနေမယ်ဆိုရင် တော်တော်နဲ့ ထွက်မသွားဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ဒါ့ကြောင့် ခဲအဆိပ်သင့်တဲ့လူ တစ်ယောက်ဟာ ခဲအဆိပ်ကို မဖယ်ထုတ်နိုင်ဘူး ဆိုရင် မျိုးရိုးလိုက်သွားမှာဖြစ်ပါတယ်။ ကုန်သွယ်ရေးတွင် သတိထားသင့်သည့် ခဲအဆိပ် အန္တရာယ် ကျွန်တော်တို့နိုင်ငံဟာ စီးပွားရေး ပိတ်ဆို့မှု နဲ့ကြုံတွေ့ခဲ့ရပါတယ်။ ယခုအခါမှာတော့ စီးပွား ရေး ပိတ်ဆို့မှုပြီးဆုံးတဲ့အတွက် နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံမယ့် နိုင်ငံခြားသား လုပ်ငန်းရှင်တွေ အလုံး အရင်း ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ အဲဒီလို ဝင်ရောက်တဲ့အထဲမှာ ကုန်ပစ္စည်း တင်သွင်းတဲ့ လုပ်ငန်းရှင်တွေနဲ့ ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေဟာ ခဲပါတဲ့ ကုန်ပစ္စည်းတွေ၊ ထုပ်ပိုးခွံတွေအတွက် စံချိန်စံညွှန်း သတ်မှတ်ချက်အတိုင်း လက်ခံရန် သတိထားဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ တင်ပြရရင် အရည်အသွေးညံ့တယ်လီဖုန်းဟန်းဆက် တွေမှာ ခဲအဆိပ်သင့်စေနိုင်တဲ့ ပွိုင့်တွေ မြင်တွေ့ ရတယ်လို့ဆိုပါတယ်။ ဒီကုန်ပစ္စည်းတွေ စားသုံးသူ ဆီမရောက်မီ ဘယ်ပုံဘယ်နည်းဆက်လက် ဆောင် ရွက်ရမယ်ဆိုတာတွေက အရေးကြီးပါတယ်။ စား သုံးသူ အကာအကွယ်ပေးဖို့ လိုအပ်လာမှာ ဖြစ်ပါ တယ်။ ဒါတွေအပြင် အချို့ထုပ်ပိုးခွံတွေ၊ ချိပ်ပိတ် တဲ့အိတ်တွေ၊ အီလက်ထရွန်း နစ်ပစ္စည်းတွေမှာ လည်း ခဲအသုံးပြုတာ ဖြစ်တဲ့အတွက် နိုင်ငံတကာ သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ထိန်းသိမ်း ကိုင် တွယ်ဖို့ အလွန်အရေးကြီးပါတယ်။ မလွဲမသွေ ခဲပါ တဲ့ ကုန်ပစ္စည်းတွေကို ကုန်သွယ်ရေးလောကမှာ ကင်းနိုင်မှာ မဟုတ်တဲ့အတွက် ကျွန်တော်တို့ရဲ့ စားသုံးသူ ပြည်သူတွေကို ခဲအဆိပ်သင့် ခြင်းမှ အကာအကွယ်ပေးဖို့လိုအပ်နေပါတယ်အကြောင်း ကတော့ ခေတ်သစ် ကုန်ပစ္စည်းတွေဟာ ခဲနဲ့ကင်း တာ မရှိသလောက် ဖြစ်တယ်။ ဆိုလိုတာက ခဲအဆိပ်သင့်ဖို့က ရှေးကထက် ဖြစ်နိုင်ခြေများ လာပါတယ်။ ဒါ့ကြောင့် ကုန်သွယ်ရေး ကိစ္စရပ် တွေမှာ ခဲအဆိပ်သင့် အန္တရာယ်အတွက် စဉ်းစား ဆောင်ရွက်ဖို့ လိုအပ်လာပြီဆိုတာ တင်ပြလိုရင်း ဖြစ်ပါတယ်။
စားသုံးသူများ၏ အခြေခံအခွင့်အရေး အရ လုံခြုံမှု ရှိစေချင် စားသုံးသူများရဲ့ အခြေခံအခွင့်အရေးများ အနက် ကျန်းမာရေးအတွက် အရည်အသွေး ကောင်းမွန်၍ လုံခြုံစိတ်ချမှုရှိရ မယ်လို့ဖော်ပြထား ပါတယ်။ ဒီအခွင့်အရေးအရ  ကျွန်တော်တို့ရဲ့ စားသုံးသူများ ခဲအဆိပ်သင့်ခြင်းမှ ကာကွယ်ဖို့ လိုအပ်ပါတယ်။ တင်သွင်းတဲ့ကုန်ပစ္စည်းပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံက ထုတ်လုပ်တဲ့ကုန်ပစ္စည်းပဲဖြစ်ဖြစ် ခဲအဆိပ်သင့်မှု ဘယ်အတိုင်းအတာထိ ပါတယ် ဆိုတာ ဆန်းစစ်တဲ့လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုအပ်ပါတယ်။ဒီလုပ်ငန်းဟာလည်း စားသုံး သူ ကာကွယ်ရေးလုပ်ငန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။