Main menu

Background

GSP ဆိုသည်မှာ

Wed, 07/31/2013 - 15:15 -- ydnar

အခုတလော မကြာမကြာ ကြား နေရတဲ့ GSP ဆိုတဲ့ ကုန်သွယ်မှုအထူး အခွင့်အရေးအကြောင်းကို ဘာသာ ရပ်နဲ့စိမ်းတဲ့ အများပြည်သူတွေ သဘောပေါက်နိုင်စေဖို့ အတိုချုပ်လေး ရှင်းပြချင်ပါတယ်။ GSP  ရဲ့အရှည် က Generalised System of Preference ဖြစ်ပါတယ်။

 
တိုက်ရိုက် အဓိပ္ပါယ် က ယေဘူယျ ပြုထားတဲ့ အထူး အခွင့် အရေးပေးစနစ် ဖြစ်ပါတယ်။ ယေဘူယျ ပြုတယ်ဆိုတဲ့အဓိပ္ပါယ်ကဒီစနစ်ကို နိုင်ငံ တစ်နိုင်ငံတည်း ကသာမက နိုင်ငံအများ ကအသုံးပြုနိုင်အောင် ခြုံငုံရေးဆွဲထား ခြင်းလို့ ယူဆပါတယ်။ အထူးအခွင့် အရေးဆိုတာကတော့ ကုန်သွယ်မှုပြုတဲ့ အခါ အကောက်ခွန်လျှော့ပေးခြင်း၊ အကောက်ခွန်လုံး၀ ကင်းလွတ်ခွင့် ပေးခြင်းတို့ကိုဆိုလိုပါတယ်။ ဒါကြောင့် လက်တွေ့အသုံးနဲ့ကိုက်အောင်အဓိပ္ပါယ် ပြန်မယ်ဆို ရင်ကုန်သွယ်မှု အထူးအခွင့် အရေးပေးစနစ်လို့ ဆိုနိုင်ပါတယ်။ ဒီ GSP ဘာကြောင့်ပေါ်လာရ သလဲဆိုရင် ကမ္ဘာ့နိုင်ငံတွေအကြားမှာ စီးပွားရေးကွာဟမှုတွေ သိပ်ကြီးနေတာ ကို ဖြေရှင်းဖို့ကြံစည်ရာက စတယ်လို့ဆို ရပါမယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီပံ့ပိုး ပေးခြင်းအားဖြင့်၊ ကမ္ဘာ့စီးပွားရေး ကွာဟမှုတွေ လျော့နည်းသွားရေး တွေ့ ဆုံဆွေးနွေးနိုင်ဖို့ ကုလသမဂ္ဂ ကုန်သွယ် ရေးနှင့် ဖွံ့ဖြိုးမှုညီလာခံ (United Nations Conference on Trade and Development – UNCTAD)   ဆိုတဲ့ အဖွဲ့ကြီးဟာ ၁၉၆၄ ခုနှစ်မှာ ပေါ် ပေါက်လာပါတယ်။ ဒီအဖွဲ့ကြီးပေါ်လာ ရတာဟာလည်း အဲဒီအချိန်က ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် မြန်မာနိုင်ငံသား ဦးသန့်ရဲ့ စိတ်ကူး စိတ်သန်းက အစပြုတယ်လို့ သိမှတ်ဘူး ပါတယ်။ UNCTAD အဖွဲ့ကြီးမှာ ပုံမှန် တွေ့ဆုံဆွေးနွေးကြရင်း နိုင်ငံများ အကြား စီးပွားရေး ကွာဟမှုကို ဖြေရှင်း နိုင်ဖို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဖွံ့ဖြိုးဆဲနိုင်ငံ တွေကို ကုန်သွယ်မှုအထူး အခွင့် အရေး တွေပေးမှယှဉ်ပြိုင်နိုင်မယ်၊ ဖွံ့ဖြိုးမှုရှိ လာမယ်ဆိုတဲ့ အယူအဆတစ်ရပ် ပေါ် ပေါက်လာပါတယ်။ ဒီလိုနဲ့ ၁၉၆၈ ခုနှစ် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပ တဲ့ UNCTAD အဖွဲ့ကြီးရဲ့ အစည်း အဝေးဆုံးဖြတ်ချက်အရ GSP ဆိုတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး တဖက် သတ်ပေးတဲ့စနစ် တစ်ရပ်ပေါ်ပေါက် လာခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာ စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။  တဖက်သတ်ပေးတယ်ဆိုတဲ့အဓိပ္ပါယ်က အပြန်အလှန် အကောက်ခွန်လျှော့ချ ပေးရတဲ့ လွတ်လပ်သော ကုန်သွယ်မှု စာချုပ် (Free Trade Agreement - FTA ) တွေနဲ့မတူဘူး။ ကွာခြားတယ် လို့ ဆိုလိုတာဖြစ်ပါတယ်။ ဂျီအက်စ်ပီအစီအစဉ်ရဲ့ အဓိက ရည်မှန်းချက်ကတော့ဖွံ့ဖြိုးဆဲနိုင်ငံတွေ (က)    ပြည်ပပို့ကုန်ဝင်ငွေ တိုးတက် စေရန်။ (ခ)    စက်မှု လုပ်ငန်းများ တိုး တက်စေရန်နဲ့ (ဂ)    စီးပွားရေးတိုးတက်မှု နှုန်းကို မြှင့်တင်ပေးရန်တို့ ဖြစ်ပါ တယ်။
ရရှိတဲ့အခွင့်အရေး GSP အစီအစဉ်အရ ဖွံ့ဖြိုးပြီးနိုင်ငံ တွေကို၊ ဖွံ့ဖြိုးဆဲနဲ့ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေက တင်သွင်းလာတဲ့ ကုန် ပစ္စည်းတွေအပေါ် အကောက်ခွန် (Customs Duties) လျှော့ချပေးတာ၊ လုံးဝကင်းလွတ်ခွင့် ပေးတာတွေ ပါဝင် ပါတယ်။GSP အခွင့်အရေးပေးတဲ့ နိုင်ငံတွေဟာ မိမိနိုင်ငံရဲ့ ဂျီအက်စ်ပီ အစီအစဉ်အတွက် ပင်ရင်းနိုင်ငံစည်း မျဉ်းရေးဆွဲသတ်မှတ်ထားကြပြီး အဲဒီ ပင်ရင်းနိုင်ငံစည်းမျဉ်းနဲ့ ကိုက်ညီတဲ့ ကုန် ပစ္စည်းကိုသာ သတ်မှတ်ထားတဲ့အတိုင်း အကောက်ခွန်လျှော့ပေါ့ခွင့် သို့မဟုတ် ကင်းလွတ်ခွင့်ပေးပါတယ်။ တင်သွင်း လာသမျှ ပစ္စည်းတိုင်းကို အခွင့်အရေး ပေးခြင်းမဟုတ်ဆိုတာကို သတိပြုစေ ချင်ပါတယ်။
GSP အခွင့်အရေးပေးသော နိုင်ငံ များ လက်ရှိကာလမှာ ဥရောပသမဂ္ဂ နဲ့ အခြားနိုင်ငံ (၁၀) နိုင်ငံက ရေးဆွဲ ထုတ်ပြန်ထားတဲ့ GSP  အစီအစဉ် (၁၁) ခုရှိကြောင်း အန်းတက်အဖွဲ့က အသိ ပေး ကြေညာထားပါတယ်။ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးဟာ အကောက်ခွန်သမဂ္ဂ ဖွဲ့စည်းထားတာ ဖြစ်လို့ GSP အစီအစဉ်တစ်ခုတည်း ကိုပဲ နိုင်ငံအားလုံးက အသုံးပြုကြပါ တယ်။ ကျန် (၁၀) နိုင်ငံမှာက တစ်ခုစီရှိ ပါတယ်။ ဒါ့ကြောင့်GSP  အစီအစဉ် တစ်ခုစီအတွက် GSP ပင်ရင်းနိုင်ငံ စည်းမျဉ်းပေါင်း (၁၁) မျိုးရှိပါတယ်။GSP  အခွင့်အရေးပေးအပ်ဖို့ ကြေညာ ထားတဲ့ နိုင်ငံတွေကတော့၊ (၁) သြစတြေးလျ၊ (၂) ဘယ်လာရပ်စ်၊ (၃) ကနေဒါ၊ (၄) ဥရာပသမဂ္ဂ၊ (၅) ဂျပန်၊ (၆) နယူးဇီးလန်၊ (၇) နော်ဝေ၊ (၈) ရုရှသမ္မတနိုင်ငံ၊ (၉) ဆွစ်ဇာလန်၊ (၁၀) တူရကီ၊ (၁၁) အမေရိကန် ပြည်ထောင် စုတို့ ဖြစ်ပါတယ်။
GSP အခွင့်အရေးရရှိတဲ့နိုင်ငံများ ယေဘုယျအားဖြင့် ၇၇ နိုင်ငံအုပ် စုဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို GSP  အခွင့် အရေးပေးထားပြီး ယခုအခါ ၁၂၈ နိုင်ငံ အထိ ရရှိခံစားနေပြီဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သီးသန့် ကန့်သတ်တာမျိုးလည်း ရှိတတ်ပါ တယ်။ ဒါ့ကြောင့် GSP အခွင့်အရေး ပေးထားတဲ့နိုင်ငံကို ပို့ကုန်တင်ပို့တော့ မယ်ဆိုရင် မိမိနိုင်ငံဟာ အဲဒီနိုင်ငံရဲ့GSP  အခွင့်အရေးကိုရရှိတဲ့နိုင်ငံစာရင်း မှာ ပါဝင်ခြင်းရှိ/မရှိ ဦးစွာလေ့လာ စိစစ်ဖို့ လိုပါတယ်။
GSP အခွင့်အရေးရရှိသော ကုန် ပစ္စည်းများ ဂျီအက်စ်ပီ အခွင့်အရေးပေးတဲ့ တစ်နိုင်ငံချင်းဟာ မိမိတို့ပေးမည့် ကုန် ပစ္စည်းစာရင်းကို သတ်မှတ်ကြေညာ ထားပါတယ်။ မပေးမည့် ကုန်ပစ္စည်း စာရင်းကိုလည်း ကြေညာထားပါတယ်။ အားလုံးကိုပေးတာ မဟုတ်ပါ။ ဖွံ့ဖြိုး ဆဲ နိုင်ငံထက် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ ကို အခွင့်အရေးပိုပေးလေ့ ရှိပါတယ်။ ဥရောပ သမဂ္ဂကတော့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံတွေကိုEBA (Everything But Arms  ဆိုတဲ့ အစီအစဉ် အရ လက်နက်ခဲယမ်းကလွဲရင်၊ ကျန်တဲ့ ကုန်ပစ္စည်းအားလုံးကို အကောက်ခွန် ကင်းလွတ်ခွင့် (သုည ရာခိုင်နှုန်း) ပေးပါ တယ်။ဒါကြောင့်ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ တွေအတွက်အလွန်ကောင်းမွန်တဲ့ ကုန် သွယ်မှု အခွင့်ထူးကြီးလို့ဆိုနိုင်ပါတယ်။ ဂျီအက်စ်ပီ အစီအစဉ် (၁၁) ခု ရှိတာ ကြောင့် အစီအစဉ်တစ်ခုစီမှာ အကြုံး ဝင်တဲ့ကုန်ပစ္စည်းအများအပြား ပါဝင်တဲ့ အတွက် အသေးစိတ် ဖော်ပြနိုင်ခြင်း မရှိပါ။ သက်ဆိုင်ရာ GSP  အစီအစဉ် တွေကို လေ့လာဖို့အကြံပြုလိုပါတယ်။
GSP   ပင်ရင်းနိုင်ငံ စည်းမျဉ်း ပင်ရင်းနိုင်ငံစည်းမျဉ်း (Rule of Origin) ဆိုတာ ကုန်ပစ္စည်းတစ်ခုရဲ့ ထုတ်လုပ်ရာနိုင်ငံကို သတ်မှတ်တဲ့စည်း မျဉ်း ဖြစ်ပါတယ်။ ဒီပစ္စည်းဘယ်နိုင်ငံ မှာ ထုတ်လုပ်တာလဲဆိုတာ စီစစ်တဲ့ စည်းမျဉ်းပါ။ GSP   အစီအစဉ်တွေ ရဲ့ အဓိကအရေးပါတဲ့ အပိုင်းကဏ္ဍ တစ်ရပ်လည်း ဖြစ်ပါတယ်။ ပင်ရင်းနိုင်ငံ စည်းမျဉ်းရဲ့ အဓိကရည်ရွယ် ချက်က တော့ တင်သွင်းလာတဲ့ကုန်ပစ္စည်းဟာ GSP   အခွင့်အရေးရရှိတဲ့ နိုင်ငံအတွင်း မှာ အစအဆုံးအပြည့်အ၀ ထုတ်လုပ် တာ ဟုတ်မဟုတ်။ ဒါမှမဟုတ် ကုန်ကြမ်းကနေ ကုန်ချောကို သိသိသာ သာပြောင်းလဲ သွားအောင် ပြုပြင်ထုတ် လုပ် ထားခြင်းရှိမရှိ သေချာအောင်စီ စစ်ပြီးမှ အကောက်ခွန် လျှော့ပေါ့ခွင့်၊ ကင်းလွတ်ခွင့်တွေ ပေးနိုင်အောင် စည်းမျဉ်းတွေ ရေးဆွဲ သတ်မှတ်ထား တာဖြစ်ပါတယ်။ ဒါကြောင့် ပင်ရင်း နိုင်ငံစည်းမျဉ်းတွေမှာ GSP အခွင့် အရေးရခွင့်မရှိတဲ့ တတိယနိုင်ငံမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ တင်သွင်း လာပြီး ထပ်ဆင့်တင်ပို့တာ၊ နည်းနည်း ပါးပါး အပေါ်ယံလေးပြုပြင်ပြီး ထပ် ဆင့် တင်ပို့တာတွေကို ကာကွယ်နိုင်ဖို့ တင်းကြပ်တဲ့စည်းမျဉ်း (၃) မျိုး ချမှတ် ပြဌာန်းထားလေ့ရှိပါတယ်။ အဲဒီ စည်း မျဉ်း (၃) မျိုးကတော့- (၁)     ပင်ရင်း ထုတ်လုပ်ရာနိုင်ငံ သတ်မှတ်ချက် (Origin Criteria) နဲ့ကိုက်ညီရန် စည်းမျဉ်း။ (၂)    တိုက်ရိုက်သယ်ယူပို့ဆောင် ရန် (Direct Consignment)စည်းမျဉ်း။ (၃)    ပင်ရင်းနိုင်ငံလက်မှတ် (Certificate of Origin) တင် ပြရန် စည်းမျဉ်းတို့ ဖြစ်ပါ တယ်။ GSP ပင်ရင်းနိုင်ငံစည်းမျဉ်းအရ တင်ပြရမည့် ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်ကို Form A လို့ခေါ်ပါတယ်။ ပို့ကုန်လုပ်ငန်းရှင်တွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  ပင်ရင်းနိုင်ငံလက်မှတ် (GSP - Form A)   တွေ ထုတ်ပေးလျက်ရှိပါတယ်။GSP - Form A  တင်ပြနိုင်ရင် မြန်မာ နိုင်ငံကနေ GSP အခွင့်အရေးပေးတဲ့ နိုင်ငံတွေကို တင်ပို့တဲ့ကုန်ပစ္စည်းတွေ  အတွက် အကောက်ခွန်လျှော့ပေါ့ခွင့်/ ကင်းလွတ်ခွင့်တွေရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ပို့ကုန်လုပ်ငန်း ရှင်တွေအနေနဲ့ GSP အခွင့်အရေးပေး တဲ့ နိုင်ငံတွေကို တင်ပို့မှုတွေအတွက် GSP Form A  တွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ စနစ်တကျ ထုတ်ယူပြီး၊ ရရှိထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေးကိုထိထိ ရောက်ရောက်အသုံးချကာ ပို့ကုန်မျိုးစုံ တိုးချဲ့တင်ပို့ကြဖို့ အသိပေးတိုက်တွန်း အပ်ပါတယ်။