Main menu

Background

ရွှေရောင်လွှမ်းနေသော ဖွဲနုဆီလုပ်ငန်းရဲ့အနာဂတ်

Thu, 08/22/2013 - 11:07 -- ydnar

မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်မဖြစ်မီက ကမ္ဘာပေါ်တွင် ဆန်စပါးအများဆုံး ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချသော နိုင်ငံဖြစ်သည်။ ထို့ပြင် ဆန်စပါးမှာလည်း မြန်မာလူမျိုးတို့၏ အဓိကအစားအစာဖြစ်၏။ထို့ကြောင့်လည်း ပြည်ပ သို့ဆန်စပါးတင်ပို့ရောင်းချရာတွင်ထိုင်း၊ဗီယက်နမ် တို့နောက်သို့ ယနေ့ ရောက်ရှိသွားသော်လည်း ဆန်စပါး လုပ်ငန်းသည် တိုင်းပြည်၏ အရေးပါ သော အသက်သွေးကြောသဖွယ် ဖြစ်နေသေး သည်။

ယနေ့ ကိန်းဂဏန်းများအရ မိုးစပါးနှင့် နွေ စပါး စုစုပေါင်း နှစ်စဉ်တန်ချိန် ၃၀ သန်းခန့်ထွက် ရှိနေပြီး ဆန်တန်ချိန် ၁၈ သန်း နှင့် ဘေးထွက် ပစ္စည်းတခုဖြစ်သည့် ဖွဲတန်ချိန် ၂ ဒသမ ၃ သန်းခန့် ထွက်ရှိသည်ဟု ခန့်မှန်းရ၏။ ဖွဲနုသည် ဆန်စပါးလုပ်ငန်း၏ ဘေးထွက် ပစ္စည်း ဖြစ်သည်။ ဆန်ကြိတ်ခွဲနေသမျှဖွဲနုထွက် နေသည်။ မွေးမြူရေးလုပ်ငန်းများ မဖွံ့ဖြိုးသေး သော ကာလက ဖွဲနုသည်အသုံးဝင်မှုနည်းသည်။ တစ်နိုင်တစ်ပိုင်မွေးမြူရေး အစာကလွဲ၍ အသုံး နည်းသဖြင့်လည်းကောင်း၊ ထားသိုရန်ခက်ခဲခြင်း၊ ကြာရှည်စွာ သိုလှောင်ပါက မီးအန္တရာယ်ရှိခြင်း၊ ပျက်စီးလွယ်ခြင်းတို့ကြောင့် ဆန်စပါးလုပ်ငန်းတွင် အတား အဆီးသဖွယ်ဖြစ်ခဲ့သည်။ ဤတွင် ဈေးပေါသော ဖွဲနုကိုအသုံးပြု၍ တန်ဖိုးမြင့်သောစားသောက်ကုန်အဖြစ် ဖွဲနုစားဆီ ထုတ်လုပ်ရန် ဖွဲနုဆီထုတ်လုပ်ခြင်းလုပ်ငန်း ပေါ် ပေါက်လာရ၏။ ပထမဦးစွာ ပုဂ္ဂလိကလုပ်ငန်းရှင် များကအရှေ့ဂျာမဏီထုတ်တစ်နေ့ဖွဲနုတန် ၄၀ကျ စက် ၂ လုံး ဖြင့် ရန်ကုန်မြို့တွင် စတင်ခဲ့ကြသည်။ စားသုံးဆီရှားပါးမှုကိုအကြောင်းပြု၍ နိုင်ငံ တော်အစိုးရကုန်သွယ်ရေးဝန်ကြီးဌာနမှ ၁၉၆၂ ခုခန့်တွင် ဖွဲနုဆီစက်များတည်ဆောက်လာသည်။ မူလက အငှားရောင်းစနစ်ဖြင့် တည်ဆောက်ခဲ့ သောဖွဲနုဆီစက်များသည် တည်ဆောက်ခြင်း မပြီး မီ နိုင်ငံတော်အစိုးရ၏ မူဝါဒအရနိုင်ငံပိုင်ဖြစ်လာ သည်။ ဂျပန်စစ်လျော်ကြေးဖြင့် ဂျပန်နိုင်ငံမှ တစ်နေ့ တွင် ဖွဲနု၂၅ တန်ကျ ဖွဲနုဆီစက် ၆ လုံး၊ ဆန်စပါး ဖြင့် လဲလှယ်မှုစနစ်ဖြင့် အရှေ့ဂျာမဏီမှ တနေ့ဖွဲနု ၂၅တန်ကျစက် ၃ လုံးနှင့်အနောက်ဂျာမဏီမှ ၁လုံး တို့ကို ကုန်သွယ်လယ်ယာ (ယခင်နိုင်ငံတော် ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ (န.က.ရ.ဖ) မှ ဝယ်ယူခဲ့ပါသည်။ ၁၉၆၇-၆၈ ခုနှစ်တွင် ပြည်တွင်းဖြစ်ဆီကြမ်း စက် တစ်နေ့လျှင် ၁၅ တန်ကျ ၈ လုံးကို တည် ဆောက် လည်ပတ်ခဲ့သည်။ နောက်ဆုံးတည် ဆောက်သောစက်မှာ (၂၀၀၂-၂၀၀၃)တွင် အိန္ဒိယ နိုင်ငံမှ ဝယ်ယူတပ်ဆင်ခဲ့သော တစ်နေ့လျှင်ဖွဲနု တန် ၅၀ ကျ ကျောက်ဆည်ဖွဲနုဆီစက်နှင့် တစ်နေ့ လျှင် ဖွဲနု ၂၅ တန်ကျ ရွှေဘိုဖွဲနု ဆီစက်တို့ဖြစ် သည်။ ဖွဲနုစက်များ လည်ပတ်မှု ရပ်ဆိုင်းခဲ့သော  ၂၀၀၄ ခုနှစ်တွင် လှိုင်၊ အင်းစိန်၊ ပေါင်းတည်၊ ဟင်္သာတ၊ စစ်တွေ၊ လက်ပံတန်း၊ ညောင်လေးပင်၊ ပဲခူး၊ မော်လမြိုင်၊ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ မြောင်းမြ၊ မော်လမြိုင်ကျွန်း၊ ပုသိမ်၊ ဇီးကုန်း၊ ဖြူး၊ ကျောက်ဆည်၊ ရွှေဘို ဆီကြမ်းရုံ ၁၉ရုံဖြင့် စက် ကြိတ်အင်အား တစ်နေ့လျှင် ဖွဲနု ၄၃၇ တန်ကို ကြိတ်ခွဲနိုင်ခဲ့ပါသည်။ ဖွဲနုဆီကြမ်းသန့်စင်ရာတွင် လည်း တနေ့လျှင် စက်ကြိတ် အင်အား ၈၆ တန် ကို သန့်စင်နိုင်သည့် ဆီသန့်စက် ၉ စက်ရှိနေပြီ ဖြစ်သည် (သင်္ဃန်းကျွန်းဖွဲနုဆီစက်မှာ ၁၉၉၁ တွင် စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်သို့ ပြောင်း ရွှေ့သွားခဲ့သည်။ ကျောက်တန်း ဖွဲနုဆီစက်မှာ ၁၉၈၃ ခုနှစ်တွင် မီးလောင်ပျက်စီး ရပ်တန့်သွား သည်။ ပုသိမ်ဖွဲနုဆီစက်မှာ ဗန္ဓုလကုမ္ပဏီပိုင်မှ နိုင်ငံပိုင် အဖြစ် လွှဲပြောင်း ယူလာခြင်းဖြစ်၏) ဖွဲနုဆီလုပ်ငန်းသည် ယနေ့တွင် နိဂုံးချုပ်သွား ပြီဖြစ်၏။ နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးမူဝါဒအရ ဖွဲနုဆီစက်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ရောင်းချခဲ့ပြီးဖြစ် သည်။ (ကျောက်ဆည် ဖွဲနုဆီစက် ၁ စက်သာ ရောင်းချရန် စီစဉ်နေဆဲ ဖြစ်သည်။) ပုဂ္ဂလိက လက်ဝယ်တွင် ဖွဲနုဆီစက်များ ဆက်လက် မရှင်သန်နိုင်တော့ချေ။ အချို့သော စက်များတွင် ရုပ်ဒြပ်ပစ္စည်းအဖြစ် စက်ပစ္စည်း အနည်းငယ်၊ အချို့တွင် အဆောက်အအုံအချို့တို့ ကျန်ရှိသေးသော်လည်း အချို့စက်များတွင် မြေပြင် အဖြစ်သာကျန်ရှိသည်။ အခြားသော စက်များတွင် ကွဲပြားသောလုပ်ငန်းများအဖြစ် ပြောင်းလဲသွားကြ သည်။ မည်သူမျှ ဖွဲနုဆီလုပ်ငန်းကို ဆက်လက်လုပ် ကိုင်ရန် စိတ်မဝင်စားကြတော့ပါ။ ဖွဲနုဆီစက်များ နိဂုံးချုပ် သွားရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည့် ပုဂ္ဂလိကပိုင်ပြုလုပ် ရေး မူဝါဒသည် ပြိုလုဆဲဆဲအိမ်တစ်ဆောင်ကို ဒေါက်ဖြုတ်ပေးလိုက်ခြင်းသာဖြစ်ပါသည်။ (Fall of Roman Empire) ဆိုသော နိုင်ငံခြား ရုပ်ရှင်တစ်ကားကို ကြည့်ခဲ့ရဖူးသည်။ ရောမမြို့ကြီးကို လူရိုင်းများ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီး၍ ပြိုပျက်သွားခြင်းကို ပြသည်မဟုတ်၊ မပျက်ခင်ကာလက အုပ်ချုပ်သူ များ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ မတော်မတရား ကိုယ်ကျိုးရှာအကျင့် ပျက်ကြခြင်း၊ တိုင်းပြည်အရေးကို လျစ်လျူရှု ခြင်း နှင့် ရာသီဥတုဖောက်ပြန်လာခြင်းတို့ကို ဖော်ပြ သည်။နောက်ဆုံးတွင် “ဤကား ရောမမြို့ကြီး ပျက် စီးခြင်းတည်း” ဟု စာတန်းထိုးသည်။ ဖွဲနုဆီလုပ်ငန်း ရပ်ဆိုင်းရခြင်းသည်လည်း အကြောင်းခံတရားများကြောင့်ဖြစ်ခဲ့ရ၏။စက တည်းက ယဉ်သကိုဆိုသကဲ့သို့ပင် ဖွဲနုဆီစက်များ ကိုပြည်ပမှဝယ်ယူတည်ဆောက်စဉ်ကပင် ပြဿနာ များရှိခဲ့သည်။ အရှေ့ဂျာမဏီမှ ဝယ်ခဲ့သောစက် များသည် သူတို့နိုင်ငံ၊ သူတို့ကုမ္ပဏီက ဖွဲနုနှင့် ပတ်သက်သော အတွေ့အကြုံနည်း၍ဟုပင် ဆို ရမည်။ စက်စွမ်းဆောင်ရည် (Efficiency) သတ် မှတ်ချက်နှင့် မမီ၊ အနောက်ဂျာမဏီမှ ဝယ်သော (လှိုှုင်) ဖွဲနုဆီကြမ်းထုတ်စက်သည် မြန်မာပြည်မှ ဖွဲနုနှင့်လုံးဝလည်၍ပင်မရသော အဆင့်ဖြစ်နေ၏။ နောင်မှ ပြည်တွင်းအင်ဂျင်နီယာများဖြင့် ကြံဆ ပြုပြင်၍ လည်နိုင်ရုံမျှ လုပ်ခဲ့ရသည်။ ၁၉၉၂ တွင် ပြည်တွင်းဖြစ်စက်ဖြင့် အစားထိုးတပ်ဆင်ခဲ့ရသည်။ ထို့အတူ ဂျပန်ပြည်မှ ဝယ်ယူခဲ့သော မော်လမြိုင် ဖွဲနု ဆီစက် Suzuki  အမျိုးအစားစက်သည်လည်း စကထဲကလည်၍မရ၊ နောင်တွင်ပြည်တွင်းဖြစ်စက် ဖြင့် အစားထိုးခဲ့ရသည်။ ကျန် ဂျပန်စက်များက စွမ်းဆောင်ရည်အသင့်အတင့်ဖြင့် လည်နိုင်ခဲ့ရုံသာ၊ သို့သော်သုံးထားသည့်ပစ္စည်းများကညံ့သဖြင့် ပျက် စီး ချွတ်ယွင်းမှုများခဲ့သည်။ အဓိကကျသော အချက်များကို တင်ပြပါ မည်။ မြန်မာပြည်ဆန်စပါးမှရသော ဖွဲနု၏အရည် အသွေး၊ ဖွဲနုအရည်အသွေးဆိုသည်မှာ ဖွဲနုဆီစက် များကရယူကြိတ်ခွဲဆီထုတ်ယူရသောဖွဲနု၏ အရည် အသွေးကိုဆိုလိုပါသည်။ယင်းအခါကနိုင်ငံတော် မူ အရဆန်စပါးလုပ်ငန်း၊ဆန်စပါးရောင်းဝယ် ဖောက် ကားမှုလုပ်ငန်း ကို နိုင်ငံတော်မှသာ လုပ်ဆောင် ခွင့်ရှိလေရာ ယင်းဖွဲနုဆိုသည်မှာ ကုန်သွယ်လယ် ယာပိုင်ဆန်စက်များမှ ထွက်ရှိသော ဖွဲနုများ ဖြစ် ပါ၏။ နိုင်ငံပိုင် ဆန်စက်မဟုတ်သော်လည်း ကုန် သွယ်လယ်ယာမှ အငှားကြိတ်ခွဲသော ပုဂ္ဂလိကပိုင် ဆန်စက်များမှ ထွက်ရှိသောဖွဲနုများသည်လည်း နိုင်ငံတော်ပိုင်ဖွဲနုများဖြစ်ပါသည်။ စပါးအမျိုး အစားကွာခြင်းကြောင့် ဂျပန်နိုင်ငံမှ ထွက်သော ဖွဲနုတွင် ဆီပါဝင်မှု (Oil Content)  မှာ (၁၈-၂၀) ရာနှုန်းဖြစ်လျှင် ကုန်သွယ်လယ်ယာဖွဲနုဆီ စက်များက ကြိတ်ခွဲရသော ဖွဲနု၏ဆီပါရာနှုန်းမှာ (၁၄-၁၆)ရာနှုန်းသာဖြစ်၏။ ထို့ကြောင့် ဖွဲနုဆီစက် သမိုင်းတစ်လျောက်တွင် ဖွဲနုဆီကြမ်းစက်ရုံများ၏ ဖွဲနုမှ ဖွဲနုဆီကြမ်း (Crude Oil) ထွက်ရှိမူမှာ ပျမ်းမျှ ခြင်း အားဖြင့် (၁၀)ရာနှုန်းသာဖြစ်ခဲ့ရသည်။ ဖွဲနုဆီထုတ်ရာတွင် ပထမအဆင့် ဖွဲနုဆီကြမ်း ထုတ်သည်။ဒုတိယအဆင့်တွင် ဆီကြမ်းမှတစ်ဖန် စားသုံးဆီ (Edible Oil)  အဖြစ် သန့်စင်ရသည်။ ထိုသို့ သန့်စင်ရာတွင် စားသုံးဆီထွက်ရှိမူ ရရှိမူ သည် ဖွဲနု ဆီကြမ်း၏ အချဉ်ဓာတ်ကိန်းပေါ်တွင် မူတည်သည်။ ဖွဲနုမှ ထုတ်ယူရရှိသော ဆီကြမ်းတွင် အဆီ အက်ဆစ်အလွတ် (Free Fatty Acid)  ဟုခေါ် သော အဆီအက်ဆစ်များပါရှိသည်။ ၎င်းတို့ကို ဆီသန့်စင်သည့် အဆင့်တွင် ဖယ်ထုတ်ပစ်ရသည်။ ၎င်းအက်ဆစ်များ ပါဝင်မှုများပါက စားဆီအထွက် နှုန်း နည်းပြီး ပါဝင်မှုနည်းပါက စားဆီအထွက်နှုန်း ပိုမိုရရှိသည်။ ၎င်းဆီ အက်ဆစ်အလွတ်များ ပါဝင်မှုကို အချဉ်ဓာတ်ကိန်း (Acid Value-Av) ဖြင့် တိုင်းတာဖော်ပြသည်။ ပြဿနာမှာ ဖွဲနုသည် ဆန်စက်မှ ထွက်ရှိချိန်တွင် အချဉ်ဓာတ်ကိန်း (Av) သည်(၇)ခန့်ဖြစ်နေသော်လည်းနာရီနှင့်အမျှ တက် လာခြင်းဖြစ်၏။ သီအိုရီအရ ဖွဲနုသည် ဆန်စက်မှ ထွက်ရှိပြီး ၇၂ နာရီကြာတွင် ၄၀ ခန့်ရှိသော်လည်း လက်တွေ့တွင် ရာသီဥတုအခြေအနေ ကိုင်တွယ် မှု၊သန့်ရှင်းမှု အသုံးပြုသော ထုပ်ပိုးပစ္စည်းကို လိုက် ၍ နာရီ ၄၀ခန့်တွင် ပင် (Av) သည် (၄၀) ဖြစ်လာသည်။ အချဉ်ဓာတ်ကိန်း (Av) ၄၀ ရပါမှ ဆီကြမ်းတန် ၁၀၀ သန့်စင်လျှင် ဖွဲနုစားဆီတန် ၄၀ ရသည်။ ၄၀ ရာနှုန်းဖြစ်၏။ ဖွဲနုနှင့်တွက်လျှင် ဖွဲနုတန် ၁၀၀ ဆီထုတ်ပါမှ စားသုံးဆီ ၄တန်သာ ရမည်ဖြစ်သည်။ ထို့ကြောင့် ဖွဲနုဆီစက်များတွင် ၂၄ နာရီအတွင်း ဖွဲနုကို ဖွဲနုဆီစက်သို့အရောက် သယ်ယူနိုင်ရန် ရည်မှန်းချက်ထား၍ ကြိုးစားခဲ့ကြရ သည်။ ဆန်စက်အပိုင်းမှ ပြန်လည်တွက်မည်ဆိုပါက လည်း တန် ၁၀၀ဆန်စက်က အချိန်ပြည့်လည်ပါမှ ဖွဲနု ၅တန်သာထွက်သည်။ တန် ၁၀၀ ဆန်စက်က တစ်ပြည်လုံးတွင် ဆယ်ဂဏန်းမျှသာ တန် (၂၅၀/ ၃၀၀) ကျဆန်စက်များကလည်း ခုဂဏန်း၊ ကျန် စက်များက တစ်စုတဝေးတည်း တည်မနေဘဲ ပြန့် ကျဲနေသည့် ၂၅ တန်၊ ၃၀တန်ဆန်စက်များ၊ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်း အလုပ် သမားအခက်အခဲများနှင့် ၂၄ နာရီ အတွင်း ဖွဲနု ဆီစက်သို့ ဖွဲနုရောက်အောင်သယ်ရမည်မှာ ထို ကာလက မဟာအခက်အခဲကြီးပင်ဖြစ်၏။ ဖွဲနုဆီစက်များ၏ သမိုင်းသက်တမ်းနှစ် ၄၀ ကျော်အတွင်း ဖွဲနုဆီကြိတ်ခွဲထုတ်လုပ်မှုသည် ပျမ်းမျှ တနှစ်လျှင် တန် ၅၀၀၀၀မျှသာ ဖွဲနုစားသုံး ဆီထွက်ရှိမှုကလည်း တနှစ်လျှင် တန် ၁၀၀၀ မျှ သာ စက်စွမ်းအားအသုံးချမှု Capacity Utili-zation က ၃၅ရာခိုင်နှုန်း၊ တနှစ်လျှင် စားသုံးဆီ တိုင်းပြည်လိုအပ်ချက်က တန်ချိန် (၃)သိန်းခန့်ရှိခဲ့ သော ကာလတွင် ဖွဲနုဆီစက်လုပ်ငန်း၏ အကျိုး ပြုမှုက (သုည ဒသမ၃) ရာနှုန်းခန့်သာ ဖွဲနုစားသုံး ဆီထုတ်လုပ်မှုလုပ်ငန်းကို ဂျာမဏီနိုင်ငံမှ လေ့လာ ရေးအဖွဲ့အစည်းတစ်ခုက ဤကဲ့သို့ မှတ်ချက်ပေး သည်။ “Yor are digging a mountain to catch a mouse” မင်းတို့က ကြွက်တစ်ကောင်ဖမ်းဖို့ တောင်ကြီးကို ဖြိုနေတာပါတဲ့။ နည်းပညာနိမ့်ကျခဲ့ ခြင်း၊ နည်းပညာတိုးတက်မှုကို အမီ မလိုက်နိုင်ခဲ့ ခြင်းကလည်း ဖွဲနုဆီစက်များ ကျဆုံးခဲ့ရခြင်း အကြောင်း တစ်ရပ်ဖြစ်ခဲ့သည်။ ဖွဲနုဆီထုတ်ရာတွင် ဓာတ်ပျံဆီဟုခေါ်သော စက် သုံးဆီတစ်မျိုး (SBP- 62-82) ဆိုသော Solvent ကို အသုံးပြုရသည်။ ဖွဲနုဆီစက်များ စတင် ကာစက ပြည်ပမှ တင်သွင်းသော Normal Hexane  ဓာတ်ပျံဆီမျိုးကို အသုံးပြုခဲ့သော်လည်း နောင်တွင် ပြည်တွင်းဓာတ်ဆီမှ ချက်လုပ်သော အထက်ပါစက်သုံးဆီကို အသုံးပြုခဲ့သည်။ ဖွဲနုကို ယင်းဓာတ်ပျံဆီနှင့် ဖျော်သောအခါ တွင် ဖွဲနုတွင်ပါဝင်နေသောဆီသည် ဓာတ်ပျံဆီ တွင် ပျော်ဝင် သွားသည်။ ၎င်းကို အပူပေးသော အခါ ဓာတ်ပျံဆီသည် အငွေ့ပျံတက်သွား၍ ဖွဲနု ဆီကြမ်းသာကျန်ရှိသည်။ အငွေ့ပျံသွားသောအခါ ဓာတ်ပျံဆီကို အအေးခံကိရိယာများဖြင့် အအေးခံ သောအခါ ပြန်လည်အသုံးပြုရန် ဓာတ်ပျံဆီ အရည်ကိုရရှိသည်။ သီအိုရီ (Theory) အရ ဓာတ် ပျံဆီသည် ဆုံးရှုံးမှု (အသုံး)မရှိချေ။ သို့ရာတွင် စက်များ၏ စွမ်းဆောင်ရည်အလိုက် ဓာတ်ပျံဆီ ဆုံးရှုံးမှု (Solvent Loss) ရှိသည်။ စက်များ ဝယ်ယူစဉ်က ဓာတ်ပျံဆီဆုံးရှုံးမှုနှုန်းအများဆုံး (၂)ရာခိုင်နှုန်း( ဖွဲနုတန် ၁၀၀ လျှင် ဓာတ်ပျံဆီ အသုံး ၂ တန်)ဖြင့် သတ်မှတ် ဝယ်ယူခဲ့သည်ဟု သိရသည်။ ဤသတ်မှတ်ချက်သည်ပင်လျင် ယနေ့ အိန္ဒိယ၊ ဂျပန်၊ ထိုင်းနိုင်ငံတို့မှ ခေတ်ပေါ် ဖွဲနုဆီ စက်များ၏ ဓာတ်ပျံဆီဆုံးရှုံးမှု (သုည ဒသမ ၅ ရာနှုန်းနှင့် ယှဉ်လျှင်များစွာ ပိုသေးသည်။)မြန်မာနိုင်ငံရှိ ခေတ်မီဖွဲနုဆီစက်များ                ကုန်သွယ်ရေးဝန်ကြီးဌာနပိုင် ဖွဲနုဆီစက်များ တွင် ဖွဲနုဆီစက်လုပ်ငန်း နိဂုံးချုပ်ကာနီးမှ တည် ဆောက်ခဲ့သော အိန္ဒိယနိုင်ငံမှ ဝယ်ယူသည့် ကျောက်ဆည်နှင့် ရွှေဘိုဖွဲနုဆီစက် ခေတ်မီစက် များမှ လွဲ၍ ကျန်စက်များမှာ နည်းပညာနိမ့်သော အသုတ်လိုက်စနစ်သုံး (Batch Type) စက်များ ဖြစ်ကြသည်။ ပို၍ ဆိုးသည်ကား နည်းပညာနိမ့်ကျ ခြင်းအပြင် စက်များဟောင်းနွမ်း၍ မပြုပြင်နိုင်ခြင်း၊ အဆက်မပြတ်မလည် နိုင်ခဲ့ခြင်း၊ ဖွဲနုအရည် အသွေး နိမ့်ကျခြင်းတို့ကြောင့် ဖွဲနုဆီစက်သမိုင်း နှစ် (၄၀)အတွင်း ဓာတ်ပျံဆီဆုံးရှုံးမှုမှာ ပျမ်းမျှခြင်း အရ (၄ဒသမ၅)ရာနှုန်းခန့်ဖြစ်ခဲ့ပါသည်။ ဖွဲနုဆီ စက်များတွင် ဓာတ်ပျံဆီဆုံးရှုံးမှုသည် စီးပွားရေး တွက်ခြေကိုက်မှုကို အဓိက အဟန့်အတား ဖြစ်စေ သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်မီ စက်ကြီးများတွင်ပင် တစ်နေ့တွင် တန် ၁၀၀ကျ ဖွဲနုဆီစက်တစ်လုံးတွင် ဖွဲနုတစ်တန်ဆီထုတ်လျှင် ကုန်ကျစရိတ် (ဖွဲနုတန်ဖိုးမပါ) Production Cost  တွင် ဓာတ်ပျံဆီအတွက် ကုန်ကျမှုသည် စုစုပေါင်း ကုန်ကျမှုတွင် အများဆုံးဖြစ်နေပြီး (၁၅)ရာခိုင်နှုန်း အထိရှိကြောင်း တွေ့ရပါသည်။ ထိုစဉ်ကဓာတ်ပျံဆီတစ်ဂါလန်၂၃ကျပ် (ပြည် တွင်းထွက်ဓာတ်ပျံဆီတန်ဖိုး)နှင့် တွက်ခြင်း၊ ဖွဲနုဆီ စက်များ၏ အရှုံးအမြတ်စီးပွားရေးတွက်ခြေ ကိုက် မှုကို သီးခြားမတွက်ချက်ခြင်းတို့ကြောင့် စားသုံးဆီ ရရှိမှုနှင့် ကုနု်ထုတ်လုပ်မှုတိုးတက်ရေး ဦးတည်ချက် တစ်ခုတည်းနှင့်သာအသက်ဆက်လည်ပတ်ခဲ့ခြင်း ဖြစ်ပါသည်။ ဓာတ်ပျံဆီသည် မီးလောင်လွယ်ပြီး ဓာတ်ပျံဆီ ဆုံးရှုံးမှုများခြင်းအရင်းခံကြောင့် ဖွဲနုဆီ များတွင် မီးလောင်မှုဖြစ်ပွားပြီး နှစ်ပေါင်း (၄၀) အတွင်း၌ ဝန်ထမ်း ၄၀ ကျော် အသက်ဆုံးရှုံးခဲ့ကြရ သေးသည်။ ဤအချက်များကား ဖွဲနုဆီစက်များ နိဂုံးချုပ် ရခြင်း၏ အဓိကအကြောင်းအရင်းများဖြစ်သည်။ ဤအကြောင်းများကြောင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရာ တွင် ဖွဲနုဆီစက်များ အစောဆုံး ပါသွားလေသည်။ ဖွဲနုဆီစက်များကို လေလံဆွဲ ဝယ်ယူရရှိခဲ့ သော ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်ထုတ် စွမ်းအားလည်းမရှိ၊ ယနေ့စက်သုံးဆီ ဈေးအရ ပြည်ပပေါက်ဈေးဖြင့် ဓာတ်ပျံဆီဝယ်ယူ လည်ပတ်ရမည့် ဖွဲနုဆီ လုပ်ငန်းကို လျစ်လျူရှုမေ့ ပစ်ကြသည်မှာ သဘာဝကျလှပါသည်။ ဖွဲနုဆီလုပ်ငန်းနှင့် ပတ်သက်၍ ပညာရှင် လူ ကြီးသူမတယောက်က သတင်းစာ တစ်စောင်တွင် ဆောင်းပါးရေးခဲ့ဖူး၏။ “ဖွဲနုဆီလုပ်ငန်းသည် စားရမှာလည်း သဲနှင့်ရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနှင့် တဝင်းဝင်း” ဟူ၍ သူ၏ဆောင်းပါးတွင် သုံးသပ်ထားသည်။သဲနှင့်ရှပ်ရှပ်ဆိုသည်မှာအထက် တွင် ဖော်ပြခဲ့သည့် ဖွဲနုတန် ၁၀၀ ကြိတ်ပါမှ စား ဆီက သုံးလေးတန်သာထွက်၊ (၂၄)နာရီအတွင်း ဖွဲနုဆီစက်သို့ အချိန်မီ ဖွဲနုရောက်ဖို့ကလည်း မလွယ်၊ တန်ဖိုးရှိသော စက်သုံးဆီကိုဖြုန်း၊ မီး လောင်မည့် အန္တရာယ်ကလည်း ရှိသေးသည်။ ထို အချက်များကို သူကထောက်ပြထားသည်။ သို့ရာတွင် သူတင်ပြသကဲ့သို့ ဖွဲနုဆီလုပ်ငန်းသည် အဆီနှင့် တဝင်း ဝင်းဆိုသည်မှာလည်း အမှန်ပင်ဖြစ် သည်။ ယနေ့တွင်ဖွဲနုထွက်ရှိမှုမှာ တစ်နိုင်ငံ လုံးတွင် တန်ချိန် ၂ဒသမ၃ သန်းခန့်ရှိသည်။မက်လောက်စရာကုန် ကြမ်းအရေအတွက်၊ ဖွဲနုကို တိရစ္ဆာန် အစာအဖြစ်အသုံးပြု နိုင်သလို ဆီထုတ် ပြီး ဖွဲနုဖတ်   (Oil Extracted Bran)က တိရစ္ဆာန်အစာအဖြစ်ပို၍အရည်အသွေး ကောင်းသည်။ကြာရှည်အထားခံခြင်း၊ မှိုနှင့် ပိုးမွှားများကင်းစင်ခြင်း၊ ပရိုတိန်း ဓာတ်ပိုမိုခြင်း၊အချဉ်ဓာတ်များလာတတ် သော အဆီလျှော့နည်းခြင်းတို့ကြောင့် ဖြစ်သည်။ ထွက်လာသောကုန်ချော က လူတွေအတွက် စားသုံးကုန်၊ ပြည်တွင်း တွင်လုံလောက်မှုမရှိသောစားသုံးဆီ၊ကျန် ဘေးထွက်ပစ္စည်းများကစက်မှုကုန်ကြမ်း များဖြစ်သည်။ ယနေ့ကမ္ဘာတွင်ဖွဲနုစားဆီကို ကျန်းမာရေး အတွက် (Health Oil) အဖြစ်တွင်တွင်ကျယ်ကျယ်အသုံးပြု လာကြ၏။ ကျန်းမာရေးကို ဆိုးကျိုး ဖြစ်စေသော ကိုလက်စထရော မပါဝင် သည့်ပြင်၎င်းကိုပင်လျှော့ချပစ်နိုင် သော အာနိသင်ရှိ သည်။ ဘီတာမင်အီး (Vitamin-E)  အိုရီဇွန်နော (Orizonal)  တို့ကဲ့သို့သောကျန်းမာရေးကိုအထောက် အကူပြုပစ္စည်းများပါဝင်သည်။ ပဲပုပ် ဆီကဲ့သို့ ဆီကြည်ဖြစ်သော်လည်း ကြာလျှင် အနံ့ထွက်၊ အထားမခံသော ဆီမဟုတ်၊မြေပဲဆီနှင့်တစ်တန်းစားတည်း ရှိသော အဆင့်မြင့်စားသုံးဆီဖြစ်သည်။ လယ်ယာထွက်ကုန်ကြမ်းဖွဲနု ပြည်တွင်းတွင် အလုံအလောက်ရှိခြင်း၊ ပြည်တွင်းလိုအပ်ချက် ဖြစ်သောစား သုံးဆီကိုထုတ်ယူနိုင်ခြင်း၊ ဘေးထွက် ပစ္စည်းဖြစ်သော ဆပ်ပြာကြမ်း၊ ဖက်တီး အက်ဆစ် (Fatty Acid)  တို့မှာလည်း အခြားစက်မှုလုပ်ငန်းများအတွက် ပြည် တွင်း မှာပင် အသုံးဝင်ခြင်းတို့ ကြောင့် (Cost Effective) ဖြစ်သောနည်း ပညာ(Technology)၊ကောင်းမွန်ထိရောက် သော စီမံခန့်ခွဲမှု (Management) တို့ဖြင့် ဆောင်ရွက်နိုင်ပါက အဆီနှင့် တဝင်းဝင်းရှိသော ဖွဲနုဆီလုပ်ငန်းကို ပြန်လည်တည်ထောင်နိုင်မည်ဖြစ်ပါသည်။ ဤနေရာတွင်ယနေ့ ပြောင်းလဲ လာသော စက်မှုလုပ်ငန်းနှင့် စီးပွားရေး အခြေအနေတို့ကို တင်ပြလိုပါသည်။ ဆန်စက်များ၏အရည်အသွေးမြင့်တက် လာကြသလို ဆန်စက်ကြိတ်အားများ မှာ လည်း ယခင်က တန် ၂၅ တန်၊ ၃၀ တန်စက်များ မှ တန် ၁၀၀ တန် ၂၀၀ အထိတည်ဆောက်လာကြသဖြင့် လတ်ဆတ်ဖွဲနု အချဉ်ဓာတ်နည်း ဖွဲနု (စားသုံးဆီပိုထွက်စေသောဖွဲနု)ကို ပိုမို လွယ်ကူစွာ သယ်ယူနိုင်မည်ဖြစ်သည်။ တန်ဖိုးမြင့် စားဆီကို ပိုမိုထုတ်လုပ်နိုင် မည်ဖြစ်သည်။ ဒုတိယအချက်မှာ ပြုတ်ဆန် (ပေါင်းဆန်) စက်များ တည်ဆောက်၍ ပြုတ်ဆန်ထုတ်လုပ်ရန် ဆန်စက်များက ကြိုးပမ်းလာကြခြင်းဖြစ်သည်။ ပြုတ်ဖွဲနုရရှိနိုင်မှု အလားအလာ ပိုမို ကောင်းမွန်လာသည်။ ပြုတ်ဖွဲနုသည် ဆီပါဝင်မှုများသည် ဆန်ဖြူဖွဲနုထက် ၂၀ ရာနှုန်း ခန့်ပိုမိုပါသည်။ (ဆီ ပါရာနှုန်း ၂၀ မှ ၂၂ ရာနှုန်းခန့်ရှိ သည်) စားဆီ အထွက်နှုန်းကို အကျိုး ပြုစေမည်ဖြစ်သည်။ အချဉ်ဓာတ်(Av) တက်နှုန်းနှေး၍ အချဉ်ဓာတ်နည်း သည်။ တတိယအချက်အနေဖြင့် ယနေ့ ကာလတွင် အဆင့်မြင့်ဆီကြမ်းထုတ် စက် (Extraction Plant) နှင့် ဆီသန့်စက် (Refinery Plant)  တို့ကို သင့်တင့်သောနှုန်းထားဖြင့် အိန္ဒိယ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့မှ ဝယ် ယူနိုင်သည်။ ထိုစက်များသည်ဥရောပနည်း ပညာများကို အသုံးပြုထားပြီး အဆက် မပြတ်စနစ် (Contin-uous Type) များဖြစ်သည်။ ဓာတ်ပျံဆီ ဆုံးရှုံးမှု (Solvent Loss) ကို သုည ဒသမ ၅ ရာခိုင်နှုန်း အောက်အာမခံထားသည်။ဆီသန့်စင်  (Refining) ပြုလုပ်ရာတွင် လည်းယခုနောက်ဆုံးပေါ် (Physi- cal Refining) ခေါ်နည်းစနစ်ကို အသုံးပြု ထားသည်။ ဆီကြမ်းထုတ်လုပ်မှု ကုန်ကျ စရိတ် (Produ-ction Cost) တွင် ဓာတ်ပျံဆီအတွက် ၃၅ ရာနှုန်း(ဓာတ်ပျံ ဆီဆုံးရှုံးမှု ၁ ရာနှုန်းဖြင့် တွက်လျင်ပင်) အထိပါဝင်နေပေရော စီးပွားရေး တွက်ခြေကိုက်မှုတွင် ဓာတ်ပျံဆီ ဆုံးရှုံး မှုသက်သာခြင်းသည် အဓိက အားသာ ချက်ပင်ဖြစ်သည်။Physical Refining  စနစ်ဖြင့် ဆီသန့်ရာ တွင်ယခင်ကုန်သွယ်လယ် ယာပိုင် ဖွဲနုဆီစက်များတွင် အသုံးပြုခဲ့ သော ကော့စတစ်ဆိုဒါ အသုံးပြု ခြင်း (Alkali Refining) နှင့် နှိုင်းယှဉ်ပါက အချဉ်ဓာတ်ကိန်း အတူတူတွင် စားဆီ အထွက်နှုန်းသည် ၁၅ ရာခိုင်နှုန်းခန့် ပိုမိုပြီး ထွက်ရှိလာသော ဘေးထွက် ပစ္စည်းဖြစ်သည့် ဖက်တီးအက်ဆစ် (Fatty Acid) သည်လည်း ယခင်စနစ် ဘေးထွက်ပစ္စည်း ဆပ်ပြာကြမ်း (Soap Stock) ထက်တန်ဖိုး ၅၀  ရာနှုန်းမြင့် သည့် အရည်အသွေးကောင်း ပစ္စည်း ထုတ်ယူနိုင်သည်ကို တွေ့ရပါသည်။ အိန္ဒိယနိုင်ငံတွင်   ယခုအခါ အထက်ပါ အချက်များအပေါ်တွင် အခွင့်ကောင်းယူ အသုံးပြု၍ ဖွဲနုဆီ လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ နှစ် စဉ် ဖွဲနုစားဆီတန်ချိန် ၆ သိန်းခန့် ထွက်ရှိနေသည်။ ဖော်ပြပါအချက်များကို သုံးသပ် ၍ ယခင်သဲ နှင့်ရှပ်ရှပ်ရှိခဲ့သော ဖွဲနုဆီ လုပ်ငန်းမှစက်ဟောင်းများ စနစ်ဟောင်း နှင့် စီမံခန့်ခွဲမှု ခေတ်နောက်ကျမှုများ ကို စွန့်ပယ်လျက် စက်သစ်၊ စနစ်သစ်၊ နည်းပညာသစ်များ နှင့် လုပ်ကိုင် ဆောင်ရွက်ပါလျှင်ဖွဲနုဆီလုပ်ငန်းသည် အဆီတဝင်းဝင်းနှင့် ရွှေရောင်လွှမ်းနိုင် သော စက်မှုစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာမည် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။