Main menu

Background

အိန္ဒိယ ရူးပီး တန်ဖိုး ကျဆင်းခြင်းဂယက်များ

Tue, 09/03/2013 - 10:37 -- ydnar

ရူပီးတန်ဖိုး ကျဆင်းမှုကြောင့် အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်နိုင် လိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေက ဖြစ်သင့် ဖြစ်ထိုက်ကြောင်းနဲ့ ဒီလိုထိတ်လန့်မှု တွေက ရေတိုထိတ်လန့်မှုတွေ ဖြစ်နိုင် ပြီး ဒီအခြေအနေကို ရင်ဆိုင်ဖို့လို လိမ့် မယ်လို့  အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းက သြဂုတ် ၃၀ ရက်နေ့ ကအိန္ဒိယအထက်လွှတ်တော်မှာ ပြော ကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ရူပီးငွေကြေးတန်ဖိုး အကြီးအကျယ် ကျဆင်းမှုက လွန်ခဲ့တဲ့ မေလ နောက်ဆုံး ရက်သတ္တပတ်က စတင်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယငွေ ကြေးတန်ဖိုး ရုတ်တရက် တစ်ဟုန်ထိုး ကျဆင်းရတာဟာ ပြင်ပမှာ ဖြစ်နေတဲ့ ဖြစ်ပေါ် တိုးတက်မှု ပယောဂအပေါ် မူတည်ပြီးဈေးကွက်ရဲ့တုံ့ပြန်မှုကြောင့် ဖြစ်ပွားခဲ့ရတာ ဖြစ်တယ်လို့ဆိုပါတယ်။

 
အမေရိကန်စီးပွားရေး နာလန်ထူ လာပြီ ဖြစ်တဲ့အတွက် လှည့်လည်ငွေ ကြေးတိုးပွားအောင် ဆောင်ရွက်နေ တဲ့ အစီအစဉ်ကို တစ်စစ လျှော့ချသွား တော့ မဲ့လက္ခဏာကို ၂၀၁၃ ခုနှစ် မေ ၂၂ ရက်နေ့မှာ အမေရိကန်ပြည် ထောင်စု ဗဟိုဘဏ်က ပြသလာပါ တယ်။ ဒီလိုကြေညာမှုကြောင့် အိန္ဒိယ ရူပီးသာမက ထွန်းသစ်စစီးပွားရေးနိုင်ငံ တွေရဲ့ ငွေကြေးတွေကို ဆွဲချသလိုဖြစ် ခဲ့ရပါတယ်။ ဘရာဇီးငွေကြေး ရီးယဲ၊ တူရကီငွေကြေး လိုင်ရာ၊ အင်ဒိုနီးရှား ငွေကြေး ရူပြား၊ တောင်အာဖရိက ငွေ ကြေး ရန်းနဲ့ တခြားငွေကြေးတွေလည်း တန်ဖိုးကျဆင်းခဲ့ပါတယ်။            အလားတူဆီးရီးယားနိုင်ငံမှာ ဖြစ် ပေါ်နေတဲ့ တင်းမာမှုတွေကလည်း ရူပီး တန်ဖိုးကျဆင်းမှုကိုအကျိုးသက်ရောက် မှုရှိစေခဲ့ပါတယ်။ အိန္ဒိယဝန်ကြီး ချုပ်က ရွှေကို နှစ်ခြိုက်ခုံမင်တာကို လျှော့ချဖို့ ရေနံကို ချွေတာသုံးဖို့နဲ့ ပို့ကုန်ကို မြှင့်တင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ရူပီးတန်ဖိုးကျဆင်းမှုနဲ့ လူသာမန်တို့ အပေါ်ကျမည့်ဂယက် ဆိုးသည်ထက်  ပိုဆိုးလာတဲ့ အိန္ဒိယ ရူပီးတန်ဖိုး ကျဆင်းမှုက ဒေါ်လာနဲ့ဖလှယ်ရာမှာမကြုံဘူးလောက် အောင် စံချိန်တင်ကျဆင်းခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ် ၂၈ ရက်မှာ တစ်ဒေါ် လာကို ၆၈ ဒဿမ ၇၅ ရူပီးနှုန်း ထိရောက်ရှိခဲ့ပါတယ်။ အဓိကအားဖြင့် ပြည်တွင်း ရှယ်ယာ တန်ဖိုးတွေ ကျဆင်းတာနဲ့ သွင်းကုန်သမားတွေရဲ့ ဒေါ်လာဝယ်လိုအား မြင့်မား လာတာ ကြောင့် ဖြစ်ပါတယ်။ ရူပီး တန်ဖိုးက ယခုနှစ်ကုန်လောက်မှာ ပြန်လည်ပြီး ထူထူထောင်ထောင် ဖြစ်လာနိုင်ပေ မဲ့တစ်လလောက် ကာလအတွင်းမှာ တစ်ဒေါ်လာကို ရူပီး ၇၀ အထိဖြစ် လာနိုင်တယ်လို့ ဒွိုက်ချ်ဘဏ် က ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ နိုင်ငံခြား ကို ငွေကြေးတွေ စီးထွက်နေတာကို ထိန်းချုပ်ဖို့အတွက် အိန္ဒိယ ဗဟိုဘဏ် က ပြင်းထန်တဲ့ အစီအမံတွေကို သြဂုတ် ၁၄ ရက်က ဆောင်ရွက်ခဲ့ရာ အိန္ဒိယ စီးပွားရေး လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုထိန်းချုပ်တာနဲ့ အိန္ဒိယ ဌာနေတွေက ပြည်ပကို ငွေလွှဲတာကို ကန့်သတ်တာတွေထိ ဆောင်ရွက်လာ ပါတယ်။ အမေရိကန် ဒေါ်လာကို သွင်း ကုန်သမားတွေ၊ ဘဏ်တွေက ဝယ်လို အား မြင့်တက်လာတာ၊ ပြင်ပကိုငွေ တွေ စီးထွက်နေတာ၊ ပြည်ပငွေ ပေးယူ ရှင်းတမ်း လိုငွေပြနေတာနဲ့ ပင်လယ်ရပ်ခြားမှာဒေါ်လာက တခြား ငွေတွေနဲ့ ဖလှယ်တဲ့အခါ တန်ဖိုးမြင့် တက်နေတာတွေအပြင် အမေရိကန် ဗဟိုဘဏ်က ဘွန်းစာချုပ်တွေ ဝယ်ယူ နေတဲ့ အစီအစဉ်ကိုလျှော့ချတော့မယ် လို့ လက္ခဏာပြသလာတာတွေကြောင့် ရူပီးတန်ဖိုး ကျဆင်းဖို့ အကြောင်းဖန် လာခဲ့ပါတယ်။ ရူပီးတန်ဖိုး တည်ငြိမ်မလား သို့မ ဟုတ် ဆက်လက်ကျဆင်းမလားဆိုတာ ကဖြေရခက်တဲ့ မေးခွန်းသဖွယ်ဖြစ်နေ ပါသေးတယ်။ ဒါပေမဲ့ငွေကြေးတန်ဖိုး အခြေအနေပြေလည်သွားတဲ့တိုင်အောင် အိန္ဒိယငွေကြေး တန်ဖိုးကျမှုကြောင့် ရိုက်ခတ်လာမဲ့ အခြေအနေတွေကို စောင့်ကြည့်ဖို့လိုပါမယ်။
သွင်းကုန်/ပို့ကုန်လုပ်ငန်းများ သွင်းယူလာမဲ့ပစ္စည်းတွေအတွက် ရူပီးငွေကြေးကို အများကြီးပေးရမှာဖြစ် တဲ့အတွက် သွင်းကုန်သမားတွေက ရူပီး တန်ဖိုးကျဆင်းတဲ့ဒဏ်ကို အများဆုံး ခံရမဲ့သူတွေ ဖြစ်ပါတယ်။ ပြောင်းပြန် ပြန်ကြည့်မယ်ဆိုရင် ရူပီးတန်ဖိုး ကျဆင်း တဲ့အတွက် နိုင်ငံခြားကို ပို့လိုက်တဲ့ကုန် တွေအတွက် ဒေါ်လာတွေ ရလာတဲ့ အခါ အိန္ဒိယမှာ ငွေပြန်လဲရင် ရူပီးငွေ ကြေးတွေ  အများကြီးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ရူပီးတန်ဖိုးကျဆင်းတာက ပို့ ကုန်သမားတွေအတွက် ဝမ်းသာစရာ ဖြစ်ခဲ့ပါတယ်။ ထို့အတူ ရူပီးတန်ဖိုး နိမ့်ကျနေတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ ပို့ကုန်တွေက ကမ္ဘာ့ဈေးကွက်မှာ ယှဉ် ပြိုင်နိုင်မှုစွမ်းရည် ပိုတက်လာမှာဖြစ်ပါ တယ်။
သွင်းကုန်ပစ္စည်းများ ပြည်ပက တင်သွင်းလာတဲ့ ပစ္စည်း ကို ဝယ်ရင်ဈေးကြီးမှာ ဖြစ်ပါတယ်။ သွင်းကုန်တွေအတွက် ငွေပိုထုတ်ရပါ မယ်။ဥပမာ-တစ်ဒေါ်လာတန်ပစ္စည်း ကိုဝယ်ရင် ယခင်က ရူပီး ၅၄ သာ ကုန် ကျပေမဲ့ ယခုတော့ အလားတူ ပစ္စည်း အတွက် ၆၈ ရူပီးကို ရောင်းထုတ်ရ တော့မှာ ဖြစ်ပါတယ်။
လောင်စာဆီဈေး ရူပီးတန်ဖိုး ကျဆင်းမှုက ရေနံ ရောင်းတဲ့ကုမ္ပဏီတွေ  (Oil Marketing Companies) တွေအတွက် ဝန်ထုပ် ဝန်ပိုးဖြစ်လာပါတယ်။ ဒီဝန်ထုပ်ဝန်ပိုး ကအများပြည်သူတွေရဲ့ ပုခုံးပေါ်ပြောင်း လဲရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အကြောင်းရင်းကဓာတ်ဆီကထိန်းချုပ်မှု ကင်းလွတ်တဲ့ကုန်ဖြစ်ပြီးဒီဇယ်ကတစ်စိတ် တစ်ပိုင်းသာ လွှတ်ပေးထားတဲ့အတွက် ဖြစ်ပါတယ်။တကယ်လု့ိ OMC တွေက လောင်စာဆီဈေးတွေကို မြှင့်တင်လိုက် ရင် သယ်ယူပို့ဆောင်မှု အထွေထွေ စရိတ်က အများကြီး မြင့်တက်လာပြီး ငွေကြေးဖောင်းပွမှုကို မြင့်တက်စေမှာ ဖြစ်ပါတယ်။
အိန္ဒိယဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒ ရူပီးတန်ဖိုးဆက်လက် ကျဆင်းနေ ရင် ငွေကြေးဖောင်းပွမှုက ဆက်လက် မြင့်တက်မှာဖြစ်ပါတယ်။ ဒီလို အခြေ အနေမျိုးမှာ အိန္ဒိယဗဟိုဘဏ်က မူဝါဒ အတိုးနှုန်းတွေ လျှော့ချနိုင်ဖို့ အလွန် ခက်ခဲသွားမှာဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ မူဝါဒ အတိုးနှုန်းကို လျှော့မပေးရင် ငွေချေးယူသူတို့ကို ဒုက္ခပိုမို ဖြစ်စေပြီး ချေးငွေအတိုးကြီးကြီးနဲ့ မချေးသေးဘဲ ရှောင်ပြီး စောင့်နေကြဦးမှာ ဖြစ်ပါ တယ်။
ကျောင်းသားများနဲ့ နိုင်ငံခြား ပညာ သင်များ ရူပီး တန်ဖိုး ကျဆင်းမှုကြောင့် နိုင်ငံခြားမှာ ပညာသင်ယူနေကြတဲ့ ကျောင်းသားတွေအများဆုံးဒုက္ခရောက် နိုင်ပါတယ်။ တက္ကသိုလ်/ကောလိပ် အခကြေးငွေတွေနဲ့ ပတ်သက်တဲ့အသုံး စရိတ်တွေနဲ့ နေထိုင်မှုစရိတ်တွေတစ် ဟုန်ထိုးမြင့်တက်လာတဲ့ ကျောင်းသား တွေအပေါ် ဝန်ထုပ်ဝန်ပိုးကို ကျဆင်း နိုင်ပါတယ်။
ခရီးသွားလုပ်ငန်း ပြည်ပကို အားလပ်ရက်ခရီးထွက် မယ်ဆိုရင် တန်ဖိုးကျဆင်းနေတဲ့ ရူပီး ငွေကြေးကြောင့် အခက်အခဲဖြစ်နိုင် ပါတယ်။ခရီးသွားစရိတ်နဲ့ ဟိုတယ်စရိတ် တွေက အကြီးအကျယ်မြင့်တက်မှာ ဖြစ် တဲ့အတွက် ရှော့ပင်ထွက်ဖို့နဲ့ တခြား အသုံးစရိတ်တွေ လျှော့ချရတော့မှာ ဖြစ်ပါတယ်။
ပြည်ပရောက်အိန္ဒိယလူမျိုးများ ရူပီးတန်ဖိုးကျဆင်းတာက ပြည်ပ ရောက်တဲ့ အိန္ဒိယလူမျိုးများအတွက် သတင်းကောင်းဖြစ်ပါတယ်။ ပြည်ပမှာ အလုပ်လုပ်နေတဲ့သူတွေက သူတို့အိမ် ကိုပြန်လွှဲငွေက ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။ နိုင်ငံရဲ့ ဘဏ္ဍာရေး ကြံ့ခိုင်မှု တန်ဖိုး ကျနေတဲ့ ရူပီးကြောင့် နိုင်ငံရဲ့ သွင်းကုန်အတွက် ပေးချေငွေကို မြင့်တက်စေပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ ငွေပေး ငွေရှင်းတမ်းမှာ လိုငွေပြမှုကို မြင့်မား စေခဲ့ပါတယ်။ ဒါကြောင့်ပြည်ပ ငွေယူရှင်းတမ်းလိုငွေပြမှုမြင့်မားတာက တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်။
စီးပွားရေး တိုးတက်နှုန်း နှေးကွေးမှုနဲ့ အလုပ်အကိုင် ဆုံးရှုံးမှု ရူပီးတန်ဖိုး ကျဆင်းတဲ့အတွက် စီးပွားရေးတိုးတက်နှုန်းကို နှေးကွေးစေ ပါတယ်။ ရူပီးတန်ဖိုးဆက်လက်ကျဆင်း နေရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း ရှားပါး လာပါတယ်။ ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုနဲ့အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု ကွာဟချက် ပိုများ လာပါတယ်။ ရူပီးငွေတန်ဖိုး အဆက် မပြတ် ကျဆင်းမှုကြောင့် ငွေပူတွေ အိန္ဒိယ ပြည်တွင်းကနေ စီးထွက်သွား စေနိုင်ပါတယ်။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု တွေ နှေးကွေးကျဆင်းနေချိန်မှ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုကလည်း  နှေးကွေးကျ ဆင်းပြီး စီးပွားဖွံ့ဖြိုးမှုကို ဂယက်ရိုက် ခတ်နိုင်ပါတယ်။ စီးပွားရေး နှေးကွေးမှု က အလုပ်အကိုင်ဖန်တီးမှုကို ကျဆင်း စေရုံမကအလုပ်အကိုင် ဆုံးရှုံးကျဆင်းမဲ့ အလားအလာတွေကိုလည်း ဖြစ်စေနိုင် ပါတယ်။ ဒေါ်လာ ဝယ်လိုအားကလည်း သွင်းကုန်တွေတိုးတက်မှုကြောင့် ပိုမိုတိုး မြင့်လာနိုင်တဲ့အတွက် အိန္ဒိယလူလတ် တန်းစားက အလားအလာရှိတဲ့ မူဝါဒ ကို အစိုးရက မချမှတ်နိုင်ဘူးဆိုရင် အခြေအနေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထား ရမှာဖြစ်ပါတယ်။
ရူပီးတန်ဖိုးကျဆင်းမှုMNC များ သူတို့ရဲ့ မိခင်နိုင်ငံ ဈေးကွက်မှာ အရောင်းကျဆင်းနေတာကို ထိန်းညှိဖို့ အိန္ဒိယစီးပွားရေးကို မြှင့်တင်ဆောင်ရွက် နေတဲ့ နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးများ (Multi national Corporations) ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အထင် ကရ ကုမ္ပဏီကြီးတွေအဖို့ ရူပီးတန်ဖိုးကျ ဆင်းမှုဒဏ်ကို ခံရမှာ ဖြစ်ပါတယ်။ ကိုကာကိုလာမှ အစပြုတဲ့ အပြည်ပြည် ဆိုင်ရာ ကုမ္ပဏီကြီးတွေက ယခုအချိန် မှာသူတို့ရဲ့ အိန္ဒိယမှရမဲ့ဝင်ငွေရည်မှန်း ချက်ကို ပြင်လျှင်ပြင် သို့မဟုတ် ဒီရည် မှန်းချက်ပြည့်မှီအောင် အိန္ဒိယလက်ခွဲ တွေကို နဖူးကချွေး မြေကျတဲ့အထိခိုင်း လျှင်ခိုင်းရတော့မှာဖြစ်ပါတယ်။ ဒီလိုမလုပ် ရင်တန်ဖိုးကျနေတဲ့ရူပီးငွေကြေးကသူ့တို့  ဝင်ငွေကို ထိခိုက်စေမှာဖြစ်ပါတယ်။ အိန္ဒိယရူးပီးက အဓိကငွေကြေး တွေနဲ့ဖလှယ်တဲ့အခါ အထူးသဖြင့် အ မေရိကန်ဒေါ်လာ၊ ဗြိတိသျှပေါင်စတာ လင်နဲ့ ယူရိုတို့နဲ့ ဖလှယ်တဲ့အခါ တန်ဖိုး ကျဆင်းနေပါတယ်။ ဇန်နဝါရီနောက် ပိုင်းမှ ယခုချိန်ထိ ဒေါ်လာနဲ့ဖလှယ်ရာ မှာ ၁၂ ရာခိုင်နှုန်း၊ ယူရိုနဲ့ ဖလှယ်ရာမှာ ၁၂ ရာခိုင်နှုန်းကျော်နဲ့ စတာလင်ပေါင် နဲ့ဖလှယ်ရာမှာ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ ပါတယ်။ ဈေးကွက်မှာ ပါဝင်နေတဲ့    တခြား ငွေကြေးတွေနဲ့ နှိုင်းယှဉ်ရင် အဆိုးဆုံး ဖြစ်နေပါတယ်။ ယူနီလီဗားကုမ္ပဏီက ငွေကြေး တန်ဖိုးတွေကျဆင်းမှုကြောင့် ထွန်းသစ် စဈေးကွက်တွေက ဝင်ငွေနှေးကွေးကျ ဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ယူနီ လီဗားရဲ့ နှစ်ပတ်လည်ရောင်းရငွေမှာ အိန္ဒိယနိုင်ငံမှ ဝင်ငွေက ၇၀ ရာခိုင်နှုန်း ရှိနေပါတယ်။
ရူပီးတန်ဖိုးကျဆင်းမှုနဲ့ဖုန်းဈေးကွက် တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီးဆမ်ဆောင်းက ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရူပီးတန်ဖိုးကျဆင်းပြီး နောက် အိန္ဒိယမှာရှိတဲ့ စမတ်ဖုန်းတွေ ရဲ့ဈေးနှုန်း ကိုတိုးမြှင့်ခဲ့ပါတယ်။ အိန္ဒိယ မှာရောင်းတဲ့ ဆမ်ဆောင်းစမတ်ဖုန်း ဈေးတွေက ၄ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်း အကြားမြင့် တက်ခဲ့ပြီး နိုကီယာနဲ့ ဆိုနီ လိုတခြားအမှတ်တံဆိပ်တွေ ကလည်း ဈေးတိုးမြှင့် ဖို့ကြိုးစားနေပါတယ်။ ပြည်တွင်းကုမ္ပဏီများကလည်း လာမဲ့ရက်တွေမှာ သူတို့ကုန်တွေကို ဈေးနှုန်းမြှင့်နိုင်မဲ့ နည်းလမ်းတွေ ရှာဖွေ နေပါတယ်။ လာမဲ့စက်တင်ဘာမှာ အိန္ဒိယရှိထုတ်ကုန်အတော်များများကို ဈေးနှုန်းမြှင့်တင်ပေးမဲ့ အခြေအနေရှိနေ ပါတယ်။ ဒီလိုထုတ်ကုန်တွေထဲမှာ နေ့ စဉ်သုံးပစ္စည်းတွေနဲ့ ပြည်ပကသွင်းလာ တဲ့ မိုဘိုင်းပစ္စည်းတွေနဲ့ အီလက်ထရွန်း နစ်ပစ္စည်းတွေရဲ့ ဈေးတွေမြင့်တက်လာ နိုင်ပါတယ်။ အိန္ဒိယမှာ အဓိကကုမ္ပဏီ ကြီးဖြစ်တဲ့ အယ်လ်ဂျီ၊ ဆမ်ဆောင်း၊ ပန် နာဆိုးနစ်နဲ့ ဗွီဒီယိုကွန်တို့က သူတို့ ပစ္စည်းတွေကို ၂ ရာခိုင်နှုန်းက ၄ ရာခိုင် နှုန်းထိမြှင့်တင်မယ်လို့ပြောပါတယ်။ ရေ ခဲသေတ္တာ၊ အဝတ်လျှော်စက်၊LED နဲ့ LCD   တယ်လီဗီးရှင်းနဲ့ မိုက်ကရိုဝေ့မီးဖို တွေရဲ့ဈေးက တစ်ဒေါ်လာကို ရူပီး ၅၀-၆၀၀န်းကျင်ရှိခဲ့တဲ့ ယခင်လကတည်း ဈေးနှုန်းကိုတိုးမြှင့်ထားပြီဖြစ်ပါတယ်။ ရူပီးတန်ဖိုးကျဆင်းတဲ့အတွက် ဈေးနှုန်း တွေမြင့်တက်တာကစက်တင်ဘာမှာ မြင့်တက်လာက တတိယမြောက်မြင့် တက်တာဖြစ်ပါတယ်။Source:moneycomtrol.com,ibtimes.com, profit.ndtv.com,timesofindia.indi atimes.com.