Main menu

Background

ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး နှင့် ယှဉ်ပြိုင်နိုင်စွမ်းတွက် ပို့ကုန် မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းများ ဆောင်ရွက်

Thu, 09/26/2013 - 13:04 -- ydnar

ဖြစ်တည်လာတာက နိုင်ငံတခု၏ ဖွံ့ဖြိုးတိုးတက်ရေး တွင် ကုန်သွယ်မှုသည် အဓိကမောင်း နှင်အား တစ်ခုဖြစ် ပါဝင်နေခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေဖြင့် ကုန်သွယ် မှုမြှင့်တင်ရေးအတွက် အစဉ်တစိုက်ကြိုး ပမ်းဆောင်ရွက်ခဲ့ရာတွင် နှစ်စဉ် တိုး တက်မှုများ ရှိခဲ့တယ်ဆိုတာကို ပို့ကုန် သွင်းကုန် ကုန်သွယ်မှုပမာဏက သက် သေခံလျက်ရှိတာ တွေ့ရမှာပါ။

ဒါပေမဲ့လို့ ခေတ်မီဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ မြန်မာနိုင်ငံ၏ ထွက်ကုန် များကို ပိုမို တိုးတက် တင်ပို့နိုင်ရေး အတွက် ''အမျိုးသား အဆင့် ပို့ကုန် မဟာဗျူဟာတစ်ရပ်ရေးဆွဲနိုင်ရေးတွင် ဂျာမနီနိုင်ငံ GIZ ၏ အထောက်အပံ့ နဲ့ နိုင်ငံတကာ ကုန်သွယ်မှုစင်တာ(International Trade Center-ITC) က နည်းပညာအကူအညီများပေးမည်ဆို ပြီး မြန်မာနိုင်ငံသို့ အဆိုပြုတင်ပြလာ ခဲ့ပါတယ်။ ဒီအဆိုပြုချက်နဲ့ပတ်သက်ပြီး တော့ နိုင်ငံတော်သမ္မတရုံးတင်ပြတဲ့ အခါမှာတော့ နိုင်ငံတော်သမ္မတရုံးက ၂၀၁၂ ခုနှစ်၊ မေလ ၁၆ ရက်နေ့မှာ ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့ပါတယ်။ရည်ရွယ်တာက အမျိုးသား ပို့ကုန် မြှင့်တင်ရေး မဟာဗျူဟာ  (NES) ရဲ့ရည်ရွယ်ချက် ကတော့ ပို့ကုန်မဟာဗျူဟာတွေကို ဒီဇိုင်း ရေးဆွဲတာနဲ့ စီမံခန့်ခွဲမှုပြုလုပ်တဲ့ အခါမှာတော့ စွမ်းရည်ခိုင်မာစေဖို့ဖြစ်ပြီး အစိုးရပုဂ္ဂလိက မြို့ပြအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို  ဦးတည်တဲ့  မဟာ ဗျူဟာကို ရေးဆွဲသွားဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ဖွဲ့စည်းမှု ဒီလို အမျိုးသားအဆင့် ပို့ကုန် မဟာဗျူဟာရေးဆွဲဖို့အတွက် မြန်မာ နိုင်ငံနှင့်ကိုက်ညီတဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့ အတွက် ဦးဆောင်ထိန်းကျောင်းမည့်သူ (Navigator) အဖြစ် စီးပွားရေးနှင့်ကူး သန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်စိုး နဲ့ အမျိုးသား အတိုင်ပင်ခံ (National Consultant) အဖြစ် စီးပွားရေးပညာ ရှင် ဒေါက်တာမောင်အောင်တို့ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါ့ပြင် အစိုး ရအဖွဲ့နဲ့ ပုဂ္ဂလိကမှကိုယ်စားလှယ်များ ပါဝင်သော ဗဟိုအဖွဲ့ (Core Team) ကို အဖွဲ့ဝင် ၁၃ ဦး၊ အမျိုးသားအဆင့် မဟာဗျူဟာ အဖွဲ့ (National Strategy Team)  ကို အဖွဲ့ဝင် ၇၄ ဦးနဲ့ ဖွဲ့ စည်းပြီး စတင် ဆောင်ရွက်ခဲ့ပါတယ်။ဆောင်ရွက်မည့်အဆင့် အမျိုးသားပို့ကုန် မဟာဗျူဟာကို ဒီဇိုင်း ရေးဆွဲချိန်ကနေ အကောင် အထည်ဖော်တဲ့အချိန်ထိ စုစုပေါင်း ကြာမြင့်ချိန်မှာ ၅ နှစ်ဖြစ်ပါတယ်။ အချိန်ယူပြီး စနစ်တကျရေးဆွဲရမှာပါ။ ဒါကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာတော့ အဆင့် ၄ ဆင့်ခွဲထားပါတယ်--    အကြိုညှိနှိုင်းဆွေးနွေးခြင်း  (Pre Engagement Phase)-    အသေးစိတ် ညှိနှိုင်းဆွေးနွေးခြင်း (Inception Phase)-    မဟာဗျူဟာ ရေးဆွဲခြင်း (Design Phase)-    အကောင်အထည် ဖော်ခြင်း(Implementation Management Phase)စတင်ဆောင်ရွက်မှု ဒီအမျိုးသားပို့ကုန်မဟာဗျူဟာ ရေးဆွဲခြင်းလုပ်ငန်း၊ စီမံချက်စတင်တာ နဲ့ ပထမကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်၊ မေလ ၂ ရက်နေ့ကနေ မေလ ၄ ရက်နေ့အထိ နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ကျင်းပခဲ့တာဖြစ်ပါ တယ်။ ဒီလုပ်ငန်းစဉ် စီမံချက်စတင်တဲ့ အခမ်းအနားကိုတော့ နိုင်ငံတော်အစိုးရ ဒုတိယသမ္မတ (၂) ဦးဉာဏ်ထွန်းမှ တက်ရောက် အမှာစကား ပြောကြား ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ အစိုးရ ဝန်ကြီးဌာနက တာဝန်ရှိအရာရှိကြီး များ၊ ပုဂ္ဂလိက အသင်းအဖွဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၈၁ ဦး တက်ရောက်ခဲ့ပါတယ်။ပထမကြိမ်အလုပ်ရုံဆွေးနွေးပွဲ လုပ်ငန်းစတင်တဲ့ စီမံချက်အခမ်း အနားစတင်ဖွင့်လှစ်ပြီး မေလ ၂ ရက် ကနေ မေလ ၄ ရက်နေ့အထိ ဝန်ကြီး ဌာနအသင်းအဖွဲ့များ၊ စီးပွားရေးဆိုင်ရာ အကြံပေးများအပါအဝင် ကိုယ်စား လှယ် ၇၁ ဦးတို့ဟာ နိုင်ငံတကာ ကုန် သွယ်မှု စင်တာ (ITC) မှ ကျွမ်းကျင်သူ ပညာရှင်များနှင့်အတူ  အသေးစိတ် အချိန်ပေး ဆွေးနွေးညှိနှိုင်း အချက် အလက်များ ဖော်ထုတ်ခဲ့ ကြပါတယ်။ရလဒ်များအပေါ် ဒီလိုအသေးစိတ်ညှိနှိုင်း ဆွေးနွေး တိုင်ပင်ရာကနေ ထွက်ပေါ်လာတဲ့ ရလာဒ်တွေအပေါ်မှာ ပုဂ္ဂလိက၊ အစိုးရ ဝန်ကြီးဌာနများနဲ့ နိုင်ငံတကာကုန်သွယ် မှုစင်တာမှ ကျွမ်းကျင်သူ ပညာရှင်များ အသေးစိတ်ဆွေးနွေး အတည်ပြုချက် ရယူခဲ့ကြရာမှာတော့ အမျိုးသားပို့ကုန် မဟာဗျူဟာအတွက် မျှော်မှန်းချက်၊ ရည်မှန်းချက်တွေနဲ့ ဦးစားပေး ကုန်စည်၊ ဝန်ဆောင်မှုကဏ္ဍတွေကို ရွေးချယ်ဖော် ထုတ်နိုင်ခဲ့ပါတယ်။ရည်မှန်းချက်(Vision)  က ဖော်ထုတ်ရရှိချက်တွေပေါ်က နေ ရည်မှန်းချက်အဖြစ် ''ထွန်းသစ်စမြန်မာ နိုင်ငံအတွက် ပို့ကုန်ဦးဆောင်သည့် စဉ်ဆက်မပြတ်တိုးတက်မှုနဲ့ ကြွယ်ဝမှု ဆီသို့'' ဆိုပြီး သတ်မှတ်ထားရှိခဲ့ပါ တယ်။မဟာဗျူဟာဦးတည်ချက်များ (Strategic Objectives) ပို့ကုန်မဟာဗျူဟာရဲ့ ဦးတည်ချက် များအဖြစ် အချက် ၆ ချက်ကို ဖော် ထုတ်ရရှိခဲ့ပါတယ်--    မြန်မာနိုင်ငံသားများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းနှင့် ပို့ကုန် ဦးဆောင်တဲ့ စဉ်ဆက်မပြတ် တိုး တက်မှု ဖြစ်စေရန်၊-    ကမ္ဘာ့စီးပွားရေးပေါင်းစည်းမှုနဲ့ ခိုင် မာသည့် အစိုးရ-ပုဂ္ဂလိက ပူး ပေါင်းဆောင်ရွက်မှုကိုအထောက် အကူပြုသည့် ကျိုးကြောင်း ညီ ညွှတ်သော ကြိုတင် မှန်းဆနိုင် သော ပွင့်လင်းမြင်သာမှု ရှိသော ကုန်သွယ်ရေးမူဝါဒနှင့် စည်းမျဉ်း မူဘောင်များ ဖြစ်ပေါ်စေရန်၊-    နိုင်ငံတကာ ဈေးကွက် အခွင့် အလမ်းနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ပြီး ယှဉ်ပြိုင်မှုရှိ သော အရည်အသွေးကောင်း  ပို့ကုန် အမယ်စုံများ တိုးတက်လာ စေရန်၊-    ပို့ကုန်တိုးတက်မှုကို အထောက် အကူပြုစေမည့် နည်းပညာ တီ ထွင် ဆန်းသစ်မှု ပို့ကုန်ဆိုင်ရာ အရည်အသွေးနှင့် စွမ်းရည်တည် ဆောက်မှုများ အားပေးရန်နှင့် ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ရန်၊-    လက်ရှိ ပို့ကုန်လုပ်ငန်းရှင်များနှင့် ထွန်းသစ်စပို့ကုန်လုပ်ငန်းရှင်များ၏ လိုအပ်ချက်အမျိုးမျိုးကို ပူးပေါင်း ဖြည့်ဆည်း ပံ့ပိုးပေးနိုင်မည့် အဖွဲ့ အစည်းများ ထူထောင်ရန်၊    -    နိုင်ငံ တစ်ဝှမ်းနှင့် ဒေသတွင်း အဆင့် ကုန်သွယ်မှုဆိုင်ရာ လို အပ်ချက်များကို တည်ဆောက် ဖြည့်ဆည်းနိုင်ရန်နှင့် ကုန်စည် ထောက်ပံ့ရေးစွမ်းရည်ကို တိုးမြှင့် ရန်၊ဦးစားပေးကဏ္ဍများ ဒီလိုချမှတ်ထားပြီးတဲ့အခါမှာ တော့ မြန်မာ့ပို့ကုန်တွေထဲက ဦးစားပေး ကုန်စည်များအား ပထမကြိမ်အလုပ်ရုံ ဆွေးနွေးပွဲနှင့် အစိုးရပုဂ္ဂလိက ကဏ္ဍပူး ပေါင်းဆောင်ရွက်မှုအရ အောက်မှာ ဖော်ပြထားတဲ့ ဦးစားပေးကုန်စည် ၅ မျိုး (Priority Sector Goods)ကို သတ်မှတ်ခဲ့ပါတယ်--    ဆန်-    ပဲအမျိုးမျိုးနှင့်ဆီထွက်သီးနှံ-    ရေထွက်ကုန်လုပ်ငန်း-    အထည်အလိပ်နှင့်အဝတ်             အထည်-    သစ်တောနှင့်သစ်တောထွက်         ပစ္စည်း ဒ့ါပြင် ဝန်ဆောင်မှု အတွက်က တော့ ''ကမ္ဘာ့ခရီးသွားလုပ်ငန်း'' ကို  သတ်မှတ်ရွေးချယ်ခဲ့ပါတယ်။ ကျန်တဲ့ကုန်စည်တွေထဲက ဖွံ့ဖြိုးဖို့ ပို့ကုန်မြှင့်တင်စွမ်းအားကောင်းနိုင်တဲ့ ဖွံ့ ဖြိုးမှု အလားအလာရှိ ကုန်စည်ဖြစ်တဲ့ ]]ရော်ဘာ}}ကို ရွေးချယ် သတ်မှတ်ထားခဲ့ ပါတယ်။အထောက်အကူပြုကဏ္ဍ (Cross Sector) အပေါ်ကရွေးချယ်ထားတဲ့ ဦးစား ပေးကဏ္ဍကကုန်စည်၊ ဝန်ဆောင်မှုနဲ့ ဖွံ့ ဖြိုးရန်အလားအလာရှိတဲ့ ကုန်စည်တွေ အတွက်လုပ်ငန်းဆောင်ရွက်မှုအထောက် အကူဖြစ်စေဖို့အတွက် ဦးစားပေး ကဏ္ဍ တွေကိုအထောက်အကူ ပြုစေမဲ့ ကဏ္ဍ (Cross Sector)  များကိုလဲ ဖွဲ့စည်း ပါဝင်စေခဲ့ပါတယ်။ အဲဒါ တွေကတော့-    ကုန်သွယ်မှုဆိုင်ရာ ငွေကြေး ဝန် ဆောင်မှု-    ကုန်သွယ်မှု သတင်း အချက် အလက်နှင့် ကုန်သွယ်မှု မြှင့်တင် ရေး-    အရည်အသွေး စီမံခန့်ခွဲခြင်း-    ကုန်သွယ်မှု လျင်မြန်ချောမွေ့စေ ခြင်းနဲ့ ကုန်စည်သယ်ယူပို့ဆောင် ရေးပဲ ဖြစ်ပါတယ်။အတည်ပြုချက်ရယူ ပထမကြိမ်အလုပ်ရုံဆွေးနွေးပွဲရဲ့ ညှိနှိုင်းမှုရလဒ်အစိုးရပုဂ္ဂလိကနဲ့ ITC မှ ကျွမ်းကျင်ပညာရှင်များရဲ့ ကူညီဆောင် ရွက်ပေးမှုအရ ထွက်ပေါ်လာတဲ့ ရည် မှန်းချက်ဗဟာဗျူဟာဦးတည်ချက်၊ ဦး စားပေးကဏ္ဍ ကုန်စည်၊ ဝန်ဆောင်မှု၊ အထောက်အကူပြုကြသည့်ကဏ္ဍများ ၏ ရွေးချယ် ဆုံးဖြတ်ချက်များအား နိုင်ငံတော်သမ္မတရုံးနှင့် စီးပွားရေးရာ ကောင်မတီသို့ ရှင်းလင်းတင်ပြအတည် ပြုချက်ရယူခဲ့ပြီးဖြစ်ပါတယ်။နောက်တစ်ဆင့်သို့ အမျိုးသား ပို့ကုန် မဟာဗျူဟာ အတွက် အသေးစိတ်ညှိနှိုင်းခြင်းအဆင့် ကို ပြီးမြောက်တဲ့အခါမှာတော့ ဒီဇိုင်း ရေးဆွဲခြင်းအဆင့်ကို စတင်နိုင်ဖို့ ပြင် ဆင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုပြင်ဆင် ဆောင်ရွက်ရာမှာတော့ ပို့ကုန်မဟာ ဗျူဟာအတွက် ရွေးချယ်ထားတဲ့ ကုန်စည်၊ ဝန်ဆောင်မှုကဏ္ဍနဲ့ပတ်သက် ပြီး တင်ပို့မှုမြှင့်တင်နိုင်ရေးအတွက် အဓိကပါဝင်သက်ဆိုင်နေတဲ့ အစိုးရ ဝန်ကြီးဌာနတွေ၊ ပုဂ္ဂလိကကဏ္ဍက ကိုယ်စားလှယ်တွေပါဝင်ပြီး ကဏ္ဍတစ် ခုခြင်းအလိုက် လုပ်ငန်းအဖွဲ့ (Sector Team)  ဖွဲ့စည်းနိုင်ရေးတွက် ဆောင် ရွက်ခဲ့ပါတယ်။ ဒီလိုဖွဲ့စည်းဆောင်ရွက် ရာမှာလဲ လုပ်ငန်းအဖွဲ့တစ်ခုအတွက် တာဝန်ခံစီစဉ်ညှိနှိုင်းပေးမဲ့သူ (Team Coordinator)  တွေကိုလဲ တစ်ဦးစီ ရွေးချယ်ပေးခဲ့ပါတယ်။ ဒါ့ပြင် လုပ်ငန်း ကာလကြာရှည်တာကြောင့် (Team Coordinator)  အား ကူညီဆောင် ရွက်မဲ့သူ တစ်ဦးသို့မဟုတ် နှစ်ဦးစီကိုလဲ တွဲဖက်ထားရှိပေးခဲ့ပါတယ်။ပံ့ပိုးကူညီနိုင်ရေး Sector Team  တွေ ဖွဲ့စည်းတဲ့ အခါမှာတော့ဒီ Team  တွေမှာ တကယ် တမ်းလက်တွေ့နယ်ပယ်တွင် ပါဝင် ဆောင်ရွက်နေသော Supply Chain အဆင့်ဆင့်တွင် ပါဝင်ဆောင် ရွက်နေ သူ အားလုံးပါဝင်ပြီး Team တစ်ခုမှာ အင်အား ၂၀ ကနေ ၂၅ ယောက်စီပါ ဝင်စေခဲ့ပါတယ်။ ဒါ့ပြင် ကုန်စည်၊ ဝန် ဆောင်မှုကဏ္ဍများ အလိုက် တိုက်ရိုက် သက်ဆိုင်နေတဲ့ ဝန်ကြီးဌာနက တာဝန် ရှိသူတွေကိုလဲ ပါဝင်ကူညီနိုင်အောင် ထည့်သွင်းဖွဲ့စည်းဆောင်ရွက်ပေးထား ပါတယ်။အကြိုပြင်ဆင်ရေး အမျိုးသား ပို့ကုန်မဟာဗျူဟာရဲ့ ဒီဇိုင်းရေးဆွဲမှုအသင့်စတင်ဆောင်ရွက် မဲ့ အလုပ်ရုံဆွေးနွေးပွဲမတိုင်ခင်မှာဘဲ ပြည်စုံ မှန်ကန်သော သက်ဆိုင်ရာ Coordinator တွေကို လိုအပ်တဲ့ မှန် ကန်တိကျသော သတင်း အချက်လက် တွေ စုဆောင်းနိုင်ဖို့အတွက်နိုင်ငံတကာ ကုန်သွယ်မှုစင်တာ (TIC)   မှာ ကျွမ်းကျင် ဘာသာရပ် တာဝန်ခံတွေက မေးခွန်းနဲ့ လိုအပ်ချက်တွေကို ဆက်သွယ်ပေးဖို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ NES တွက် တာဝန်ရှိသူ Navigator, National Consultant, Core Team, Team Coordinator, Team Member  ဌာနဆိုင်ရာ တာဝန် ရှိသူ များစိတ်ပါဝင်စားသူများပါဝင်ပြီး နေ့စဉ် Team အလိုက် ဆွေးနွေး အဖြေရှာ အချက်အလက်များကို ဖော်ထုတ် ပြင် ဆင်နေကြတာ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်နေကြတာကိုလဲ တွေ့နေရ ပါတယ်။ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲသို့ ယခု ပြင်ဆင် အဖြေထုတ်ထား တာတွေပေါ် မူတည်ပြီး ကဏ္ဍအလိုက် လုပ်ငန်း အဖွဲ့များနဲ့ နိုင်ငံတကာကုန် သွယ်မှုစင်တာမှ ကျွမ်းကျင်သူပညာ ရှင်များပါဝင်ပြီး ၂၀၁၃ ခုနှစ်၊ စက်တင် ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာ လ ၁၁ ရက်နေ့အထိ ရန်ကုန်မြို့၊ မင်းရဲ ကျော်စွာလမ်းမှာရှိတဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်မှာ ဒုတိယအကြိမ်အလုပ်ရုံဆွေး နွေးပွဲကျင်းပပြီးတော့ အမျိုးသားပို့ကုန် မဟာဗျူဟာဒီဇိုင်း ရေးဆွဲအကောင် အထည် ဖော်ကြတော့မှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ ဒီလို အမျိုးသားပို့ကုန် မဟာဗျူ ဟာရေးဆွဲပြီး နောက်ပိုင်းမှာ တော့ အကောင်အထည်ဖော်ခြင်း၊ စောင့် ကြည့်လေ့လာခြင်းနဲ့ အကဲဖြတ်ခြင်း (Monitoring and Evaluation) ကို လဲ လုပ်ငန်းအဖွဲ့တစ်ရပ် ဖွဲ့စည်းထူ ထောင်ပြီး ဆက်လက်ဆောင်ရွက်သွား မှာ ဖြစ်ပါကြောင်း။