Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 09/30/2013 - 11:43 -- ydnar

ထွန်းသစ်စဈေးကွက်တွေကို မြင့် တက်စေတဲ့ စီးပွားရေးတွန်းအားပေးအ စီအစဉ်ကို အမေရိကန်ပြည်ထောင်စု က လျှော့ချတော့မယ်လို့ မျှော်လင့် ထားကြပေမဲ့ အမေရိကန်အလုပ်အကိုင်  ခန့်ထားမှုကိန်းဂဏန်းတွေ မြင့်တက် လာမှုကြောင့် အိန္ဒိယရူပီးက ဦးဆောင် ပြီး အကောင်းဆုံးရက်သတ္တပတ်အဖြစ် ကို ဦးတည်နေပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့အ လုပ်အကိုင်ခန့်ထားမှုတွေက မြင့်လာ တာကို စက်တင်ဘာ ၆ ရက်ကထုတ် ပြန်တဲ့အစီရင်ခံစာမှာ တွေ့ရပါတယ်။ သမ္မတဘားရက်အိုဘားမားကလည်း ဆီးရီးယားနိုင်ငံကို စစ်ရေးအရဝင်ရောက် တိုက်ခိုက်မဲ့ ကိစ္စကို ဆိုင်းငံ့ထားပါ တယ်။ ရူပီး၊ ထိုင်းဘတ်နဲ့ ဖိလစ်ပိုင်ပီဆို တို့ရဲ့ တန်ဖိုးတွေက ယခုရက်သတ္တပတ် အတွင်းမြင့်တက်လာသလို ရင်းဂစ်တန် ဖိုးကလည်း ခိုင်မာလာပါတယ်။ ကမ္ဘာ့ရန်ပုံငွေအဖွဲ့တွေက အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တောင်ကိုရီး ယား၊ တရုတ်(တိုင်ပေ)နဲ့ ထိုင်းနိုင်ငံ ဈေးကွက်တွေထဲကို ငွေကြေးတန်ဖိုး ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံဖိုးဝယ် ယူလာတာတွေကို တွေ့ရပါတယ်။တရုတ်ယွမ် တရုတ်ဗဟိုဘဏ်က နေ့လည်ပိုင်း  ဗဟိုဘဏ်ဖလှယ်နှုန်းကို အနည်းငယ် လျှော့ချခဲ့ပေမဲ့ ပထမနေ့စံချိန်တင်ထား ခဲ့သော နှုန်းထားနီးပါးခန့် သတ်မှတ်ခဲ့ ပြီးနောက် စက်တင်ဘာ ၁၃ ရက်မှာ ယွမ်ငွေတန်ဖိုးက အနည်းငယ်သာအ ပြောင်းအလဲရှိခဲ့ပါတယ်။ ဗဟိုဘဏ်က ယခုရက်သတ္တပတ်စကတည်းက ဗဟို ဘဏ်သတ်မှတ်နှုန်းကို တိုးမြှင့်ပေးခဲ့ပေ မဲ့ လက်ငင်းဈေးနှုန်းကို ဝင်ရောက်ထိန်း သိမ်းခဲ့ပါတယ်။ တရုတ်ဗဟိုဘဏ်က စက်တင်ဘာ ၁၃ ရက်မှာ တစ်ဒေါ်လာ ကို ၆ ဒသမ ၁၅၇၇ ယွမ်နှုန်းသတ်မှတ် ခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာ ယွမ် ငွေဖလှယ်နှုန်းက တစ်ဒေါ်လာကို ၆ ဒသမ ၁၁၈၄ ယွမ်နှုန်းရှိပြီး စက်တင် ဘာ ၁၂ ရက်ကရှိခဲ့သော ၆ ဒသမ ၁၁၈၀ နှုန်းခန့်ရှိခဲ့ပါတယ်။အိန္ဒိယရူပီး ဒေါ်လာတန်ဖိုးတွေ အိန္ဒိယနိုင်ငံ ပြင်ပတွင် မြင့်တက်နေချိန်မှာ ဒေါ်လာ ငွေကြေးကို အိန္ဒိယသွင်းကုန်လုပ်ငန်း ရှင်တွေရဲ့ ဝယ်လိုအားမြင့်တက်လာတဲ့ အတွက် ဘဏ်အချင်းချင်းနိုင်ငံခြားငွေ ဖလှယ်တဲ့ဈေးကွက်မှာ စက်တင်ဘာ ၁၃ ရက်က ရူပီးတန်ဖိုး သုည ဒသမ ၆၅ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ်လာ ကို ၆၄ ဒသမ ၁၅ ရူပီးနှုန်းရှိခဲ့ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ တခြားငွေ ကြေးတွေတန်ဖိုးမြင့်တက်နေတဲ့အပြင် ပြည်တွင်းဈေးကွက်မှာ ရှယ်ယာတွေ တန်ဖိုးကျဆင်းမှုက ရူပီးတန်ဖိုးကို တန် ဖိုးကျဆင်းစေခဲ့ပါတယ်။ ဂျပန်ယန်း ဥရောပစက်မှုကုန်ထုတ်လုပ်မှု အ စီရင်ခံထွက်ပြီးနောက်တစ်ပတ်တွင် ယူရိုနဲ့ ဖလှယ်ရာမှာ စက်တင်ဘာ ၁၂ ရက်နေ့က ဒေါ်လာတန်ဖိုးအနည်းငယ် မြင့်တက်ခဲ့ပါတယ်။ ဒေါ်လာ/ယူရိုဖ လှယ်နှုန်းက စက်တင်ဘာ ၁၁ ရက်မှာ တစ်ယူရိုကို ၁ ဒသမ ၃၃၀၉ ဒေါ်လာ ရှိခဲ့ရာမှ စက်တင်ဘာ ၁၂ ရက် ဂရင်း နစ်စံတော်ချိန် ၂၁း၀၀ နာရီတွင် တစ် ယူရိုကို ၁ ဒသမ ၃၂၉၈ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။ ယန်းငွေကြေးက ဒေါ်လာနဲ့ဖ လှယ်ရာမှာ တစ်ဒေါ်လာကို ၉၉ ဒသမ ၈၇ ယန်းမှ ၉၉ ဒသမ ၄၇ ယန်း သို့လည်းကောင်း၊ ယူရိုနဲ့ ဖလှယ်ရာမှာ  တစ်ယူရို ၁၃၂ ဒသမ ၉၂ ယန်းမှ တစ် ယူရို ၁၃၂ ဒသမ ၃၃ ယန်းသို့အသီး သီးပြောင်းလဲပြီး ယန်းတန်ဖိုးမြင့်တက် ခဲ့ပါတယ်။မလေးရှားရင်းဂစ် လာမဲ့ရက်သတ္တပတ်မှာ ကျင်းပမဲ့ အမေရိကန်ဗဟိုဘဏ်ငွေကြေးအစည်း အဝေးမတိုင်မီ ဒေသတွင်းရှယ်ယာဈေး ကွက်တွေကျဆင်းမှုနဲ့အတူ စက်တင် ဘာ ၁၃ ရက်မနက်ပိုင်းဈေးကွက်မှာ ရင်းဂစ်တန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာ မှာ အများကြီးကျဆင်းခဲ့ကြောင်း ဝယ် ရောင်းသမားတွေကပြောပါတယ်။ ရင်းဂစ်ဈေးနှုန်းက စက်တင်ဘာ ၁၂ ရက်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၂၇၆၀ ရင်းဂစ်နှုန်းရှိရာမှ စက်တင်ဘာ ၁၃ ရက်မှာ တစ်ဒေါ်လာကို ၃ ဒသမ  ၂၈၃၀ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။တောင်ကိုရီးယားဝမ် တောင်ကိုရီးယားရဲ့ ရက်ရှည် အားလပ်ရက်ကလည်း ရောက်လာ တော့မှာဖြစ်ပါတယ်။ ထို့အတူ အမေ ရိကန် ပြည်ထောင်စု ဗဟိုဘဏ်ရဲ့ နောက်ရက်သတ္တပတ်အစည်းအဝေးရ လဒ်ကို ရင်းနှီးမြှုပ်နှံသူတွေက စောင့် ကြည့်နေသေးတဲ့အတွက် ဝမ်ငွေတန်ဖိုး အပြောင်းအလဲအနည်းငယ်သာရှိခဲ့ပါ တယ်။ စက်တင်ဘာ ၁၃ ရက် ဂရင်း နစ်စံတော်ချိန် ၀၂၂၀ နာရီမှာ ဝမ်ငွေ တန်ဖိုးက တစ်ဒေါ်လာကို ၁၀၈၅ ဒသမ ၄ ဝမ်နှုန်းရှိခဲ့ပြီး စက်တင်ဘာ ၁၂ ရက်ဈေးပိတ်ချိန်ကရှိခဲ့တဲ့ တစ် ဒေါ်လာကို ၁၀၈၅ ဒသမ သုည ဝမ် နှုန်းအောက် အနည်းငယ်သာတန်ဖိုးကျ ဆင်းခဲ့ပါတယ်။ထိုင်းဘတ် ကမ္ဘာ့ရန်ပုံငွေအဖွဲ့တွေက ထိုင်း ဘတ်ငွေကို ဆက်ကိုင်ထားပြီးနောက် ပိုင်း ထိုင်းဘတ်ငွေတန်ဖိုးက ရက်သတ္တ ပတ်အတွင်းတိုးတက်နှုန်း ငါးလအတွင်း  အမြင့်ဆုံးနှုန်းကိုရောက်ရှိခဲ့ပါတယ်။  စက်တင်ဘာ ၁၂ ရက်နေ့အထိ ယခု ရက်သတ္တပတ်အတွင်း ထိုင်းဈေးကွက် အတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံသူတို့ထံ မှလှိမ့်ဝင်လာသောငွေမှာ ဒေါ်လာ ၃၈၁ သန်းရှိခဲ့ကြောင်း ထိုင်းဘွန်းဈေး ကွက်အသင်းက ပြောပါတယ်။ ဒါပေမဲ့ ထွန်းသစ်စဈေးကွက်ထဲကို မတည်ငွေ ပြန်စီးဝင်လာတာဟာ ယာယီမျှသာ ဖြစ်လိမ့်မယ်လို့ ဗဟိုဘဏ်မှအရာရှိ တစ်ဦးက သတိပေးပါတယ်။ မကြာသေးမီရက်များအတွင်း ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဘတ်ငွေတန် ဖိုးမြင့်တက်ခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုး က စက်တင်ဘာ ၁၂ ရက်နေ့က တစ် ဒေါ်လာကို ၃၁ ဒသမ ၉၆ ဘတ်နှုန်းရှိ ရာမှ ရက်သတ္တပတ်သုံးပတ်အတွင်း အ မြင့်ဆုံးဖြစ်သော တစ်ဒေါ်လာ ၃၁ ဒသမ ၇၃ ဘတ်နှုန်းကိုရောက်ရှိခဲ့ပါ တယ်။ ပဉ္စမမြောက်နေ့အဖြစ်မြင့်တက် ခဲ့တာဖြစ်ပြီး ဇန်နဝါရီနောက်ပိုင်းမြင့် တက်မှုအရှည်ကြာဆုံးဖြစ်ပါတယ်။