Main menu

Background

ထုတ်ကုန် လုံခြုံစိတ်ချရမှုလုပ်ငန်းရဲ့အရေးပါပုံနဲ့ ကမ္ဘာ့နိုင်ငံများမှာ အရေးယူဆောင်ရွက်မှုများ

Mon, 10/07/2013 - 12:21 -- ydnar

ကမ္ဘာ တစ်ဝန်းရှိ စားသုံးသူများအနေနဲ့ အသက်ရှည် ကျန်းမာပြီး ကာယစိတ္တသုခနှစ်ဖြာနဲ့ ပြည့်စုံစေရန် အရည်အသွေးကောင်းမွန်ပြီး လုံခြုံ စိတ်ချရသော ထုတ်ကုန်များကို အသုံးပြုနိုင်ရန် အရေးကြီးလှပါတယ်။ စားသုံးသူများရဲ့ကျန်းမာမှု၊ လုံခြုံစိတ်ချရမှုနဲ့ဘေးအန္တရာယ်ကင်းရှင်းမှုတို့အတွက် ထုတ်ကုန်များစတင် ထုတ်လုပ်သည့် အချိန်မှ စား သုံးသူရဲ့လက်ဝယ်ရောက်ရှိတဲ့အချိန်အထိ ရောင်း ချမှုကွင်းဆက်(Supply chain) တစ်လျှောက်တွင် ပါဝင်တဲ့ ကုန်ပစ္စည်းထုတ်လုပ်သူ၊ သိုလှောင်ထား ရှိသူ၊ လက်လီနှင့်လက်ကားရောင်းချဖြန့်ဖြူးသူ၊ တစ်ဆင့် ပြန်လည်ရောင်းချသူများ အားလုံးဟာ  လုပ်ငန်းစဉ်အဆင့်ဆင့်မှာ တာဝန်ရှိသူများဖြစ်ကြ ပြီး ၎င်းတို့ အသီးသီးမှာ မိမိတို့နဲ့သက်ဆိုင်သော ကဏ္ဍအလိုက် ကုန်ပစ္စည်း လုံခြုံစိတ်ချရမှုရှိစေရန် စားသုံးသူတို့အတွက် စိတ်စေတနာကောင်း ရှေ့ ထားပြီး စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမယ့် တာဝန်ဝတ္တရားများကို လိုက်နာကြဖို့ လိုအပ်ပါ တယ်။

ထိုနည်းတူစွာ နောက်ဆုံးဝယ်ယူစားသုံးတဲ့ စားသုံးသူတို့ဟာလည်း အရည်အသွေးကောင်းမွန် ပြီး ကျန်းမာရေးအတွက် လုံခြုံစိတ်ချရမှုရှိသော ကုန်ပစ္စည်းများကို စိစစ်ရွေးချယ် ဝယ်ယူသုံးစွဲရန် လည်း လိုအပ်ပါတယ်။ ထိုသို့ လုပ်ငန်းရှင်နဲ့ စား သုံးသူများအားလုံး တာဝန်သိသိ သစ္စာရှိရှိနဲ့ ဆောင်ရွက်နိုင်မှသာလျှင် ဘေးအန္တရာယ် ကင်း ရှင်းပြီး သာယာလှပသောလောကကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် ပတ်သက်ပြီကဏ္ဍအသီးသီးမှာသက်ဆိုင်ရာ ဥပဒေ များကို ပြဌာန်းထားပြီးဖြစ်ပါတယ်။။ ဥပမာ အားဖြင့် အစားအသောက်နဲ့ဆေးဝါးများအတွက် အမျိုးသား အစားအသောက် ဥပဒေ (၁၉၉၇)၊ အမျိုးသားဆေးဝါးဥပဒေ (၁၉၉၂)၊ တိုင်းရင်း ဆေးဝါးဥပဒေ (၁၉၉၆) စသည်ဖြင့် ပြဌာန်း ထားပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီး သီးဖြစ်တဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး ဝန်ကြီးဌာန စသည်တို့မှလည်း မိမိတို့ကဏ္ဍ အလိုက် ထုတ်ကုန်လုံခြုံစိတ်ချရမှုနဲ့ပတ်သက်ပြီး အသီးသီးတာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ကျန်းမာရေးဝန်ကြီးဌာနမှ စားသုံးသူတို့နဲ့သက်ဆိုင် တဲ့ အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ ဆေး ပစ္စည်း ကိရိယာနှင့် အိမ်သုံးပစ္စည်းများလုံခြုံ စိတ် ချရမှုအတွက် တာဝန်ယူကြီးကြပ် ဆောင်ရွက် လျက်ရှိပါတယ်။ ထိုနည်းတူ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ အတွင်းသို့ တင်ပို့တင်သွင်းတဲ့ ကုန်ပစ္စည်းများနဲ့ ပတ်သက်ပြီး ပို့ကုန်၊ သွင်းကုန်လိုင်စင်များကို လုပ် ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုပေးလျှက် ရှိသကဲ့ သို့ ယခုအခါ စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်းများကိုလည်း အဓိကတာဝန်ယူ ဆောင် ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံများ အကြား ဖွဲ့ စည်းထားတဲ့ အာဆီယံ စားသုံးသူ အကာအကွယ် ပေးရေးကော်မတီနှင့် ချိတ်ဆက်လျှက် ထုတ်ကုန် လုံခြုံ စိတ်ချရမှု၊ စားသုံးသူ အရေးယူ ဆောင်ရွက်မှု နှင့် စားသုံးသူပညာပေးလုပ်ငန်းများကို သက်ဆိုင် ရာဝန်ကြီးဌာနများနှင့်အတူ ပူးပေါင်း၍တာဝန်ယူ ဆောင်ရွက်လျက် ရှိပါတယ်။ အနောက် ဥရောပနိုင်ငံများမှာလည်း စားသုံး သူတို့အတွက် လုံခြုံစိတ်ချရမှုရှိတဲ့ ထုတ်ကုန်များ ပေးအပ်နိုင်ရန် စားသုံးသူတို့အတွက် လုံခြုံ စိတ်ချ ရမှုမရှိသော၊ အရည်အသွေးနိမ့်ကျသော ကုန် ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသည့် အဖွဲ့ အစည်းအသီးသီးမှ တာဝန်ယူဆောင်ရွက်လျက် ရှိပါတယ်လို့ လေ့လာတွေ့ရှိပါတယ်။ ဗြိတိန်နိုင်ငံ တွင် အစားအသောက်တွင် ပါဝင်သည့် Ecoli အဆိပ်သင့်မှုအပေါ်  Food Standard Agency မှ အရေးယူဆောင်ရွက်ခဲ့ခြင်း၊ သြစတြေးလျနိုင်ငံ တွင် စားသုံးသူအကြံပေးအဖွဲ့ Choice သည် Online မှ ဈေးဝယ်သူ များအား အတုအပ ပစ္စည်းများ  ဝယ်ယူအသုံးပြုခြင်းမှ ရှောင်ရှားနိုင်ရန် လှုပ်ရှား ဆောင်ရွက်လျက်ရှိခြင်း၊ အမေရိကန် နိုင်ငံတွင် The Michigan Department of Agriculture and Rural Development (MDARD) မှ စက်တင်ဘာလ ၁၂ ရက်နေ့၌ City Petroleum of Dearborn and Star Petroleum of Detroit မှရောင်းချသည့် မော် တော်ယာဉ် သုံးဆီသည် The Michigan Weights and Measures Act, 1964 Public Act 283  ကို လိုက်နာမှုမရှိသဖြင့် အဆိုပါ လုပ်ငန်း မှ မော်တော်ကားဆီအားရောင်းချခြင်း သို့မဟုတ် ရောင်းချရန် ကမ်းလှမ်းခြင်း သို့မဟုတ် အသုံးပြု ခြင်းနှင့် transmission fluids အား ထုတ်လုပ် ထုပ်ပိုး ရောင်းချဖြန့်ဖြူးမှုကို ပိတ်ပင် တားမြစ် သည့်အမိန့် ထုတ်ပြန်ခြင်းတို့ကို အရေးယူ ဆောင် ရွက်ခဲ့ပါသည်။ ဗြိတိန်နိုင်ငံတွင် လတ်တလော ကာလက အဆိပ်သင့်နေတဲ့ရေတွင်ပေါက်ရောက်သောအပင် တစ်မျိုးဖြစ်သည့် watercress ကြောင့်ဟု ထင်မြင် ယူဆရသည့် E coli 0157 အဆိပ်သင့်မှု ၁၉ မှု ဖြစ်ပွားခဲ့ကာ ယင်းဖြစ်ရပ်ကြောင့် လူ ၁၇ ဦး နာ မကျန်းဖြစ်ခဲ့ရပါတယ်။ အိုင်ယာလန်တွင် E coli အဆိပ်သင့်မှုကြောင့် ကုသခံနေရတဲ့ လူနာတစ်ဦး မှာလည်း အဆိပ်သင့်နေတဲ့ ရေ သို့မဟုတ် အစား အစာကြောင့်ဖြစ်နိုင်ဖွယ်ရှိကြောင်း ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူများမှပြောကြားခဲ့ကြပါတယ်။ Food Standard Agency  မှ စားသုံးသူ ကာကွယ်ရေး လုပ်ငန်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် ညွှန်ကြားရေးမှူး Mr. Ray Ellard မှ အလားတူ ဖြစ်ပွားမှုများတွင် တူညီတဲ့အကြောင်းရင်းကို ရှာဖွေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံတွင် နာမည်ကျော် စူပါမားကက် ဆိုင် ခန်း Sainsbury  သည်လည်း ယခုသီတင်းပတ် အတွင်း  watercress  ထုတ်ကုန်များအား ပြန်လည် သိမ်းဆည်းမှုများပြုလုပ်ခဲ့ပါတယ်။ Mr. Ellard မှဗြိတိန်နိုင်ငံတွင် Sainsbury မရှိသော်လည်း Food Standard Agency မှ အိုင်ယာလန်ရှိ ဆိုင်ခန်းများသို့ watercress ထုတ်ကုန်များကို ရောင်းချမှု ရှိမရှိ စစ်ဆေးလျက်ရှိကြောင်း ပြော ကြားခဲ့ပါတယ်။ထို့ပြင် Food Standard Agency သည် Health Surveillance Protection Centre  မှ ကျန်းမာရေး စုံစမ်းစစ်ဆေးသူများနှင့် ပူးပေါင်းဆောင်ရွက်လျက် ဗြိတိန် နိုင်ငံတွင် Ecoli 0157 အဆိပ်သင့်မှုများမှာ တူညီသောမျိုးရိုးဗီဇ ဆိုင်ရာရောဂါဖြစ်ပွားမှုမျိုးရှိမရှိ လေ့လာ ဆန်းစစ် မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။ Ecoli 0157 သည် အစာအိမ်ရောဂါပြင်းထန်စွာ ခံစား ရစေကာ သွေးဝမ်းလျှောမှုနှင့်အတူ သွေးဆိပ် တက်ခြင်းနဲ့ ကျောက်ကပ် ပျက်စီးခြင်းအထိ ဖြစ်စေနိုင်ကြောင်းတွေ့ရှိရပါတယ်။ဗြိတိန်နိုင်ငံမှာ Food Standard Agency  ရဲ့ အဆိုအရ လူ ၁၉ ဦးမှာ Ecoli 0157  အဆိပ်သင့် မှုကြောင့် အင်္ဂလန်၊ Wales  နှင့်  Scotland  နိုင်ငံ တို့တွင် ဆေးရုံအသီးသီး၌ ဆေးကုသမှုခံယူလျက် ရှိကြောင်းတွေ့ရှိရပါတယ်။ v Food Standard Agency ၏ပြောကြားချက်အရသြဂုတ်လ ၁ ရက် နေ့မှ စတင်၍ စတိုးဆိုင်များတွင် ဝယ်ယူခဲ့တဲ့ watercress ကြောင့် အဆိပ်သင့်မှုများကို စစ် ဆေး တွေ့ရှိရခြင်းမရှိသော်လည်း အရောင်းဆိုင် ခန်း ၆ ခုမှ  watercress ပါဝင်တဲ့ ထုတ်ကုန်များ အား ကြိုတင်သတိပေးမှု ဖြစ်ရပ်တစ်ခုအဖြစ် ပြန် လည် သိမ်းဆည်းခဲ့ကြောင်း သိရှိရပါတယ်။ Sainsbury မှလည်း အလားတူထုတ်ကုန်များကို အရေးပေါ်စမ်းသပ်စစ်ဆေးလျက်ရှိပြီး အဆိပ်သင့် တဲ့ လက္ခဏာမတွေ့ရှိရသေးသော်လည်း ဝယ်ယူ နေတဲ့ ဖောက်သည်များအား အမြဲမပြတ်သတင်း အချက်အလက်များ အချိန်နှင့်တစ်ပြေးညီပေးအပ် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သြစတြေးလျနိုင်ငံတွင် စားသုံးသူအကြံပေး အဖွဲ့ Choice က Online မှ ဈေးဝယ်သူများအား အတုအပ ပစ္စည်းများ ကုန်သွယ်မှုမှရှောင်ရှားနိုင် ရန်အတွက် လှုပ်ရှားဆောင်ရွက်မှု တစ်ရပ်ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။ The Australian Customs and Border Protection Service သည် ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၄၈ ဒသမ ၅ သန်းတန်ဖိုးရှိတဲ့ အတုအပထုတ်ကုန်များကို ဖမ်း ဆီးခဲ့ပါတယ်။ The Organization for Economic Cooperation and Development (OECD)  ရဲ့ ခန့်မှန်းချက်အရ နှစ်စဉ်ကမ္ဘာပေါ် တွင် အတုအပထုတ်ကုန်များ ကုန်သွယ်မှုမှာ ဒေါ်လာ ၂၇၂ ဘီလီယံတန်ဖိုးရှိကြောင်း သိရှိ ရပါတယ်။ Online  မှဈေးဝယ်သူများရဲ့ ဖြစ်ပေါ် နေတဲ့ အတုအပ ပစ္စည်းများနဲ့ ပတ်သက်သည့် ဘေးအန္တရာယ်များကို သိရှိနိုင်ရန် Choice  က အင်တာနက်မှတစ်ဆင့်တူညီသော ဖိနပ်နှစ်ရံအား Online လက်လီရောင်းချသူနှစ်ဦးထံမှ ဝယ်ယူခဲ့ပြီး နောက် Choice မီဒီယာကြီးအကဲဖြစ်သူ Tom Godfrey  မှ ဝယ်ယူခဲ့တဲ့ရလဒ်များအရ စားသုံး သူများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို သိမြင် ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။Choice  သည် တူညီသောဖိနပ်နှစ်ရံအား Nikestore.com.au ထံမှ ဒေါ်လာ ၁၆၀ ဖြင့်လည်းကောင်း၊ Bestfree-fun .com မှ ဒေါ်လာ ၈၇ ဒသမ ၄၂ ဖြင့်လည်း ကောင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး Nikestore.com.au မှဝယ်ယူမှုမှာ ၂ ရက်အတွင်းရရှိခဲ့ပြီး Best-freefun .com မှဝယ်ယူမှုမှာ ၇ ရက်အတွင်း ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ Choice အနေနဲ့  ဖိနပ်နှစ်ရံရဲ့ကွဲပြားမှုကိုသိမြင်နိုင်ရန် ဖိနပ် များအား အစိတ်အပိုင်းများပြုလုပ်ပြီး စစ်ဆေးခဲ့ပါ တယ်။ Choice  ဟာ စားသုံးသူများမှ အတုအပ သိမြင်နိုင်ရန် Website တစ်ခုဖြစ်သည့် http://www. choice.com.au/spotthefake  အား တည်ဆောက်ခဲ့ပြီး စားသုံးသူများအနေဖြင့် Online မှအတုအပပြုလုပ်မှုများအား ရှောင်ရှား နိုင်ရန် သတင်းအချက်အလက်များ ဖြန့်ဝေပေး လျက်ရှိပါတယ်။ ပင်လယ်ရပ်ခြားမှ ဆေးဝါးနှင့် အလှကုန်များကို Online မှရောင်းချမှုများသည် သန့်ရှင်းသောပတ်ဝန်းကျင်တွင် ရောင်းချရန် လို အပ်ချက်မရှိကြောင်း၊ အတုအပရေမွှေးများမှာ အဝတ်အစားများကို စွန်းထင်းစေသည်သာမက အရေပြားဓာတ်မတည့်မှုများ၊ လောင်ကျွမ်းမှုများ နှင့် အသက်ရှူလမ်းကြောင်း ရောဂါဝေဒနာများကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ လျှပ်စစ်ပစ္စည်း ထုတ် ကုန်အတုအပ ပစ္စည်းများမှာလည်းအရည်အသွေး နိမ့်ကျသော ပစ္စည်းများပါဝင်နေခြင်း၊ ဝိုင်ယာကြိုး များ ကောင်းမွန်မှုမရှိခြင်း တို့ကြောင့် လုံခြုံမှု အန္တရာယ်များကို ဖြစ်ပေါ်စေနိုင်ကြောင်းလည်း Tom Godfrey က ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံတွင် The Michigan Department of Agriculture and Rural Development (MDARD) မှ စက်တင်ဘာလ ၁၂ ရက်နေ့၌ City Petroleum of Dearborn and Star Petroleum of Detroit  မှ ရောင်းချသည့် မော်တော်ယာဉ်သုံးဆီသည် The Michigan Weights and Measures Act, 1964 Public Act 283  ကို လိုက်နာမှု မရှိ ကြောင်းတွေ့ရှိရသဖြင့် အဆိုပါလုပ်ငန်းမှ မော် တော်ကားဆီအားရောင်းချခြင်း သို့မဟုတ် ရောင်း ချရန် ကမ်းလှမ်းခြင်း သို့မဟုတ် အသုံးပြုခြင်းနှင့်  transmission fluids အား ထုတ်လုပ်ထုပ်ပိုး ရောင်းချ ဖြန့်ဖြူးမှုတို့ကို ပိတ်ပင်တားမြစ်သည့် အမိန့်တို့ကိုထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ကုန်များသည် မော်တော် ယာဉ် အင်ဂျင်များအား ထိခိုက်ပျက်စီးစေသဖြင့် ၎င်းတို့အား အသုံးမပြုရန်၊ သိုလှောင်ထားသည့် နေရာများမှ ဖယ်ရှားရန်၊ ခင်းကျင်းပြသခြင်း မပြုရန်နှင့် ရောင်းချရန်ကမ်းလှမ်းခြင်း မပြုလုပ်ရန် တားမြစ် ထားခြင်း ဖြစ်ပါတယ်လို့ သိရပါတယ်။ MDARD မှ ၁၁ လကြာ စုံစမ်းစစ်ဆေးပြီးနောက် ဖော်ပြပါကုမ္ပဏီများမှ ရောင်းချတဲ့ မော်တော်ကား ဆီနဲ့  transmission fluids  များဟာ သတ်မှတ် အရည်အသွေးနှင့် ကိုက်ညီမှုမရှိတဲ့အပြင် ဘူးခွံ ပေါ်ရှိ တံဆိပ်အမှတ်အသားတွင် ဖော်ပြထား သည့် viscosity (အရည်ရဲ့အတွင်းလှည့်လည် ပွတ်တိုက်အားကို ဖော်ပြသည့် ပမာဏ) ကိုက် ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် ဘူးခွံပေါ်တွင် “SAE 5W30” motor oil ဟုဖော်ပြထား သော်လည်း မော်တော်ယာဉ်သုံးဆီတစ်ခုအတွက်သတ်မှတ်ထားသည့် viscosity သို့မဟုတ် အခြားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရခြင်းဖြစ်ပါ တယ်။ MDARD  ညွှန်ကြားရေးမှူးဖြစ်သူ Jamie Clover Adams ရဲ့ ပြောကြားချက်အရ အဆိုပါ ကုမ္ပဏီ ၂ ခုသည် စံချိန်စံညွှန်းမပြည့်ဝသော ထုတ် ကုန်များကို ရောင်းချလျက်ရှိပြီး ထုတ်ပြန်ထားတဲ့ အမိန့်များဟာ Michigan စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့ဝယ်ယူသည့် တန်ဖိုးနှင့် ညီမျှသည့် ပစ္စည်းကိုရယူနိုင်ပြီး ၎င်းတို့၏ယာဉ်များကို အကာအကွယ်ပေးရန် အတွက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဖော်ပြပါအမိန့်များအရ City Petroleum of Dearborn and Star Petroleum of Detroit မှ မော်တော်ယာဉ်သုံးဆီများနှင့် transmission fluids များကို Michigan ပြည်နယ်အတွင်း ရောင်းချမည် သို့မဟုတ် အသုံးပြုမည်ဆိုပါက ပြည်တွင်းအမိန့်စည်းကမ်းများနှင့်အညီ စွန့်ပစ်ရမည်ဖြစ်ကာ ဆီကို ပြန်လည် သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်မှုမရှိဘဲ ရောင်းချခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ ဆောင်ရွက်ပါက စားသုံးသူများအနေဖြင့် ကုမ္ပဏီသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ မော်တော်ယာဉ်သုံးဆီများနဲ့ transmission fluids  များကို သင့်လျော်စွာစွန့်ပစ်ရန်အတွက်သက်ဆိုင်သည့် သတင်း အချက် အလက်များကို http://www.earth911. org တွင် ကြည့်ရှုနိုင်ပါတယ်။ City Petroleum of Dearborn and Star Petroleum of Detroit ၏ ထုတ်ကုန်များကို မူလက အသေးစားဓာတ်ငွေ့အရောင်းဆိုင်များ၊ Discount  နှင့် Party စတိုးဆိုင်များနှင့် မော်တော်ယာဉ်ဆီရောင်းချသော ဆိုင် တန်းများတွင် ရောင်းချခဲ့ပါတယ်။ စားသုံးသူများ အနေနဲ့ မော်တော်ယာဉ်သုံးဆီဝယ်ယူခြင်းမပြုမီ www.michigan.gov/mdard အောက်ရှိ “ံHot News” ကဏ္ဍသို့ ဝင်ရောက်၍ ထုတ်ကုန်တံဆိပ် အမှတ်အသားဓာတ်ပုံများနှင့် သတိမူရမဲ့ သတင်း အချက်အလက် များကိုကြည့်ရှုနိုင်ပါတယ်။ဖော်ပြပါ ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချတဲ့ ထုတ်ကုန်များ အပေါ် အရေးဆိုတိုင်တန်းလိုပါက Michigan Attorney, General Consumer Protection Division, P.O. Box 30213, Lansing MI 48909, (517) 373-1140, or (877) 765-8388, www.michigan.gov/ag သို့မဟုတ် Michi-gan Department of Agriculture and Rural  Development, Consumer Protection Section, 940 Venture Lane, Williamston MI 48895, (800) 632-3835 သို့တိုင်တန်းနိုင် ကြောင်းလည်း သိရှိရပါတယ်။ ခြုံငုံလေ့လာကြည့်ပါက ထုတ်ကုန်လုံခြုံ စိတ် ချရမှုလုပ်ငန်းသည် စားသုံးသူ များအတွက်ရော စီးပွားရေး လုပ်ငန်းရှင်များအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးဖြစ် ထွန်းစေတဲ့လုပ်ငန်းဖြစ်ပါတယ်။ စားသုံးသူများအတွက် အတုအပကင်းဝေးပြီး အရည် အသွေးပြည့်မီသော ကုန်ပစ္စည်းများကို ဝယ်ယူ အသုံးပြုနိုင်ခွင့်ပေးအပ်ခြင်း ဖြင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှု ရှိတဲ့ ပတ်ဝန်းကျင်တွင် အေးချမ်းသာယာစွာ နေထိုင်နိုင်မည်ဖြစ်သကဲ့သို့ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း အရည်အသွေး အဆင့်အတန်း ပြည့်မီသော ထုတ်ကုန်များကို ထုတ်လုပ်နိုင်ကာ ဈေးကွက်အတွင်း ယှဉ်ပြိုင်စွမ်းအားမြင့်မား လာစေနိုင်မည်ဖြစ်ပါတယ်။ သို့ဖြစ်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်းဟာ အမျိုးသား အကျိုးစီးပွားအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေတဲ့လုပ်ငန်း တစ်ရပ် ဖြစ်ပြီး ပြည်သူအားလုံးမှ တာဝန်သိသိဖြင့် ဝိုင်းဝန်း ဆောင်ရွက်သွားရမည့် လုပ်ငန်း တစ်ရပ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။