Main menu

Background

ပုံဖော်သန္ဓေတည် ပို့ကုန်မြှင့်တင်ရေးဆီသို့

Tue, 10/15/2013 - 10:47 -- ydnar

ဆွေးနွေးပွဲ ပြီးဆုံး                အမျိုးသားပို့ကုန် မဟာဗျူဟာ လုပ်ငန်း စီမံချက် အလုပ်ရုံ ဆွေးနွေးပွဲ ဟာ အောက်တိုဘာလ ၁ ရက်နေ့က နေပြီး စတင်ကျင်းပခဲ့တာ အောက်တို ဘာလ ၁၁ ရက်နေ့မှာတော့ အောင်မြင် စွာ ပြီးဆုံးခဲ့ပါပြီ။ အလုပ်ရုံ ဆွေးနွေးပွဲ ပြီးဆုံးတဲ့အချိန်မှာတော့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကိုလည်း ကျင်းပပေး ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာလဲ သတင်းသမားတွေ စုံလင်စွာ တက် ရောက်လာကြသလို စိတ်ဝင်တစား မေးမြန်းခဲ့တာလဲ တွေ့ရပါတယ်။
 

ဆွေးနွေးပွဲတက်ရောက်မှု            ဒီတစ်ပတ် အလုပ်ရုံ ဆွေးနွေးပွဲ ဟာ တကယ်တော့ အမျိုးသားပို့ကုန် မဟာဗျူဟာ ရေးဆွဲရေး အတွက် လို အပ်နေတဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ ထဲက ထုတ်လုပ် (စိုက်ပျိုး/စက်ရုံ/ ဝန် ဆောင်မှုပါဝင်) သည်မှနေ၍ စားသုံးသူ (ပြည်တွင်း/ပြည်ပ) လက်ထဲရောက် သည်အထိ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် (သယ်ယူပို့ဆောင်သူ/အလုပ်သမား) ပါဝင်ပြီး ပုဂ္ဂလိက ကဏ္ဍဘက်က ဖြစ် နေတဲ့တွေ့နေတဲ့အခက်အခဲ၊ လက်တွေ့ ဆောင်ရွက်နေတဲ့ အတွေ့အကြုံတွေ ကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု စင်တာက ပညာရှင်တွေနဲ့ ဌာနဆိုင်ရာ တွေပါဝင်ပြီး လွတ်လပ် ပွင့်လင်းစွာ ပုဂ္ဂလိကတွေရဲ့ ပြောဆိုချက်တွေကို ရယူအတည်ပြုခဲ့ကြတာပါ။ဘယ်ပုံစံနဲ့တူမလဲ သတင်းသမား တစ်ယောက်က မေးလာတယ်။ အခု ရေးဆွဲနေတဲ့ ပို့ ကုန် မဟာဗျူဟာက ဘယ်နိုင်ငံက ပုံစံနဲ့တူမလဲတဲ့၊ မတူပါဘူး ဘယ်နိုင်ငံရဲ့ ပုံစံမှ ပုံတူကူးတာ မဟုတ်ပါဘူး။ တူတာ လေးတွေလဲ ပါမှာပေါ့၊ မတူတာတွေလဲ ပါမှာပေါ့။ အခု ရေးဆွဲနေတာက ကျွန်တော်တို့ နိုင်ငံရဲ့ ရေမြေသဘာဝ၊ ထုတ်ကုန်ပစ္စည်း၊ ရောင်းချနေတဲ့ နိုင်ငံ တွေ ထိုးဖောက်မဲ့ ဈေးကွက်၊ ထိုး ဖောက်ရမဲ့ ဈေးကွက်၊ ပတ်ဝန်းကျင်အ ခြေအနေတွေပေါ်မှာ မူတည်ပြီး ပို့ကုန် မဟာဗျူဟာကို မြန်မာနိုင်ငံအ တွက် ရေးဆွဲ အကောင်အထည် ဖော်ဖို့ ဆောင်ရွက် နေတာပါ။  အဓိက ကတော့ မိမိတို့ရဲ့ပို့ကုန်တွေကို တိုးမြှင့် တင်ပို့နိုင်ဖို့ ယှဉ်ပြိုင်နိုင်စွမ်းအားမြင့်မား ဖို့အတွက် အဓိက ဆောင်ရွက်သွားမှာ ပါ။ ဒါမှလဲ ပို့ကုန်တွေ ပိုမိုတင်ပို့နိုင်ပြီး ဈေးကွက်ဝေစုတွေ ပိုရလာမှာ ဖြစ်ပါ တယ်။အခု ဆောင်ရွက်နေတဲ့ ကုန်စည်တွေ ပဲလား လက်ရှိဆောင်ရွက်နေတာက အဓိက ပို့ကုန် (ကုန်စည်)၅ မျိုးအဖြစ် ဆန်၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ သစ်တော ကဏ္ဍ၊ရေထွက်ပစ္စည်း၊ အထည်အလိပ် လုပ်ငန်းနဲ့ဖွံ့ဖြိုးမှုအလားအလာကောင်း တဲ့ ကုန်စည်ထဲက ရော်ဘာ၊ ဝန်ဆောင် မှု ကဏ္ဍက ခရီးသွား လုပ်ငန်းတွေ အတွက်ပဲ ဆောင်ရွက်မှာလားတဲ့။ မဟုတ်ပါဘူးဗျာ၊ ဒါတွေက ပထမ အ ဆင့်ပါ။ ဒါတွေပြီးရင် နောက်ထပ်ကုန် စည်တွေ တစ်မျိုးပြီး တစ်မျိုးဆက်ပြီး ဆောင်ရွက်ရမှာပါ။ နိုင်နိုင်နင်းနင်း လုပ် နိုင်အောင်လို့ တစ်ပိုင်းချင်း ဆောင်ရွက် သွားမှာ ပါ။ အခုလက်ရှိ ကဏ္ဍ ၆ ခု အတွက်တောင်အစဆိုတော့တော်တော် လေး အကြိတ်အနယ် စိတ်ဝင်တစား၊ လွတ်သွားတာ မရှိအောင် ဆောင်ရွက် နေကြရတာပါ။ဘယ်တော့ပြီးမလဲ အခုလုပ်နေတာ ဘယ် တော့ပြီးမလဲဆိုတာလဲ မေး လာပါတယ်။ အခုဒီဟာကို စတင် ဆောင်ရွက်ခဲ့တာက မြန်မာနိုင်ငံက ၂၀၁၃ ခု မေလ ၂ ရက် နေ့က လို့ပဲ ပြောရမှာ ပါ။ ဒီလုပ်ငန်း စဉ်က အဆင့် ၄ ဆင့်ပါတာပါ။ ပထမ အဆင့်က အကြိုညှိနှိုင်း ဆွေးနွေးခြင်း (Pre Engagement Phase)၊ ဒုတိယ အဆင့်က အသေးစိတ်ညှိနှိုင်း ဆွေး နွေးခြင်း (Inception Phase) ၊ တတိယအဆင့်က မဟာဗျူဟာရေးဆွဲ ခြင်း (Design Phase)၊ စတုတ္တအဆင့် ကတော့ အကောင်အထည်ဖော်ခြင်း (Implementation Management Phase) ပဲဖြစ်ပါ တယ်။ အခု ၄ ပတ် အတွင်းမှာ ပြည်တွင်းမှာ ဆွေးနွေးပွဲ တွေ ဆက်ကျင်းပ တွေ့ဆုံဆွေးနွေး၊ ပညာရှင်နဲ့ ဆက်သွယ် အပြန်အလှန် ဆွေးနွေးပြီးတော့ ဟာကွက်ပျော့ကွက် အနည်းဆုံးနဲ့ အများဆုံး ပြီးပြည့်စုံ အောင်ထောင့်စေ့တဲ့ စီမံချက် တစ်ခု ဖြစ်အောင် ဆောင်ရွက် နေရတာမို့ ၂၀၁၃ ဒီဇင်ဘာလလောက်မှာတော့ ပြီးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပြီး ရင်တော့ အကောင်အထည် ဖော်ခြင်း အပိုင်းကို ဆက်လုပ်သွားရမှာပါ။ ၅ နှစ်ကာလ ဖြစ် ပါတယ်။ပထမအကြိမ် အလုပ် ရုံ ဆွေးနွေးပွဲ က ဘာအဖြေထွက်သလဲ ပထမ အကြိမ် အလုပ်ရုံ  ဆွေး  နွေးပွဲက ၂၀၁၃ ခုမေလ ၂ ရက်နေ့က နေ ၄ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပခဲ့တာပါ။ ဒီမှာလဲ အစိုးရ ဝန်ကြီး ဌာနများ၊ ကဏ္ဍစုံက ပုဂ္ဂလိက လုပ်ငန်း ရှင်တွေ၊ ထုတ် လုပ်သူတွေ၊ ရောင်းချသူ တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၈၁ ဦးတက်ရောက်ပြီးတော့ ဆွေးနွေးခဲ့ပါ တယ်။ ဒီပွဲမှာ ဖော်ထုတ်နိုင်ခဲ့တာက အမျိုးသား ပို့ကုန် မဟာဗျူဟာအတွက် မျှော်မှန်းချက် (Vission) မဟာဗျူဟာ ဦးတည်ချက် (Stategic Objechives) ဦးစားပေး အကောင်အထည်ဖော်မဲ့ ကုန်စည်များ (Priority Sector-goods) ဦးစားပေးအကောင်အထည်ဖော်မည့် ဝန်ဆောင်မှု များ (Priority Sector-services)  ဖွံ့ဖြိုးရန် အလားအလာကောင်းမည့် ကုန်စည်  (Emerging Sector) ဦးစားပေး ကဏ္ဍများအောင်မြင်ရန် အထောက်အကူပြုမဲ့ ကဏ္ဍများ (Cross Sector) စတာတွေကို အကောင်အထည်ဖော် ခဲ့ပါ တယ်။ ဒါ့အပြင် အထက်ကဆွေးနွေးချက်တွေ ရွေး ချယ်မှုတွေကို ဆက်လက်ပြီး အဆင့်လိုက်လုပ်ငန်း တွေတိုင်း အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ဖို့အတွက် ရွေးချယ်ထားတဲ့ဦးစားပေးကုန်စည် ဝန်ဆောင်မှုကဏ္ဍ အထောက်အကူပြုကဏ္ဍတွေ အတွက် ကိုယ်စားပြုတာဝန်ယူဆွေးနွေးဆောင် ရွက်နိုင်ဖို့ကို အစိုးရဌာနများနဲ့ ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်သူတွေပါဝင်ပြီးတော့ လုပ်ငန်းအဖွဲ့ (Sector Team)  တွေ တွေဖွဲ့စည်းတာ၊ တာဝန်ခံ ညှိနှိုင်းရေးမှူးတွေ (Team Coordinatiors)  တွေ သတ်မှတ်ဖွဲ့စည်းတာတွေလဲ ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကရော အခုဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကရော ဘာတွေအဖြေထွက်သလဲဆိုတာကိုလဲ မေးလာပါ တယ်။ အဖြေတွေကတော့ ထွက်ပါတယ်။ အလုပ် ရုံဆွေးနွေးပွဲကာလအတွင်းမှာ ပွင့်လင်းမြင်သာပြီး တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ပြော ဆိုဆွေးနွေးခဲ့တာကြောင့် ကဏ္ဍအလိုက်ဦးစားပေး ကုန်စည်အလိုက် မျှော်မှန်းချက်၊ ဦးတည်ချက်ရဲ့ အကောင်အထည်ဖော်ဆောင်ရွက်မဲ့ အစီအစဉ် အသေးစိတ် (Plan of Action) တွေကို ဖော်ထုတ် ခဲ့ကြတာပါ။ ဒါပေမဲ့ အခုဟာက အကြမ်းအဆင့် သာရှိသေးပြီး ဒီ့ထက်တိကျသေချာအောင် နောက်ထပ် ၄ ပတ်တိတိကို သက်ဆိုင်ရာအပိုင်း ကဏ္ဍတွေအလိုက် ဆွေးနွေးပြင်ဆင်ကြရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ အသေးစိတ်ထုတ် ဖော်ပြောကြားခြင်း မပြုသေးတာဘဲဖြစ်ပါတယ်။ဆွေးနွေးချက်တွေက တချို့သော  သတင်းသမားတွေက  ဒီလို မဟာဗျူဟာရေးဆွဲရာမှာအခြားသော အခက်အခဲ တွေကို ထည့်သွင်းစဉ်းစားသင့်တာတွေ ဥပမာပြ ပေးလာပါတယ်။ သူတို့ပြောတာတွေအတွက်က တော့ အပြည့်အစုံပါပြီးသားပါ။ လွတ်သွားတာမရှိ အောင် ရေပက်မဝင်ဖြစ်နိုင်အောင် စဉ်းစားဆောင် ရွက်ခဲ့ကြတာပါ။ အဓိကကုန်စည် ၅ မျိုးနဲ့ ဝန် ဆောင်မှုကဏ္ဍတစ်မျိုး ဖွံ့ဖြိုးရန် အလားအ လာရှိတဲ့ ကုန်စည်တွေအတွက် ဆောင်ရွက်တဲ့အ ခါမှာ မဖြစ်မနေပါဝင်ပတ်သက်လိုအပ်နေတဲ့ဟာ တွေအတွက် အထောက်အကူပြုကဏ္ဍ (Cross Sector) ဆိုပြီးတော့ ကုန်သွယ်မှုဆိုင်ရာငွေကြေး ဝန်ဆောင်မှု (Trade Financing) ကုန်သွယ်မှုသ တင်းအချက်အလက်နှင့် ကုန်သွယ်မှုမြှင့်တင်ရေး (Trade Information and Trade Promotion) အရည်အသွေးစီမံခန့်ခွဲခြင်း  (Quality Management)  ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရေးနဲ့ ကုန် စည်သယ်ယူပို့ဆောင်ရေး (Trade Facilitation)  တွေကို ထည့်သွင်းဆောင်ရွက်ထားခဲ့တယ်။ ဒီ ကဏ္ဍတွေနဲ့ ပတ်သက်လာရင်လဲ ကုန်စည်တွေနဲ့ ဌာနဆိုင်ရာတွေဘက်၊ ပို့ဆောင်ရေးအသင်းဖွဲ့မျိုး စုံစသည်ဖြင့် အားလုံးသော သူတွေပါဝင်ဆွေးနွေး တာပါ။ ဒါကြောင့် ပို့ကုန်မြှင့်တင်ရေးနဲ့ သက်ဆိုင် တဲ့ဌာန၊ အဖွဲ့အစည်း၊ လူမှုရေးအသင်းဖွဲ့များအ ပြင် ပညာရှင်၊ လက်တွေ့ဆောင်ရွက်နေသူများ ပါဝင်ထားတာမို့ ဟာကွက်မရှိသလောက်နီးပါး ဆောင်ရွက်ထားခဲ့ပြီးဖြစ်ပါတယ်။ဆွေးနွေးဖော်ထုတ်တဲ့ ပုံသဏ္ဍာန် ဆွေးနွေးဖော်ထုတ်ရာမှာ ပထမဆုံးကတော့ နောက်ခံသမိုင်း (Background History) ကို စတင်လေ့လာပါတယ်။ ဒီလေ့လာချက်ကနေပြီး တော့မှ ပို့ကုန်ဈေးကွက်ကိုလေ့လာမှုပြုကြပါတယ်။ ဒီကနေပြီး ဒီကဏ္ဍမှာပါဝင်ပတ်သက်နေသူတွေ ပါ ဝင်တဲ့အဖွဲ့အစည်း၊ အဓိကပါဝင်လုပ်ဆောင်နေသူ တွေကို ဖော်ထုတ်ပြီးတော့ ကုန်စည်စီးဆင်းမှုပုံပြ ဇယား Value Chain Map  ကိုရေးဆွဲခဲ့ကြတာပါ။ ဒီ Map  ကနေပြီးတော့မှအဓိကပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို (အစိုးရ၊ ပုဂ္ဂလိက၊ အသင်း အဖွဲ့) တွေ ကို ထုတ်ဖော်ခဲ့ပါတယ်။ ထုတ်ဖော်ပြီး တော့မှ Supply Side  က issue  တွေ Business Environment issue တွေ market Entry issue   တွေကို တစ်ပိုင်းချင်း၊ ကဏ္ဍ တစ်ခု ချင်းစီမှာ ဖော်ထုတ်ကြပါတယ်။ ဒီဖော်ထုတ်ရရှိ ချက်တွေပေါ်မှာ အပြန်ပြန် အလှန်လှန် ဆွေနွေး သုံးသပ်ကြပြီးတော့မှဘဲ ပြဿနာများ ဇယား (ပုံပြကားချပ်) (Problem Tree)  တွေကိုရေးဆွဲ ဖော်ထုတ်ကြပါတယ်။ ဒီနောက်မှာ တော့ ကမ္ဘာ့ ဈေးကွက်ရဲ့ လိုအပ်ချက်တွေပေါ်မှာ မူတည်ပြီး တော့ မိမိတို့ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် စဉ်းစားဆွေးနွေးကြရပါတယ်။ ဥပမာအားဖြင့် တော့ ဆွေးနွေးခဲ့တာတွေ၊ ဆွေးနွေးချက်တွေက နေပြီးတော့၊ ပို့နေကြ ကုန်စည်ကို ပို့နေကျ ဈေးကွက်ကို တိုးမြှင့်တင်ပို့ဖု့ိ (Existing Product to Old Markets) ပို့နေကျကုန်စည်ကိုပဲ ဈေးကွက်သစ်ကိုတင်ပို့ခြင်း (Existing Products to New Markets) ကုန်စည်/ထုတ်ကုန် အသစ်ကို ပို့နေကျဈေးကွက်ကိုတင်ပို့ခြင်း၊ (New Products to Old Markets) ကုန်စည် ထုတ်ကုန်အသစ်ကိုဈေးကွက်အသစ်ကို တင်ပို့ခြင်း (News Products to New Markets)  ကို အဖြေထုတ် စဉ်းစားကြရပါတယ်။ ဒါဆိုရင် ဘယ် ဈေးကွက်ကို ပို့မှာလဲ (Products) ဘယ်ထုတ်ကုန်ပို့မှာလဲ (Target Market) ဘာကြောင့် ပို့မှာလဲ(How?) ဘယ်လိုပို့မှာလဲ (Why?) ဆိုပြီးတစ်ဆင့်ခြင်း စဉ်းစားရပါတယ်။ ဒီလို စဉ်းစားနိုင်ဖို့အတွက်ကလဲ  ရှေ့မှာ ဆွေးနွေး ခဲ့တဲ့ အချက်တွေထဲက ဆွေးနွေးချက်တစ်ခုပါဘဲ၊ ဆိုလို ချင်တာတော့ အသေးစိတ် စဉ်းစားဆွေး နွေးကြ တယ် ဆိုတာပါပဲ။ ဒီလိုအဆင့်ဆင့်ဆွေးနွေး ဖော် ထုတ်ချက်တွေထဲကနေ အခက်အခဲပြဿနာ ဖြေရှင်းရန်များကို ထပ်မံဖော်ထုတ်ပြီးတော့မှ အဓိက ကဏ္ဍအလိုက်အတွက် မျှော်မှန်းချက် (Vission) ဦးတည်ချက်  (Strategic Objectives) တွေကိုဆွေးနွေးချမှတ်ကြတာပါ။ နောက် ဆုံး အဆင့်မှာတော့ ဆွေးနွေးချက်တွေအပေါ်က ရရှိတဲ့ ပြဿနာတွေ မျှော်မှန်းချက်၊ ဦးတည်ချက် တွေကို အခြေခံပြီးတော့ အကောင် အထည်ဖော်မဲ့ အစီအစဉ်အသေးစိတ်ကို ဆွေးနွေး ချမှတ်ခဲ့ကြ တာပါ။ဆက်လက်ဆောင်ရွက်မည့်အစီအစဉ် ဒီမဟာဗျူဟာရေးဆွဲမှု (Design Phase)ဟာအဆုံးသတ်ပြီးစီးသွားပြီတော့ မဟုတ်သေးပါ။ အခုထွက်ရှိလာတဲ့ အကြမ်းထည်ပေါ်မှာ နောက် ထပ် ၄ ပတ်တိတိ ဆက်လက်ဆွေးနွေးပြီး ပြင်ဆင် တာ၊ ဖြည့်စွက်တာ၊ မှားယွင်းမှုမရှိအောင် စစ်ဆေး တာတွေ ဆက်လက်ဆောင်ရွက်နေရဦးမှာပါ။ ဒီလိုဆွေးနွေးဆောင်ရွက်ပြီးတော့ လက်တွေ့ဆောင် ရွက်ရမဲ့ စီမံချက် (Plan of Action) ကိုအပြီးသတ် ရေးဆွဲနိုင်ရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု စင်တာ (ITC) နဲ့ ဆက်သွယ်ဆောင်ရွက်နေရမှာ ပါ။ ဒီလိုဆောင်ရွက်ပြီးထွက်ပေါ်လာတဲ့ စီမံချက် ကို နိုဝင်ဘာလအတွင်း တတိယပတ်ဝန်းကျင်မှာ တော့ National Plan of Action ကို အတည် ပြုနိုင်ဖို့အတွက် တတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲ ကိုနိုင်ငံတကာကုန်သွယ်မှုစင်တာနှင့် ပူးပေါင်း၍ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ဘာအကျိုးရှိမလဲ ဒီမဟာဗျူဟာရေးဆွဲပြီးသွားရင် ဘာအကျိုး ကျေးဇူးရှိမလဲလို့ သတင်းသမားတစ်ယောက်က ရိုး ရှင်းသော အမေးတစ်ခုကိုမေးလာပါတယ်။ အကျိုး ရှိတာပေါ့ အခုကအရင်လိုလဲ မဟုတ်တော့ ပြည် တွင်းပြည်ပကန့်သတ်မှု၊ ပိတ်ပင်တားဆီးမှုတွေမရှိ တော့တဲ့အချိန်မှာ ကုန်သွယ်မှုဟာ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်တယ် ဆိုတဲ့အတိုင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ဖို့အတွက် စနစ်တကျစီမံချက်ချဆောင်ရွက်ရမှာပါ။ ဒါကြောင့်အခုအမျိုးသားပို့ကုန်မဟာဗျူဟာကြောင့် ကုန် သွယ်မှုတိုးတက်လာမယ်၊ ကုန်သွယ်မှုတိုးတက်လာ ရင် တိုင်းပြည်တည်ဆောက်ရေး၊ ထူထောင်ရေး အားလုံးမှာ အထောက်အကူပြုလာမယ်။ အလုပ် အကိုင်အခွင့်အလမ်းတွေပေါများလာမယ်။ ဆင်း ရဲနွမ်းပါးမှုလျှော့ကျလာစေမယ်။ နည်းပညာတွေရ လာမယ် စသည်ဖြင့် တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီး တော့ရော အများကြီးအကျိုးရှိလာမှာ ဖြစ်ပါတယ်။အားလုံးပါဝင်ကူညီဖို့လို အခုအမျိုးသားပို့ကုန်မဟာဗျူဟာရေးဆွဲမှု ဟာ အချိန်ယူအဆင့်ဆင့်ဆွေးနွေး၊ ကဏ္ဍအစိတ် အပိုင်းအသီးသီးက လူတွေပါဝင်ဆောင်ရွက်နေကြ ရတာဖြစ်ပြီး၊ အမျိုးသားပို့ကုန်မဟာဗျူဟာ ပေါ် ထွက်လာရေး၊ ပေါ်ထွက်ပြီးရင်လဲ မဟာဗျူဟာ တိုင်းဆောင်ရွက်နိုင်ဖို့အတွက်ကတော့ အစိုးရဌာန အားလုံး အသင်းအဖွဲ့အားလုံး၊ လုပ်ငန်းရှင်အားလုံး၊ ကဏ္ဍအသီးသီးကနေ ပူးပေါင်းပါဝင်ကူညီဆောင် ရွက်မယ်ဆိုရင်တော့ "ထွန်းသစ်စမြန်မာနိုင်ငံ အတွက် ပို့ကုန်ဦးဆောင်သည့် စဉ်ဆက်မပြတ် တိုးတက်မှုနှင့် ကြွယ်ဝမှုဆီသို့ (SustainableExport-led Growth and Prosperity for  Emerging Myanmar) ရောက်ရှိမှာ မလွှဲမသွေ ဖြစ်ပါကြောင်း။အမျိုးသားပို့ကုန်မဟာဗျူဟာရေး ဆွဲရေးလုပ် ငန်းနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ မေးမြန်း ခြင်းများ ပြုလုပ်လိုပါက အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။-ဦးအောင်စိုး (ဒုတိယညွှန်ကြားရေးမှူးချုပ် - ၀၉၄၂၀၇၀၅၇၇၈)-email;aungsoe2005@gmail.com-ဦးဝင်းမြင့်(ညွှန်ကြားရေးမှူး၀၉၄၉၂၂၁၀၄၈)-email;2008winmyint@gmail.com-ဒေါ်နော်မူတာကပေါ (ညွှန်ကြားရေးမှူး - ၀၉၅၀၆၂၈၁၉)-email;mutakapaw@gmail.com-ဒေါ်သီတာဝင်း(လက်ထောက်ညွှန်ကြားရေးမှူး ၀၉၅၀၉၁၈၂၁)-email;thidarwinhtay@gmail.com-ဒေါ်ဖြူဖြူစိန်(လက်ထောက်ညွှန်ကြားရေးမှူး ၀၉၅၀၁၃၉၆၁)-email;miemiestar@gmail.com