Main menu

Background

၁၃/၁၄ ဘဏ္ဍာနှစ်ဝက် ကုန်သွယ်မှုအခြေအနေ

Tue, 10/29/2013 - 14:08 -- ydnar

ဖြေလျှော့တာတွေအများကြီး နိုင်ငံတော်အနေဖြင့် ပြုပြင် ပြောင်းလဲမှုများစွာကို ဆောင်ရွက် နေတာကိုတော့ မည်သူမျှ မငြင်းနိုင်ပါ။ ထိုသို့ ပြုပြင်ပြောင်းလဲမှုများစွာတွင် စီးပွားရေးနှင့် ပတ်သက်ပြီး၊ ပြုပြင် ပြောင်းလဲခဲ့မှုမှာ ကုန်သည်များအလိုကျ ဆောင်ရွက်ပေးထားတယ်လို့ပင် ပြော ရင်မမှားနိုင်ပါဘူး။ မလိုက်လျှောတာ ဆိုလို့ အပြည်ပြည်ဆိုင်ရာနဲ့ ဆက်နွယ် လိုက်လိုက်နာရတာရယ် အမျိုးသား အကျိုးစီးပွားတွက် ကာကွယ်ရမှာတွေ ကိုဘဲ ကန့်သတ်ထားခဲ့တာ ပါလို့ ပြော ရမှာပါဘဲ။ တချို့လဲ အချိန်မကျသေး တာရယ်၊ မည်သူတစ်ဦး တစ်ယောက်ကို မှ မထိခိုက်ရအောင် ဆောင်ရွက်ရတာ တွေကြောင့် ကျန်နေတာတွေတော့ရှိ တာပေါ့။

ကုန်သွယ်မှုအခြေအနေ ကုန်သွယ်မှုဟာ တစထက်တစ် တော့ တိုးတက်လာတယ်လို့ ပြောရမှာ ပါဘဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ စာ ကိန်း ဂဏန်းတွေကို ကြည့်ရင် တိုးတက်နေ တယ်ဆိုတာတော့ မမှားပါဘူး။ ဒီလို တိုးတက်မှုတွေကို အသေးစိတ် ခွဲခြမ်း စိတ်ဖြာကြည့်ပြီး၊ အားသာချက် အား နည်းချက်တွေ ဖော်ထုတ်ပြီးတော့ အားသာချက်ကို ပိုမိုတိုးတက်အောင် အာနည်းချက်တွေကို အားသာချက် ရအောင် ဖော်ထုတ်ပြုပြင် အစဉ်တိုး တက်အောင် ဆောင်ရွက်ဖို့ လိုမှာဘဲ ဖြစ်ပါတယ်။ ၁၃/၁၄  ကုန်သွယ်မှု အခုဆိုရင် ကုန်သွယ်မှုဟာ ဘဏ္ဍာနှစ်ရဲ့ ပထမနှစ်ဝက်ဖြစ်တဲ့ ၆ လ ကာလပြီးဆုံးခဲ့ပါပြီ။ ဒီအချိန်မှာ ကုန်သွယ်မှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၁၂၆၀၉ ဒမသ ၂၂၄ သန်း ရှိတာ တွေ့ရပါတယ်။ ဒါကြောင့် မနှစ် က ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကာလ တူတုန်းက ကုန်သွယ်မှုပမာဏဟာ ၉၅၉၆ ဒသမ ၃၉၅ သန်းဖြစ်တာ ကြောင့် ဒီနှစ်မှာ တော့ ယခင်နှစ်က ထက် US$ ၃၀၁၂ ဒသမ ၈၆၅ သန်းပိုမိုတိုးတက်ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့လို့ ပို့ကုန် ပမာဏက US$ ၅၆၈၁ ဒသမ ၂၄၅ သန်းဖြစ်ပြီး၊ သွင်းကုန်က US$ ၆၉၂၇ ဒသမ ၉၀ သန်းဖြစ်တာကြောင့် ကုန် သွယ်မှုကို ငွေ ၁၂၄၆ ဒသမ ၇၁၆ သန်းဖြစ်တာကို တွေ့ရပါတယ်။ ကုန် သွယ်မှုလိုငွေပြနေတယ် ဆိုတာလဲ     (Trade Sector တစ်ခုထဲဖြစ်ပြီး Service   က မပါသေးပါဘူး) တွေ့ရပါ တယ်။ ပို့ကုန်အခြေအနေ မြန်မာနိုင်ငံရဲ့ ပို့ကုန်ကဏ္ဍ နှစ်စဉ် တိုးတက်တင်ပို့နိုင်တာကို ပို့ကုန်တစ်ခု လုံး ခြုံကြည့်ရင် မှန်ပါတယ်။ ဒါပေမဲ့ တချို့သော အမယ်တွေဟာ လျှော့ကျ သွားတာလဲ တွေ့ရပါတယ်။ မြန်မာနိုင်ငံ ရဲ့ ပို့ကုန်ကိုကြည့်ရင် အခုဘဏ္ဍာနှစ် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ပထမ ၆ လ ပတ်ကာလမှာတော့ စုစုပေါင်း အမေ ရိကန်ဒေါ်လာ ၅၆၈၁ ဒသမ ၂၅၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး၊ ယခင် ဘဏ္ဍာနှစ် ကာလတူမှာ ပို့ကုန် US$ ၄၆၈၇ ဒသမ ၄၈ သန်းဖိုးသာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုနှစ်မှာတော့ ကာလတူနိုင်းယှဉ်ရင် US$  ၉၉၃ ဒသမ ၇၇၄ သန်း၊ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရပါတယ်။ပို့ကုန်အုပ်စုလိုက် နှိုင်းယှဉ်ရင် ပို့ကုန်တင်ပို့ရာမှာ ကုန်သွယ်မှုမှာ တော့ ပို့ကုန်ကဏ္ဍ (၇) ရပ်ခွဲခြားထား ပါတယ်။ အဲဒါတွေကတော့ လယ်ယာ ထွက်ကုန်၊ တိရစ္ဆာထွက်ပစ္စည်း၊ ရေ ထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန် ချောနဲ့ အခြားဆိုပြီး၊ ခွဲခြားထားတာ ဖြစ်ပါတယ်။ အခုပထမ ၆ လပတ် ကာလမှာတော့ အများဆုံးတင်ပို့ခဲ့တဲ့ အုပ်စုကတော့ စက်မှုကုန်ချောအုပ်စု ဖြစ်ပြီး၊ စုစုပေါင်း US$ ၂၄၅၄ သန်း ကျော် တင်ပို့ထားပါတယ်။ ဒုတိယ ကတော့ လယ်ယာထွက်ကုန်အုပ်စု US$ ၁၂၅၀ သန်းကျော်၊ တတိယ သတ္ထုတွင်းထွက်ပစ္စည်း US$ ၁၁၃၁ သန်းကျော် တင်ပို့ထားခဲ့ပါတယ်။ ပို့ ကုန်အုပ်စုအလိုက် တင်ပို့မှုအခြေအနေ ကို မနှစ်ကဘဏ္ဍာနှစ်နဲ့ ယခုဘဏ္ဍာ နှစ်နှိုင်းယှဉ် လေ့လာတဲ့အခါမှာတော့ မနှစ်ကနဲ့ ကာလတူနှိုင်းယှဉ်တဲ့အခါမှာ စက်မှုကုန်ချော၊ သတ္ထုတွင်းထွက်နဲ့ အခြားအမယ်များက ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ ကျန်အုပ်စုများက တော့ ယခင်နှစ်ကထက် လျော့ကျခဲ့ ပါတယ်။ (ဇယား ၁ မှာ ကြည့်ရန်)လယ်ယာထွက်ကုန် လယ်ယာထွက်ကုန်အုပ်စုကို လေ့ လာတဲ့အခါမှာတော့ ယခင်ဘဏ္ဍာနှစ် က ပထမ ၆ လကာလအတွင်း တင်ပို့ မှုဟာ US$ ၁၂၆၀ သန်းကျော်ရှိပြီး၊ ယခုဘဏ္ဍာနှစ် ပထမ ၆ လကတော့ US$ ၁၂၅၀ သန်းကျော်သာ တင်ပို့နိုင် ခဲ့တာကြောင့် လယ်ယာထွက်ကုန် ကဏ္ဍက US$ ၁၀ သန်းကျော် လျော့ နည်းခဲ့တာတွေ့ရပါတယ်။ ပို့ကုန် တန် ဖိုးလျှော့နည်းတာတင် မဟုတ်ပါဘူး။ မနှစ်ကထက် ဆန်တင်ပို့တန်ချိန်မှာလဲ တန်ချိန် ၂၇၄၈၀၀ ကျော်လျှော့နည်း တာတွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ ဆန်တန်ချိန် ၇၃၈၃၀၀ ကျော်တင်ပို့ခဲ့ပြီး၊ ယခုနှစ်မှာတော့ တန်ချိန် ၄၆၃၅၀၀ ကျော်သာ တင်ပို့ ပါသေးတယ်။ ဒါဟာလဲ အခြေအနေ တွေ အများကြီးရှိမှာပါ။ ဆန်ပြည်ပ တင်ပို့မှု လျော့ကျရတာနဲ့ ပတ်သက်ပြီး တော့ "ဆန်ပြည်ပကို တင်ပို့မှုလျော့ကျ ရတဲ့အကြောင်းက အရင်က ဗီယက်နမ် အနေနဲ့ တရုတ်ပြည်ကို Border ကနေ ဆန်ရောင်းခွင့်ပြုတယ်။ အိမ်နီးချင်း နိုင်ငံတွေက ဆန်တွေ ထွက်တယ်၊ ဗီယက်နမ်မှာလည်း ဆန်တွေ ထွက် တယ်၊ ထိုင်းကလည်း လက်ကျန်ဆန် တွေကို ဈေးချရောင်းနေတယ်။ ကမ္ဘာ့ ဆန်ဈေးကလည်းကျနေတော့ ဆန်ဝယ် ယူသူတွေအနေနဲ့ ဈေးကွက်ကို စောင့် ကြည့်နေတာကြောင့် ပြည်ပသို့ ဆန် တင်ပို့မှု လျော့ကျခဲ့လို့" ဆန် Exporter  တစ်ဦးဖြစ်တဲ့ ဦးလူမော်မြင့်မောင်က ပြောပါတယ်။ အလားတူ ပဲမျိုးစုံ တင် ပို့မှုကို လေ့လာတဲ့အခါမှာလဲ ယခင်နှစ် ကာလတူမှာ US$ ၅၇၂ သန်းကျော်ဖိုး တင်ပို့ခဲ့ပြီး၊ ယခုနှစ်မှာတော့ US$ ၅၀၄ သန်းကျော်ဖိုးသာ တင်ပို့နိုင်ခဲ့တဲ့ အတွက်ကြောင့် US$  ၆၇ သန်းကျော် ဖိုး လျော့နည်း တင်ပိ့ုခဲ့တာ တွေ့ရပါ တယ်။ တင်ပို့တန် ချိန် နှိုင်းယှဉ်တဲ့အခါ မှာလည်း ယခင်နှစ်က ယခုအချိန်မှာ တန်ချိန် ၈၆၃၆၃၉ တန် ကျော် တင်ပို့ ခဲ့ပေမဲ့ ယခုဘဏ္ဍာနှစ် ကာလတူမှာ တော့ တန်ချိန် ၇၀၉၃၈၀ ကျော်သာ တင်ပို့နိုင်တဲ့အတွက် တန်ချိန် ၁၅၄၂၅၀ ကျော် လျော့နည်း တင်ပို့ခဲ့တာပါ။ ဒီလိုလျော့နည်းတာဟာ အဓိကအား ဖြင့် မတ်ပဲနဲ့ ပဲစင်းငုံက အဓိကဆိုတာ တွေ့ရပါတယ်။ မတ်ပဲက ယခင်နှစ်က ထက် တင်ပို့မှုတန်ချိန် ၅ သောင်းကျော် လျော့နည်းပြီး၊ ပဲစင်းငုံက တန်ချိန် ၈ သောင်းကျော် လျော့နည်းခဲ့ပါတယ်။ အဓိက အကြောင်းရင်း ကတော့ ပြည် တွင်းဈေးကွက်မှာ ဈေးတည်ငြိမ်မှု မရှိ တာကြောင့် ပြည်ပတင်ပို့နိုင်ခြင်းမရှိတာ လို့ သိရပါတယ်။ ကြာရင်ဈေးကွက်ဝေစု ကျဆင်းသွားမှာစိုးရပါတယ်။ ဒါကြောင့် လဲ ဈေးကွက်မပျက်ပြားအောင် ထိန်း ကြောင်းနိုင်ဖို့ ဝန်ကြီးဌာနနဲ့ ကုန်သည် သင်းဖွဲ့၊ ကုန်သည်ပူးပေါင်း ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ ပဲတင်ပို့မှု လျော့နည်းရတာနဲ့ ပတ်သက်ပြီး မတ်ပဲ အနေနဲ့ နှစ်စဉ်ပုံမှန်ထွက်နှုန်း အနေနဲ့ ၆ သိန်းခန့် ရှိပေမဲ့ ဒီနှစ်မှာတော့ အထွက်လျော့လို့ ၄ သိန်းခန့်ပဲ ထွက် တယ်လို့  ကျွမ်းကျင်သူတွေက ခန့်မှန်း ကြပါတယ်။ ပဲစင်းငုံနီအနေနဲ့ နှစ်စဉ် ပုံမှန် အထွက်က ၃ သိန်းခန့်ရှိပေမယ့် ဒီ ၂၀၁၃ ခုနှစ်မှာတော့ ၁၈၀၀၀၀ ခန့်ပဲ ထွက်လို့ ခန့်မှန်းကြတဲ့အတွက် အထွက် လျော့တယ်လို့ ပြောရမှာပါ။ အိန္ဒိယ ဘက်ကလည်း ဝယ်ယူမှုတွေ လျော့လာ တယ်။ ရူပီးငွေ ဖောင်းပွမှုရယ်၊ အိန္ဒိယ ဘက်မှာ စီးပွားရေးကျ ဆင်းလာတာ ရယ်ကြောင့် မတ်ပဲနဲ့ ပဲစင်းငုံနီ ပြည်ပ တင်ပို့မှု လျော့ကျလာတယ်လို့ပဲ Exporter ဦးမင်းကိုဦးက ပြောပါတယ်။ ရော်ဘာ ပန်းပန်လျက်ရှိနေတာကတော့ ရော်ဘာဘဲဖြစ်ပါတယ်။ ရော်ဘာက တော့ တစ်နှစ်ထက်တစ်နှစ် တိုးတက် တင်ပို့နိုင်သလို ငွေဝင်လဲကောင်းနေခဲ့ ပါတယ်။ ယခုနှစ် ရော်ဘာအနေနဲ့ US$ ၁၀၉ ဒသမ ၄ သန်းကျော်ဖိုး တင်ပို့လာနိုင်ပြီး၊ ယခင်နှစ်ကထက် ကန်ဒေါ်လာ ၈ သန်းကျော် ပိုမိုရရှိ နေပါပြီ။ တန်ချိန်အနေနဲ့ မနှစ်က ကာလတူမှာ တန် ၃၁၆၀၀ ကျော်တင်ပို့ ခဲ့ပြီး၊ ယခုဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၄၃၉၀၀ ကျော်တင်ပို့ထားတာကြောင့် တန်ချိန် ၁၀၀၀၀ ကျော် ပိုမိုတင်ပို့ ထားနိုင်ခဲ့ပါပြီ။ ရော်ဘာကတော့ စိုက် ဧကတွေတိုးချဲ့လာသလို အစေးလှီး တာတွေလဲ တိုးတက်လာတာကြောင့် တစ်နှစ်ထက်တစ်နှစ် ထုတ်လုပ်မှု ပိုလာသလို တင်ပိ့ုမှုလဲ ပိုပြီးလာမှာ တွေ့နေရပါတယ်။ ရော်ဘာကတော့ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ အကောင်းဆုံးဆိုတာ တွေ့ရပါတယ်။ ရော်ဘာအသင်း အနေနဲ့လည်း ပြည်ပ နိုင်ငံတွေကို လေ့လာရေးမှာ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းသလို ပြည်ပနိုင်ငံသားများ၊ အဖွဲ့အစည်းများ ပါဝင်ပြီး၊ ပြည်တွင်းမှာ အလုပ်ရုံဆွေး နွေးပွဲတွေ ဆောင်ရွက်ပြီး၊ ရော်ဘာပို့ ကုန်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နေ တာကိုလဲ အားရစရာတွေ့မြင်နေရပါ တယ်။ ဖွံ့ဖြိုးရန် အလားအလာရှိတဲ့ ကဏ္ဍဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်ပကို RSS Sheet တွေအနေနဲ့သာ တင်ပို့နေတာပါ။ ဒါတွေကို အဆင့်မြှင့် တင် တင်ပို့နိုင်ဖို့ ကုန်ချောပစ္စည်းတွေ ထုတ်ကုန်လုပ်နိုင်ဖို့တွက် ဆောင်ရွက် နိုင်ဖို့ လိုပါတယ်။ ပြောင်း၊ နှမ်း မြန်မာ့ပို့ကုန်ထဲက လယ်ယာထွက် ကုန်မှာ မှန်မှန်တိုးတက်လာတဲ့အထဲမှာ ပြောင်းနဲ့ နှမ်းလဲ ပါဝင်တာတွေ့ ရပါ တယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူတုန်း က ပြောင်းတင်ပို့မှုက US$ ၅၉ သန်း ကျော်သာရှိပေမဲ့ ယခုနှစ် ကာလတူမှာ တော့ US$ ၁၃၅ သန်းကျော်ဖိုး တင်ပို့ နိုင်ခဲ့တာကြောင့်၊ ယခင်နှစ်ကထက် နှစ်ဆကျော် ၃ ဆနီးပါးဖြစ်သွားခဲ့ပါ တယ်။ တင်ပို့မှုတန်ချိန်ကို ကြည့်တဲ့ အခါမှာလဲ ယခင်နှစ်ကာလတူမှာ တန် ချိန် ၁၈၉၇၀၀ ကျော်တင်ပို့ခဲ့ပြီး၊ ယခု နှစ်မှာတော့ တန်ချိန် ၃၇၈၉၀၀ ကျော် တင်ပို့ခဲ့ပြီးပါပြီ။ နှမ်းအနေနဲ့ကတော့  ယခင်နှစ်ကာလတူ ပထမ ၆ လမှာUS$ ၉၇ သန်းကျော်ဖိုး တင်ပို့ခဲ့ပြီး၊ ယခင်နှစ်ကာလတူ ပထမ ၆ လမှာ US$  ၁၇၄ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တင်ပို့တန်ချိန်မှာလဲ မနှစ် က ကာလတူမှာ တန်ချိန် ၆၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး၊ ယခုနှစ်မှာတော့ တန် ချိန် ၉၅၅၀၀ ကျော်တင်ပို့ခဲ့ပြီ ဖြစ်ပါ တယ်။  ရေထွက်ပစ္စည်း ယခင်ဘဏ္ဍာနှစ် ၂၀၁၂-၁၃ ပထမ ၆ လကာလမှာ ရေထွက်ပစ္စည်း အနေနဲ့ US$ ၃၈၄ သန်းကျော်ဖိုး တင်ပိ့ုနိုင်ခဲ့ပေမဲ့ ယခုနှစ် ၂၀၁၃-၂၀၁၄ ပထမ ၆ လပတ်မှာတော့ ရေထွက် ပစ္စည်းဟာ US$ ၂၇၅ သန်းကျော်ဖိုး သာ တင်ပို့နိုင်သေးကြောင်း တွေ့ရပါ တယ်။ ရေထွက်ပစ္စည်းတင်ပို့မှာဟာ ၇၆ သန်းကျော်ဖိုး လျော့နည်းခဲ့တာတွေ့ ရပါတယ်။ နာဂစ်ဖြစ်ပြီးနောက်ပိုင်း ထိ ခိုက်မှုရှိခဲ့တဲ့ရေထွက်ကဏ္ဍဟာ နာလန်  ထူအောင် အတော်ကြိုးစားခဲ့ရပါတယ်။ ရေထွက်သယံဇာတတွေ ယခင်ကလို ပေါပေါများများမရှိတာကြောင့် ပြည်ပ နိုင်ငံတွေက ရေထွက်ပစ္စည်းတွေကို တင်သွင်းပြီး CMP  စနစ်နဲ့ ထုတ်လုပ် ပြီး ပြန်လည်တင်ပို့နိုင်အောင် ကြိုးစား နေတာ တွေ့ရပါတယ်။ ယခုတော့ EU ဈေးကွက်ကို GSP အခွင့်အရေးနဲ့ တင်ပို့ခွင့်ရနေပြီဖြစ်လို့ အနာဂတ်ကာလ မှာ တိုးတက်လာမယ်လို့ ခန့်မှန်းပါ တယ်။သတ္ထုတွင်းထွက်ပစ္စည်း ပို့ကုန်ထဲမှာ တတိယ အများဆုံး တင်ပို့နိုင်တဲ့ အုပ်စုပဲ ဖြစ်ပါတယ်။ ယခင်ဘဏ္ဍာနှစ် ပထမ ၆ လပတ်သာ US$  ၃၅၂ သန်းကျော်ဖိုးတင်ပို့ခဲ့ပေမဲ့ ယခုနှစ်မှာတော့ ကာလတူမှာ ကန် ဒေါ်လာ US$  ၁၁၃၁ သန်းကျော်ဖိုး တင်ပို့တာကြောင့် ယခင်နှစ်ကထက်   ၃ ဆနီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ဒီကာလ မှာ ကျောက်မျက်ပြပွဲတွေကျင်းပရောင်း ချနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။သစ်တောထွက်ပစ္စည်း သစ်တောထွက် ပစ္စည်းအုပ်စု အနေနဲ့ ယခင်ဘဏ္ဍာနှစ် ၂၀၁၂-၂၀၁၃ ပထမ ၆ လကာလမှာ US$  ၃၆၂သန်း ကျော်ဖိုးတင်ပို့ခဲ့ပြီး၊ ယခုဘဏ္ဍာနှစ် ၂၀၁၃-၂၀၁၄ ပထမ ၆ လကာလမှာ တော့ ၃၅၉ သန်းကျော်ဖိုး တင်ပို့ နိုင်ခဲ့တာတွေ့ရပါတယ်။US$  ၃ သန်း ကျော် လျော့နည်းခဲ့ပါတယ်။စက်မှုကုန်ချော ပို့ကုန်ရဲ့ ၄၃ ရာခိုင်နှုန်းကျော်ကို နေရာယူထားတာကတော့ စက်မှု ကုန်ချောကဏ္ဍပါဘဲ။ ယခုဘဏ္ဍာနှစ် ၂၀၁၃-၂၀၁၄ ရဲ့ ပထမ ၆ လပတ် ကာလအတွင်းမှာ စက်မှုကုန်ချော ကဏ္ဍကနေ US$  ၂၄၅၄ သန်းကျော် ဖိုး တင်ပို့ထားခဲ့ပြီးဖြစ်ပါတယ်။ ယခင် ဘဏ္ဍာနှစ် ကာလတူ ပထမ ၆ လပတ် မှာလဲ US$  ၂၂၄၀ သန်းကျော်ဖိုး တင်ပိ့ုထားခဲ့ပြီးဖြစ်ပါတယ်။ စက်မှု ကုန်ချောကဏ္ဍကတော့ နိုင်ငံပိုင်က US$  ၁၈၈၁ သန်းကျော်တင်ပို့ထားပြီး၊ ပုဂ္ဂလိကကဏ္ဍကနေ US$  ၅၇၂ သန်း ကျော် တင်ပို့ထားခဲ့တာတွေ့ရပါတယ်။ တစ်နှစ်ထက် တစ်နှစ်တိုးတက်လာမဲ့ အခြေအနေဘဲဖြစ်ပါတယ်။ အလား အလာရှိနေတဲ့ ကဏ္ဍတစ်ခုပဲ ဖြစ်တယ် ဆိုတာ တွေ့ရပါတယ်။တိရစ္ဆာန်ထွက်ပစ္စည်း တိရစ္ဆာန်ထွက်ပစ္စည်းနဲ့ ပတ်သက် တဲ့ ကဏ္ဍကတော့ ယခုဘဏ္ဍာနှစ်မှာ US$  ၅ သန်းကျော်သာတင် တင်ပို့ ထားနိုင်သေးတာ တွေ့ရပါတယ်။ယခင် နှစ်က ကာလတူမှာတော့ US$  ၃၂ သန်းကျော်ဖိုး တင်ပိ့ုထားခဲ့တာ ကြောင့် ဒီနှစ်မှာတော့ အများကြီးလျော့နည်း ခဲ့တာတွေ့ရပါတယ်။အခြားပစ္စည်းများ အထက်က ကဏ္ဍကြီးတွေထဲမှာ မပါဝင်တဲ့ အခြားပို့ကုန်ပစ္စည်းတွေကို တော့ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပထမ ၆ လပတ် ကာလမှာ US$ ၂၀၈ သန်း ကျော်ဖိုး တင်ပို့ခဲ့တာကြောင့် ယခင် ဘဏ္ဍာနှစ်ကာလတူထက် ၂ ဆ ကျော် တင်ပို့နိုင်ခဲ့တယ်ဆိုတာ တွေ့ရ ပါတယ်။သွင်းကုန် ယခုဘဏ္ဍာနှစ် ပထမ ၆ လပတ် ကာလအတွင်းမှာ သွင်းကုန်ဟာ ပို့ကုန် ထက်များခဲ့တာ တွေ့ရပါတယ်။ ယခု ပထမ ၆ လပတ် ကာလအတွင်းမှာ သွင်းကုန်အနေနဲ့  US$  ၆၉၂၇ သန်း ကျော်တင်သွင်းခဲ့တာပါ။ ဒီနှစ်မှာ မနှစ် ကထက် US$  ၂၀၁၉ သန်းကျော် ပိုမို တင်သွင်းခဲ့ပါတယ်။ မနှစ်က ကာလ တူမှာ US$  ၄၉၀၈ သန်းကျော် သာ သွင်းခဲ့ပါတယ်။  ဒီနှစ် သွင်းကုန်မှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း စုစုပေါင်း US$  ၃၁၉၉ သန်းကျော် ရှိပါတယ်။ မနှစ်ကဆို ၂၁၃၄ သန်းကျော် သာရှိပါ တယ်။ လုပ်ငန်းသုံး၊ ကုန်ကြမ်း ပစ္စည်း အနေနဲ့တော့၂၆၃၂ သန်းကျော်ဖိုး တင် သွင်းခဲ့ပြီးတော့လူသုံးကုန်ပစ္စည်း ၁၀၉၆ သန်းကျော်ဖိုး ရှိပါတယ်။ နှစ်စဉ် တစ် နှစ်ထက်တစ်နှစ်တိုးလာနေတာ တွေ့ ရပါတယ်။ သွင်းကုန်တိုးလာရခြင်းက သွင်းကုန် ပမာဏ တိုးလာတဲ့ အဓိကအကြောင်းရင်းတွေထဲမှာတော့ ရင်းနှီးမြှုပ်နှံသူ ပစ္စည်းတွေ တင်သွင်း လာတာကြောင့် အဓိက ဖြစ်တာတွေ့ရ ပါတယ်။ အထူးသဖြင့် သင်္ဘောနဲ့ သင်္ဘောအပိုပစ္စည်းမော်တော်ယာဉ်များ တင်သွင်းခြင်း၊ မော်တော်ယာဉ်အပို ပစ္စည်းများ၊ စက်နဲ့ စက်ပစ္စည်းတွေ တင် သွင်းတာတွေကြောင့်လဲ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေ တင်သွင်းမှုဟာ ယခုပထမ ၆ လတွင်းမှာ ၂၃၃၆ သန်းကျော်ရှိတာ ကြောင့် သွင်းကုန်ပမာဏရဲ့ ၃၄ ရာခိုင် နှုန်း၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတင်သွင်း မှုပမာဏရဲ့ ၇၃ ရာခိုင်နှုန်း ရှိနေတာ တွေ့ရပါတယ်။ သွင်းကုန်ပမာဏ များ လာရခြင်းအကြောင်းတွေထဲမှာ နောက် တစ်ခုကတော့ စားသုံးဆီ၊ စက်သုံးဆီ တင်သွင်းမှုများလာတာလဲ အကြောင်း တစ်ခုဖြစ်တာတွေ့ရပါတယ်။ ကုန်သွယ် မှု ဖြေလျှော့တာတွေကြောင့်လဲ တရား မဝင်လမ်းကြောင်းက တင်သွင်းနေတဲ့ ပစ္စည်းတွေထဲကနေ တရားဝင်လမ်း ကြောင်းပေါ်ကိုရောက်ရှိလာတဲ့ အတွက်ကြောင့်မို့လဲ သွင်းကုန်များပြား လာတာ တွေ့ရပါသေးတယ်။ အကောင်အထည်ဖော်နိုင်မှု ယခုဘဏ္ဍာနှစ်အတွက် လျာထား ချက်က ပို့ကုန် US$  သည် ၁၂၅၂၂ သန်းကျော်ဖြစ်ပြီး၊ သွင်းကုန်ကို US$  ၁၃၀၃၃ သန်းကျော်လျာထားပြီး၊ စုစု ပေါင်းကုန်သွယ်မှု ပမာဏ US$ ၂၅၅၅၅၅ သန်းကျော်ရရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလျာ ထားချက်အပေါ်မှာ ယခုပထမ ၆ လ ပတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးမှု ကတော့ ပို့ကုန်ကဏ္ဍမှာ US$ ၅၆၈၁ သန်းဖိုး တင်ပို့ပြီးတဲ့တွက် လျာထား ချက်ရဲ့ ၄၅ ရာခိုင်နှုန်း သွင်းကုန် ကဏ္ဍမှာ US$ ၆၉၂၇ သန်းကျော် ဆောင်ရွက်ပြီးဖြစ်တဲ့တွက် လျာထား ချက်ရဲ့ ၅၃ ရာခိုင်နှုန်းရှိနေပြီး၊ ကုန် သွယ်မှု လျာထားချက်တစ်ခုလုံးဆိုရင် လက်ရှိ ပထမ ၆ လမှာ ၁၂၆၀၉ သန်းကျော် ရရှိထားပြီးဖြစ်တဲ့အတွက် ကုန်သွယ်မှုပမာဏနဲ့ ၄၉ ရာခိုင်နှုန်း ကျော် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ပို့ကုန်တိုးမြှင့်တင်ပို့ဖို့ ပို့ကုန်တွေ ယခုထက် ပိုမိုတင်ပို့ နိုင်ဖို့ ကုန်သွယ်မှုပမာဏ တိုးတက်ဖို့ရာ မှာ မိမိတို့ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး အပြန်အလှန် သုံးသပ်ဖို့လဲလိုပါတယ်။ ပိုမိုတင်ပို့နိုင်တဲ့ ပစ္စည်းတွေကိုလဲ တိုး၍ တိုး၍ ပို့နိုင်အောင် ဈေးကွက်လိုအပ် ချက်နဲ့အညီ လိုက်ပါဆောင်ရွက်ဖို့လို သလို တင်ပို့မှုလျော့ကျသွားတဲ့ ကုန် စည်တွေ ဈေးကွက်ပျောက်လု ဖြစ် သွားတဲ့ ကုန်စည်တွေနဲ့ ပတ်သက်ပြီး တော့လဲ ဘာကြောင့်ဆိုတဲ့ အဖြေကိုရှာ ဈေးကွက်ဝေစုပြန်ရအောင် ဆောင်ရွက် ဖို့လိုပါတယ်။ ပို့နေကျ ကုန်စည်ကို ပို့နေ ကျဈေးကွက်ကို တိုးချဲ့တင်ပို့နိုင်ဖို့၊ ကုန် စည်သစ်ကို ပို့နေကျဈေးကွက်မျာ တိုး ချဲ့တင်ပို့နိုင်ဖို့ ပို့နေကျကုန်စည်ကိုဘဲ ဈေးကွက်သစ်ရှာဖွေချိတ်ဆက် တင်ပို့ နိုင်ဖို့ ကုန်စည်သစ်တွေကို ဈေးကွက် အသစ်တွေကို ရှာဖွေချိတ်ဆက် တင်ပို့ နိုင်ဖို့ အရည်အသွေး၊ အဆင့်တန်းမီ ကုန်ပစ္စည်းတွေ တန်ဖိုးမြှင့်ထုတ်ကုန် တွေ တိုးချဲ့တင်ပို့နိုင်ဖို့ End User  လို့ ပြောတဲ့ နောက်ဆုံး၊ စားသုံးသူဈေး ကွက် ချိန်ဆက်တင်ပို့နိုင်ဖို့တွက် အစိုးရ ပုဂ္ဂလိက ကဏ္ဍတွေ ပေါင်းစပ်ကြိုးစား ကြဖို့လဲ လိုအပ်ပါတယ်။ ဝိုင်းဝန်းဆောင်ရွက်ဖို့လို လက်ရှိ ပထမ ၆ လကာလမှာ ကုန်သွယ်မှု လျာထားချက်ရဲ့ ၄၉ ရာခိုင် နှုန်းကျော် ဆောင်ရွက်နိုင်ခဲ့တာကြောင့် နှစ်ဝက်လျာထားချက်ကို ရရှိနေပြီ ဖြစ် ပါတယ်။ ဒါကြောင့် ကျန်နေတဲ့ ကာလ တွင်းမှာ လျာထားပြည့်မီအောင် အတွက် အစိုးရပုဂ္ဂလိက ကဏ္ဍအသီး သီးမှ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း ......။
ပို့ကုန်အုပ်စုအလိုက် တင်ပို့မှု ကာလတူ နှိုင်းယှဉ်ချက်ကန်ဒေါ်လာသန်းပေါင်း စဉ်    ပို့ကုန်                   ၂၀၁၃-၂၀၁၄ (၁၈-၁၀-၂၀၁၃)ထိ                                  ၂၀၁၂-၂၀၁၃ (၁၈-၁၀-၂၀၁၂)ထိ အုပ်စု နိုင်ငံပိုင်    ပုဂ္ဂလိကပိုင်           ပေါင်း              နိုင်ငံပိုင်        ပုဂ္ဂလိကပိုင်         ပေါင်း ၁    လယ်ယာထွက်ကုန်ပစ္စည်း    ၀ .၆၄၇    ၁၂၄၉ .၄၀၀     ၁၂၅၀ .၀၄၇         ၀ .၈၁၂    ၁၂၅၉ .၂၇၄    ၁၂၆၀ .၀၈၆ ၂    တိရိစ္ဆာန်ထွက်                      -              ၅ .၃၃၈         ၅ .၃၃၈             -              ၃၂ .၁၄၁        ၃၂ .၁၄၁ ၃    ရေထွက်                        ၀ .၅၀၃      ၂၇၁ .၃၆၂       ၂၇၁ .၈၆၅     ၃၄၈ .၇၈၆        ၃၄၈ .၇၈၆ ၄    သတ္တုတွင်းထွက်            ၉၆၀ .၁၆၂      ၁၇၁ .၃၅၄     ၁၁၃၁ .၅၁၆     ၂၈၇ .၄၂၀         ၆၅ .၂၅၄       ၃၅၂ .၆၇၄ ၅    သစ်တောထွက်              ၃၃၈ .၀၉၂       ၂၁ .၆၂၅       ၃၅၉ .၇၁၇     ၃၃၄ .၇၂၂          ၂၇ .၃၄၈      ၃၆၂ .၀၇၀ ၆    စက်မှုကုန်ချော              ၁၈၈၁ .၈၁၇     ၅၇၂ .၉၂၀    ၂၄၅၄ .၇၃၇    ၁၈၁၃ .၅၀၂        ၄၂၆ .၅၅၈      ၂၂၄၀ .၀၆၀ ၇    အခြား                         ၁၁၇ .၆၃၄        ၉၀ .၄၀၀      ၂၀၈ .၀၃၄       ၃၆ .၅၆၁          ၅၅ .၁၀၂         ၉၁ .၆၆၃ စုစုပေါင်း                       ၃၂၉၈ .၈၅၅   ၂၃၈၂ .၃၉၉     ၅၆၈၁ .၂၅၄     ၂၄၇၃ .၀၁၇       ၂၂၁၄ .၄၆၃     ၄၆၈၇ .၄၈၀ဇစ်မြစ် - Customs+DOBT