Main menu

Background

ဆင်းရဲနွမ်းပါးမှု ရှာပုံတော်

Mon, 12/09/2013 - 11:32 -- ydnar

ဇူလိုင်လ ၁၇ ရက်နေ့က အိန္ဒိယ နိုင်ငံ၏ နောက်ဆုံးဆင်းရဲနွမ်းပါးမှုဆိုင် ရာကိန်းဂဏန်းများကိုထုတ်ပြန်ခဲ့သည်။ ထိုစာရင်းအင်းများကအားရစရာကောင်း သောအခြေအနေတွေကိုညွှန်းပြနေသည်။ (၂၀၀၄-၂၀၀၅) ခုနှစ်က အိန္ဒိယလူမျိုး ၃၇ ရာခိုင်နှုန်း ဆင်းရဲကြရာမှ ယခုအခါ (၂၀၁၁-၂၀၁၂)တွင်ဆင်းရဲမျဉ်းအောက် ရောက်နေသူ အိန္ဒိယလူမျိုးတွေ ၂၂ ရာခိုင်နှုန်းသာ ကျန်တော့သည်။ ရွေး ကောက်ပွဲနီးနေသောယခုလိုအချိန်မျိုးတွင် ထိုစာရင်းအင်းတွေကိုမေးခွန်းမထုတ်ဘဲ နေကြမည်မဟုတ်။ အစိုးရကို အထင် ကြီးစေရန် ရည်ရွယ်ပြီး စာရင်းအင်းများ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု မကောင်း မြင်သူတွေကဆိုကြသည်။

အတိုက်အခံ နိုင်ငံရေးသမားတွေက ငြင်းပယ်လိုကြ သော်လည်း သူတို့ငြင်းပယ်ခြင်း မပြုလို သည့်ကိစ္စကို ပို၍စိတ်ဝင်စားစရာ ကောင်းသည်။ မည်သူကမျှ ဆင်းရဲသား လျော့ကျသွားသည့်ကိစ္စသည် မကောင်း ပါဟု မငြင်းကြ၊ မူဝါဒချမှတ်သူများ အနေဖြင့် ဆင်းရဲနွမ်းပါးသူများ ဆင်းရဲ တွင်းမှလွတ်မြောက်ရန်ကူညီသင့်သည် ဆိုသောကိစ္စကိုလည်း၊ မည်သူကမျှ အငြင်းအခုန်မလုပ်ကြ။ ဤ အချက်က၊ ကမ္ဘာတစ်ဝန်းလုံးသဘောတူထားသည့် အချက်တစ်ခုကိုညွှန်ပြသည်၊ ကုလ သမဂ္ဂဖြစ်စေ၊ကမ္ဘာ့ဘဏ်ဖြစ်စေ၊ အစိုးရ အရာရှိဖြစ်စေ၊ ထင်ပေါ်ကျော်ကြားသူ တွေဖြစ်စေ၊ လူတိုင်း လူတိုင်းက၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးသည် ဖြစ်သင့် ဖြစ်ထိုက်သောကိစ္စလည်းဖြစ်သည်၊ ဖြစ် လည်းဖြစ်နိုင်သည်ဟု လက်ခံကြသည်။ အသေးစိတ် အချက်အလက်တွေနှင့် ပတ်သက်၍သာ အငြင်းပွားနေကြခြင်း ဖြစ်သည်။ တကယ်တော့လည်း ဤကိစ္စသည် ထူးဆန်းအံ့သြစရာကိစ္စမဟုတ်သလို ထင်ရသည်။ သို့သော် ဂျော့ချဲ တောင် တက္ကသိုလ် ဘောဂဗေဒပါမောက္ခနှင့် ကမ္ဘာ့ဘဏ်သုတေသန အရာရှိဟောင်း မကြာမီကပြုစုခဲ့သော သုတေသန စာ တမ်းအရ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ အတွင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် ပတ်သက် သောအတွေးအမြင်တွေပြောင်းလဲလာခဲ့ ကြောင်း တွေ့ရသည်။ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးသည် ဖြစ်လည်းဖြစ်သင့်၊ ဖြစ်လည်းဖြစ်နိုင်သောကိစ္စတစ်ရပ်အဖြစ် လက်ခံကြသည်မှာ မကြာသေးဟုဆို သည်။ မကြာသေးသောအချိန်ကအထိ ဆင်းရဲနွမ်းပါးမှုသည်ပြဿနာတစ်ခု ဖြစ်သည်။ ဆင်းရဲသားဦးရေကို လျှော့ချ ရန် ပြည်သူ့ရေးရာမူဝါဒ ချမှတ်ဆောင် ရွက်သင့်သည် ထိုသို့ဆောင်ရွက်ရာတွင် လည်း စီးပွားရေး အဆောက်အအုံကို မထိခိုက်ဘဲ ဆောင်ရွက်နိုင်သည်ဆို သည်ကို သံသယ ရှိကြသည်။ ၁၆ ရာစုနှင့် ၁၈ ရာစုကြား ဥရောပတွင် ကုန်သွယ် စီးပွားဝါဒ လွှမ်းမိုးခဲ့သည်။ ထိုဝါဒအရဆိုလျှင် ဆင်းရဲခြင်းသည်အများအတွက်ကောင်း သည်၊ ဆင်းရဲသားတွေ ဒုက္ခရောက်ကြ သည်တော့ မှန်သည်။ သို့သော်လည်း လုပ်သားတွေကိုလုပ်ခသက်သက်သာသာ ဖြင့်ရရှိနိုင်၍ စီးပွားရေးယန္တရားကြီး လည်ပတ်ရေးအတွက်အထောက်အကူ ပြုသည်။ ၁၈ရာစု ဘောဂဗေဒပညာရှင် နှင့် အတွေးအခေါ်ပညာရှင်  BERNA-RD DE MANDEVILLE က "ကျွန်တွေကို လက်ခံခြင်းမရှိသော လွတ်လပ်သည့်နိုင်ငံတစ်ခုတွင် ဆင်းရဲ သားလုပ်သားတွေ အများအပြား ရှိနေ ခြင်းသည် သေချာပေါက်ကြွယ်ဝချမ်း သာမှု တစ်ခုပင်ဖြစ်သည်" ဟု ဆိုခဲ့ သည်။ ထိုသဘောထားကိုအများက လက်ခံကြသည်။စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု ရရှိရေးအတွက်၊ ဆင်းရဲသား တွေအခရာကျသည်ဟု၊ အသိအမှတ်ပြု ကြရာမှ ဆင်းရဲသားတွေကိုဆင်းရဲတွင်း မှ ဆွဲထုတ်လိုသော မူဝါဒတွေ ချမှတ် ခြင်းမပြုလိုကြသည်မှာ မဆန်းတော့ပါ။ ထို့ကြောင့်လည်း မြင်တွေ့ဘူးသော လုပ်ငန်းတွေကိုသာလုပ်ဆောင်ခဲကြခြင်း ဖြစ်သည်။ ၁၈ ရာစုနှစ်က ဆင်းရဲသား ဥပဒေကို ပြောင်းလဲခဲ့ကြခြင်းများ၊ သီးနှံ မထွက်ခြင်းနှင့်မူလကပင်ဆင်းရဲပြီးသား လူတွေ ပို၍ဒုက္ခရောက်စေနိုင်သည်။ ရုတ်တရက်အပြောင်းအလဲတစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင် ကာကွယ်ရန်သာ ရည်ရွယ်သည်။ ထိုမူဝါဒများသည်၊ ဆင်းရဲတွင်းမှဆွဲထုတ်ရန် မရည်ရွယ်ဘဲ၊ အခက်ခဲကျပ်တည်းဆုံး အခြေအနေ တွင်ကာကွယ်ရန်အတွက်သာ ရည်ရွယ် သည်။ ၁၈ ရာစုနှစ် နှောင်းပိုင်းတွင် ဆင်းရဲသားတွေအပေါ် ထားရှိသော သဘောထားတွေ၊ ကိုယ်ကျင့်သီလ ကလည်းယိုင်လာခဲ့သည်။သောမတ်စ်မား လသူ့စ်က၊ ဆင်းရဲသားတွေ ဆင်းရဲ ရခြင်းမှာ၊ သူတို့၏ အားနည်းချက်များ ကြောင့်ဟုအပြစ်တင်သည်။ နည်းပညာ အပြောင်းအလဲတွေကြောင့် လုပ်ခတွေ ကို ဝမ်းစာဖူလုံရုံအဆင့်ထက် မြင့်တက် သွားစေသည်။ သို့သော် ကြာကြာမမြင့် နိုင်ဆင်းရဲသားတွေပေါများနေရာ၊လုပ်ခ တွေပြန်ကျမည်၊သူ၏အတွေးအခေါ်ပေါ် မူတည်၍ ၁၈၃၄ ခုနှစ်တွင် ဆင်းရဲ သားဥပဒေသစ်ကို ပြဋ္ဌာန်းရန် ကြိုးစား သည်။ထိုဥပဒေအရဆင်းရဲသား တွေကို အလုပ်လုပ်ရန်သာ တိုက်တွန်းသည်။ တမင်သက်သက်၊ ဆင်းရဲသားတွေကို ငွေမပေးရဟု ဆိုသည်။ အဒမ်စမစ်က လူသားဆန်သော အမြင်ရှိသည်။ ဆင်းရဲမှုကြောင့် လူအများ ခံစားရ၊ စိတ်ဆင်းရဲကြရမည် ကို သူမြင်သဖြင့် အခွန်ကောက်ခံရာမှ ရသောငွေကို ပြန်လည်အသုံးပြုရန် တင်ပြသည်။ ချမ်းသာသူတွေက သူတို့ ရသော ဝင်ငွေမျှထည့်ရုံဖြင့် မပြီး သူတို့ရသောဝင်ငွေထက်၊အများပြည်သူ အတွက် ကုန်ကျစရိတ်ကို ပိုမိုကျခံသင့် သည်ဟု တင်ပြခဲ့သည်။ သို့သော်လည်း၊ ဘောဂဗေဒ၏ ဖခင်ကြီးသည်ပင်လျှင် ဆင်းရဲသားတွေကို ဆင်းရဲတွင်းမှ ထာဝရဆွဲထုတ်ရေးအတွက် ပီပြင်သော မဟာဗျူဟာ၊ ချမှတ်ပေးနိုင်ခဲ့ခြင်းမရှိ ပေ။ ၂၀ ရာစုနှစ်တွင်  Charles Booth နှင့်  Seebohm Rowntree တို့၏ သုတေသနကြောင့် ဆင်းရဲနွမ်းပါး မှု ပြဿနာသည်၊ အများပြည်သူ အာ ရုံဝင်စားစရာ ဖြစ်လာခဲ့ရသည်။ ထို့ ကြောင့် ဆင်းရဲမှုလျော့ပါးရေးနှင့် ပတ်သက်၍ အတွေးအခေါ်သစ်များ ပေါ်ပေါက်လာခဲ့သည်။ အစဉ်အလာ အရ၊ စီးပွားရေးတိုးတက်မှုကို အမှန် တကယ် အဟန့်အတားဖြစ်သည်မှာ စုစုပေါင်း စုဆောင်းမှုဖြစ်သည်ဟု ရှုမြင် ခဲ့ကြသည် ချမ်းသာသူတွေက ဆင်းရဲ သားတွေထက်ပိုမိုစုဆောင်းရာ ဆင်းရဲမှု နည်းလျှင် တိုးတက်မှုနှေးမည်ဆိုသည့် အဓိပ္ပါယ်ထွက်သည်။ သို့သော် ဂျွန်မေး နဒဲကိန်းစ်က ဤအချက်ကို သဘော မတူ။ အရေးကြီးသည့်အချက်မှာ စုစုပေါင်းစားသုံးမှုဖြစ်သည်။ ထို့ကြောင့် ဆင်းရဲနွမ်းပါးမှုကိုလျှော့ချခြင်းသည် စီးပွားရေးတိုးတက်မှုကို အထောက် အကူပြုသည်ဟု တွက်ဆသည်။ သိ့ုသော် ၁၉၉၀ ပြည့်လွန်နှစ်များ အထိ ဆင်းရဲနွမ်းပါးမှုမြင့်မားခြင်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် တီထွင်ဆန်း သစ်မှုကို ထိခိုက်ကြောင်း တင်ပြနိုင်သည့် စုစည်း ညီညွှတ်သော သီအိုရီထွက်ပေါ်ခြင်း မရှိပေ။ သုတေသန အတော် များများ တွင် ချေးငွေရရှိနိုင်သည့် အခြေအနေ မတူကြခြင်းကြောင့် ဆင်းရဲသားတွေ အနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သလို မိမိ တို့၏ ပညာရေးနှင့် စီးပွားရေးလုပ်ငန်း တွေအတွက် ရင်းနှီးမြှုပ်နှံခြင်း မပြုနိုင် ကြကြောင်းဖေါ်ပြခဲ့ကြသည်။ထို့ကြောင့် စီးပွားရေးအဆောက်အအုံကို ထိခိုက် နိုင်ကြောင်းထောက်ပြသည်။ ဆင်းရဲနွမ်း ပါးမှုမြင့်မားခြင်းကြောင့်ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် တိုးတက်မှုနှုန်း နိမ့်ကျကြောင်း လက်တွေ့အထောက်အထားများဖြင့်၊ သီအိုရီကို ကျားကန် တင်ပြနိုင်ခြင်း မရှိပေ။ ဆင်းရဲနွမ်းပါးမှုနှင့် ပတ်သက် သောသီအိုရီအသစ်များက ဆင်းရဲသား တွေ ဘာကြောင့်ဆင်းရဲရကြောင်း၊ အများလက်ခံထားသည့်အယူအဆတွေ ကို ပြောင်းလဲပစ်သည်၊ ယခင်ကဆင်းရဲ သားတွေ ပျင်းသည်၊ အရက်စွဲနေကြ သည်။ စည်းကမ်းတကျ အလုပ်မလုပ် တတ်ကြခြင်းကြောင့် ဆင်းရဲရသည်ဟု အပြစ်တင်ခဲ့ကြသည်။ ထိုစွပ်စွဲချက် မျိုးတွေကို၊ ယနေ့တိုင် ကြားနေရဆဲဖြစ် သည်။သို့သော် ၁၉၃၀ ပြည့်လွန်နှစ်များ တွင် ဖြစ်ပွားသော စီးပွားပျက်ကပ်၏ အနိဋ္ဌာန်ရုံများကြောင့် ကိုယ်ဆင်းရဲ ရ ခြင်းအတွက် ကိုယ့်မှာတာဝန်ရှိသည် ဟူသော အယူအဆကို ပြန်လည်သုံး သပ် ဆင်ခြင်လာကြသည်။ စီးပွားရေး ပုံစံတည်ဆောက်မှု အဆင့်မြင့်လာသည်နှင့်အမျှ မူဝါဒချ မှတ်သူများအနေဖြင့် ပညာရေး၊ ကျန်း မာရေးနှင့်အာဟာရတို့ နိမ့်ကျခြင်း ကြောင့် ဆင်းရဲကြရကြောင်း မြင်တွေ့ ခွင့်ရလာကြသည်။ပညာရေးနှင့်ကျန်းမာ ရေးကိုအကူအညီပံ့ပိုးပေးသောမူဝါဒများ သည် ဆင်းရဲသားများအတွက် ပညာ တတ်၊ကျန်းမာရုံမျှသာမက ဆင်းရဲတွင်း မှ ထွက်ရေးအတွက်လည်း အထောက် အကူ ဖြစ်သည်။ ကလေးတွေ ကျောင်းပို့လျှင်သော် လည်းကောင်း၊ ကာကွယ်ဆေးထိုးလျှင် သော် လည်းကောင်း၊ ဆင်းရဲသားတွေ ကို ငွေပေးသည့်စနစ်တွေ ပေါ်ပေါက် လာခြင်းသည် အခြေခံစိတ်ကူးများ ကြောင့်ဖြစ်သည်။ စောစောပိုင်း ခေတ် ကအလုပ်မလုပ်ဘဲ ကျောင်းတက်ခြင်း သည်ပျင်း၍ဖြစ်သည်ဟူသောအမြင်မျိုး ရှိခဲ့သည်။အသက်သာခိုပြီးကျောင်းတက် နေခြင်းကြောင့် အလုပ်လုပ် ချိန်ရောက် လျှင်အသုံးမဝင်လေဖြစ်သည်ဟုရှေးကမြင် ခဲ့သည်။ ထိုကဲ့သို့သော အတွေးမျိုးတွေ က ရှေးဆန်သော်လည်း၊ တကယ်လက် တွေ့တွင် ကိုယ်ထင်သည်ထက် သက် တမ်း ရှည်နေတတ်သည်။(အီကောနောမစ်)