Main menu

Background

အိန္ဒိယနိုင်ငံ၏ ပုဂ္ဂလိက ပညာရေးကဏ္ဍ

Wed, 12/18/2013 - 04:59 -- ydnar

အိန္ဒိယနိုင်ငံ၏ အတန်းပညာရေး အား အောက်ပါအတိုင်း ခွဲခြားထားပါ သည်-(က)    မူကြိုအဆင့်။        Pre-primary/ Lower Kindergarten/Upper Kinder garten   စသည့်ကျောင်း များဖြစ်ပြီးအသက် (၃)နှစ်မှ (၅) နှစ်အထိ (၂)နှစ် သင်ကြားလေ့ ရှိပါသည်။(ခ)   မူလတန်းအဆင့်။  (၄)တန်း သို့မ ဟုတ် (၅)တန်းအထိ သင်ကြား သော Primary ကျောင်းများဖြစ် ပါသည်။(ဂ)    အလယ်တန်းအဆင့်။ (၇) တန်း သို့မဟုတ်(၈)တန်းအထိ သင် ကြားသော Upper Primary ကျောင်းများ ဖြစ်ပါသည်။

(ဃ)    အထက်တန်းအဆင့်။ (၉) တန်း သို့မဟုတ် (၁၀)တန်းအထိ သင် ကြားသော Secondary School ကျောင်းများဖြစ်ပါသည်။(င)    ဘွဲ့ကြိုအဆင့်။    (၁၁)တန်းမှ (၁၂) တန်းအထိ သင်ကြားသော Senior Secondar/Intermediate College   ကျောင်းများ ဖြစ်ပါ သည်။(စ)    တက္ကသိုလ်အဆင့်။  တက္ကသိုလ်/ ကောလိပ်များပါဝင်ပြီး Higher Education  ကျောင်းများ ဖြစ်ပါ သည်။ အိန္ဒိယနိုင်ငံရှိ ကျောင်းများ/တက္က သိုလ်များအား စီမံခန့်ခွဲမှုအရ အောက် ပါအတိုင်း ခွဲခြားထားပါသည်-(က)   အစိုးရကျောင်း  (Government) ။ ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရများက  ဖွင့်လှစ်သော ကျောင်းများ ဖြစ်ပါသည်။(ခ)    ဒေသန္တရကျောင်း  (Local Bodies) ။ ဒေသမြူနီစီပါယ် အဖွဲ့များ၊ ခရိုင်/မြို့နယ်/ရပ်ကွက် အာဏာပိုင်များမှ ဖွင့်လှစ်သည့် ကျောင်းများ ဖြစ်ပါသည်။(ဂ)    ထောက်ပံ့မှုရ ပုဂ္ဂလိကကျောင်း (Aided Private) ။    ဗဟိုအစိုးရ သို့မဟုတ် ပြည်နယ် အစိုးရ၏ အထောက်အပံ့ကို ရရှိ သော ပုဂ္ဂလိကပိုင် ကျောင်းဖြစ် ပါသည်။(ဃ)    ပုဂ္ဂလိက ကျောင်း  (Unaided Private) ။ ဗဟိုအစိုးရ သို့ မဟုတ်ပြည်နယ်အစိုးရ၏အထောက် အပံ့ မရရှိသော ပုဂ္ဂလိကပိုင် ကျောင်း ဖြစ်ပါသည်။ခွင့်ပြုတည်ထောင်ထားသည့်ကျောင်း (မူကြိုမှ Higher Secondary အထိ) စီမံခန့်ခွဲမှုအမျိုးအစားအလိုက်၊ ကျောင်းအဆင့်အလိုက်၊ ၂၀၁၂ ခုနှစ် တွင် အိန္ဒိယနိုင်ငံရှိ စုစုပေါင်းကျောင်း အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-ခွင့်ပြု တည်ထောင်ထားသည့် ပုဂ္ဂလိ ကပိုင် တက္ကသိုလ်/ကောလိပ် အိန္ဒိယနိုင်ငံတွင် တရားဝင်ခွင့်ပြု ထားသော ပုဂ္ဂလိက တက္ကသိုလ်(၁၆၈) ခုရှိပါသည်။ခွင့်ပြုဆောင်ရွက်ပြဋ္ဌာန်းထားသော ပညာရေးဥပဒေနှင့် လုပ်ထုံး လုပ် နည်းများ ပညာရေး ကဏ္ဍအား တာဝန်ယူ ဆောင်ရွက်သော ဝန်ကြီးဌာနမှာ Ministry of Human Resource Development  ဖြစ်ပြီး အခြေခံပညာနှင့် သက်မွေးသိပ္ပံကျောင်းများအား Department of School Education and Literacy က လည်းကောင်း၊ တက္ကသိုလ်ပညာရေးအား Department of  Higher Education ကလည်း ကောင်း အသီးသီး တာဝန်ယူထားပါ သည်။ အခြေခံပညာအဆင့်တွင် ပုဂ္ဂလိ ကကျောင်းဖွင့်လှစ်ခြင်းအား ဗဟိုအစိုး ရ၊ ပြည်နယ်အစိုးရများက ခွင့်ပြုပေးပါ သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်း ချက်များရှိသကဲ့သို့ သက်ဆိုင်ရာပြည် နယ်အလိုက် ဥပဒေပြဋ္ဌာန်းချက်များ လည်းရှိပါသည်။ ပြဋ္ဌာန်းထားသည့် ဥပဒေများအ နက်တက္ကသိုလ်ဖွင့်လှစ်ခွင့်ပြုရေးကော်မ ရှင်ဥပဒေ (University Grants Commission Act) t& University Grants Commission (UGC) ကို အစိုးရအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့ကာ တက္ကသိုလ်များ ဖွင့်လှစ်ခွင့်ပြုသည့်ကိစ္စ အား တာဝန်ယူဆောင်ရွက်လျက်ရှိပါ သည်။UGC  ၏ထောက်ခံချက်ဖြင့် Department of Higher Education  က တက္ကသိုလ်ဖွင့်ခွင့်အား ခွင့်ပြုပေးခဲ့ ပါသည်။ UGC  ၏ လုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲသော လွတ်လပ်သည့် အဖွဲ့ (၁၅) ဖွဲ့ရှိပြီး ၎င်းတို့မှာ အောက် ပါအတိုင်းဖြစ်ပါသည်-(က)    All India Council for Technical Education (AICTE) ။(ခ)Distance Education Council (DEC) ။(ဂ) Indian Council of A gricul-tural Reserarch (ICAR) ။(ဃ)    Bar Council of India (BCI)  ။(င)    National Council for Tea-cher Education (NCTE)  ။(စ)    Rehabilitation Council of India (RCI)  ။(ဆ) Medical Council of India (MCI)။(ဇ)    Pharmacy Council of India (PCI)  ။(ဈ)    Indian Nursing Council (INC)။(ည) Indian Nursing Council (INC) ။(ဋ)    Central Council of Homeopathy (CCH)  ။(ဌ)    Central Council of Indian Medicine (CCIM) ။(ဍ)        National Council for Rural Institutes(NCRI) ။(ဎ)    State Councils of Higher Education (SCHE) ။(ဏ)    Council of Architecture  ။ တက္ကသိုလ် တစ်ခုအား  UGC  ၏ ထောက်ခံချက်ဖြင့် Department of Higher Education ကခွင့်ပြုပြီးပါက သက်ဆိုင်ရာပြည်နယ်တွင် ယင်းတက္က သိုလ်အတွက် သီးခြားဥပဒေပြဋ္ဌာန်း၍ တက္ကသိုလ်ဖွင့်လှစ်ခွင့်ပြုပါသည်။သင်ရိုး ညွှန်းတမ်း၊ သင်ခန်းစာ အပိုင်း၊ ကျောင်းလစာ စရိတ်များနှင့် အခြား လုပ်ထုံးလုပ်နည်းများ ဗဟိုအစိုးရ၏ သင်ရိုးညွှန်းတမ်း များရှိသကဲ့သို့ ပြည်နယ်အသီးသီးတွင် သက်ဆိုင်ရာပြည်နယ်အစိုးရ၏ သင်ရိုး ညွှန်းတမ်းများ ပြဋ္ဌာန်းထားရှိပါသည်။ ထို့အပြင် International Schools နှင့် Autonomous Schools  များက နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားမှုများလည်းရှိပါသည်။ အခြေခံပညာအဆင့်တွင် သင်ရိုး ညွန်းတမ်း၊ စာမေးပွဲစစ်မေးခြင်းများအ တွက် အဓိကတာဝန်ယူဆောင်ရွက်နေ သော အဖွဲ့အစည်းများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-(က)    ပြည်နယ်အစိုးရဘုတ်အဖွဲ့များ။(ခ)    Central Board of Secondary Education (CBSE)  ။(ဂ)    Council for the Indian School  Certificate Examination (CISCE) ။(ဃ) National Institute of Open Schooling (NIOS)  ။ ထို့အပြင် အိန္ဒိယပညာရေးစနစ် စီမံခန့်ခွဲမှုနှင့် ဆရာအဖြစ် အသိအမှတ် ပြုမှုဆိုင်ရာကိစ္စရပ်များအား National University of Education Planning and Administration (NUEPA)  နှင့် National Council for Teacher Education (NCTE) တို့က တာဝန်ယူဆောင်ရွက်ပါသည်။ အထွေထွေ University Grants Commission Act ပါ ပြဋ္ဌာန်းချက်ကောက်နုတ် ချက်(က)    တက္ကသိုလ်တစ်ခုဖွင့်လှစ်ခြင်း အ တွက် ဗဟိုအစိုးရ/ ပြည်နယ် အစိုးရက ဥပဒေပြဋ္ဌာန်းရမည်။(ခ)    ကော်မရှင်၏ ထောက်ခံချက်ဖြင့် ဗဟိုအစိုးရက တက္ကသိုလ်တစ်ခု အား Deemed University (လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိ သောတက္ကသိုလ်)အဖြစ်ကြော်ငြာ နိုင်သည်။(ဂ)    ကော်မရှင်တွင် အဖွဲ့ဝင်(၁၂)ဦးပါ ဝင်ပြီး အစိုးရ အရာရှိ(၂)ဦး၊ တက္ကသိုလ်ဆရာ/ဆရာမအနည်း ဆုံး(၄)ဦးနှင့် အခြား အတတ် ပညာရှင်များဖြင့် ဖွဲ့စည်းရမည် ဖြစ်ကာ အဖွဲ့ဝင်၏ အနည်းဆုံး ထက်ဝက်သည် အစိုးရ ဝန်ထမ်း များ မဖြစ်ရ။ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ အား ပြန်လည် ရွေးချယ်ရမည်။ ဥက္ကဋ္ဌသည်အစိုးရဝန်ထမ်းမဖြစ်ရ။(ဃ)    ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌ သက်တမ်း သည် (၅)နှစ် သို့မဟုတ် အသက် (၆၅) နှစ်၊ ယင်းတို့အနက် စော သည့်ကာလ ဖြစ်ပြီး ကျန်အဖွဲ့ဝင် များအတွက် သက်တမ်းမှာ (၃) နှစ် ဖြစ်ပါသည်။(င)    ဥပဒေအရပြဋ္ဌာန်းခဲ့သော နည်း ဥပဒေများ (၁)     University Inspection Rules  ။ (၂) Fitness of Certain Universities for Grants Rules  ။ (၃)    Fitness of Agricultural Universities for Grants Rules ။ (၄)        Fitness of Technological Universities for Grants Rules ။ (၅) Fitness of Open Universities for Grants Rules ။ (၆)  Return of Information by Universities Rules ။ (၇)    Fitness of Institutions for Grants Rules ။ (၈)  Recognition of Colle in terms of Regulations  ။ (၉)Estasblishment and Maintenance of Institutions Regulations ။ (၁၀) Regulations for minimum standard of instructions for first degree ။ (၁၁)Regulations for minimum standard of instructions for first degree through formal education။ (၁၂)Regulations for minimum standard of instructions for first degree through non-formal/distance education ။ (၁၃) Regulations for minimum qualifications for appointment of teachers in Universities and Colleges ။ (၁၄) List of Degress ။ နိုင်ငံခြား တက္ကသိုလ်များ ဖွင့် လှစ်ခွင့်ပြုခြင်း။ ၂၀၁၃ ခုနှစ်အတွင်း အသစ်ပြဋ္ဌာန်းခဲ့သောကုမ္ပဏီများ အက် ဥပဒေပုဒ်မ(၂၅)အရ နိုင်ငံခြားတက္ကသိုလ် များအား Non-profit Companies များအဖြစ် အိန္ဒိယနိုင်ငံတွင် တက္ကသိုလ် ကျောင်းများအား ၁၀၀ ရာခိုင်နှုန်းရင်း နှီးမြှုပ်နှံ၍ တည်ဆောက်ဖွင့်လှစ်ခွင့်ပြု ရန် စီစဉ်လျက်ရှိပါသည်။ နိုင်ငံခြား တ က္ကသိုလ်များ ဖွင့်လှစ်ခွင့်ပြုမည့်ဥပဒေ ကြမ်း (Foreign Education Providers Bill)  မှာ ပြည်နယ်အစိုးရအချို့၏ ကန့်ကွက်ချက်များကြောင့် အပြီးသတ် အတည်မပြုနိုင်သေးဘဲ၊ လက်ရှိအချိန် တွင် နိုင်ငံခြားတက္ကသိုလ်များအနေဖြင့် ပြည်တွင်း တက္ကသိုလ်တစ်ခုနှင့် အကျိုး တူပူးပေါင်း၍ ရင်းနှီးမြှုပ်နှံဆောင်ရွက် နိုင်ပြီး နိုင်ငံခြားတက္ကသိုလ်က ပေးအပ် သည့် ဘွဲ့ဒီဂရီမဟုတ်ဘဲ ပြည်တွင်းမှ ပေးအပ်သည့် ဘွဲ့ဒီဂရီကိုသာ ရရှိပါ သည်။ University Grants Commission Act   ပါ လုပ်ပိုင်ခွင့်များကို ကျင့် သုံး၍  University Grants Commission  က နိုင်ငံခြားတက္ကသိုလ်များအား ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ပေးမည့်အစီအ စဉ်ကို အသေးစိတ်ရေးဆွဲလျက်ရှိပြီး ပါဝင်မည့် အချက်အလက် အချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က)    University Grants Commission  က Foreign Education Provider ဟု သတ်မှတ်ခံရသော နိုင်ငံ ခြားတက္ကသိုလ်များသည် ပြည်တွင်း၌ တက္ကသိုလ်ထူ ထောင်ခွင့်ရှိသည်။ (ခ)    တက္ကသိုလ်အဆင့်သတ်မှတ် ချက်စံနှုန်း(၃)ခုဖြစ်သော UK-based Times Higher Education Ranking,UK-published Quacquarelli Symonds(QS) Ranking နှင့် China-based Shanghai Jiao Tong University Ranking တို့ အနက် တစ်ခုခုတွင် ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်အဆင့် (၁)မှ (၄၀၀)အတွင်း စာ ရင်းဝင်သည့် တက္ကသိုလ်ဖြစ် ရမည်။ (ဂ) University Grants Commission  ၏ စည်းမျဉ်းများ အတိုင်း လိုက်နာဆောင် ရွက်ရမည်။ (ဃ)    နိုင်ငံခြားဘွဲ့အဖြစ်အသိအ မှတ်ပြုမည်ဖြစ်ပြီး အလား တူ အဆင့်ညီသည့် ပြည်တွင်း ဘွဲ့အား ချီးမြှင့်မည်။ (င)    Non-profit Companies များဖြစ်သဖြင့် အမြတ်အစွန်း  ဝေစုအား ပြည်ပသို့ ပြန် လည်ပို့ဆောင်ခွင့်မရှိ။ဆွေးနွေးတင်ပြချက် အိန္ဒိယပညာရေးစနစ်တွင် ဗဟိုအ စိုးရ၊ ဒေသန္တရနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ များစုံလင်စွာပါရှိပြီး အခြေခံပညာအ ဆင့်တွင် သင်ရိုးညွန်းတမ်းမျိုးစုံ၊ စာစစ် ဌာနအများအပြားနှင့် ဒေသအပေါ်မူ တည်၍ ကွဲပြားခြားနားကြောင်း လေ့ လာတွေ့ရှိရပါသည်။ မှတ်ပုံမတင်သည့် ပုဂ္ဂလိကကျောင်းများလည်း အများအ ပြားရှိသည်ဟု အချို့သတင်းများတွင် ဖော်ပြထားပါသည်။ ပုဂ္ဂလိကကျောင်း အများစုမှာ Non-profit trust ပုံစံမျိုး တည်ထောင်ထားကြခြင်းဖြစ်ပါသည်။ အစိုးရပိုင်ကျောင်းများမှာ (၈၀) ရာခိုင် နှုန်းခန့်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှာ (၂၀) ရာခိုင်နှုန်းခန့်ပါဝင်သည်ဟု အချို့ခန့် မှန်းချက်များက ဖော်ပြပါသည်။ အစိုး ရကျောင်းများသည် သင်ကြားမှုအား နည်းပြီး လူလတ်တန်းစားအများစုမှာ ပုဂ္ဂလိကကျောင်းများတွင်သာ မိမိတို့ ကလေးများကို ကျောင်းအပ်နှံလေ့ရှိကြ သည်ဟုလည်း အချို့စစ်တမ်းများက ဖော်ပြပါသည်။ တက္ကသိုလ်အဆင့် ပညာရေးတွင် မူ ဥပဒေအရ ဖွဲ့စည်းထားသော University Commission သည် ပုဂ္ဂလိက တက္ကသိုလ်ဖွင့်လှစ်ရေး၊ ဘဏ္ဍာရေး၊ အထောက်အပံ့ပေးရေး၊အဆင့်အတန်း သတ်မှတ်ရေး၊ စစ်ဆေးရေး၊ ဆရာ အရည်အချင်းသတ်မှတ်ရေး စသည့် စီမံ ခန့်ခွဲမှုအပိုင်းအား ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရ ပါသည်။ အိန္ဒိယတက္ကသိုလ်ခွင့်ပြုရေး ကော်မရှင်သည် ဗြိတိသျှနိုင်ငံအား နမူ နာယူ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု အချို့ စာတမ်းများက ဖော်ပြပါသည်။ ထို့ အပြင်တက္ကသိုလ်အားလုံးအား တပြေး ညီ လွတ်လပ်စွာ အုပ်ချုပ်စီမံခန့်ခွဲခွင့် ပေးအပ်ခြင်းမျိုးမဟုတ်ဘဲ၊ စွမ်းဆောင် ရည်မြင့်မားသည့် တက္ကသိုလ်များ ကိုသာ ရွေးချယ်၍ Autonomy    ပေး အပ်ခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိရပါ သည်။ အိန္ဒိယနိုင်ငံ၏ ပညာရေးကဏ္ဍ အား နမူနာယူ၍ မြန်မာနိုင်ငံ၏ ပညာ ရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် အောက်ပါ  အချက်များကို ထည့်သွင်းစဉ်းစားနိုင်ပါ ကြောင်း သုံးသပ်တင်ပြအပ်ပါသည်- (က)    အခြေခံပညာရေးကဏ္ဍတွင် လက်ရှိအစိုးရဝန်ထမ်းနှင့် ပြင်ပဆရာ/အတတ်ပညာရှင် များပါဝင်သည့် ပညာရေး ဘုတ်အဖွဲ့ဖွဲ့စည်းခြင်း။ (ခ)    ယင်းဘုတ်အဖွဲ့မှ ပြည် ထောင်စုအစိုးရသင်ရိုးညွှန်း တမ်းရေးဆွဲခြင်း၊ ပြည်နယ်/ တိုင်းဒေသကြီး အလိုက် ဖြည့်စွက်ပြဋ္ဌာန်းခွင့်ပြုခြင်း။ (ဂ)    ပြည်နယ်/တိုင်းဒေသကြီး များတွင် ပညာရေးဘုတ်အ ဖွဲ့များ ဖွဲ့စည်းခြင်း။ (ဃ)    ပုဂ္ဂလိကပိုင် ကျောင်းများ အတွက် ပြည်ထောင်စုအ ဆင့်၊ ပြည်နယ်/တိုင်းဒေသ ကြီးအဆင့်မှ စည်းကမ်းချက်၊  လိုအပ်ချက်များ သတ်မှတ် ပြဋ္ဌာန်းခြင်း။ (င)    အဆင့်မြင့်ပညာကဏ္ဍအား  ဥပဒေအရ ကော်မရှင်တစ် ရပ်ဖွဲ့စည်းနိုင်ရေးဆောင်ရွက် ခြင်း။ (စ)    ကော်မရှင်လက်အောက်တွင် ပညာရပ်အလိုက် လွတ်လပ် သောဘုတ်အဖွဲ့များဖွဲ့စည်း ခြင်း။ (ဆ)    တက္ကသိုလ်များဥပဒေပြဋ္ဌာန်း ၍ ယင်းမှ တစ်ဖန်တက္ကသိုလ် တစ်ခုချင်းအလိုက် ဥပဒေ များပြဋ္ဌာန်းကာ သီးခြား လွတ်လပ်သော တက္ကသိုလ် များဖွဲ့စည်းခြင်း။ (ဇ)    နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုဥပ ပေဒအရ ပြည်ပမှ ရာနှုန်း ပြည့်ရင်းနှီးမြှုပ်နှံမှုများဖိတ် ခေါ်ခြင်း။ (ဈ)    လက်ရှိတက္ကသိုလ်များတွင် ပြည်တွင်း ပုဂ္ဂလိကရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်၍ နိုင်ငံပိုင်-ပုဂ္ဂလိကပိုင်ပူး ပေါင်းဆောင်ရွက်မှု (PPP) ပုံစံဖြင့် ပြုပြင်ပြောင်းလဲခြင်း။ (ည)    ပြည်ပတက္ကသိုလ်ရင်းနှီးမြှုပ် နှံမှုနှင့် လက်ရှိပြည်တွင်းတ က္ကသိုလ်များအား ချိတ်ဆက် ပေးခြင်းနှင့် International Grants,Research Cooperation, Exchange Study  စသည်တို့အား တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ မှ တိုက်ရိုက်လက်ခံနိုင်ရန် စီစဉ်ပေးခြင်း။ဇော်ညွန့်၊ စီးပွားရေးသံမှူးမြန်မာသံရုံး၊ နယူးဒေလီမြို့။