Main menu

Background

စီးပွားရေး လွတ်လပ်ခွင့်အပေါ် တာဝန်မသိသူများ (သို့မဟုတ်) မိမိလောကကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေသူများ

Mon, 01/06/2014 - 04:49 -- ydnar

ပဲသမားနှင့်ကျောက်သမားဆွေးနွေး ခန်း ပဲသမားနှင့် ကျောက်သမား မိတ် ဆွေ နှစ်ဦး တွေ့ကြသည်။ ကျောက် သမားက "ခင်ဗျားတို့ ပဲလောက က လူ တွေက တစ်ယောက်အိပ်ကပ်ထဲက ပိုက်ဆံကို တစ်ယောက်က ဘယ်လို ယူ ရမလဲဆိုတာဘဲ စဉ်းစားနေတဲ့လူတွေ ပဲဗျ။"အချင်းချင်းအပေါ် သစ္စာမရှိဘူး" ဟုပြောသည်။ ပဲသမားကလည်း အား ကျမခံ "ကျွန်တော်တို့က ပိုက်ဆံပဲယူ တာပါဗျာ၊ ခင်ဗျားတို့ ကျောက်သမား လို  လူမသတ်ဘူး"ဟု ပြန်ပြောခဲ့သည်။ စီးပွားရေးနယ်ပယ်နှစ်ခုမှ ပုဂ္ဂိုလ် နှစ်ဦး၏ ဆွေးနွေးချက်များအတိုင်း သက်ဆိုင်ရာနယ်ပယ်တွင် ဖြစ်နေသည် ဟု မဆိုနိုင်သော်လည်း ဖြစ်ခဲ့သည့် သာဓကများရှိခဲ့သည်ကိုတော့ ငြင်း၍ ရမည်မထင်ပါ။

ကျွန်တော်သည် ကျောက်မျက် လောကအကြောင်း မသိပါ။ ပဲမျိုးစုံ အပါအဝင် လယ်ယာထွက်ကုန် ကုန် သွယ် ရောင်းဝယ်မှုလောကကိုတော့ နှစ်ပေါင်း ၃၀ နီးပါး ကျင်လည်ခဲ့သော နယ်ပယ်ဖြစ်၍ သမိုင်းနှင့်ချီ၍ ကောင်း ကောင်းသိသည်။ဈေးကွက်စီးပွားရေးအစနဲ့ ပဲလောက ဆိုရှယ်လစ် စီးပွားရေးစနစ် ကျင့် သုံးခဲ့သည့် ကာလများတွင် အားလုံး သိ သည့် အတိုင်း မတ်ပဲ၊ ပဲတီစိမ်းကို အစိုးရကသာပြည်တွင်းပြည်ပကုန်သွယ် ခွင့်ရှိသည်။ မတ်ပဲဆိုလျှင် ပုဂ္ဂလိက အနေနှင့်သယ်ဆောင်ရောင်းဝယ်ပါက သေဒဏ်အထိပင် အပြစ်ပေးနိုင်သည်။ သို့သော် ၁၉၈၈ ခုနှစ်မှ စတင် ၍ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်း လဲကျင့်သုံးခဲ့ရာ၊ ပဲမျိုးစုံကို လွတ်လပ်စွာ ရောင်းဝယ်တင်ပို့ခွင့် ဦးစွာခွင့်ပြုခဲ့သည် ကို အားလုံးမှတ်မိကြမည်ဖြစ်သည်။ ဆန်စပါးကိုပင် ၂၀၀၃ ခုနှစ် ဧပြီလမှ စတင်၍ ပုဂ္ဂလိကကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုခဲ့သည်။ ပဲမျိုးစုံကဏ္ဍ ကို ပုဂ္ဂလိက ကဏ္ဍမှ လွတ်လပ်စွာ ရောင်းဝယ်လုပ်ကိုင်ခွင့်ပြုခဲ့သည့်အချိန် မှစ၍ အဆိုပါကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှု မှာလည်း အားရကျေနပ်ဖွယ်ဖြစ်ခဲ့ သည်။ ပဲမျိုးစုံတင်ပို့မှုသည် ဆိုရှယ်လစ် ခေတ် ၁၉၈၇ ခုနှစ်တွင်  တန်ချိန် ၇၃၀၀၀ သာရှိခဲ့ရာမှ ယခုအခါ နှစ်စဉ် တန်ချိန် ၁ ဒသမ ၅ သန်းခန့်တင်ပို့ပြီး ပို့ကုန် ဝင်ငွေဒေါ်လာ သန်း ၁၀၀၀ ဝန်း ကျင်ရရှိနေပြီ ဖြစ်သည်။အထိန်းအကွပ်နှင့် ကုန်သွယ်မှု (Managed Trade) လူအများစု မှတ်မိမည်ဟု ထင် ပါသည်။ ပဲမျိုးစုံကို ပြည်ပသို့ တင်ပို့ မည်ဆိုလျှင် အောက်ပါလုပ်ငန်းစဉ်များ ဆောင်ရွက်ရသည်-(က)    စီးပွား/ကူးသန်း ဝန်ကြီးဌာနတွင် လိုင်စင်လျှောက်ရသည်။(ခ)     လိုင်စင်လျှောက်သည့် ဈေးနှုန်းကို လည်း သက်ဆိုင်ရာအသင်း အဖွဲ့ က ကျွမ်းကျင်သူများနှင့်ဌာနဆိုင် ရာ တာဝန်ရှိသူတွေက ပုံမှန် အစည်းအဝေးများကျင်းပ၍ ပြည် တွင်းဈေး၊ နိုင်ငံတကာ ဈေးကွက် အလားအလာများနှင့်ခန့်မှန်းတွက် ချက်ပြီးမှ သတ်မှတ်ပေးခဲ့သည်။(ဂ)    လိုင်စင်လျှောက်သည့်ပဲကို လည်း မိမိ သိုလှောင်ရုံတွင် အမှန် တကယ် ရှိ၊ မရှိ သက်ဆိုင်ရာဌာန က မြေပြင်ကွင်းဆင်းစစ်ဆေး ထောက်ခံချက်နှင့် တင်ပြရသည်။(ဃ)    ပြည်ပ ကုမ္ပဏီနှင့် အရောင်း အဝယ် စာချုပ်ကိုလည်း ဘုရင့် နောင်ကုန်စည်ဒိုင်တွင်စနစ်တကျ မှတ်ပုံတင် ရသည်။ (င) ထို့အပြင် ရောင်းချသည့်ပဲများ သင်္ဘောတင်ရန်အတွက် သက် ဆိုင်ရာ Buyer  ထံမှ ပဲဖိုးငွေ ၁၀၀ ရာခိုင်နှုန်းကို Telegraphic Transfer စနစ်ဖြင့် MFTB (သို့မဟုတ်)MICB ရှိ ကုန် ရောင်းသူ၏ ငွေစာရင်းသို့ လွှဲ ပြောင်းပေးပို့ထား သည်။ Credit Note ကို တင်ပြရသည်။    အထက်တွင် ဖော်ပြခဲ့သည့် ပဲမျိုးစုံ ပြည်ပတင်ပို့မှုအတွက် လိုအပ်ချက် အဆင့်များသည် လက်ဝယ်ပစ္စည်းမရှိ ဘဲ အရောင်းအဝယ်လုပ်ပြီး၊ ဈေးတက် ချိန်တွင် ပစ္စည်းမအပ်နိုင်၍ ကတိ ကဝတ် ပျက်မှုများ လျော့နည်းစေဖို့၊ သိုရုံမရှိ၊ ပဲမရှိဘဲ ကုန်ထုတ်မိန့် (DO) ကိုင်ပြီး၊ လေရောင်းလေဝယ် လုပ်သူ တွေကြောင့် ပဲလောက မထိခိုက်စေဖို့၊ ထိုစဉ်က ပို့ကုန်တန်ဖိုးအပေါ် ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ကြရ၍ အခွန် ပေးဆောင် ရမှုသက်သာစေရန် အမှန် တကယ် ရောင်းဈေးအတိုင်း မဟုတ်ဘဲ ဈေးလျှော့ချ၍ လိုင်စင် လျှောက်ထားမှု များကို ထိန်းသိမ်း ကြပ်မတ်ဖို့ ရောင်းသူ နှင့် ဝယ်သူ အကြား ကတိကဝတ်ပျက် ၍ အငြင်းပွားပါက ကုန်စည်ဒိုင်နှင့် အသင်းအဖွဲ့များမှ စနစ်တကျဖြေ ရှင်း ဆောင်ရွက်ပေးနိုင်မယ့် ခိုင်မာသည့် အရောင်းအဝယ်စာချုပ်များကို သုံးစွဲစေ ဖို့၊ အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ် ဆို့မှုကြောင့် မိမိကုန်သည်များမှ ရောင်း ချ သည့်ငွေများ ဆုံးရှုံးမှု မဖြစ်စေဖို့ စသည်ဖြင့် ရည်ရွယ်ဆောင်ရွက်ခဲ့ သည်ဟုသိရသည်။၂၀၀၈ ခုနှစ် ပဲလောက အရှုပ်တော်ပုံ အများစုမှတ်မိကြပါသည်။ ၂၀၀၈ ခုနှစ်တွင် ပဲလောက၌ အရောင်းအဝယ် ကတိကဝတ်ပျက်မှုကြီးဖြစ်ခဲ့ပြီး၊ အစိုးရ က တာဝန်ပေးသည့်အဖွဲ့ဖြင့် လပေါင်း များစွာ စစ်ဆေး ရှင်းလင်းဆောင်ရွက် ပေးခဲ့ရသည်။ ထိုဖြစ်စဉ်ကို အကြောင်း ပြု၍ သက်ဆိုင်ရာကုန်ဝယ်နိုင်ငံတစ်ခုမှ သံအမတ်ကြီးက ပဲပြည်ပတင်ပို့မှုနှင့် ပတ်သက်၍ ကတိကဝတ် ပျက်မှုများ ကြောင့် ရောင်းသူ၊ ဝယ်သူနှစ်ဖက် ဆုံး ရှုံးမှုများ လျော့နည်းသက်သာ အောင် စိတ်ချ ယုံကြည်ရသော အရောင်း အဝယ်စနစ်တစ်ခု အကောင်အထည် ဖော်ပေးရန် တာဝန်ရှိသူများထံ တင်ပြ ခဲ့၍ အထက်တွင် တင်ပြခဲ့သည့် အတိုင်း အရောင်းအဝယ်စာချုပ်အား ကုန်စည်ဒိုင်တွင် မှတ်ပုံတင်စေခြင်း၊ ပဲလက်ဝယ်ရှိသူ ကိုသာ ပို့ကုန်လိုင်စင် ထုတ်ပေးခြင်း အပါအဝင် အစီအမံများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါသည်။ ၂၀၀၈ ခုနှစ်၏ အတွေ့အကြုံကို သင် ခန်းစာယူ၍ နှစ်စဉ်ကန်ဒေါ်လာ သန်း ၁၀၀၀ ဝန်းကျင် ဝင်ငွေရှိသည့် နိုင်ငံ တော်၏ပို့ကုန်ကဏ္ဍတစ်ခု ရေရှည်ဖွံ့ဖြိုး တိုးတက်စေမည့် အစီအမံများကို ဌာန ဆိုင်ရာများနှင့် အသင်းအဖွဲ့များပူးပေါင်း ၍ဆောင်ရွက်ခဲ့သော်လည်း၂၀၀၈ ခုနှစ် ကဲ့သို့ ဆုံးရှုံးမှုပမာဏ များပြားသည့်  အရှုပ်တော်ပုံမျိုး မဖြစ်ခဲ့သည့်တိုင်  နှစ်စဉ်ဆိုသလို တစ်ဦးစနှစ်ဦးစ၏ ကတိ ကဝတ်ပျက်မှုမျိုးများကို ကြားနေရမြဲ ဖြစ်ပါသည်။ဒီမိုကရေစီခေတ် ၂၀၁၁ ခုနှစ် ဧပြီလမှ စတင်၍ တာဝန်ယူခဲ့သော နိုင်ငံတော်အစိုးရ သစ်လက်ထက်တွင် နိုင်ငံရေး၊ စီးပွား ရေး၊ အုပ်ချုပ်ရေး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးစသည်ဖြင့် ပြုပြင် ပြောင်း လဲမှုများကို အရှိန်အဟုန်ဖြင့် ဆောင် ရွက်ခဲ့ရာ စီးပွားရေးပြုပြင် ပြောင်းလဲမှု အပိုင်းတွင် အပါအဝင်ဖြစ်သည့် ကုန် သွယ်မှုကဏ္ဍတွင်လည်း ဖြေလျော့မှု များ(Liberalization)၊ လွယ်ကူချော မွေ့စေမည့် အစီအစဉ်များ (Facilitation Measures) များကို စီးပွား/ ကူး သန်းဝန်ကြီးဌာနက ဆက်တိုက်ဆောင် ရွက်ခဲ့သည်။ ထင်ရှားသည့်သာဓကမှာ၊ စားအုန်းဆီအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုခြင်း၊ ယခင်က ပြည်ပတင်ပို့ရန်ခွင့် မပြုသည့် နှမ်းညို၊ နှမ်းနီနှင့်မြေပဲများ အား ခွင့်ပြုခြင်း၊ လိုင်စင်လျှောက်ထား ရန် မလိုသော ပို့ကုန်သွင်းကုန်အမယ် များအားအမိန့်ကြော်ငြာစာထုတ်ပြန်၍  သတ်မှတ်ခြင်း၊ Automatic Licensing  နှင့် Non Automatic Licensing  စနစ်များဖြင့် ပို့ကုန် သွင်းကုန် အမယ်များအား သတ်မှတ်ဆောင်ရွက် ပေးခြင်းတို့ဖြစ်ပါသည်။ သွင်းကုန်ကဏ္ဍ တွင်လည်း အလားတူဖြေလျော့မှုပေါင်း များစွာ ဆောင်ရွက်ပေးခဲ့သည်။ ယခုအခါ ပဲမျိုးစုံအား လိုင်စင် လျှောက်ထားရန် မလိုဘဲ တင်ပို့ခွင့်ပြု သကဲ့သို့ တင်ပို့သည့်ဈေးနှုန်းကိုလည်း သက်ဆိုင်ရာအသင်းအဖွဲ့၏ထောက်ခံ ချက်ဖြင့်သာ ဆောင်ရွက်ပေးလျက်ရှိ ပါသည်။ ထို့အပြင် ယခင်ကကဲ့သို့  တင် ပို့သည့် ပဲများလက်ဝယ်ရှိ၊ မရှိ အစစ် ဆေးခံရခြင်း၊ အရောင်းအဝယ် စာချုပ် အား ကုန်စည်ဒိုင်တွင် မှတ်ပုံတင်ရခြင်း တို့လည်း မလိုအပ် တော့ပါ။ ကုန်သွယ် မှုတွင် အချိန်သည် ငွေကဲ့သို့ပင် အရေး ပါသည့်အတွက် ပြည်သူ့ ဗဟိုပြု (People Center)မူဝါဒ နှင့်အညီ ပဲ လောကတွင် လက်တွေ့ ဆောင်ရွက်နေ သူ ကုန်သည်များ၊ အသင်းအဖွဲ့များ (stateholders) များ ၏တောင်းဆိုမှု များအရ အချိန်ကာလ တစ်ခုပေး၍ ဆောင်ရွက်ခဲ့ကြရသည့်အထက်ပါ လုပ် ငန်း အဆင့်များအား ဖြေလျော့ပေးခဲ့ ခြင်း ဖြစ်ပါသည်။ကုန်သွယ်မှုတွင် လွယ်ကူ လျင်မြန် ချောမွေ့မှုနှင့် လုံခြုံစိတ်ချရမှု (Trade Liberalization and Trade Security) နိုင်ငံတကာကုန်သွယ်မှုနယ်ပယ် တွင် ဆိုရိုးစကားရှိသည်။ နိုင်ငံတစ်ခု သည် ကုန်သွယ်မှုလွယ်ကူလျင်မြန်ချော မွေ့စေရေးကို တစ်ဖက်က ဦးစားပေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အဆိုပါ ဖြေလျော့မှုများကြောင့် နိုင်ငံ၏စီးပွား ရေး၊ လူမှုရေးဆိုင်ရာစိတ်ချလုံခြုံမှုများ ကို မထိခိုက်စေရန်လည်း ကာကွယ် ဆောင်ရွက်ဖို့လိုသည်ဟူသော သဘော တရားဖြစ်သည်။ ဆိုလိုသည်မှာ Trade Liberalization နှင့် Trade Security ကို မျှမျှတတ  (Balanced)ဖြစ်စေ မည့် မူဝါဒနှင့် လုပ်ဆောင်မှုများ ရှိရန်လို သည်ဟု ဆိုခြင်းဖြစ်သည်။လတ်တလောမေးခွန်း ယခုတလော သတင်းတစ်ရပ် ကြားရပြန်သည်။ မြန်မာကုန်သည် တစ်ဦးက စင်ကာပူနှင့် အိန္ဒိယအခြေ စိုက် ကုမ္ပဏီ(၁၁)ခုထံမှ ပဲဖိုးငွေများ ကြိုတင်ယူပြီး၊ ပဲများတင်ပို့နိုင်ခြင်း မရှိဘဲ ကတိကဝတ်ပျက်နေသည့် ကိစ္စဖြစ် သည်။ နစ်နာသူပြည်ပ ကုမ္ပဏီများက ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာ နိုင်ငံ ပဲနှမ်းကုန်သည်အသင်း၊ ဘုရင့် နောင် ကုန်စည်ဒိုင်များသို့ ဖြေရှင်းပေး ရန် တောင်းဆိုတင်ပြထားကြောင်း လည်း ကြားသိရသည်။ ပဲအသင်းမှ တာဝန်ရှိသူတစ်ဦးနှင့်ဆွေးနွေးကြည့်ရာ တွင် စာချုပ်များ၊ ငွေလွှဲသည့်စနစ်များ မှာ မြန်မာနိုင်ငံ၏ သတ်မှတ်ချက်များ နှင့် ကိုက်ညီမှုမရှိဘဲနှစ်ဦးနှစ်ဖက် ပုဂ္ဂိုလ် ရေး ယုံကြည်မှုကို အကြောင်းပြု ဆောင်ရွက်ခဲ့သည့်အထောက်အထား များဖြစ်နေကြောင်း ကြားရသည်။ ပြည်သူ့ဗဟိုပြုမူဝါဒဖြင့် စီမံအုပ် ချုပ်လျက်ရှိသော ဒီမိုကရေစီအစိုးရ လက်ထက်တွင် လုပ်ငန်းကဏ္ဍတိုင်း၌ ဖြေလျော့မှုများ၊ လုပ်ငန်းများ လွယ်ကူ လျင်မြန်ချောမွေ့အောင် ဆောင်ရွက် ပေးမှုများ၊ ပွင့်လင်းထင်သာမြင်သာရှိ စွာ ဆောင်ရွက်မှုများဖြင့် လုပ်ဆောင် လျက်ရှိရာ ပုဂ္ဂလိက ကဏ္ဍ၏တာဝန် သိမှု၊ တာဝန်ယူမှု ရေချိန်မှာလည်း မြင့် တက်လာရန်လိုအပ်ပါသည်။ သို့မဟုတ် ပါကစာရေးသူအထက်တွင် တင်ပြခဲ့ သည့်အတိုင်းကုန်သွယ်မှုလွယ်ကူလျင်မြန် ချောမွေ့စေရေး (Trade Facilitation) နှင့် ကုန်သွယ်မှု ကဏ္ဍ လုံခြုံစိတ်ချရမှု (Trade Security) နှစ်ရပ်အကြား မျှချေပျက်၍ သက်ဆိုင်ရာကဏ္ဍ၏ အကျိုးစီးပွားကိုသာမက နိုင်ငံတော်နှင့် ပြည်သူပြည်သားတို့၏ အကျိုးစီးပွား ကိုပါ ထိခိုက်လာနိုင်ပါသည်။ သို့ဖြစ်၍ ကုန်သွယ်မှု ဖွံ့ဖြိုး တိုး တက်စေရန် ဖြေလျော့မှုများနှင့် လွယ် ကူ လျင်မြန်ချောမွေ့စေရန် ဆောင်ရွက် ပေးနေမှုများအား ပဲလုပ်ငန်းလုပ်ကိုင် နေသူများအနေဖြင့်တာဝန်သိမှု၊ တာဝန် ယူမှုများဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး၊ သို့မဟုတ်ပါက စီးပွားရေး လွတ်လပ်ခွင့်အပေါ် တာဝန်မသိမှုများ (သို့မဟုတ်) မိမိလောကကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေသူများအဖြစ် ထိုက်တန် သည့် ပေးဆပ်မှုကို တာဝန်ယူကြရမည် သာဖြစ်ပါကြောင်း ရေးသားလိုက်ရပါ သည်။