Main menu

Background

Barcode ဆိုသည်မှာ

Mon, 01/27/2014 - 04:30 -- ydnar

စားသုံးသူ အတော်များများဟာ မိမိတို့နေ့စဉ် ဝယ်ယူသုံးစွဲနေတဲ့ ထုတ် ကုန်ပစ္စည်းတွေမှာ လေးထောင့်ကွက်အ တွင်းမှာ ဒေါင်လိုက်မျဉ်းအထူအပါးများ နဲ့အောက်ခြေမှာ ဂဏန်းများပါဝင်တဲ့ သင်္ကေတ(Bar Code) ပါရှိနေတာ တွေ့မြင်ကြမှာပါ။ ဒါပေမဲ့လို့ ဒီသင်္ကေ တလေးတွေက ဘာကိုဖော်ပြတယ်။ စားသုံးသူတွေအတွက် ဘယ်လိုအရေး ပါတယ်ဆိုတာ သိရှိကြသူနည်းလိမ့်မယ် လို့ယူဆပါတယ်။

ဒီကနေ့သုံးစွဲနေတဲ့ (Bar Code) ရဲ့ မူလအစက ဟားဘတ်တက္ကသိုလ်မှ မစ္စ တာဝေါလေ့စ်ဖလင့် (Mr.Wallace Flint)  ကတ်ပြားပေါ်မှာ အပေါက်ငယ် လေးတွေဖောက်ပြီး သုံးတဲ့စနစ်ကို ၁၉၃၂ ခုနှစ်မှစတင်တီထွင်သုံးစွဲခဲ့တာ ပါ။ ၁၉၇၀ ခုနှစ်မှာ စားသောက်ကုန် ပစ္စည်းများထုတ်ကုန်နံပါတ်တစ်ပြေးညီ သတ်မှတ်ရေးကောင်စီ (Uniform Grocery Product Code Council) ဖွဲ့စည်းပြီး အကြံပေးပုဂ္ဂိုလ်လာရီရပ်ဆဲလ် (Larry Russell) နဲ့ တွမ်ဝီလ်ဆန် (Tom Wilson) တို့က နည်းပညာပိုင်း ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ထုတ်ကုန်ပစ္စည်းနံပါတ်များကို ဂဏန်း သင်္ချာအမှတ်အသားများနဲ့ (Uniform Product Code) ဖော်ပြနိုင်ရေး ဆက် လက်ဆောင်ရွက်ခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံး တစ်ပြေးညီထုတ်ကုန် နံပါတ် (Uniform Product Code) စနစ်နဲ့ ဖော်ပြထားတဲ့ ကုန်ပစ္စည်း များ ကို Troy,Ohio မြို့များရှိ Marsh Super Market မှာ ၁၉၇၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ စတင်သုံးစွဲခဲ့တာ တွေ့ရ ပါတယ်။ ယနေ့အချိန်မှာ GS1 Standard barcode လုပ်ဆောင်ချက်ပေါင်း နေ့စဉ် ၆ သန်းကျော်ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။GS1 ဆိုတာက တော့ အမြတ်အစွန်းအတွက် ရည်ရွယ် တာမျိုး မဟုတ်ဘဲ ထုတ်ကုန်ပစ္စည်းများ နဲ့ ဝန်ဆောင်မှုလုပ်ငန်းများရဲ့ အရည် အသွေး၊ စံချိန်စံညွှန်းတိုးတက်ရေးအ တွက် အထူးသဖြင့် barcode တွေသုံး စွဲတဲ့အခါမှာ တစ်ပြေးညီဖြစ်ဖို့နဲ့ လုံခြုံ ရေးရှိစေဖို့ ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံး ဆိုင်ရာအဖွဲ့အစည်းကြီးဖြစ်ပြီး http:// www.gsl.org မှာလေ့လာလို့ရပါတယ်။ ဒီကနေ့ကမ္ဘာတစ်ဝန်းမှာ အသုံး များတဲ့ Barcode ပုံစံ(၆)မျိုးရှိပါတယ်။EAN-13 and EAN-8,UPC-A and UPC-E,CODE 128,ITF,CODE 39 နဲ့ GS1 Data Bar  တို့ပဲဖြစ်ပါတယ်။ ပြောခဲ့တဲ့ barcode format တွေ ထဲမှာစားသုံးသူများနှင့် ထိတွေ့မှုအများ ဆုံးကတော့ UPC-A နဲ့ EAN-13  တို့ ဖြစ်ပါတယ်။ UPC ဆိုတာက  Universal Product Code ဖြစ်ပြီး US ၊Canada-UK ၊ Australia  ၊ New Zealand နိုင်ငံများမှာအသုံးပြုပါတယ်။UPC-A  မှာ digit  ၁၂ လုံးပါဝင်ပြီး ဘယ်ညာ အစွန်ဆုံး ဂဏန်းများကို barcode Line များ၏အပြင်ဖက်တွင် ဖော်ပြထားပါတယ်။ ဘယ်ဖက်ဂဏန်း ၆ လုံးမှာ ထုတ်လုပ်သည့်ကုမ္ပဏီနှင့် သက်ဆိုင်သည့် အပိုင်းဖြစ်ပြီး ညာဖက် ဂဏန်း၅ လုံးမှာ ကုန်စည်နဲ့ ပတ်သက် သောအပိုင်းဖြစ်ပါတယ်။ ညာ အ စွန် ဆုံးဂဏန်းမှာ barcode  ဖတ်တဲ့ စက် လွယ်ကူ မှန်ကန်တိကျစေရန်အတွက်  Calculated Check Digit ဖြစ်ပါ တယ်။EAN-13 Barcode Format မှာ လက်လီရောင်းချသော ကုန်ပစ္စည်း များအတွက် အဓိက အသုံးပြုနေတဲ့ စနစ်ဖြစ်ပြီးဂဏန်း၁၃လုံးပါဝင်ပါတယ်။ ဘယ်အစွန်ဆုံး ၁ လုံးကို Barcode Line များအပြင်ဖက်မှာထားရှိပါတယ်။ ဖော်ပြပါ Barcode တွင် ဘက်ဖက် ၂ လုံးမှာ number system(or) country code ဖြစ်ပါတယ်။ ဒုတိယ ဂဏန်း ၅ လုံးမှာ ထုတ်လုပ်တဲ့ ကုမ္ပဏီ နဲ့ ပတ်သက်ကာ တတိယဂဏန်း ၅လုံး မှာ ကုန်စည်နဲ့ ပတ်သက်ပါတယ်။ညာ ဘက် အစွန်ဆုံးဂဏန်းမှာ Check Digit ဖြစ်ကာEAN-13  မှာUPC-A ကိုပြုပြင် မွမ်းမံထားတာ ဖြစ်ပြီး UPC-A Code ဂဏန်း ၁၂ လုံးရှေ့မှာ  Zero Digit  ထပ်မံ ဖြည့်စွက်ခြင်းဖြင့် UPC-A  အား EAN-13 သို့ ပြောင်းလဲနိုင် ပါတယ်။EAN ဆိုတာက European Article Number ပင် ဖြစ်ပါတယ်။ လက်လီရောင်းချနေတဲ့ကုန်ပစ္စည်း များမှာ ဖော်ပြထားတဲ့ barcode လိုင်း များဟာ စားသုံးသူတွေအတွက် အင်မ တန်အရေးကြီးတယ်ဆိုတာ သိချင်မှသိ မှာပါ။ ဒီ barcode တွေကနေ ဘယ် နိုင်ငံကထုတ်လုပ်တယ်။ ဘယ်ကုမ္ပဏီ က ထုတ်လုပ်တယ်။ ကုန်ပစ္စည်းတံဆိပ် အရွယ်အစား၊ ဈေးနှုန်း၊ သက်တမ်းကုန် ဆုံးရက်စသည့်စားသုံးသူများအတွက် အရေးကြီးတဲ့ သတင်းအချက်အလက် များရနိုင်ပါတယ်။ ဒါ့အပြင်ထုတ်လုပ် သည့်စက်ရုံမှ ရိုက်နှိပ်သော barcode များဟာ ကုန်ပစ္စည်း အစစ်အမှန်ဖြစ် ကြောင်း ရည်ညွှန်းနိုင်ပါတယ်။ မြန်မာ နိုင်ငံအတွင်း ထုတ်လုပ်တဲ့ ကုန်ပစ္စည်း များကတော့ ကော်ဖြင့်ကပ်ထားသော ဘမေခသိနများမှာအရောင်းကောင်တာ များတွင် ကျသင့်ငွေစစ်ဆေးနိုင်ရန်နှင့် ကုန်ပစ္စည်းဝယ်ယူ/ရောင်းချရမှုများကို သိရှိနိုင်ရန်သာရည်ရွယ်ကြောင်း သိရှိ ရပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ စားသုံးသူအတွက် အရေးကြီးသော သတင်းအချက်အလက်များဖော်ပြပေး နိုင်လိမ့်မှာ မဟုတ်ပါဘူး။ကွန်ပျူတာနဲ့ barcode printer ရှိလျှင် barcode ရိုက်နှိပ်လို့ ရပါတယ်။ ယနေ့ Super Market များမှာ အသုံးပြုနေတဲ့  barcode စနစ်များမှာ လုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရန် အဆင်ပြေစေမှု ကိုသာ ဦးတည်ပြီး လုပ်ဆောင်ထား တာသာဖြစ်ပြီး စားသုံးသူများ အတွက် လုပ်ဆောင်ပေးတာ မဟုတ်လို့ စားသုံး သူများရဲ့ အခွင့်ရေးတစ်ခု ဆုံးရှုံးသလို ဖြစ်နေပါတယ်။ စားသုံးသူများအတွက် တန်ဖိုးရှိ သောသတင်းအချက်အလက်များ ပေး နိုင်ရေးအတွက် ထုတ်လုပ်သူ၊ ရောင်းချ သူများက barcode တစ်ခုကိုလှုပ်ရှား အသက်ဝင်စေဖို့ လုပ်ဆောင်ရမည့်အ ဆင့်များစွာရှိနေပါတယ်။ နည်းပညာပိုင်း အရ ဆောင်ရွက်ရန်ရှိသလို ဥပဒေပိုင်း ဆိုင်ရာအရလည်း ဆောင်ရွက်ရမည့် ကိစ္စများစွာရှိပါတယ်။ စားသုံးသူ အ ကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီးချိန် မှာစတင်ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းပါတယ်။ ကျန်အပိုင်းကို အခါ အခွင့်သင့်လျှင်ရေးသားတင်ပြပါဦးမယ်။ အခုစားသုံးသူများအတွက် အ တော် အသင့်အသုံးဝင်တဲ့ ကျွန်တော်ရဲ့ အတွေ့အကြုံကိုမျှဝေပါရစေ။ ဒီကနေ့ မြို့ကြီး၊ မြို့လတ်များမှာ Super Market နဲ့ Mini Mart  တွေများပြားစွာရှိ နေမှာပါ။ အခြားနိုင်ငံက ဝင်ရောက် လာတဲ့ စားသောက်ကုန်ပစ္စည်းတွေမှာ ပြောခဲ့တဲ့ barcode ကလေးကိုရှာပါ အဲဒီမလုပ်ခင်မှာ မိမိဖုန်းက Smart phone ဖြစ်ဖို့နဲ့ internet တော့ချိတ် ဆက်ထားဖို့လိုပါမယ်။ ဒီအချက်က ဒီ နေ့ အနေအထားမှာတော့ အခက်အခဲ ရှိနေပေမဲ့လည်း နောင်မကြာတဲ့ကာလ မှာတော့ နေရာအများစုအဆင်ပြေသွား မှာပါ။ Google play Store ကနေပြီး တော့   ''EAN DATA" နဲ့ "Crowdbuy barcode"  ဆိုတဲ့ Application  ၂ ခုကိုကြိုတင်ထည့်သွင်း ထားဖို့လိုပါလိမ့်မယ်။ မိမိဝယ်ယူမည့် ကုန်ပစ္စည်းရဲ့  barcode ပေါ်မှာအထက် ကပြောထားတဲ့  barcode Scanner နှစ်ခုထဲက တစ်ခုကိုဖွင့်ပြီး ဓါတ်ပုံရိုက် သလိုလုပ်ကြည့်ပါ။ ဖတ်နိုင်တယ်ဆိုရင် ပစ္စည်းက  barcode တွေမှတ်ပုံတင်တဲ့ အဖွဲ့အစည်းမျိုး (GS1) မှာမှတ်ပုံတင် ထားတယ်ဆိုရင် ကုန်ပစ္စည်းရဲ့ barcode  နဲ့ ထုတ်လုပ်တဲ့နိုင်ငံစတဲ့အချက်အလက် ကိုတော့ အနည်းဆုံးသိရမှာပါ။ ဒီလို တွေ့ရတယ်ဆိုရင်ပဲ ကုန်ပစ္စည်းစစ်မှန် ကြောင်း (၇၀ ရာခိုင်နှုန်း)ခန့်အတည်ပြု နိုင်မှာပါ။ တချို့ Super Market ကြီး တွေမှာ Internet ကို Wifi စနစ်နဲ့ ပေး တာမျိုးရှိနိုင်ပါတယ်။ နောင်မှာတော့ ဒီ လိုစစ်ဆေးလို့မရရင် လူတွေကျန်းမာ ရေးအတွက် အရေးကြီးတဲ့ ကုန်ပစ္စည်း မျိုးဆိုရင် တင်သွင်းခွင့်မပြုတာမျိုးတွေ၊ တရားမဝင်တင်သွင်းလာခဲ့ရင်လဲ အရေး ယူခံရနိုင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ စားသုံးသူတွေ ဘေးအန္တရာယ်ကင်းရှင်း တဲ့ ကုန်ပစ္စည်းတွေဝယ်ယူသုံးစွဲနိုင်ရေး ကို ရှေးရှုလျက် ရေးသားတင်ပြလိုက်ရ ပါတယ်။