Main menu

Background

မရှိမဖြစ်တဲ့ ဈေးကွက်

Thu, 02/06/2014 - 05:02 -- ydnar

ကမ္ဘာ့နိုင်ငံအသီးသီးမှာ မည်သည့် စီးပွားရေးစနစ်ကိုပဲသုံးသုံး၊ မည့်သည့် ဈေးကွက်အနေအထားကိုပဲ လက်ခံ လက်ခံ ရောင်းလိုအား ဝယ်လိုအား အကောင်းဆုံး၊ ဘယ်တော့မှ ပစ်ပယ် လို့လဲထားလို့မရတဲ့ ဈေးကွက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ (Market  of  Imagination) လို့ခေါ်တဲ့ စိတ်ကူး ဉာဏ်ဈေးကွက်ပဲဖြစ်ပါတယ်။

လူဆိုတဲ့ သတ္တဝါမျိုးကလဲ အမြဲ တမ်းအသစ်အဆန်းတွေ တီထွင်ဆန်း သစ် နေရမှ နေသာထိုင်သာရှိပုံရတယ်။ ရထားတာနဲ့လဲ ဘယ်တော့မှမကျေနပ် ဘူး။ ဒီလိုဒီလို တီထွင်ခဲ့လို့ပဲ ယနေ့ လူသားတွေ ခံစား၊ စံစားနေကြရတာ ပေါ့။ဒါပေမဲ့တီထွင်သူတွေမှာလဲသူ့ခေတ် သူ့အခါက သိပ်မသက်သာလှဘူးတဲ့။ မဖြစ်နိုင်တာကို စဉ်းစားလို့ ရူးနေပြီ လား။ ကြောင်နေပြီလားဆိုပြီး၊ လူအုပ် နဲ့ဝိုင်းပြီး သြဘာပေးခံရသတဲ့။ဥပမာ - မော်တော်ကားခေတ်ဦးကစတင်တီထွင် သူ တွေကို မဖြစ်နိုင်တာတွေကို စိတ်ကူး ယဉ်သူတွေအဖြစ် ကြက်ဥပုပ်၊ ဘဲဥပုပ် တွေနဲ့ အပေါက်ခံရသတဲ့။ လေယာဉ်ပျံ ကို ကနဦးစတင်စိတ်ကူးခဲ့တဲ့ ရိုက်ညီ နောင်လဲ ပိုဆိုးခဲ့မှာပေါ့။ ခုတော့ တစ် ဆင့်ပြီးတစ်ဆင့်သူ့ထက်ငါလုယက်ကာ ဝိုင်းပြီး၊ စိတ်ကူးစိတ်သန်းကောင်းတွေနဲ့ လိုတဲ့နေရာမှာ ဖြည့်စွက်၊ ပိုနေတယ်လို့ ထင်ရတဲ့နေရာတွေမှာ ဖြုတ်ခဲ့နဲ့ ဒီလို နဲ့ပဲ ယနေ့ခေတ်ရှေ့ပြေးနေတဲ့ သိပ္ပံ ခေတ်၊ သတင်းနဲ့ နည်းပညာခေတ်ကြီး ရောက်ရပြီ မဟုတ်လား။ အင်္ဂလိပ်စာဆိုကြီး ရှိတ်စပီးယား ကလဲ" လောကမှာ အကောင်းနဲ့ အဆိုး တွေကို စိတ်ကူးကဖန်တီးခြင်းဖြစ်တယ်" လို့ ဆိုသတဲ့။ ဒါလဲဟုတ်နေတာပဲ။ လူ့ အသုံးအဆောင်ပစ္စည်းတွေ တိုးတက် ထုတ်လုပ်နေသလို လူအချင်းချင်း သတ် ဖြတ်ဇီဝိန်ခြွေမဲ့ ဗုံးလက်နက်၊ ဒုံးကျည် တွေကလဲ လူတွေရဲ့ ဦးနှောက်ထဲက လာတဲ့စိတ်ကူး ဉာဏ်တွေကဘဲဖြစ်လာ တာပါ။ဒါကြောင့်စိတ်ကူးကြပါ။ တီထွင် ကြပါ။ ဆန်းသစ်ကြပါ။ ဘယ်ဟာက အကျိုးရှိစေတယ်။ဘယ်ဟာကအကျိုးမဲ့ စေတယ်ဆိုတာတော့ ခွဲခြားမှုပြုစေချင် ပါတယ်။ ဆေးဝါးတွေဘက်မှာလဲ ဒီလို ပါဘဲ။ မူလဘူတ လူတွေမှာ ပုံမှန်ဖြစ် ပွားနေတဲ့ ရောဂါဘယတွေအပြင် မမျှော်လင့်တဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားရှူရှိုက်နေထိုင်ရရင်း ဖြစ်ထွန်းလာ တဲ့ ရောဂါအသစ်အဆန်းတွေကိုလဲ ကုသနိုင်အောင် ဆေးဝါးများ တီထွင် ကြရပါတယ်။တီလဲတီထွင်နိုင်ကြပါတယ်။ သူတစ်ပြန်ကိုယ်တစ်ပြန် ဆိုသလိုပါပဲ။ ရောဂါအသစ်အဆန်းပေါ်လိုက်၊ ဓာတ် ခွဲခန်းမှာ သူ့ကိုတိုက်နိုင်မဲ့ ဆေးဝါး တွေကို စမ်းသပ်တီထွင်ထုတ်လုပ်လိုက်နဲ့ အဓိက ပြောချင်တာကတော့ ဖော်ပြပါ ဆန်းသစ်ပြီးရင်း ဆန်းသစ်နေရတဲ့ စိတ်ကူးဉာဏ်ဈေးကွက်ကြီးဟာ ဘယ် တော့မှ တိမ်ကောမှာမဟုတ်ပါ။ စိတ် ကူးဉာဏ်တွေကနေလက်တွေ့ဖော်ထုတ် ရတဲ့ နည်းပညာအမျိုးမျိုးဟာလဲ ဘာ ပညာမျှမတတ်တဲ့ ဖိုးသုညတို့နဲ့ ဘာမျှ မဆိုင်၊သာမန်သူလိုကိုယ်လိုဘွဲ့လက်မှတ် ရရုံ ရထားတဲ့ ဘွဲ့ရများနဲ့လည်း ဘာမှ မဆိုင်၊ မဟာနဲ့ ပါရဂူ ဘွဲ့ရများ ဘာမှ မသက်ဆိုင်ကြောင်းပါ။ ယနေ့ခေတ်က ဟိုးယခင် ခေတ် စနစ်တွေနဲ့ ခံယူချက်တွေမရှိ တော့ပါ ဘူး။ ယနေ့ ဒီမိုကရေစီ ပြည်သူ့ အစိုးရ ဟာ ပညာရှင်တွေ၊ ပညာတတ်တွေကို အလေးထားလာပါတယ်။ လေးစားလာ ပါတယ်။ အရေးပေးလာပါတယ်။ နေရာ ပေးလာတာတွေ့ရပါတယ်။ ဒါကြောင့် လက်ရှိပညာရှင်များသာမက  နောင် အနာဂတ်မှာ ပိုမို တတ်ကျွမ်းတဲ့ ပိုမိုပြီးစိတ်ကူးဉာဏ်ကောင်းတဲ့ မြန်မာ့ ပညာရှင်လောင်းလျာများကို မွေးထုတ် ပေးဖို့ လိုပါတယ်။ ဒါဆိုရင်အဲဒီလူသားအရင်းအမြစ် တွေ ဖွံ့ဖြိုးလာပြီး၊ ကမ္ဘာနဲ့အညီ ရင် ပေါင်တန်းနိုင်တဲ့ တီထွင်ဆန်းသစ်မှု တွေကို စိတ်ကူးဉာဏ်အသစ်တွေနဲ့ တီထွင်ဖန်တီး ထုတ်လုပ်လာနိုင်မှာဖြစ် ပါတယ်။ အဲဒီမှာ စိတ်ကူးဉာဏ် ဈေးကွက်ဆိုတာဟာလဲကောင်းသည်ထက် ပိုကောင်းလာမှာပါ။ ပညာတတ်များ၊ ပညာရှင်များရဲ့အကြံပေးစကားစိတ်ကူး ဉာဏ်များကလည်း နယ်ပယ်အသီးသီး အတွက် ပိုပြီး အဖိုးတန်လာမှာပါ။ ကျွန်တော်တို့ ကုမ္ပဏီမှာ အကြံ ပေးဒါရိုက်တာအနေနဲ့အချိန်ပိုင်းလာထိုင် ပေးပါဆရာ။ ကျွန်တော်တို့ သင်တန်း မှာ တစ်ပတ် ၂ ချိန်လောက်တော့ လာပြီး၊ ပို့ချပေးပါဆရာ။ ကျွန်တော်တို့ စက်ရုံက ထုတ်လုပ်တဲ့ပစ္စည်းရဲ့ အားသာချက် အားနည်းချက်ကလေး တွေ သုံးသပ်ပေးပါဆရာ။ ကျွန်မတို့ ဌာနက သုတေသန စာတမ်းဖတ်ပွဲမှာ အမှာစကားလေးလာပြီး မြွက်ကြားပေး ပါဆရာ။ စက်ရုံက Test  Run လုပ် တော့မှာ ပိုကောင်းအောင် ဆရာ့ဆီက အကြံဉာဏ်လေးရပါရစေ။ စက်ရုံဘက် လှည့်ဝင်ခဲ့ပါဦး ဆိုတာမျိုးတွေနဲ့ စိတ်ကူးဉာဏ်၊အကြံဉာဏ်ဈေးကွက်ကြီး ဟာ မသိမသာကြီးထွားလာနေပါပြီ။ ဒီလိုပညာရှင်၊ ပညာတတ်တွေ ဟာ နေရာတိုင်း၊ ကဏ္ဍတိုင်းမှာ မရှိ မဖြစ်လိုအပ်ကြပါတယ်။ အချို့သူတို့ ဟာ ဘွဲ့တံဆိပ်၊ ဘွဲ့ထူးဂုဏ်ထူး အမြီး ရှည်ချင်မှ ရှည်မယ်။ နိုင်ငံတကာအတွေ့ အကြုံရှိမယ်။ လက်တွေ့နယ်ပယ်မှာ ကျင်လည်ခဲ့တာများမယ်။ ကိုယ့် ဘာသာရပ်ကိုတော့ကိုယ် နှံ့နှံ့စပ်စပ် ထဲထဲဝင်ဝင်သိပြီးသား နားလည်ပြီးသား လူတွေဖြစ်တယ်။ ဒါ့ထက်ပိုအရေးကြီးတာက လက် ဆင့်ကမ်းအမွေရယူရမဲ့ လူငယ်တွေပဲ။ ပညာရှင်၊ ပညာတတ်ဆရာ ဆရာမကြီး တွေကနှုတ်နဲ့သော်လည်းကောင်း၊ လက် တွေ့နယ်ပယ်မှာသော်လည်းကောင်း၊ နည်းအမျိုးမျိုးနဲ့ ပို့ချပေးနေတယ်။ ဒါကို ခံယူတတ်ဖို့လိုတယ်။ ခံယူရကောင်းမှန်း သိဖို့လိုတယ်။ ပြီးရင် အဲဒီဆရာတွေ ထက်သာအောင် ပိုပြီးပြည့်ဝအောင် အပတ်တကုတ်ကြိုးပမ်းအားထုတ်နေဖို့ လိုပါတယ်။ ယနေ့လူငယ်တွေခေတ်မှာ ယခင် ကနဲ့မတူပါဘူး။ အာရုံထွေပြားစရာ၊ လမ်းလွဲလိုက်နိုင်စရာ၊လမ်းခွဲလမ်းမြှောင်၊ လမ်းမှောင်ခိုတွေက အများကြီးရှိတယ်။ ဆွဲလဲဆွဲဆောင်နေကြတယ်။ ဒါတွေကို ရှောင်ကြဉ်နိုင်မှ ကိုယ့်တန်ဖိုးကိုယ်သိမှ ကိုယ့်လမ်းကြောင်းကို ဖြောင့်ဖြောင့် မတ်မတ်ရောက်ပါမယ်။ ရှေ့လာမဲ့ အနာဂတ်မှာ စိတ်ကူး ဉာဏ်ဈေးကွက်ကြီးဟာ လူငယ်ထုတွေ ကို ကြိုဆိုနေပါတယ်။ လေ့လာကြ ပါ။ သင်ယူကြပါ။ ဆည်းပူးကြပါ။ ပျိုး ထောင်ကြပါ။ ပြီးရင် မျှဝေကြပါ။ အသုံးချကြပါ။ ပို့ချကြပါ။ တို့ .... ပြည်တွင်းမှာ။မောင်မောင်အေး -လွိုင်ကော်