Main menu

Background

အိပ်မက်လှလှများရဲ့ ချင်းပြည်နယ်

Thu, 02/13/2014 - 03:20 -- ydnar

မြန်မာပြည်မှာ နေသော်လည်း မြန်မာပြည်အနှံ့ရောက်ဖူးသူရှားပါ လိမ့်မည်။ တကယ်တော့ မြန်မာပြည် သည် အရှေ့တောင်အာရှကုန်းမြေပေါ် တွင် အကြီးမားဆုံး၊ အကျယ်ပြန့်ဆုံး နိုင်ငံကြီးဖြစ်ပါသည်။ ထို့ကြောင့် ကျယ် ပြန့်သော နိုင်ငံအနှံ့သို့ ရောက်ဖို့ဆိုတာ မလွယ်ပါ။ ထိုအထဲမှာ ကျွန်တော်လည်း ပါသည်။ ပြည်ပနိုင်ငံ အတော်များများ ရောက်ဖူးသော်လည်း မြန်မာပြည်အနှံ့ မရောက်ဘူးသေးပါ။ မရောက်သေး၍ ရောက်ချင်သော ဒေသတစ်ခုက ချင်း ပြည်နယ်၊ အခုတော့ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးရဲ့ခရီးစဉ်မှာ လိုက် ပါပြီး ချင်းပြည်နယ်တစ်ခွင် လေ့လာခွင့် ကြုံခဲ့ရသည်။

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ၂၄ ရက် ညနေ ၃ နာရီမှာ နေပြည်တော် လေဆိပ်ကနေ စင်းလုံးငှား လေယာဉ် ငယ်နဲ့ စထွက်လာသည်။ စင်းလုံးငှား လေယာဉ်တွေ ပေါ်လာတာ ပို့ဆောင် ရေးကဏ္ဍရဲ့ တိုးတက်မှုတစ်ခုပါ။ ပုံမှန် လေကြောင်းတွေကို စောင့်ရန်မလို၊ လေယာဉ် ကွင်းတိုတွေကို ဆင်းနိုင် သည်။ မန္တလေးကိုအခြေပြုပြီး အနီး ပတ်ဝန်းကျင် ခရီးတိုတွေပို့ဆောင်ပေး နေသည်။ အလုပ်ရှိလျှင်နယ်အနှံ့ အချိန် မရွေး ထသွားနိုင်ပြီ။ ကျွန်တော်တို့ အဖွဲ့က မန္တလေးမသွားနိုင်တော့၍ နေပြည်တော်သို့ လာကြိုပေးခြင်း ဖြစ် သည်။  လေယာဉ်က  ခရီးဝေး၍ လေယာဉ်ဆီ  ပိုသယ်  လာခဲ့ရသည်။ ကျွန်တော်တို့ အဖွဲ့ကလည်း အတွေ့ အကြုံ မရှိသေး၍ (၁၀)ယောက်စီး လေယာဉ် စီးဖို့ လူ (၁၀) ယောက် ခေါ် လာပြီး၊ ပုံမှန် ခရီးစဉ်လို ဝန်စည် စလယ် တွေအပြည့်ယူလာကြသည်။ လေယာဉ် သယ်နိုင်တာထက် အလေးချိန် ပိုနေ သည်။ ဒါနဲ့စိတ်ချရအောင် လူနှစ် ယောက်နဲ့ ဝန်စည်စလယ် အချို့ ချန် ထားခဲ့ရသည်။ လေယာဉ်ငယ်မို့ အမြင့် ပေတစ်သောင်းလောက်ကပဲ ပျံသော ကြောင့်မြေပြင်ရှုခင်းတွေ အတိုင်းသား မြင်နေရသည်။ကြည့်လို့ အလွန်ကောင်း သည်။ မြန်မာပြည်ရဲ့ ပထဝီကို အခုမှ လက်တွေ့ကြည့်ရတော့သည်။ ဧရာ ဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံကို တွေ့ရ သည်။မြန်မာပြည်ရဲ့အထင်ကရစစ်ကိုင်း ပြတ်ရွေ့ကျောကြီးကို အထင်းသားမြင် ရသည်။ မြစ်သာ မြစ်ဝှမ်းရဲ့ စပါးခင်း တွေက ရှုမဆုံး။ လေယာဉ်ငယ်နဲ့ ၁ နာရီ ၄၅ မိနစ် ခရီးနှင်ပြီးတဲ့နောက် ကလေးမြို့ကို ရောက်သည်။အောင်ဇေ ယျ ရိပ်သာမှာ တည်းခိုကြသည်။ ထို့ နောက် ကလေးမြို့ မြို့တော်ခန်းမမှာ တွေ့ဆုံပွဲ လုပ်သည်။ ပြည်ထောင်စု ဝန်ကြီး၊ ဦးဝင်းမြင့်က အစိုးရအဖွဲ့၊ ကုန် သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ၏ နာယက ဖြစ်သည်နှင့် အညီ အစိုးရသစ်တက်သည့်အချိန်မှ စ၍ ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့ သည်များ၊ စားအုန်းဆီ၊ စက်သုံးဆီ၊ မော်တော်ယာဉ်များ လူတိုင်းညီညီမျှမျှ တင်သွင်းခွင့်ရအောင် ဖြေလျော့ပေးခဲ့ သည်များ၊ ဆောက်လုပ်ရေး လုပ်ငန်း များ တိုးတက်ရေးလုပ်ငန်းသုံး ယန္တရား များ လိုသလောက် တင်သွင်းခွင့်ပြုခဲ့ သည်များ၊ ကုန်သွယ်မှုတိုးတက်ရေးနှင့် ပြည်တွင်းထုတ်ကုန်များ ဈေးကွက်ရရှိ ရေးအတွက် ကုန်စည်ပြပွဲနှင့် ဈေးကွက် ရရှိရေး အလုပ်ရုံ ဆွေးနွေးပွဲများကို ပြည်နယ်တိုင်းမြို့ကြီးများတွင် ကျင်းပ သွားမည့် အစီအစဉ်များ၊ ကုန်သွယ်မှု အသိပညာတိုးတက်ရေး သင်တန်း များ ဖွင့်လှစ်ပေးမည့် အစီအစဉ်များ ကို ရှင်းလင်းဆွေးနွေးပြီး၊ သိလိုသည် များ၊ တင်ပြလိုသည်များကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးကြရန် ဖိတ်ခေါ် ပါသည်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ စီမံကိန်း နှင့် စီးပွားရေး ဝန်ကြီး ဦးအုန်းမောင်က လည်း စစ်ကိုင်းတိုင်း ဒေသကြီးတွင် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် အုပ်ချုပ် ရေးပိုင်းကပါ ပြုပြင်ပြောင်းလဲဆောင် ရွက်နေမှုများနှင့် ပြည်သူဗဟိုပြု ပြောင်း လဲနေမှုတွင် ပြည်သူပူးပေါင်း ပါဝင်မှု အရေးကြီးပုံတို့ကို ရှင်းလင်း ဆွေးနွေး သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အတူ လိုက်ပါလာသော ကူးသန်း ရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင် လေး၊ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၊ ဒုတိယ  ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ကျန်းမာရေးဝန်ကြီး ဌာန၊ အစားအစာနှင့် ဆေးဝါးကွပ်ကဲမှု ဦးစီး ဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်ဝင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊အင်ဂျင်နီယာချုပ်ဦးသိန်းဇော်၊ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေး မှူး ဦးဝင်းလှိုင်တို့က မိမိတို့ကဏ္ဍ အလိုက် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးရေး အတွက် ပြည်သူသို့ ဝန်ဆောင်မှုများ တိုးမြှင့် ဆောင်ရွက်သွားမည့် အစီ အစဉ်များ၊သိရှိသင့်သည်များကိုရှင်းလင်း တင်ပြကြသည်။ တက်ရောက်လာသူ များက၊ ကလေးမြို့တွင် ကုန်စည်ဒိုင်ဖြစ် မြောက်ရေး၊ ပိုမိုစည်ကားလာသော မြို့မဈေး တိုးချဲ့ရေး၊ ရပ်ကွက်အုပ်ချုပ် ရေးရုံးနှင့် စေတနာ စာသင်ကျောင်းများ အတွက် မြေနေရာရရှိရေးကို တင်ပြကြ ရာ ပြည်ထောင်စုဝန်ကြီးက မြေပေးရန် မှာ မိမိလုပ်ပိုင်ခွင့်မဟုတ်၍ လုပ်ထုံးလုပ် နည်းနှင့်အညီ တင်ပြပေးမည် ဖြစ် ကြောင်း ဖြေကြားခဲ့ပါသည်။ နောက်နေ့နံနက်ချင်းတောင်ကိုစ တက်ကြပြီ။ နံနက် ၈ နာရီ ကားနဲ့ စထွက်သည်။ ကလေးမြို့က ထွက်တာ နဲ့ တောင်တွေ တောက်လျှောက်တက် ရသည်။တစ်နာရီခွဲလောက်မောင်းတော့ မိုင် ၃၀ နဲ့ ၇ ဖာလုံဝေးတဲ့ သိုင်းငင်းရွာ ကိုရောက်သည်။  သိုင်းငင်းသည် တီးတိန်မြို့သို့ သွားရာ လမ်းဆုံလည်း ဖြစ် သည်။ တောင်အစွန်းမှာ လှလှပပ ဆောက်ထားတဲ့ ဆောက်လုပ်ရေး ရိပ် သာမှာ ခဏနားကြသည်။ အေးမြတဲ့ ရာသီဥတုနဲ့ လှပတဲ့ တောင်ပေါ် ရှုမျှော် ခင်းအလှတွေကြောင့် ကလေးမြို့သား တွေ နွေအခါ လာနားကြသော စခန်း ကလေးပါ။ မန္တလေးနဲ့ ပြင်ဦးလွင်လို ပေါ့။ဆောက်လုပ်ရေးဝန်ထမ်းတွေ ဧည့် ခံတဲ့ ကြက်သားစွပ်ပြုတ်ကို အားပေး ကြပြီး ဆက်ထွက်ကြသည်။ သွားဘူး သမျှ တောင်ပေါ်လမ်းထဲမှာတော့ အကွေ့အကောက် အများဆုံးနဲ့ တောင် တွေ အမြင့်ဆုံးလမ်းပါ။ လမ်း တစ် လျှောက် ရှုခင်းတွေကြည့်လို့ လှသ လောက်၊ လမ်းဘေးက နက်ရှိုင်းတဲ့ ချောက်ကမ်းပါးတွေရဲ့ အောက်ခြေက ချောင်းကလေးအထိ လှမ်းမြင်နေရတာ ကို ကြည့်မိရင် အသဲယားစရာကောင်း လှသည်။ ကားများ ချောက်ထဲကျလို့က တော့ ပြန်လမ်းမမြင်၊ ဘုရားသခင်နဲ့ တိုက်ရိုက်တွေ့ဖို့သာ ပြင်ရမည်။ ၁၂ နာရီခွဲမှာ မိုင် ၈၀ ဝေးတဲ့ ဖလမ်းမြို့ကို ရောက်သည်။ ဆောက်လုပ်ရေးရိပ်သာ မှာနေ့လည်စာစားကြသည်။ ရက်ကန်း သင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ချင်းရိုးရာ လက်မှု အထည်များအား အမှတ်တရ ပစ္စည်း များအဖြစ် ပူးပေါင်း ဈေးကွက် ဖော် ဆောင်ကြရန် ညှိနှိုင်းခဲ့သည်။ လမ်း ရှိသောမြို့တိုင်း၊ ရွာတိုင်း လိုလိုမှာ ဆောက်လုပ်ရေး ရိပ်သာတွေ ရှိတာ အတော်အားကိုးရသည်။ ဖလမ်းမြို့က တောင်ပေါ်မှာ မြေပြန့်အတော်လေးရှိ တဲ့ မြို့လှလှလေးပါ။ လေယာဉ်ကွင်း ဖောက် ဖို့တောင် ပြင်ဆင်နေကြပါ ပြီ။ ဖလမ်းက ၁ နာရီခွဲလောက်ထွက်လာ လိုက်တာ ၁၂၄ မိုင် ဝေး တဲ့ ချင်း ပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့ကို ညနေ ၄ နာရီမှာ ရောက် ပါတော့ တယ်။ ခမ်းနားလှတဲ့ ပြည်ထောင်စုရိပ် သာကြီးမှာတည်းကြ သည်။ ခဏနားပြီး မြို့တော်ခန်းမမှာ တွေ့ဆုံပွဲလုပ်သည်။ ချင်းပြည်နယ်တွင်ကုန်သွယ်မှုဖွံ့ဖြိုးလာ ရေး ကုန်သည်အသင်းဖွဲ့ရန်၊ မြန်မာ ပြည်၏ဆွစ်ဇာလန်ဟု တင်စားလောက် အောင်လှပသည့် တောင်ပေါ် အပန်း ဖြေစခန်းဖြစ်လာရန် အလားအလာ အလွန်ကောင်း၍ ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးရေးအသင်း ဖွဲ့ရန်၊ ဟိုတယ်ဇုန်တွေ ထူထောင် ရေး၊ ဧည့်လမ်းညွှန်သင်တန်း များ ဖွင့်ပေးရေး၊ လမ်းဖောက်ရန် ယန္တရားများနယ်စပ်မှတင်သွင်းခွင့်၊ လိုင် စင်မဲ့ ဝင်ရောက်နေသော အရက်များ ကျန်းမာရေးနှင့် မညီညွှတ်၍ စိစစ်ပေး ရန်၊ ကုမ္ပဏီများ ထူထောင် လုပ်ကိုင် တတ်ရေးသင်တန်းများ ဖွင့်လှစ်ပေးရေး တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ နောက်တစ်နေ့ နံနက် ၈ နာ ရီတွင်ဟားခါးမှ ထန်တလန်သို့ ၂၆ မိုင် ခရီးကို ဆက်ခဲ့ကြသည်။ ထန် တလန် သည် အိန္ဒိယနယ်စပ် ကုန်သွယ်ရေး စခန်းဖွင့်မည့် လမ်းကြောင်းတစ်ခု ဖြစ် သည်။ဝန်ထမ်းတချို့ပင်ရောက်ရှိတာဝန် ထမ်းဆောင်နေပြီဖြစ်သည်။ လမ်းတွင် နယ်စပ်ကုန်သွယ်ရေးအတွက် စုပေါင်း ရုံးဖွင့်မည့် မောင်ထလန် လမ်းဆုံရှိ မြေ နေရာကို ကြည့်ရှုကြသည်။ ထန်တလန် သည် အိန္ဒိယ နယ်စပ်အနီး ဝေးသီ ခေါင်သော မြို့ကလေးဖြစ်သော်ငြား သပ်ရပ် လှပသောသွပ်မိုး၊ ပျဉ်ကာ အိမ် ရောင်စုံကလေးများဖြင့် ခေတ်မီ ပုံစံ မြို့ကလေးဖြစ်နေတာ အံသြဖွယ်တွေ့ရ သည်။ နှစ်ထပ်၊ သုံးထပ်ဆောက်ထား သော အုတ်တိုက်များနှင့် ခမ်းနားသော ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကို လည်း တွေ့ရသည်။ ချင်းတောင်တွင် လူငယ်တွေ များများမတွေ့ရ။ ချင်း ပြည်နယ်၏ လူငယ်သုံးပုံ တစ်ပုံခန့် သည် အမေရိကန်စသည့် ပြည်ပနိုင်ငံ များတွင် သွားရောက် အလုပ် လုပ်ကာ ချင်းပြည်နယ်ရှိမိဘများထံငွေပြန်ပို့ခြင်း ဖြင့် ချင်းပြည်နယ်၏ အဓိက ဝင်ငွေ ဖြစ်လျက်ရှိကြောင်းသိရသည်။အင်္ဂလိပ် ဘာသာ စကားကျွမ်းကျင်ခြင်းသည် ချင်းလူငယ်များ၏ အားသာချက်ဖြစ် သည်။ ပြည်ပမှပြန်ပို့ငွေများသာ တရား ဝင် စာရင်းဝင်လာပါက ချင်းပြည်နယ် ၏ ွီဏ နည်းလိမ့်မထင်။ ထုံးစံအတိုင်း ဆောက်လုပ်ရေးရိပ်သာတွင် မြို့လူထု နှင့် တွေ့ဆုံဆွေးနွေးကြသည်။ ဒေါက် တာ မှူးထန်အမှူးပြုသည့် မြို့လူထုက နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးလာရန် ကားလမ်းမြန်မြန်ကောင်းစေလိုသည်။ နယ်စပ်ကုန်သွယ်ရေးကောင်းလျှင်ဒေသ ဖွံ့ဖြိုးမည်ဟု တင်ပြသည်။ ကုန်သွယ်မှု ညီမျှရေးတွက် မိမိဖက်ကလည်း ပို့ကုန် တွေတင်ပို့နိုင်ဖို့ ပြင်ဆင်ထားကြရန် တိုက်တွန်းရသည်။ မပြန်မီ ထန်တလန် ဆေးရုံကိုဝင်ရောက်၍ဆရာဝန်၊ဆရာမ များကိုအားပေးရင်း လူနာများအတွက် လည်း အလှူဒါန ပြုခဲ့ကြပါသည်။ ဒေသမှ တိုင်းရင်းသားများက ဆေးရုံကို အားကိုး၍ လူနာအပြည့်ရှိတာ တွေ့ရ သည်။ ဆေးဝါးအတွက် ဘတ်ဂျက်များ တိုးမြှင့်ရရှိနေသောကြောင့် ဤမျှဝေးလံ သော မြို့ကလေးမှ ဆေးရုံတွင်ပင် ဆေးဝါးလုံလောက်စွာ ရှိကြောင်း ဝမ်း သာ စရာသိခဲ့ရသည်။ အလှည့်ကျ လာ ရောက် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ ဆရာမများကိုလည်း ချီးကျူး ဂုဏ်ယူမိရသည်။ ၁၂ နာရီခွဲတွင် ဟားခါးမြို့သိ့ုပြန်လည် ထွက်ခွာခဲ့ကြ သည်။ ဟားခါးမြို့ရဲ့ ဒုတိယနေ့ညချမ်း မှာတော့ ပြည်နယ်ရုံးရှေ့ကွက်လပ်မှာ မီးပုံပွဲနဲ့ ဧည့်ခံတာကိုကြုံဖူးရသည်။ ချင်းပြည်ရဲ့ ဓလေ့ကို ရေးဖွဲ့ထားသော သီချင်းများ၊ ချင်းရိုးရာ အကများကို နား ဆင်ရှုစားရသည်။ တွဲကတဲ့ညလေး တစ်ညသီချင်းနဲ့ တုံ့ပြန်ဂုဏ်ပြုခဲ့သလို၊ မီးပုံကြီး ပတ်ပတ်ရံပြီး၊ ရင်းနှီး ချစ်ကြည်စွာ လက်ချင်းတွဲကခဲ့ကြရတဲ့ ညလေးတစ်ညကို မှတ်တမ်း တင်ခဲ့ရပါသည်။ နောက်တစ်နေ့နံနက် ၈ နာရီ ဟားခါးမှ ရိဒ်ခေါဒါရ်မြို့သို့ ထွက် ခွာခဲ့သည်။  ချင်းပြည်နယ်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမုန် လည်း လိုက်ပါလာသည်။ ဟားခါး၏ နံနက်စာတွင် ပြောင်းဖူးကို ပွအောင် လုပ်၍ ဟင်းသီးဟင်းရွက်အသားတို့ဖြင့် ရောပြုတ်ထား ပြီးဆီမပါဆားမပါသော၊ ချင်းရိုးရာအစာ စာပုတီးနှင့် နွားနောက်သား ကိုမြည်းစမ်းခွင့်ရခဲ့သည်။ ဟားခါးမှ ဖလမ်းဖက်သို့ ပြန်လာရပြီး၊ ဖလမ်း ရောက်ခါနီးမှာလမ်းခွဲရှိသည်။ လမ်းခွဲသို့ ၉ နာရီခွဲခန့် ရောက်တော့ ဘာအဆောက်အအုံမှမရှိ၍ ဖလန်းမြို့နယ်ထွေ အုပ်က လမ်းဘေးတွင် စားပွဲခုံခင်းကာ နံနက်စာ လက်ဖက်ရည်မုန့် များဖြင့် ဧည့်ခံသည်။ အေးမြသော ရာသီမို့ နေပူထဲ ထိုင်၍ လက် ဖက်ရည်သောက်ရတာ တစ်မျိုးကျေနပ်နေကြသည်။ မတ်စောက် သော တောင်ဆင်း တောင်တက်များကို ကျော်ဖြတ်ကာ ၁၂ နာရီ    လောက်မှာ သီထွားလ်ဆိုတဲ့ရွာကို ရောက်သည်။ ရွာအဝင်စာသင် ကျောင်းရှေ့တွင် ကျောင်းသား၊ ကျောင်းသူများက တန်းစီ၍ ကြိုဆို နေကြတာကို နှုတ်ဆက်ရသည်။ဆောက်လုပ်ရေးရိပ်သာတွင် ထမင်း စားကြသည်။ ရွာကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ဆေးရုံမှ ဆရာဝန်နှင့် သူနာပြုများ ကိုယ်တိုင်လာရောက်၍ ချက် ပြုတ်ကျွေးမွေးဧည့်ခံသည်။ ဧည့်လာကျဲသောဒေသဖြစ်၍ ဧည့်သည် လာတာကို ဝမ်းသာနေကြပုံ ပေါ်သည်။ ဆရာမလေးတွေက အညာ က၊ လစာနှစ်ဆရ၍ အတော်အတန် အဆင်ပြေကြသည်။ သို့သော် နှစ်ကြာလာ၍ပြောင်းချင်ကြသည်။ ဆရာဝန်က မန္တလေးက၊ အလှည့် ကျရောက်လာခြင်းဖြစ်သည်။ မူအရ သတ်မှတ်ကာလပြည့်အောင် ကြိုးစားထမ်းဆောင်မည်ဟုဆိုသည်။ ဒီလိုရပ်ရွာမျိုးမှာ ဆရာဝန် တစ်ယောက်ရှိတာ အလွန်အားကိုးရကြောင်း ပြောကြသည်။  သီထွာလ်ရွာမှ နေ့ ၁ နာရီပြန်ထွက်သည်။ ညနေ ၄နာရီ ရိဒ်ခေါဒါရ် မြို့သို့ရောက်သည်။ ရိဒ်ပြည်ထောင်စု ရိပ်သာတွင်တည်းကြသည်။ ၄ နာရီခွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် မြို့မိ မြို့ဖများ၊ လုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ မြို့လူထုက အဓိကကျသော ကျေးရွာချင်းဆက်လမ်းများ ဖောက်ပေးရန်၊ တိုက် နယ်ဆေးရုံကိုအိန္ဒိယဖက်ကပါအားကိုးနေ၍ လိုအပ်နေသော ဓာတ် မှန် စက်ထားရှိပေးစေလိုကြောင်း၊ နယ်စပ် ဂိတ်နှင့် နယ်စပ်ကုန်သွယ် ရေးစခန်းဝေးနေ၍နီးအောင်ရွှေ့ပေးစေလိုကြောင်း၊ အထက်တန်း ကျောင်းအတွက် ဘော်ဒါဆောင်နှင့် ဆရာများအတွက် ဝန်ထမ်း ဆောင်များပျက်နေ၍ ပြုပြင်နိုင်ရေး ကူညီပေးစေလိုကြောင်း၊ ဝန်ထမ်းများ လစာထုတ်ရအဆင်ပြေရန် မြန်မာ့ စီးပွားရေး ဘဏ် ဖွင့်ပေးစေလိုကြောင်း၊ အိန္ဒိယထုတ်ကားများ အခွန်သက်သာ စွာ တင်သွင်းခွင့်၊ မြန်မာကားများ မီဇိုး ဒမ်းအထိ သွားခွင့်စသည်များကို တင်ပြကြရာ သက်ဆိုင်ရာဌာနအလိုက်ညှိနှိုင်း တင်ပြဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဖြေကြားခဲ့ကြပါသည်။                     နောက်နေ့နံနက်တွင် နယ်စပ်ဂိတ်သို့ သွားရောက်လေ့လာ ကြရာ နယ်စပ်တံတား၏ တစ်ဖက်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုးဒမ်း ပြည် နယ်၏ နယ်စပ်မြို့ ဇိုခေါဒါရ်မြို့ကလေးကို တောင်တွေအကြား တွင် တွေ့ရပါသည်။ နံနက်တွင် ၉ နာရီ ရိဒ်မှ တီးတိန်သို့ ၃၃ မိုင် ခရီးကို စတင်ထွက်ခွာခဲ့ကြသည်။ ရိဒ်မြို့ထဲမှ ၃ မိုင် အကွာ တီးတိမ်သွားလမ်း ပေါ်ရှိ ဟိုင်မွါလ်ရွာသစ်တွင်တည်ရှိသော နယ်စပ်ကုန်သွယ်ရေး စခန်း စုပေါင်းရုံးသို့ ဝင်ရောက်၍ဝန်ထမ်းများနှင့် တွေ့ဆုံကာ နယ်စပ် ကုန် သွယ်ရေး အခြေအနေများ လေ့လာကြသည်။ ရိဒ်စခန်း၏ကုန်သွယ် မှုသည် ယခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၅ သန်းကျော်ရရှိနေပြီ ဖြစ်သည်။ လမ်းပန်းကောင်းမွန်သည်နှင့်အမျှ ကုန်သွယ်မှု တိုးတက် လာမည့် အလားအလာကောင်းများ ရှိနေကြောင်း တွေ့ရသည်။ နယ်စပ်စခန်းမှ ထွက်ခွာသည်နှင့် လမ်းတစ်လျှောက်တွင် ချင်းတောင် ဒေသ၏ အဓိကသယ်ယူပို့ ဆောင်ရေးယာဉ်ဖြစ်သော ဟိုင်မွါလ် ဂျစ်ကားများကို ကုန်အပြည့်အလျှံ တင်လျက်မောင်းနှင်လာသည် များကို တွေ့လာရသည်။ ကုန်အပြည့်အလျှံ ဟုဆိုရခြင်းမှာ ဂျစ်ကား ဆိုသော်လည်း ကုန်ကားကြီးကဲ့သို့ ခေါင်မိုးပေါ်၊ ဘောနက်ပေါ်၊ နောက်တွဲပေါ် ရသလို အပြည့်အမောက်တင်ထားတာ တွေ့ရ၍ဖြစ် သည်။ သာမန်ဂျစ်ကားထက် ဘောဒီကိုရှည်ထားပြီး၊ ဒိုင်နာအင်ဂျင် တင်ထားကာ၊ ချင်းတောင်လမ်းနှင့် ကိုက်ညီအောင် အောက်ပိုင်း ကိုလည်းပြင်ထားသည်။ ကလေးမြို့ စက်မှုဇုန်က ထုတ်လုပ်ပေးသော ထိုဟိင်မွါလ် ဂျစ်ကားကို အိန္ဒိယဖက်မှ အရာရှိများ မြင်တွေ့ သောအခါ ]]မြန်မာပြည်က ဒီဂျစ်ကားက သစ်ပင်တောင်တက်နိုင် မယ်ထင်တယ်}} ဟု မှတ်ချက်ပြုသွားကြောင်း ချင်းပြည်နယ်ဝန်ကြီးက ပြောပြ၍ သိရသည်။ တောင်ကြား ချောင်းပေါ်တွင်တည်ရှိသည့် မံဆောင်း ကြိုးတံတားကိုဖြတ်ပြီး မကြာမီပင် တီးတိန်မြို့သို့နေ့လယ် ၁ နာရီတွင် ရောက်သည်။ တီးတိန်မြို့သည်လည်း ချင်းပြည်နယ်တွင် စည်ကားသော၊ လှပသောမြို့ကလေးဖြစ်သည်။ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ထွမ်းဝုန်းရိပ်သာတွင် ချင်းရိုးရာအကဖြင့် ဆီးကြိုနေသည်။ ထိုရိပ်သာ တွင်ထမင်းစားပြီး၊ လုပ်ငန်းရှင်များနှင့် တွေ့ကြသည်။ တီး တိန်တွင် အဓိကအားဖြင့် ဝဥများ စိုက်ပျိုးအောင်မြင်နေသည်။ အရင်းအနှီး ရရှိရေး၊ ဈေးကွက်ရှိရေး၊ တန်ဖိုး မြှင့်ထုတ်လုပ်နိုင်ရေး ကူညီပေးရန် တင်ပြသည်။ ထို့အတူ စပျစ်၊ သစ်ခွ၊ ပြောင်း စိုက်ပျိုးအောင်မြင် နိုင်မည့် အလားအလာများကို စိုက်ပျိုးရေး ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက် ပေးရန်၊ သင်တန်းများတက်နိုင်ရေး စီစဉ်ပေးရန် ညှိနှိုင်းခဲ့ ကြသည်။ တီးတိန် မြို့မှ ထွက်ခွာလာပြီး နာမည်ကျော် ဖို့ဝှိုက်တောင် ကျောအတိုင်း မောင်းနှင်လာသည်။ လမ်းတွင် တောင်ဇလပ်ပန်း နီနီများနှင့်နွားနောက်များကို တွေ့ရသည်။ တိမ်တွေက လမ်းအောက် ရောက်နေသည်။ သိုင်းငင်းသို့ ပြန်လည်ရောက်ရှိကာ ခေတ္တနား ကြပြီး ချင်းတောင်ခရီးစဉ်အတွက်အောင်ပွဲခံကာ ကလေးမြို့သို့ ပြန် ဆင်းခဲ့ကြပါသည်။ နောက်နေ့တွင် ကလေးမြို့မှ တမူး မြို့သို့ နံနက် ၇ နာရီထွက် ခဲ့ကြသည်။ ကလေးမြို့သည် ယခင်နှင့် မတူအောင် စည်ကားနေ သောမြို့ကြီးဖြစ်နေသလို၊ ကလေး-တမူး ကားလမ်းသည်လည်း အံသြဖွယ်ကောင်းမွန်နေသည်။ ယခင်က တစ်နေကုန် သွားရသော ခရီးကို ၂ နာရီခွဲခန့်နှင့် ရောက်သည်။ ထွေအုပ် ခန်းမတွင် တွေ့ ဆုံပွဲလုပ်သည်။ မြို့မိ မြို့ဖလုပ်ငန်းရှင်များ အပါအဝင်နိုင်ငံ ရေးပါတီ များ၊ သတင်းသမားများလည်း တက်ရောက်သည်။ လုပ်ငန်းရှင်များ က အိန္ဒိယဖက်မှ ကုန်ကားများမြန်မာဖက် ဝင်ခွင့်၊ ဓာတ်မြေသြဇာ များ အတွက် ထောက်ခံချက်ကိစ္စ၊ စားတော်ပဲ တင်သွင်းခွင့်၊ ကား တင်သွင်းခွင့်၊ သိုလှောင်ရုံများ လိုအပ်မှု၊ ကုန်သည်အသင်းရုံးနှင့် ကုန်စည်ဒိုင်တည်ဆောက်မည့်ကိစ္စများ တင်ပြကြသည်များကို မှတ် သားဖြေ ကြားပေးကြသည်။ ဂျာနယ်သမားများက နယ်စပ် အရာရှိ များကို နယ်စပ်ကုန်သွယ်ရေးအကြောင်းမေးလျှင် ဖြေကြားပေး စေလိုကြောင်း တင်ပြသည်ကို ပြည်ထောင်စုဝန်ကြီးကဖြေအောင် ညွှန်ကြားပေးမည်ဟုဖြေကြားခဲ့သည်။ နယ်စပ်ဂိတ်များနှင့် နန်းဖာလုံ ဈေးကို လှည့်လည်ကြည့်ကြသည်။ ကြိတ်ကြိတ်တိုးစည်ကားလှသည့် နန်းဖာလုံဈေးကြီးကမြန်မာဖက်တွင် ဈေးကွက်ဖွံ့ဖြိုးနေသော နယ်စပ် ဒေသအဖြစ် သိသာထင်ရှားစေသည်။ အချိန် မရ၍ ခဏသာကြည့် နိုင်ပြီးပြန်ခဲ့ရသည်။ ၃ နာရီအရောက် လေယာဉ် ကွင်းသို့တန်း၍ သွားကြသည်။ လေယာဉ်ငယ်လေးက ကလေးမြို့ လေယာဉ်ကွင်း တွင် အသင့်စောင့်ကြိုနေသည်။ အပြန်ခရီးတွင်တော့ ကလေး မြို့မှ မန္တလေးမြို့သို့ ပျံသန်းမည်ဖြစ်သည်။ ချင်းတောင်ခရီးစဉ်သည် အလွန် ဆင်းရဲသောချင်းပြည်နယ်ဟူသည့် ကျွန်တော့် အထင်အမြင်ကိုလုံး၀ ပြောင်းလဲစေခဲ့သလို၊ အေးမြသည့် ရာသီဥတု၊ ရင်သပ်ရှုမောဖွယ် တောင်ပေါ်ရှုခင်း၊ အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်း အမြစ်များ၊ အလားအလာကောင်းသည့်စိုက်ပျိုးရေး လုပ်ငန်းများ၊ ဖွံ့ဖြိုးလာတော့မည့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများကြောင့် အခွင့်အလမ်းကောင်းများဖြင့် ပွင့်လန်းနေသော ချင်းပြည်နယ် အတွက် အိပ်မက်လှလှများမြင်ယောင်ရင်း မန္တလေး ချမ်းမြ သာစည် လေဆိပ်သို့ လေယာဉ်ငယ်လေး ဆင်းသက်ကာ  ချင်းတောင်ခရီးစဉ် ကို အဆုံးသတ်လိုက်ရပါသည်။    ပြည်ထောင်စုဝန်ကြီး၊ ဦးဝင်းမြင့်က အစိုးရ အဖွဲ့၊ ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၏ နာယက ဖြစ်သည်နှင့် အညီ အစိုးရသစ်တက်သည့်အချိန်မှစ၍ ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့သည်များ၊ စားအုန်း ဆီ၊ စက်သုံးဆီ၊ မော်တော်ယာဉ်များ လူတိုင်းညီညီမျှမျှ တင် သွင်းခွင့် ရအောင် ဖြေလျော့ပေးခဲ့သည်များ၊ ဆောက်လုပ်ရေး လုပ် ငန်းများ တိုးတက်ရေးလုပ်ငန်းသုံး ယန္တရားများ လိုသလောက် တင် သွင်းခွင့်ပြု ခဲ့သည်များ၊ ကုန်သွယ်မှုတိုးတက်ရေးနှင့် ပြည်တွင်းထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် ကုန်စည်ပြပွဲနှင့် ဈေးကွက်ရရှိရေး အလုပ်ရုံ ဆွေးနွေးပွဲများကို ပြည်နယ်တိုင်းမြို့ကြီးများတွင် ကျင်းပသွား မည့်အစီအစဉ်များ၊ ကုန်သွယ်မှုအသိပညာတိုးတက်ရေး သင်တန်း များ ဖွင့်လှစ်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြီး၊ သိလို သည်များ၊ တင်ပြလိုသည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ဖိတ်ခေါ်ပါသည်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးအုန်းမောင်ကလည်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် အုပ်ချုပ်ရေး ပိုင်းကပါ ပြုပြင်ပြောင်းလဲဆောင်ရွက်နေမှုများနှင့် ပြည်သူ ဗဟိုပြု ပြောင်းလဲနေမှုတွင် ပြည်သူ ပူးပေါင်းပါဝင်မှု အရေးကြီးပုံတို့ကို ရှင်း လင်းဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အတူ လိုက် ပါလာသော ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ကျန်းမာရေးဝန်ကြီး ဌာန၊ အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်ဒေါက်တာဇော်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင် နီယာချုပ် ဦးသိန်းဇော်၊ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်တို့ကမိမိတို့ ကဏ္ဍအလိုက် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး ရေးအတွက် ပြည်သူသို့ဝန်ဆောင်မှုများ တိုးမြှင့် ဆောင်ရွက်သွား မည့်အစီအစဉ်များ၊ သိရှိသင့်သည်များကို ရှင်းလင်း တင်ပြကြသည်။ တက်ရောက်လာသူများက၊ ကလေးမြို့တွင်ကုန်စည်ဒိုင် ဖြစ်မြောက် ရေး၊ ပိုမိုစည်ကားလာသော မြို့မဈေး တိုးချဲ့ရေး၊ ရပ်ကွက်အုပ်ချုပ် ရေးရုံးနှင့် စေတနာ စာသင်ကျောင်းများအတွက် မြေနေရာရရှိရေးကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မြေပေးရန်မှာ မိမိ လုပ်ပိုင် ခွင့်မဟုတ်၍ လုပ်ထုံးလုပ်နည်းနှင့် အညီတင်ပြပေးမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ နောက်နေ့နံနက်ချင်းတောင်ကိုစ တက်ကြပြီ။ နံနက် ၈ နာရီ ကားနဲ့ စထွက်သည်။ ကလေးမြို့က ထွက်တာနဲ့ တောင်တွေ တောက်လျှောက်တက်ရသည်။တစ်နာရီခွဲလောက်မောင်းတော့ မိုင် ၃၀ နဲ့ ၇ ဖာလုံဝေးတဲ့ သိုင်းငင်းရွာကို ရောက် သည်။ သိုင်းငင်းသည် တီးတိန်မြို့သို့ သွားရာ လမ်းဆုံလည်းဖြစ်သည်။ တောင်အစွန်းမှာ လှလှပပ ဆောက်ထားတဲ့ ဆောက်လုပ်ရေးရိပ်သာမှာ ခဏနား ကြသည်။ အေးမြတဲ့ရာသီဥတုနဲ့လှပတဲ့တောင်ပေါ် ရှုမျှော်ခင်းအလှ တွေကြောင့် ကလေးမြို့သားတွေ နွေအခါ လာနားကြသော စခန်း ကလေးပါ။ မန္တလေးနဲ့ ပြင်ဦးလွင်လိုပေါ့။ ဆောက်လုပ်ရေးဝန်ထမ်း တွေ ဧည့်ခံတဲ့ ကြက်သားစွပ်ပြုတ်ကို အားပေးကြပြီးဆက်ထွက်ကြ သည်။သွားဘူးသမျှ တောင်ပေါ်လမ်းထဲမှာတော့ အကွေ့ အကောက် အများဆုံးနဲ့ တောင်တွေအမြင့်ဆုံးလမ်းပါ။ လမ်းတစ်လျှောက် ရှုခင်းတွေကြည့်လို့ လှသလောက်၊ လမ်းဘေးကနက်ရှိုင်းတဲ့ ချောက် ကမ်းပါးတွေရဲ့ အောက်ခြေက ချောင်းကလေးအထိ လှမ်းမြင်နေရ တာကို ကြည့်မိရင် အသဲယားစရာကောင်းလှသည်။ ကားများချောက် ထဲကျလို့ကတော့ ပြန်လမ်းမမြင်၊ ဘုရားသခင်နဲ့ တိုက်ရိုက်တွေ့ဖို့သာ ပြင်ရ မည်။ ၁၂ နာရီခွဲမှာ မိုင် ၈၀ ဝေးတဲ့ ဖလမ်းမြို့ကိုရောက်သည်။ ဆောက်လုပ်ရေးရိပ်သာမှာ နေ့လည်စာ စားကြသည်။ ရက်ကန်း သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ချင်းရိုးရာလက်မှု အထည်များအား အမှတ်တရ ပစ္စည်းများအဖြစ် ပူးပေါင်း ဈေးကွက် ဖော်ဆောင်ကြရန် ညှိနှိုင်းခဲ့သည်။ လမ်းရှိသောမြို့တိုင်း၊ ရွာတိုင်း လိုလိုမှာ ဆောက်လုပ်ရေးရိပ်သာတွေရှိတာ အတော်အားကိုးရ သည်။ ဖလမ်းမြို့က တောင်ပေါ်မှာ မြေပြန့်အတော်လေးရှိတဲ့ မြို့လှလှလေးပါ။ လေယာဉ်ကွင်းဖောက်ဖို့တောင် ပြင်ဆင်နေကြပါ ပြီ။ ဖလမ်းက ၁ နာရီခွဲလောက်ထွက်လာလိုက်တာ ၁၂၄ မိုင် ဝေး တဲ့ ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့ကို ညနေ ၄ နာရီမှာ ရောက် ပါတော့တယ်။ ခမ်းနားလှတဲ့ ပြည်ထောင်စုရိပ်သာကြီး မှာတည်းကြ သည်။ ခဏနားပြီး မြို့တော်ခန်းမမှာ တွေ့ဆုံပွဲလုပ်သည်။ ချင်းပြည် နယ်တွင် ကုန်သွယ်မှုဖွံ့ဖြိုးလာရေး ကုန်သည်အသင်းဖွဲ့ရန်၊ မြန်မာ ပြည်၏ဆွစ်ဇာလန်ဟု တင်စားလောက်အောင်လှပသည့် တောင် ပေါ် အပန်းဖြေစခန်းဖြစ်လာရန်အလားအလာ အလွန်ကောင်း၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအသင်း ဖွဲ့ရန်၊ ဟိုတယ်ဇုန်တွေထူထောင် ရေး၊ ဧည့်လမ်းညွှန်သင်တန်းများ ဖွင့်ပေးရေး၊ လမ်းဖောက်ရန် ယန္တရားများ နယ်စပ်မှ တင်သွင်းခွင့်၊ လိုင်စင်မဲ့ ဝင်ရောက်နေသော အရက်များကျန်းမာရေးနှင့် မညီညွှတ်၍စိစစ်ပေးရန်၊ ကုမ္ပဏီများ ထူထောင်လုပ်ကိုင်တတ်ရေးသင်တန်းများ ဖွင့်လှစ်ပေးရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ နောက်တစ်နေ့ နံနက် ၈ နာရီတွင် ဟားခါးမှ ထန်တလန်သို့ ၂၆ မိုင်ခရီးကို ဆက်ခဲ့ကြသည်။ ထန်တလန်သည် အိန္ဒိယနယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်မည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ ဝန်ထမ်း တချို့ပင် ရောက်ရှိတာဝန် ထမ်းဆောင်နေပြီဖြစ်သည်။ လမ်းတွင် နယ်စပ်ကုန်သွယ်ရေးအတွက် စုပေါင်းရုံးဖွင့်မည့် မောင်ထလန် လမ်းဆုံရှိ မြေနေရာကို ကြည့်ရှုကြသည်။ ထန်တလန်သည် အိန္ဒိယ နယ်စပ်အနီး ဝေးသီခေါင်သောမြို့ကလေးဖြစ်သော်ငြား သပ်ရပ် လှပသောသွပ်မိုး၊ ပျဉ်ကာ အိမ်ရောင်စုံကလေးများဖြင့် ခေတ်မီ ပုံစံ မြို့ကလေးဖြစ်နေတာ အံသြဖွယ်တွေ့ရသည်။ နှစ်ထပ်၊ သုံးထပ် ဆောက်ထားသော အုတ်တိုက်များနှင့် ခမ်းနားသော ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကိုလည်း တွေ့ရသည်။ ခပ်လှမ်းလှမ်းတောင် များပေါ်တွင် တွေ့မြင်ရသော ရွက်ကလေးများသည်ပင် သွပ်မိုးပျဉ် ကာများဖြင့် နေနိုင်ကြသည်ကို တွေ့ရသည်။ ချင်းတောင်တွင် လူငယ်တွေ များများမတွေ့ရ။ ချင်းပြည်နယ်၏ လူငယ်သုံးပုံ တစ်ပုံခန့် သည် အမေရိကားစသည့် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ် လုပ်ကာ ချင်းပြည်နယ်ရှိမိဘများထံငွေပြန်ပို့ခြင်းဖြင့် ချင်းပြည်နယ်၏ အဓိက ဝင်ငွေဖြစ်လျက်ရှိကြောင်း သိရသည်။ အင်္ဂလိပ် ဘာသာ စကားကျွမ်းကျင်ခြင်းသည် ချင်းလူငယ်များ၏ အားသာချက်ဖြစ် သည်။ ပြည်ပမှပြန်ပို့ငွေများသာ တရားဝင် စာရင်းဝင်လာပါက ချင်းပြည်နယ်၏ ွီဏ နည်းလိမ့်မထင်။ ထုံးစံအတိုင်း ဆောက် လုပ်ရေးရိပ်သာတွင် မြို့လူထု နှင့် တွေ့ဆုံဆွေးနွေးကြသည်။ ဒေါက် တာ မှူးထန်အမှူးပြုသည့် မြို့လူထုက နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုး လာရန် ကားလမ်းမြန်မြန်ကောင်းစေလိုသည်။ နယ်စပ်ကုန်သွယ်ရေး ကောင်းလျှင် ဒေသ ဖွံ့ဖြိုးမည်ဟု တင်ပြသည်။ ကုန်သွယ်မှု ညီမျှရေး တွက် မိမိဖက်ကလည်း ပို့ကုန်တွေတင်ပို့နိုင်ဖို့ ပြင်ဆင်ထားကြ ရန်တိုက်တွန်းရသည်။ မပြန်မီ ထန်တလန် ဆေးရုံကို ဝင်ရောက်၍ ဆရာဝန်၊ ဆရာမများကို အားပေးရင်း လူနာများ အတွက်လည်း အလှူဒါနပြုခဲ့ကြပါသည်။ ဒေသမှ တိုင်းရင်းသားများက ဆေးရုံကို အားကိုး၍ လူနာအပြည့်ရှိတာ တွေ့ရသည်။ ဆေးဝါးအတွက် ဘတ်ဂျက်များ တိုးမြှင့်ရရှိနေသောကြောင့် ဤမျှဝေးလံသော မြို့ ကလေးမှဆေးရုံတွင်ပင် ဆေးဝါးလုံလောက်စွာ ရှိကြောင်း ဝမ်းသာ စရာသိခဲ့ရသည်။ အလှည့်ကျလာရောက်တာဝန်ထမ်းဆောင်နေ သော ဆရာဝန်၊ ဆရာမများကိုလည်း ချီးကျူးဂုဏ်ယူမိရသည်။ ၁၂ နာရီခွဲတွင် ဟားခါးမြို့သိ့ုပြန်လည် ထွက်ခွာခဲ့ကြသည်။ ဟားခါးမြို့ရဲ့ ဒုတိယနေ့ညချမ်းမှာတော့ ပြည်နယ်ရုံးရှေ့ကွက်လပ်မှာ မီးပုံပွဲနဲ့ ဧည့်ခံ တာကိုကြုံဖူးရသည်။ ချင်းပြည်ရဲ့ ဓလေ့ကို ရေးဖွဲ့ထားသော သီချင်း များ၊ချင်းရိုးရာ အကများကို နားဆင်ရှုစားရသည်။  မီးပုံကြီး ပတ်ပတ် ရံပြီး၊ ရင်းနှီး ချစ်ကြည်စွာ လက်ချင်းတွဲကခဲ့ကြရသည့် ညတစ်ညဖြစ် ၍ တွဲကတဲ့ ညလေးတစ်ညသီချင်းနဲ့ တုံ့ပြန်ဂုဏ်ပြု မှတ်တမ်းတင်ခဲ့ရ ပါသည်။ နောက်တစ်နေ့နံနက် ၈ နာရီ ဟားခါးမှ ရိဒ်ခေါဒါရ်မြို့သို့ ထွက် ခွာခဲ့သည်။  ချင်းပြည်နယ်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမုန် လည်း လိုက်ပါလာသည်။ ဟားခါး၏ နံနက်စာတွင် ပြောင်းဖူးကို ပွအောင် လုပ်၍ ဟင်းသီးဟင်းရွက်အသားတို့ဖြင့် ရောပြုတ်ထား ပြီးဆီမပါဆားမပါသော၊ ချင်းရိုးရာအစာ စာပုတီးနှင့် နွားနောက်သား ကိုမြည်းစမ်းခွင့်ရခဲ့သည်။ ဟားခါးမှ ဖလမ်းဖက်သို့ ပြန်လာရပြီး၊ ဖလမ်း ရောက်ခါနီးမှာလမ်းခွဲရှိသည်။ လမ်းခွဲသို့ ၉ နာရီခွဲခန့် ရောက်တော့ ဘာအဆောက်အအုံမှမရှိ၍ ဖလန်းမြို့နယ်ထွေ အုပ်က လမ်းဘေးတွင် စားပွဲခုံခင်းကာ နံနက်စာ လက်ဖက်ရည်မုန့် များဖြင့် ဧည့်ခံသည်။ အေးမြသော ရာသီမို့ နေပူထဲ ထိုင်၍ လက် ဖက်ရည်သောက်ရတာ တစ်မျိုးကျေနပ်နေကြသည်။ မတ်စောက် သော တောင်ဆင်း တောင်တက်များကို ကျော်ဖြတ်ကာ ၁၂ နာရီ    လောက်မှာ သီထွားလ်ဆိုတဲ့ရွာကို ရောက်သည်။ ရွာအဝင်စာသင် ကျောင်းရှေ့တွင် ကျောင်းသား၊ ကျောင်းသူများက တန်းစီ၍ ကြိုဆို နေကြတာကို နှုတ်ဆက်ရသည်။ဆောက်လုပ်ရေးရိပ်သာတွင် ထမင်း စားကြသည်။ ရွာကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ဆေးရုံမှ ဆရာဝန်နှင့် သူနာပြုများ ကိုယ်တိုင်လာရောက်၍ ချက် ပြုတ်ကျွေးမွေးဧည့်ခံသည်။ ဧည့်လာကျဲသောဒေသဖြစ်၍ ဧည့်သည် လာတာကို ဝမ်းသာနေကြပုံ ပေါ်သည်။ ဆရာမလေးတွေက အညာ က၊ လစာနှစ်ဆရ၍ အတော်အတန် အဆင်ပြေကြသည်။ သို့သော် နှစ်ကြာလာ၍ပြောင်းချင်ကြသည်။ ဆရာဝန်က မန္တလေးက၊ အလှည့် ကျရောက်လာခြင်းဖြစ်သည်။ မူအရ သတ်မှတ်ကာလပြည့်အောင် ကြိုးစားထမ်းဆောင်မည်ဟုဆိုသည်။ ဒီလိုရပ်ရွာမျိုးမှာ ဆရာဝန် တစ်ယောက်ရှိတာ အလွန်အားကိုးရကြောင်း ပြောကြသည်။  သီထွာလ်ရွာမှ နေ့ ၁ နာရီပြန်ထွက်သည်။ ညနေ ၄နာရီ ရိဒ်ခေါဒါရ် မြို့သို့ရောက်သည်။ နာမည်ကျော် အသည်းနှလုံးပုံ ရိဒ်ရေကန်ကြီး ဘေးက ရိဒ်ပြည်ထောင်စု ရိပ်သာတွင်တည်းကြသည်။ ၄ နာရီခွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် မြို့မိ မြို့ဖများ၊ လုပ် ငန်းရှင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ မြို့လူထုက အဓိက ကျသော ကျေးရွာချင်းဆက်လမ်းများ ဖောက်ပေးရန်၊ တိုက် နယ် ဆေးရုံကိုအိန္ဒိယဖက်ကပါ အားကိုးနေ၍ လိုအပ်နေသော ဓာတ်မှန် စက်ထားရှိပေးစေလိုကြောင်း၊ နယ်စပ်ဂိတ်နှင့် နယ်စပ်ကုန်သွယ် ရေးစခန်းဝေးနေ၍နီးအောင်ရွှေ့ပေးစေလိုကြောင်း၊ အထက်တန်း ကျောင်းအတွက် ဘော်ဒါဆောင်နှင့် ဆရာများအတွက် ဝန်ထမ်း ဆောင်များပျက်နေ၍ ပြုပြင်နိုင်ရေး ကူညီပေးစေလိုကြောင်း၊ ဝန် ထမ်းများ လစာထုတ်ရအဆင်ပြေရန် မြန်မာ့ စီးပွားရေး ဘဏ် ဖွင့်ပေး စေလိုကြောင်း၊ အိန္ဒိယထုတ်ကားများ အခွန်သက်သာစွာ တင်သွင်း ခွင့်၊ မြန်မာကားများ မီဇိုးဒမ်းအထိ သွားခွင့်စသည်များကို တင်ပြကြ ရာ သက်ဆိုင်ရာဌာနအလိုက်ညှိနှိုင်း တင်ပြဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ဖြေကြားခဲ့ကြပါသည်။                         နောက်နေ့နံနက်တွင် ရိဒ်ရေကန်ကို အနီးကပ်ကြည့်ရှု၊ ဓာတ်ပုံ တွေရိုက်ကြသည်။ ဒေသခံများ၏ ပြောကြားချက်အရ ရိဒ်ရေကန် ၏ ထူူးခြားချက်မှာ ကန်ပတ်လည်တွင် မိုးမခပင်များ ဝန်းရံလျက်ရှိ ခြင်း၊ မိုးများသော်လည်း ကန်ရေပြင်သည် အသည်းနှလုံး ပုံပျက်သွား လောက်အောင် ရေလျှံခြင်း မရှိဘဲ၊ မြေအောက် ရေကြောင်းမှ တစ် ဆင့် ရေစီးဆင်းသွားပြီး ရေမျက်နာပြင်အမြင့်ကို အမြဲထိန်းသိမ်း ထားခြင်းဟု သိရသည်။ အိန္ဒိယဘက်မှ ဧည့်သည့်များလည်း ယုံ ကြည်မှု အမျိုးမျိုးဖြင့် လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။နယ်စပ်ဂိတ်သို့ သွားရောက်လေ့လာကြရာ နယ်စပ်တံတား၏ တစ် ဖက်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုးဒမ်း ပြည်နယ်၏ နယ်စပ်မြို့ ဇိုခေါဒါရ် မြို့ကလေးကို တောင်တွေအကြားတွင် တွေ့ရပါသည်။ နံနက်တွင် ၉ နာရီ ရိဒ်မှ တီးတိန်သို့ ၃၃ မိုင် ခရီးကို စတင်ထွက်ခွာခဲ့ကြသည်။ ရိဒ်မြို့ထဲမှ ၃ မိုင် အကွာ တီးတိမ်သွားလမ်း ပေါ်ရှိ ဟိုင်မွါလ် ရွာ သစ်တွင် တည်ရှိသော နယ်စပ်ကုန်သွယ်ရေးစခန်း စုပေါင်းရုံးသို့ ဝင်ရောက်၍ဝန်ထမ်းများနှင့် တွေ့ဆုံကာ နယ်စပ်ကုန်သွယ်ရေး အခြေအနေများ လေ့လာကြသည်။ ရိဒ်စခန်း၏ကုန်သွယ် မှုသည် ယခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၅ သန်းကျော်ရရှိနေပြီ ဖြစ် သည်။ လမ်းပန်းကောင်းမွန်သည်နှင့်အမျှ ကုန်သွယ်မှု တိုးတက် လာ မည့် အလားအလာကောင်းများ ရှိနေသည်။ နယ်စပ်စခန်းမှ ထွက် ခွာသည်နှင့် လမ်းတစ်လျှောက်တွင် ချင်းတောင်ဒေသ၏ အဓိက သယ်ယူပို့ ဆောင်ရေးယာဉ်ဖြစ်သော ဟိုင်မွါလ်ဂျစ်ကားများကို ကုန် အပြည့်အလျှံတင်လျက် မောင်းနှင်လာသည်များကို တွေ့လာရ သည်။ ကုန်အပြည့်အလျှံဟုဆိုရခြင်းမှာ ဂျစ်ကားဆိုသော်လည်း ကုန်ကားကြီးကဲ့သို့ ခေါင်မိုးပေါ်၊ ဘောနက်ပေါ်၊ နောက်တွဲပေါ် ရသလို အပြည့်အမောက်တင်ထားတာ တွေ့ရ၍ဖြစ်သည်။ သာမန်ဂျစ်ကားထက် ဘောဒီကိုရှည်ထားပြီး၊ ဒိုင်နာအင်ဂျင် တင်ထားကာ၊ ချင်းတောင်လမ်းနှင့် ကိုက်ညီအောင် အောက်ပိုင်း ကိုလည်းပြင်ထားသည်။ ကလေးမြို့ စက်မှုဇုန်က ထုတ်လုပ်ပေးသော ထိုဟိင်မွါလ် ဂျစ်ကားကို အိန္ဒိယဖက်မှ အရာရှိများ မြင်တွေ့ သောအခါ "မြန်မာပြည်က ဒီဂျစ်ကားက သစ်ပင်တောင်တက်နိုင် မယ်ထင်တယ်" ဟု မှတ်ချက်ပြုသွားကြောင်း ချင်းပြည်နယ်ဝန်ကြီးက ပြောပြ၍ သိရသည်။ တောင်ကြား ချောင်းပေါ်တွင်တည်ရှိသည့် မံဆောင်း ကြိုးတံတားကိုဖြတ်ပြီး မကြာမီပင် တီးတိန်မြို့သို့နေ့လယ် ၁ နာရီတွင် ရောက်သည်။ တီးတိန်မြို့သည်လည်း ချင်းပြည်နယ်တွင် စည်ကားသော၊ လှပသောမြို့ကလေးဖြစ်သည်။ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ထွမ်းဝုန်းရိပ်သာတွင် ချင်းရိုးရာအကဖြင့် ဆီးကြိုနေသည်။ ထိုရိပ်သာ တွင်ထမင်းစားပြီး၊ လုပ်ငန်းရှင်များနှင့် တွေ့ကြသည်။ တီး တိန်တွင် အဓိကအားဖြင့် ဝဥများ စိုက်ပျိုးအောင်မြင်နေသည်။ အရင်းအနှီး ရရှိရေး၊ ဈေးကွက်ရှိရေး၊ တန်ဖိုး မြှင့်ထုတ်လုပ်နိုင်ရေး ကူညီပေးရန် တင်ပြသည်။ ထို့အတူ စပျစ်၊ သစ်ခွ၊ ပြောင်း စိုက်ပျိုးအောင်မြင် နိုင်မည့် အလားအလာများကို စိုက်ပျိုးရေး ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက် ပေးရန်၊ သင်တန်းများတက်နိုင်ရေး စီစဉ်ပေးရန် ညှိနှိုင်းခဲ့ ကြသည်။ တီးတိန် မြို့မှ ထွက်ခွာလာပြီး ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်တပ်များ အိန္ဒိယနိုင်ငံသို့ ဆုတ်ခွာရာ လမ်းကြောင်းဖြစ်သည့်နာမည်ကျော် ဖို့ဝှိုက်တောင်ကျောအတိုင်း မောင်းနှင်လာသည်။ လမ်းတွင် တောင်ဇလပ်ပန်း နီနီများနှင့်နွားနောက်များကို တွေ့ရ သည်။ တိမ်တွေက လမ်းအောက် ရောက်နေသည်။ သိုင်းငင်းသို့ ပြန်လည်ရောက်ရှိကာ ခေတ္တနားကြပြီး ချင်းတောင်ခရီးစဉ်အတွက် အောင်ပွဲခံကာ ကလေးမြို့သို့ ပြန်ဆင်းခဲ့ကြပါသည်။ နောက်နေ့တွင် ကလေးမြို့မှ တမူး မြို့သို့ နံနက် ၇ နာရီထွက် ခဲ့ကြသည်။ ကလေးမြို့သည် ယခင်နှင့် မတူအောင် စည်ကားနေ သောမြို့ကြီးဖြစ်နေသလို၊ ကလေး-တမူး ကားလမ်းသည်လည်း အံသြဖွယ်ကောင်းမွန်နေသည်။ ယခင်က တစ်နေကုန် သွားရသော ခရီးကို ၂ နာရီခွဲခန့်နှင့် ရောက်သည်။ ထွေအုပ် ခန်းမတွင် တွေ့ ဆုံပွဲလုပ်သည်။ မြို့မိ မြို့ဖလုပ်ငန်းရှင်များ အပါအဝင်နိုင်ငံ ရေးပါတီ များ၊ သတင်းသမားများလည်း တက်ရောက်သည်။ လုပ်ငန်းရှင်များ က အိန္ဒိယဖက်မှ ကုန်ကားများမြန်မာဖက် ဝင်ခွင့်၊ ဓာတ်မြေသြဇာ များ အတွက် ထောက်ခံချက်ကိစ္စ၊ စားတော်ပဲ တင်သွင်းခွင့်၊ ကား တင်သွင်းခွင့်၊ သိုလှောင်ရုံများ လိုအပ်မှု၊ ကုန်သည်အသင်းရုံးနှင့် ကုန်စည်ဒိုင်တည်ဆောက်မည့်ကိစ္စများ တင်ပြကြသည်များကို မှတ် သားဖြေ ကြားပေးကြသည်။ ဂျာနယ်သမားများက နယ်စပ် အရာရှိ များကို နယ်စပ်ကုန်သွယ်ရေးအကြောင်းမေးလျှင် ဖြေကြားပေး စေလိုကြောင်း တင်ပြသည်ကို ပြည်ထောင်စုဝန်ကြီးကဖြေအောင် ညွှန်ကြားပေးမည်ဟုဖြေကြားခဲ့သည်။ နယ်စပ်ဂိတ်များနှင့် နန်းဖာလုံ ဈေးကို လှည့်လည်ကြည့်ကြသည်။ ကြိတ်ကြိတ်တိုးစည်ကားလှသည့် နန်းဖာလုံဈေးကြီးကမြန်မာဖက်တွင် ဈေးကွက်ဖွံ့ဖြိုးနေသော နယ်စပ် ဒေသအဖြစ် သိသာထင်ရှားစေသည်။ အချိန် မရ၍ ခဏသာကြည့် နိုင်ပြီးပြန်ခဲ့ရသည်။ ၃ နာရီအရောက် လေယာဉ်ကွင်းသို့တန်း၍ သွား ကြသည်။လေယာဉ်ငယ်လေးက ကလေးမြို့ လေယာဉ်ကွင်းတွင် အသင့် စောင့်ကြိုနေသည်။ အပြန်ခရီးတွင်တော့ ကလေး မြို့မှ မန္တလေးမြို့သို့ ပျံသန်းမည်ဖြစ်သည်။ ချင်းတောင်ခရီးစဉ်သည် အလွန် ဆင်းရဲသော ချင်းပြည်နယ်ဟူသည့် ကျွန်တော့် အထင်အမြင်ကိုလုံး၀ ပြောင်းလဲစေ ခဲ့သလို၊ အေးမြသည့် ရာသီဥတု၊ ရင်သပ်ရှုမောဖွယ် တောင်ပေါ် ရှုခင်း၊ လုံခြုံမှုရှိသည့် ပတ်ဝန်းကျင်၊ အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်း အမြစ်များ၊ အလားအလာကောင်းသည့်စိုက်ပျိုး ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးလာတော့မည့် နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းများကြောင့် အခွင့်အလမ်း ကောင်းများဖြင့်ပွင့်လန်းနေသော ချင်းပြည်နယ်အတွက် အိပ်မက်လှလှများ မြင်ယောင်ရင်းမန္တလေး ချမ်းမြသာစည်လေဆိပ်သို့ လေယာဉ်ငယ်လေး ဆင်းသက်ကာ ချင်းတောင်ခရီးစဉ်ကို အဆုံးသတ်လိုက်ရပါသည်။