Main menu

Background

အဂတိကို ဘယ်လိုထိန်းမယ်

Mon, 02/24/2014 - 13:26 -- ydnar

အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား ကောင်းဖို့ဆိုရင်အဂတိတရားကင်းရှင်းဖို့ ဟာအတော်အဓိကကျပါတယ်။ သီအိုရီ အရကြားဖူးတာကတော့ အဂတိလိုက် စားမှုကို လုံးဝအမြစ်ပြတ်သုတ်သင်လို့ မရဘူး။ အတတ်နိုင်ဆုံးလျော့ကျအောင် ပဲလုပ်လို့ရမယ်။ ဘာကြောင့်လဲဆိုတော့ ပုထုဇဉ်လူသားတစ်ဦးရဲ့ လောဘနဲ့ ဆက်စပ်နေလို့။ ဒါကြောင့်နိုင်ငံတိုင်းမှာ အနည်းနဲ့အများရှိကြတယ်။ အဂတိ နည်းလေ အစိုးရရဲ့ အုပ်ချုပ်ရေးစွမ်း ဆောင်ရည်ပိုကောင်းပြီး တိုင်းပြည်ပိုတိုး တက်လေဖြစ်မယ်။

အဂတိလျော့နည်းဖို့က လာဘ်မ စားကြပါနဲ့လို့ တောင်းပန်လို့လည်းမရ ဘူး။ ဖမ်းမယ်၊ ဆီးမယ်ခြိမ်းခြောက်တဲ့ နည်းနဲ့လည်း မအောင်မြင်နိုင်ဘူး။ အဂ တိလိုက်စားရတဲ့အကြောင်းရင်းဇာစ်မြစ် ကိုဖော်ထုတ်ဖြေရှင်းနိုင်မှရမယ်။ ဒီလို ဖော်ထုတ်နိုင်ဖို့ လေ့လာသုတေသနပြု မှုတွေအများကြီးရှိပါတယ်။ အထူးသ ဖြင့်တော့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကို သင်ကြားတဲ့ကျောင်းတွေမှာ အထူးပြု လေ့လာဆွေးနွေးကြပါတယ်။ လေ့လာ မှုတွေထဲက အတွေ့အကြုံတစ်ခုကိုတင် ပြချင်ပါတယ်။ ဟားဗတ်တက္ကသိုလ် ကနေဒီအစိုး ရသင်တန်းကျောင်း (Knnedy Sch-ool of Government)  က ပါမောက္ခ မေရီဂျိုဘိန်းရဲ့ မဟာဗျူဟာစီမံ ခန့်ခွဲမှု  (Strategic Management) သင် တန်းမှာပေါ့။ ကျောင်းသားတွေကို အဂတိလိုက်စားမှုထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုသင်ခန်းစာကို ဆွေးနွေးပို့ချနေ ပါတယ်။ ကျောင်းသား ၁၅၀ လောက် ဆန့်တဲ့စာသင်ခန်းထဲမှာ ကျောင်းသား တွေကလည်းအပြည့်မို့ တိုးတိုးကြိတ် ကြိတ်ထိုင်ကြရပါတယ်။ ဟားဗတ်တက္က သိုလ်ဟာ ကမ္ဘာ့အဆင့်နံပါတ်တစ်မှာ အမြဲလိုလိုဗိုလ်စွဲနေတဲ့ တက္ကသိုလ်ကြီး ဖြစ်ပေမဲ့ အဆောက်အဦတွေ၊ စာသင် ခန်းတွေ၊ ကျောင်းသုံးပစ္စည်းတွေက တော့သိပ်ပြီးအဆင့်မြင့်လှတယ် မဟုတ် ပါ။ ရှေးဆန်ဆန်နဲ့ ခန့်ညားမှုတော့ရှိပါ တယ်။ ဒါပေမဲ့ ကျောင်းသားရဲ့အဆင့် ကတော့ ကမ္ဘာအရပ်ရပ်က အရည်အ သွေးအမြင့်ဆုံးကျောင်းသားတွေ စုဝေး ရောက်ရှိရာကျောင်းကြီးအဖြစ် အသိအ မှတ်ပြုထားကြပါတယ်။ ကနေဒီ ကျောင်းမှာကလည်းအခြေခံဘွဲ့ရရှိပြီး သားကျောင်းသားတွေကိုသာ မဟာဘွဲ့ အတွက်ပို့ချနေတာ ဖြစ်ပါတယ်။ သင် တန်းသားတွေဟာလည်း အစိုးရအရာရှိ တွေ၊ အမေရိကန်တပ်မတော်က အရာ ရှိငယ်လေးတွေကအစ သံတမန်တွေ၊ အာကာသသူရဲကောင်းတွေအလယ်၊ အသက်(၇၀) ကျော်ဝါရင့်လွှတ်တော် အမတ်တွေအဆုံးနယ်ပယ်စုံက အတွေ့ အကြုံရှိပြီးသား ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒါကြောင့် ပို့ချတဲ့ဆရာတွေကလည်း တစ်ဖက်သတ်ဟောပြောပို့ချခြင်းထက် ဖြစ်စဉ်ဖွင့်သင်ကြားတဲ့ (Case Study) နည်းလမ်းကို အသုံးများပါတယ်။ ကျောင်းသားတွေရဲ့ ကြွယ်ဝတဲ့အတွေ့ အကြုံတွေ အပေါ်အခြေခံပြီးအပြန်အ လှန်ဆွေးနွေးဖလှယ်ရာက တန်ဖိုးရှိတဲ့ သင်ခန်းစာတွေထွက်ပေါ်လာအောင် အခြေအနေဖန်တီးပေးတဲ့နည်းနဲ့ သင်ကြား ပါတယ်။ ကျောင်းသားတွေရဲ့ တက်ကြွ ပုံကလည်း အကြောင်းအရာ တစ်ခုကိုဆရာက ရှင်းပြလို့တောင်မဆုံး ချင်သေးဘူး မေးခွန်းမေးဖို့လက်ထောင် တဲ့သူတွေက ခန်းလုံးပြည့်ဖြစ်နေလို့ ဆရာက အလှည့်ကျရွေးပြီး မေးခိုင်းရ ပါတယ်။ သင်ခန်းစာအပေါ်ကျောင်း သားတွေရဲ့ သဘောထားအမြင်ကို မေးပြန်ရင်လည်းကိုယ့်အတွေ့ အကြုံ၊ ကိုယ့်အမြင်ကို တင်ပြချင်သူတွေက အလုအယက်ပါ။ ဆရာကအတော့ကို စိစစ်ပြီး အလွှာစုံက အမြင်စုံအောင် ရွေးပြီးပြောခိုင်းရပါတယ်။ ဆရာမကြီးက အဂတိလိုက်စား မှုဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ မေး ခွန်းကိုလည်း မေးလိုက်ရော နိုင်ငံစုံက ကျောင်းသားတွေဟာ ကိုယ့်အတွေ့အ ကြုံတွေကို စုံနေအောင်ပြောကြပါ တော့တယ်။ ဆရာမကြီးက ကျောင်း သားတွေပြောသမျှ အကြောင်းအချက် တွေကို တစ်ချက်ချင်းကျောက်သင်ပုန်း ပေါ်မှာ ရေးချပါတယ်။ သဘောတရား တူတဲ့ ဆင်တူရိုးမှားအချက်တွေကိုပေါင်း ပြီး အနှစ်ချုပ်လိုက်တော့ နောက်ဆုံးမှာ အားလုံးသဘောတူတဲ့အခြေခံအကြောင်း ရင်း(၄) ချက်ဖော်ထုတ်လို့ရလိုက်ပါ တယ်။ အဲဒါတွေကတော့ အဂတိလိုက် စားမှုဟာ အခုလိုအခြေအနေ(၄)မျိုးမှာ  ပေါ်ပေါက်နိုင်တယ်ဆိုတာပါပဲ။ (၁)    အစိုးရရဲ့ စည်းမျဉ်းစည်း ကမ်းတွေဟာ လိုတာထက်  ပိုပြီးများပြားရှုပ်ထွေးနေ လို့ လိုက်နာဖို့ ခက်ခဲနေတဲ့ အခြေအနေမျိုးမှာ။  အစိုး ရဌာနတွေရဲ့ အလုပ်က နယ် ပယ်အလိုက်၊ လိုက်နာကျင့် သုံးရမည့် စည်းမျဉ်းစည်း ကမ်းတွေ ထုတ်ပြန်ပြီး လူ့အ ဖွဲ့အစည်းကိုထိန်းကျောင်းပါ တယ်။ ထုတ်ပြီးရင်တော့ ပြန် ရုပ်သိမ်းတာက အလွန်နည်း ပါတယ်။ အသစ်အသစ်တွေ သာထပ်ထုတ်တတ်ပါတယ်။ ကြာတော့ သူဘာထုတ်ထား မှန်းတောင် မသိနိုင်တော့ပါ။ ဟိုဌာနနဲ့ ဒီဌာနလည်း ဆန့်် ကျင်ဖက်အဓိပ္ပါယ်တွေဖြစ် လာတတ်ပါတယ်။ ပွင့်လင်း မြင်သာမှုအားနည်းရင် ပိုဆိုး ပါတယ်။ လိုက်နာကျင့်သုံးရ တဲ့ ပြည်သူတွေအဖို့မှာတော့ ဘာလုပ်ရမှန်းမသိ ခေါင်းရှုပ် တဲ့အတွက် လွယ်ကူတဲ့အဂ တိပေးအမြန်ရတဲ့နည်းကိုပဲ ရွေးလိုက်ကြပါတော့တယ်။ ဒါဟာ အဂတိဇာတ်လမ်းစ တင်ရာ အကြောင်းရင်းဖြစ် ပါတယ်။ ဒါကို Over Regulation လို့ အမည်တပ် ပါတယ်။ အတိုကောက်အား ဖြင့်  R လို့သတ်မှတ်ပါတယ်။ (၂)    အဂတိလိုက်စားချင်အောင် လှုံ့ဆော်နေတဲ့အခြေအနေ။ အဂတိ ဆိုတာကလည်း လာဘ်ပေးသူက  ပေးဦး တော့ လာဘ်ယူတဲ့သူက ယူချင်မှအလုပ်ဖြစ်တာပါ။ ဘယ်လိုအခြေအနေမှာ လာဘ်ယူဖြစ်ကြသလဲဆိုတော့ ဥပမာအားဖြင့် အစိုးရဝန် ထမ်းတွေရဲ့ လစာနည်းနေ တယ်။ စားလို့မလောက်ဘူး။ ကလေးကျောင်းစရိတ်လည်း မပေးနိုင်ဘူး။ ကျန်းမာရေး အတွက် ဆေးကုဖို့တောင်မ လုံလောက်ဘူး။ အရွယ် ရောက်တဲ့ သားသမီးအတွက် လည်းအလုပ်ရှာလို့မရဘူး။ စားဝတ်နေရေးအတွက် ဝင် ငွေနဲ့ မလုံလောက်လို့ လစဉ် နေ့စဉ်စိတ်ပူနေရတယ် စသ ဖြင့် ဒီလိုအခြေအနေမျိုးဟာ အဂတိလိုက်စားချင်လာအောင် လှုံ့ဆော်ပေးနေတဲ့ အ ကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ ဒါကို  Motivation လို့အ မည်တပ်လိုက်ပြီး အတို ကောက်အားဖြင့် M လို့ သတ်မှတ်ပါတယ်။ (၃)    အဂတိလိုက်စားရန်အခွင့်အ လမ်းပေးနေတဲ့အခြေအနေ။အဂတိလိုက်စားတယ်ဆိုတာ စားချင်တိုင်းစားလု့ိရတာမ ဟုတ်ပါ။ စားစရာလည်းရှိ၊ ပေးလိုသူလဲရှိ၊ ယူလိုသူလည်း ရှိ၊စားဖို့အခွင့်အလမ်းကလည်း ပေါ်ဦးမှစားလို့ရတာပါ၊အခွင့်  အလမ်းမပေးရင်ဘယ်လောက်ပဲ စားချင်စားချင် စားလို့ကိုမရ ပါ။ အစိုးရဌာနတိုင်းမှာ လည်းစားဖို့အခွင့်အလမ်းမရှိ ပါ။နေရာတချို့၊လူတစ်စု အတွက်သာအခွင့်အလမ်းပေး နေတာပါ။ ဒါဟာလည်း အဂတိလိုက်စားမှုဖြစ်ပေါ်စေ တဲ့အကြောင်းရင်းတစ်ခုမို့ Opportunity  လို့အမည် တပ်ပါတယ်။ အတိုကောက် အားဖြင့် O လို့သတ်မှတ်ပါ တယ်။ (၄)    တာဝန်သိသိနဲ့ တာဝန်ယူ ဖြေရှင်းမည့်သူမရှိတဲ့အခြေ အနေ။    အဂတိလိုက်စား မှုတွေဖြစ် ပေါ်နေတာကို ဒီအတိုင်း ထိုင်ကြည့်နေရုံနဲ့ ပြီးပျောက် သွားမှာမဟုတ်ပါ။ အတတ် နိုင်ဆုံးလျော့နည်းအောင်ကြိုး စားဖြေရှင်းနေမှသာ ထိန်း သိမ်းနိုင်မှာဖြစ်ပါတယ်။ ငါနဲ့မဆိုင်ဘူး။ အားနာ တယ်။ ဒုက္ခပေးမှာကြောက် တယ်။ မသိကျိုးကျွံပြုနေ မယ်။ ဝါးစေဝေစားမယ်ဆိုသူ တွေချည့်သာဆိုရင် လျော့ ကျဖို့မဖြစ်နိုင်ပါ။ အဂတိတ ရားဟာ အားလုံးအတွက်မ ကောင်းဘူး။ ဒါကြောင့် ငါ တာဝန်ယူရတဲ့ဌာနမှာ အဂ တိကင်းအောင် သေသေချာ ချာစောင့်ကြည့်လေ့လာပြီး တာဝန်ယူဖြေရှင်းမယ်ဆိုတဲ့ တာဝန်ခံမှုရှိဖို့လိုအပ်ပါတယ်။ ဒါကိုတော့ Accountability  လို့အမည်တပ်ပါတယ်။ အတိုကောက်အားဖြင့် A လို့ သတ်မှတ်ပါတယ်။ ဖော်ထုတ်လို့ရတဲ့ အချက်တွေအ ရအဂတိလိုက်စားမှုတွေ ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့ အဓိကအကြောင်းရင်း တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီးကောက် ချက်ဆွဲလိုက်တော့- "အခြေအနေတစ်ရပ်ဟာ အ စိုးရရဲ့စည်းမျဉ်းလုပ်ထုံးလုပ်နည်း တွေလိုတာထက်ပိုပြီး ရှုပ်ထွေးများ ပြားနေမယ်၊ အဂတိလိုက်စားချင် လာစေတဲ့ လှုံ့ဆော်မှုတွေကလည်း ရှိနေမယ်။ လက်တွေ့ကျူးလွန်ဖြစ် အောင် အခွင့်အလမ်းကလည်း ပေး နေမယ်။ ထိန်းမည့်ကွပ်မည့်သူက လည်းမရှိဘူးဆိုရင် အဂတိလိုက်စား မှုဖြစ်ပေါ်နိုင်တယ်" ဆိုတာတွေ့ရပါ တော့တယ်။ ဒါကိုဆရာမကြီးမေရီဂျို ဘိန်းက မှတ်ရလွယ်အောင် သင်္ချာနည်း နဲ့လှလှပပချရေးပြလိုက်တော့-R + M + O - A  = အဂတိလိုက်စားမှု ဆိုတဲ့ပုံသေနည်းထွက်လာပါတော့ တယ်။ ကောင်းပြီး အခုအဂတိဖြစ်ပေါ် စေရတဲ့အကြောင်းရင်းတွေတော့သိပြီး၊ အဂတိမဖြစ်အောင် ဘယ်လိုတားဆီး ဖြေရှင်းကြမလဲဆိုတဲ့ အပိုင်းကို ဆက် ဆွေးနွေးကြတော့ တိုင်းသူပြည်သား တွေရဲ့ တစ်ဦးချင်းဝင်ငွေတိုးတက် လာအောင် မှန်ကန်တဲ့စီးပွားရေးမူ ဝါဒတွေချမှတ်၊ ကောင်းမွန်တဲ့စီမံ ခန့်ခွဲမှု (Good Governance) ကို ကျင့်သုံးပြီးတော့ R+M+O  ဆိုတဲ့ အပိုင်းကိုနည်းနိုင်သမျှနည်းအောင်နဲ့ A ဆိုတဲ့အပိုင်းကို များနိုင်သမျှများ အောင်ကျင့်သုံးနိုင်ဖို့ ကြိုးစားကြရ မယ်လို့ အဖြေထွက်ပါတယ်။ လိုအပ်သလို အသုံးပြုကြပါလေ ကုန်။