Main menu

Background

အမေရိကန်နိုင်ငံ၏ မော်တော်ယာဉ်များ ထုတ်လုပ်ခြင်း၊တင်ပို့ခြင်း၊ တင်သွင်းခြင်းတို့နှင့် သက်ဆိုင်သည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ

Mon, 04/07/2014 - 05:08 -- ydnar

အခြေခံမူဝါဒများ အမေရိကန်နိုင်ငံ၏ ပို့ကုန်အား(၅)နှစ်အတွင်း နှစ်ဆ မြှင့် တင်ရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးရန် ရည် ရွယ်ချက်ဖြင့် အမျိုးသား ပို့ကုန်တိုးမြှင့်ရေး ကနဦး အစီအစဉ် (National Export Initiative-NEI)  ကို သမ္မတအိုဘားမား အစိုးရသည် ၂၀၁၀ ခုနှစ်တွင် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် မော်တော်ယာဉ် ထုတ်လုပ်မှုသည် အကြီးဆုံးထုတ်လုပ်တင်ပို့သည့် ကဏ္ဍတစ်ခု ဖြစ်ပြီး မော်တော် ယာဉ်ထုတ်လုပ်တင်ပို့မှု တိုးတက်ခြင်း သည် NEI  အစီအစဉ်၏ အောင်မြင်မှုတစ်ရပ်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံတွင် မော်တော် ယာဉ်ထုတ်လုပ် တင်ပို့ သည့် အကြီးဆုံးကုမ္ပဏီ (၃) ခုဖြစ်သည့် Chrysler Ford  နှင့် General Motors  တို့သည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ရေးအတွက် အစိမ်းရောင် နည်းပညာများ (green technologies) အသုံးပြု၍ ခေတ်မီမော်တော် ယာဉ်များ ထုတ် လုပ်ရောင်းချ တင်ပို့ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးပြန်လည် ဦးမော့ ပြီး သာယာဝပြောစေရန် မူဝါဒများချမှတ် ဆောင်ရွက်လျက်ရှိပါ သည်။ယေဘုယျ စည်းမျဉ်းစည်းကမ်းများ အမေရိကန်နိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်သူများ သို့မဟုတ် တင်သွင်းသူများသည် သတ်မှတ်ထားသည့် စည်းမျဉ်း သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြောင်း သက်သေခံ လက်မှတ်များ လျှောက်ထားရယူရပါသည်။ ၎င်းင်းတို့သည် မော် တော်ယာဉ်နှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုထိန်းချုပ် သည့်စနစ်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအေဂျင်စီ (EPA) သို့ တင်ပြလျှောက်ထားရပါသည်။ ယင်းသို့ တင်ပြရာတွင်ထုတ်လုပ်မည့်သို့မဟုတ် တင်သွင်းမည့် မော်တော် ယာဉ်သည် နိုက်ထရိုဂျင် အောက်ဆိုက်ဓာတ်ငွေ့၊ ကာဗွန်မို နောက်ဆိုက်နှင့် ဟိုက်ဒရို ကာဗွန်အပါအဝင် ပြည်သူများ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ထိ ခိုက်စေနိုင်သည့် အမှုန်များ ထုတ်လွှတ်မှုနှင့် စပ်လျဉ်း၍ဗဟိုအစိုးရမှသတ်မှတ်သည့်  emission standards များနှင့် ကိုက်ညီကြောင်း အချက်အလက် အသေးစိတ်ကို ဖော်ပြရပါသည်။ ကျပ်ခိုးနှင့် မီးခိုးမြူများဖြစ်စေ နိုင်သည့် အဆိုပါအမှုန်များသည် ရင်ကြပ်ရောဂါ၊ နှလုံးရောဂါ များ ဖြစ်ပွားစေနိုင်ပါသည်။ ထို့အပြင် ဈေးကွက်တင်ပို့ပြီး သည့် မော်တော်ယာဉ်များ ၏ စက်ပစ္စည်းအစိတ်အပိုင်းများ အန္တရာယ် ကင်းရှင်းရေးနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ ပြဌာန်းချက်များကိုအမျိုးသား အဝေးပြေးလမ်းမယာဉ် အန္တရာယ်ကင်းရှင်းမှု ကြီးကြပ်ရေးဌာန ( National Highway Traffic Safety Administration-NHTSA)  မှ စည်းမျဉ်းစည်းကမ်းများ ချမှတ်၍ ထိန်းသိမ်း ဆောင်ရွက်ပါသည်။ ယေဘုယျအားဖြင့် အဆိုပါဌာနသည် ၎င်း ၏ဝဘ်ဆိုက်ဖြစ်သည့် www.sema.org/federal-regulation-aftermarket-partsuired ၌ မော်တော်ယာဉ်အသစ်များ အားလုံးတွင် တပ်ဆင်ထားသည့် စက်ပစ္စည်းများ၏ အရည် အသွေးအတွက် သတ်မှတ်ပြဌာန်းထားသည့် စည်းမျဉ်းစည်း ကမ်းများကို ဖော်ပြထားပါသည်။ ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် သက်ဆိုင်သည့် အစိတ်အပိုင်းများကို အမေရိကန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီနှင့် အခြားပြည်နယ်အဆင့် အေဂျင်စီ များမှ စည်းမျဉ်းများသတ်မှတ်ပြဌာန်းပါသည်။ ထို့အပြင် အဆို ပါအေဂျင်စီများသည်ရောင်းချပြီးသည့် မော်တော်ယာဉ် အစိတ် အပိုင်းအချို့ဥပမာအားဖြင့်မီးနှင့်သက်ဆိုင်သည့်ပစ္စည်း၊ တာယာ များ၊မှန်များ၊ ဘရိတ်ကြိုးများစသည့် တို့ကို စည်းမျဉ်းများ တိုက် ရိုက်ပြဌာန်း၍လည်းကောင်း၊ အချို့သော အစိတ်အပိုင်းများ ဥပမာ-မော်တော်ယာဉ်တွင် ယခင်တပ်ဆင်ထားခြင်း မရှိသည့် သတ်မှတ်ချက်နှင့်မညီသော ပစ္စည်း များ တပ်ဆင်ထားသည်များကို ဆက်စပ် စည်းမျဉ်းစည်းကမ်းများအရလည်းကောင်း ကြီးကြပ်ကွပ်ကဲပါသည်။ မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များအတွက် NHTSA  အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေး ရှုထောင့် ဖြင့် မော်တော်ယာဉ်၏ မည်သည့် စက် ပစ္စည်း အစိတ်အပိုင်းကိုမဆို စည်းမျဉ်း သတ်မှတ်နိုင်ပါသည်။auxiliary lighting equipment noise levels for exhaust and stereo systems suspension height and window-tinting  တို့ အပေါ် လွှမ်းခြုံသည့် စည်းကမ်း များလည်း ပါဝင်ပါသည်။ မော် တော်ယာဉ်ထုတ်လုပ်သူများအနေ ဖြင့် ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရများမှ သတ်မှတ်ပြဌာန်းထားသည့် ဥပဒေများနှင့် စည်း မျဉ်းစည်းကမ်းများကို သိရှိလိုက်နာရန် လိုအပ်ပါသည်။ သို့ဖြစ် ပါ၍ NHTSA  သည် မော်တော်ယာဉ်များ ထုတ်လုပ်ရာတွင် လက်တွေ့ကျ၍ ဘေးအန္တရာယ်ကင်း ရှင်းရေးလိုအပ်ချက်များ နှင့်အညီ  Federal Motor Vehicle Safety Standards (FMVSS) ကို ထုတ်ပြန်၍ မော်တော်ယာဉ်နှင့် စက်ပစ္စည်း အစိတ်အပိုင်းများအား ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက် ရန်လိုအပ်သည့် အနိမ့်ဆုံးသတ်မှတ်ချက် များ (minimum safety performance requirements)  ကို သတ်မှတ်ပါသည်။FMVSS  စည်းမျဉ်းသတ်မှတ် ချက်များ သည် မော်တော်ယာဉ် ထုတ်လုပ်ရန် ဒီဇိုင်းပုံစံသတ်မှတ်ပေးခြင်း မဟုတ်ဘဲ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ရန်အတွက် performance requirements များကိုသာ သတ်မှတ် ပြဌာန်း ခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် တိုင်ယာ၊ မီးသီးများ၊ brake hoses များနှင့် brake hoses များ တပ်ဆင် ထုတ်လုပ်ခြင်း စသည့် အစိတ်အပိုင်းများ ဘေးကင်းလုံခြုံမှုအဆင့်မီစွာ ထုတ် လုပ်ရန်၊ မော်တော်ယာဉ်အရှေ့ဘက်ပိုင်း၊ ဘေးဘက်ပိုင်း၊ အမိုး စသည့် အစိတ်အပိုင်းများအား ယာဉ်တိုက်မှုဖြစ်ပွားပါက ခံနိုင် ရည်ရှိသည့် (crush resistance) ပစ္စည်းများနှင့် စက်သုံးဆီစနစ် ကြံ့ခိုင်မှုရှိသည့် စက်ပစ္စည်းများအဖြစ် ထုတ်လုပ်ရန် သတ်မှတ် ပြဌာန်းထားပါသည်။ FMVSS သတ်မှတ်ပြဌာန်းချက်များနှင့် မညီညွှတ်ပါကတရားမဝင် ထုတ်လုပ်မှုအဖြစ် သတ်မှတ်ပြီး အဆို ပါပစ္စည်းများကို သုံးစွဲတပ်ဆင်ထားသည့် မော်တော်ယာဉ်အား ဘေးအန္တရာယ် ကင်းရှင်းမှုအဆင့်နှင့် မကိုက်ညီသည့် မော်တော် ယာဉ်အဖြစ် သတ်မှတ်ပါသည်။ မော်တော်ယာဉ်များအပေါ်အကောက်ခွန် သတ်မှတ်မှုနှုန်း ထားများကို အမေရိကန်နိုင်ငံ၏ ''Harmonized Traiff Schedule of the United States (2014)''  တွင်  Vehicles other than Railway or Tramway Rolling stock, Parts and Accessories there of   ခေါင်းစဉ်ဖြင့် အခန်း(၈၇)တွင် ဖော်ပြ ထားပါသည်။မော်တော်ယာဉ် တင်သွင်းခြင်း (Importing a Motor Vehicle) လွှမ်းမိုးသည့် ဥပဒေများ အမေရိကန်နိုင်ငံတွင် မော်တော်ယာဉ် တင်သွင်းသူများ သည် အောက်ဖော်ပြပါ ဗဟိုအစိုးရ၏ ဥပဒေများကို လိုက်နာ ဆောင်ရွက်ကြရပါသည်- -    ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းသတ်မှတ် ချက်များအတွက်  Motor Vehicle safety Act (1966)၊ -     ပြန်လည် ပြင်ဆင်ပြဌာန်းထားသည့် the imported Vehicle Safety Compliance Act (1988) ၊ -     ကားဘန်ပါ စံသတ်မှတ်ချက်များအတွက် ၁၉၇၈ ခုနှစ်တွင် စတင် အာဏာသက်ဝင်ခဲ့သည့် Bumper Standards under the Motor Vehicle Information and Cost Savings Act (1972) ၊ -     လေထုညစ်ညမ်းခြင်းကို ထိန်းချုပ်သည့် စံသတ်မှတ် ချက်များအတွက် ၁၉၆၈ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ၁၉၇၇ ခုနှစ်နှင့် ၁၉၉၀ ခုနှစ်တို့တွင် ပြန်လည် ပြင် ဆင်ပြဌာန်းခဲ့သည့် Clean Air Act  တို့ကို လိုက်နာ ရပါသည်။လုပ်ထုံးလုပ်နည်းများ မော်တော်ယာဉ် တင်သွင်းလိုသူသည် အဆိုပါမော်တော် ယာဉ်ကို သင်္ဘောတင်ပို့မည့်ကိစ္စအား ကြိုတင် ပြင်ဆင် ဆောင် ရွက်ရန်လိုအပ်ပြီး သင်္ဘော ရောက်ရှိသည့်အခါ အကောက် ခွန်ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆိပ်ကမ်း ရှင်းလင်းရေး ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်ရပါသည်။ အကောက်ခွန် ရှင်းလင်းရေးကိစ္စ ဆောင်ရွက်ရာ တွင် bill of  Lading  မူရင်း၊  bill of sale အခြားသော မော်တော် ယာဉ်ဆိုင်ရာ စာရွက်စာတမ်းများ နှင့် ဓာတ်ငွေ့ ထုတ် လွှတ် မှုနှင့် ဘေး အန္တရာယ်ကင်းရှင်းမှုတို့အတွက်   သတ်မှတ် ပြဌာန်းချက်များနှင့် အ ညီ တင်သွင်းလာကြောင်း ကြေ ညာလွှာများဖြစ်သည့် EPA From 3520-1 နှင့် DOT Form HS-7  တို့ကို တင်ပြလျှောက်ထားရပါသည်။အမေရိကန်နိုင်ငံ ၏ ဓာတ်ငွေ့ ထုတ်လွှတ်မှုဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက် ညီသည့် မော်တော်ယာဉ်များ၏ အင်ဂျင်စက်တွင် ထုတ်လုပ် သည့်လုပ်ငန်းအမှတ်တံဆိပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထားရမည် ဖြစ်ပါသည်။ အညွှန်းတံဆိပ်မပါရှိသော ယာဉ်များကို တင်သွင်းလာပါက  EPA ကင်းလွတ်ခွင့်နှင့်အညီ တင်သွင်းခြင်း ဖြစ်ကြောင်း သင်္ဘောချမည့်ဆိပ်ကမ်းရှိ အကောက်ခွန်အရာရှိ ထံသို့ Form 3520-1  အား တင်ပြရပါမည်။ အမေရိကန်နိုင်ငံ၏မော်တော်ယာဉ်များ ဓာတ်ငွေ့ထုတ် လွှတ်မှုဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိ သည့်အပြင် EPA ကင်းလွတ်ခွင့်လည်း မရရှိသည့် မော်တော် ယာဉ်များကို တင်သွင်းမည်ဆိုပါက EPA မှ တရားဝင် အသိ အမှတ်ပြုလက်မှတ်ထုတ်ပေးထားသည့် Independent Commercial Importer (ICI) များမှ တစ်ဆင့် တင်သွင်းရပါသည်။ တင်သွင်းမည့်မော်တော်ယာဉ်အား EPA ၏ ကန့်သတ်ချက် များနှင့် ကိုက်ညီစေရန် တင်သွင်းလိုသူသည် ICI နှင့် စာချုပ် ချုပ်ဆိုပြီး အလုပ်အပ်နှံရပါမည်။ ICI ၏ မော်တော်ယာဉ်ပြုပြင် သည့် လုပ်ငန်းပြီးဆုံးမှသာ EPA  သည် မော်တော် ယာဉ်ပိုင်ရှင် အား မော်တော်ယာဉ်ကို ထုတ်ယူစေပါသည်။ အချို့သောမော် တော်ယာဉ်များမှာ ICI မှ ပြုပြင်ဆောင် ရွက်ပေးသော်လည်း အမေရိကန်နိုင်ငံသို့ တင်သွင်းခွင့်မပြုကြောင်း သိရှိရ ပါသည်။ ICI များသည် EPA တွင် လုပ်ငန်းမှတ်ပုံတင်ထားသည့် ကုမ္ပဏီ များ ဖြစ်ပြီး မော်တော်ယာဉ်ကို မူလထုတ်လုပ်သည့် ကုမ္ပဏီ များကို ကိုယ်စားပြုနိုင်မည့် ကုမ္ပဏီများဖြစ်ကာ EPA စံ သတ်မှတ်ချက်နှင့် ကိုက်ညီစေသည့် မော်တော်ယာဉ် အဆင့် သို့ရောက်ရှိစေရန် တာဝန်ယူ ဆောင်ရွက်ရပါသည်။ ယေဘုယျ အားဖြင့် ICI များသို့ လုပ်ငန်းအပ်နှံရာတွင် အခကြေးငွေအလွန် မြင့်မားပါသည်။အကောက်ခွန်နှင့် အခွန်အခများ ပြည်ပမှ တင်သွင်းလာသည့် ကားများအား အသစ်ဖြစ်စေ အသုံးပြုပြီးဖြစ်စေ၊ကိုယ်ပိုင်အသုံးပြုရန်ဖြစ်စေ၊ ပြန်လည်ရောင်း ချရန်ဖြစ်စေ၊ ပေးချေပြီး သို့မဟုတ် ပေးချေရန်ရှိသည့် တန်ဖိုးကို အခြေခံ၍ မော်တော်ယာဉ် (auto) များကို ၂ ဒသမ ၅ ရာခိုင် နှုန်း၊ ထရပ်ကားများအား ၂၅ ရာခိုင်နှုန်း နှင့် မော်တော်ဆိုင် ကယ်များအား ၂ ဒသမ ၄ ရာခိုင်နှုန်းသို့မဟုတ်သုညရာခိုင်နှုန်း ကောက်ခံပါသည်။ ကနေဒါ နိုင်ငံတွင်ထုတ်လုပ်သည့်မော်တော် ယာဉ်အများစုကိုမူအကောက်ခွန် ကင်းလွတ်ခွင့်ပြုထားပါသည်။ တင်သွင်းလာသည့်ကားများအနက်မှ အချို့သောကားများ အား ကိုယ်ပိုင်ယာဉ်ဖြစ်စေ စီးပွားရေးလုပ်ငန်းသုံးယာဉ်ဖြစ်စေ Internal Revenue Code Section 4064  အရ ဆီစားမှု အတွက် အခွန် (gas-guzzler) ကောက်ခံပါသည်။ အခွန် ကောက်ခံရာတွင် ဆီစားမှုအခွန်ကောက်ခံရန် အတွက် EPA မှ သတ်မှတ်ထားသည့် urban/ highway fuel-economy (miles per gallon) rating  နှစ်မျိုးကို ပေါင်းစပ်၍ တွက်ချက် ကောက်ခံပါ သည်။ အမေရိကန်နိုင်ငံတွင် အခြေချ နေထိုင်သူတစ်ဦး (Resident) သည်ခရီးသွားခြင်း၊အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် ပညာ သင်ယူခြင်း ရည်ရွယ်ချက်များဖြင့် ပြည်ပသို့ သွားရောက်နေ ထိုင်ပြီးနောက် အမေရိကန်နိုင်ငံအတွင်းသို့ ပြန်လည်ဝင် ရောက် လာသည့်အခါ ကိုယ်ပိုင်အသုံးပြုရန် ရည်ရွယ်၍ ၎င်းင်းနှင့် တစ် ပါတည်းသယ်ဆောင်လာပါက ယာဉ်တန်ဖိုးတွင် အမေရိကန် ဒေါ်လာ ၈၀၀ ကိုနုတ်ပယ်ရန်လျှောက်ထားနိုင်ပြီး ကျန်တန်ဖိုး အနက်မှ အမေရိကန် ဒေါ်လာ ၁၀၀၀ အား ပုံသေနှုန်း (၃) ရာခိုင်နှုန်းဖြင့် ကောက်ခံပြီး၊ ကျန်ရှိသည့် မော်တော်ယာဉ် တန် ဖိုးအား သတ်မှတ်နှုန်းထားဖြင့် ကောက်ခံသော်လည်း အောက် ပါကိစ္စရပ်များအတွက်မူအကောက်ခွန်ကင်းလွတ်ခွင့်ပြုပါသည်- (၁) ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်သည့် အမေ ရိကန်နိုင်ငံသားများ (US Citizens) အစိုးရ ဝန်ထမ်း များသည် အမေရိကန်နိုင်ငံအတွင်းသို့ extended duty  သို့မဟုတ် ခွင့်ဖြင့် ခေတ္တပြန်လာကာ အမေရိ ကန်နိုင်ငံအတွင်းတွင် Non-resident status အဖြစ် ဖြင့်သာ နေထိုင်စဉ် ကိုယ်ပိုင်အသုံးပြုရန် မော်တော် ယာဉ် တင်သွင်းလာပြီး အမေရိကန်နိုင်ငံမှ ၎င်းတို့ ပြန်လည် ထွက်ခွာသည့်အခါ တင်သွင်းလာသည့် အဆိုပါ မော်တော်ယာဉ်ကို ပြည်ပတင်ပို့ပါက အကောက်ခွန် ကင်းလွတ်ခွင့်ပြုပါသည်။ (၂)     စစ်ဘက်ဆိုင်ရာဝန်ထမ်းများနှင့် အရပ်ဘက်ဆိုင်ရာ အစိုးရဝန်ထမ်း များသည် အမေရိကန်နိုင်ငံပြင်ပတွင် ရက်ပေါင်း (၁၄၀) နှင့်အထက် တာဝန် ထမ်းဆောင် ပြီးနိုင်ငံသို့ပြန်လာပါက ယင်းကို extended duty ဟုသတ်မှတ်လေ့ရှိပြီး ၎င်းတို့ သယ်ဆောင်လာသည့် အကောက်ခွန် ကင်းလွတ်ခွင့်ရရှိသည့် လူသုံးကုန် များနှင့် အိမ်ထောင်ပစ္စည်းများစာရင်းတွင် မော် တော်ယာဉ်လည်းပါဝင်ပါသည်။သို့သော်လည်း မော် တော်ယာဉ်မှာ အဆိုပါနိုင်ငံမှ မထွက်ခွာမီအချိန်က ပင် ဝယ်ယူပိုင်ဆိုင်ထားသည့် ယာဉ်ဖြစ်ရန်လိုအပ်ပါ သည်။ အမေရိကန်ရေတပ်မှ ရေယာဉ်များ သို့ မဟုတ် အဆိုပါ ရေယာဉ်များကို ထောက်ပံ့ပို့ဆောင် ပေးရသည့် ရေယာဉ်များတွင်တာဝန်ထမ်းဆောင်ရ သည့် ရေတပ်ဝန်ထမ်းများအနေဖြင့်မူ အမေရိကန် နိုင်ငံမှ စတင်ထွက်ခွာသည့် အချိန်မှပြန်လည်ရောက် ရှိသည့်အချိန်ထိ ရက်ပေါင်း ၁၂၀ သို့မဟုတ် ယင်း ထက်ပိုသည့်ကာလများကို extended duty အဖြစ် သတ်မှတ်ကာ ကင်းလွတ်ခွင့်ပြုပါသည်။ တင်သွင်း လာသည့် ကားများကို တစ်နှစ်အတွင်း ပြန်လည် ရောင်းချမည်ဆိုပါကာမူ ရောင်းချမှုမပြီးဆုံးမီ နီးစပ် ရာအကောက်ခွန်ရုံးတွင် အခွန်ပေးဆောင်ရပါမည်။ (၃) အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်ခြင်းမပြုသည့် သူများ (Non-resident) သည် နိုင်ငံအတွင်းသို့ ပြန် လည် ဝင်ရောက်လာပါက ကိုယ်ပိုင် အသုံးပြုရန် ၎င်းနှင့်အတူမော်တော်ယာဉ်ကို တင်သွင်းလာပါက ၎င်းတို့ရောက်ရှိသည့်နေ့မှ တစ်နှစ်တာကာလ အထိ အခွန်ကင်းလွတ်ခွင့်ပြုပါသည်။ တင်သွင်းလာသည့် မော်တော်ယာဉ်သည် အမေရိကန်နိုင်ငံမှ သတ်မှတ် ထားသည့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ် ငွေ့ထုတ်လွှတ်မှု စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းမရှိပါက တစ်နှစ်အတွင်း ပြည်ပသို့ ပြန် လည်တင်ပို့ရမည်ဖြစ်ပြီး အမေရိကန် နိုင်ငံအတွင်း၌ ပြန်လည်ရောင်းချခွင့် မရှိပါ။ ပြည်ပတင်ပို့ရန် လို အပ်ချက်များအတွက် ကင်းလွတ်ခွင့်နှင့် သက် တမ်း တိုးမြှင့်ခွင့်တို့ကို ပေးအပ်မည်မဟုတ်ပါ။အထွေထွေ တင်သွင်းလာသည့် မော်တော်ယာဉ်များ၏ ကိုယ်ထည် (under carriage) မှတစ်ဆင့် ပိုးမွှားတိရစ္ဆာန်များ အန္တရာယ် ဖြစ်ပေါ်စေနိုင်မှုကို ကာကွယ်ရန်အတွက် တင်သွင်းမည့် မော် တော်ယာဉ်များကို သင်္ဘောမတင်မီကပင် ပြည်ပမှမြေ (foreign soil)  ၊ ပိုးမွှားများ ကင်းရှင်းစေရန် ပိုးသတ်ခြင်းသို့မဟုတ် သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်ကြောင်း အမေရိကန်စိုက်ပျိုးရေး ဝန်ကြီး ဌာနမှ သတ်မှတ်ပြဌာန်းထားပါသည်။ တင်သွင်းလာမည့် မော်တော်ယာဉ်များတွင် လူသုံးကုန် ပစ္စည်းများ ထည့်သွင်းကာ ကွန်တိန်နာတစ်ခု အဖြစ် အသုံးပြု တင်သွင်းခြင်းကို ကန့်သတ်ထားပါသည်။ မော်တော်ယာဉ်တွင် ပါဝင်သည့် ပစ္စည်းစာရင်းကို အကောက်ခွန်တွင် ကြေညာရမည် ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေချမှတ်ခြင်း သို့မဟုတ် မော်တော် ယာဉ်နှင့် မော်တော်ယာဉ်တွင် ထည့်သွင်း သယ်ဆောင်လာ သည့်ကုန်ပစ္စည်းများကို သိမ်းဆည်းမည်ဖြစ်ပါသည်။မော်တော် ယာဉ်နှင့်အတူဘိန်းဖြူနှင့်မူးယစ်ဆေးဝါးများကို မော်တော်ယာဉ် တွင်ထည့်သွင်းသယ်ဆောင်လာပါက မော်တော်ယာဉ်ကို သိမ်း ဆည်းခြင်း သို့မဟုတ် တရားဥပဒေအရ အရေးယူ ဆောင်ရွက် မည် ဖြစ်ပါသည်။ အမေရိကန်နိုင်ငံအတွင်းတွင် ကျင်းပမည့် ပြိုင်ပွဲတစ်ခုခု တွင် ပါဝင်ရန်အတွက်ဖြစ်စေသို့မဟုတ်အခြားသောအကြောင်း ကိစ္စတစ်ခုကြောင့်ဖြစ်စေ Non-resident  အဖြစ် ယာယီ နေ ထိုင်ပြီးတင်သွင်းလာသည့်မော်တော်ယာဉ်သို့မဟုတ် မော်တော် ဆိုင်ကယ်သို့မဟုတ်အခြားသောစက်ပစ္စည်းများကိုအကောက်ခွန် ကင်းလွတ် ခွင့်ပြုပါသည်။ ထို့အပြင် မော်တော်ယာဉ်ကို စမ်း သပ် စစ်ဆေးခြင်း၊ သရုပ်ပြသခြင်းနှင့် ပြိုင်ပွဲများအတွက် အမေ ရိကန်နိုင်ငံအတွင်းသို့ ယာယီတင်သွင်းပါက အကောက်ခွန် ကင်း လွတ်ခွင့်ဖြင့် တင်သွင်းနိုင်ပါသည်။ မော်တော်ယာဉ် ပြိုင်ပွဲ သို့ မဟုတ် ပြခန်းများတွင် ပြသ ထားရှိရန် အပြီးတင်သွင်းမည်ဆိုပါ က ပို့ဆောင်ရေးဝန်ကြီးဌာနသို့ ကြိုတင် လျှောက်ထားရမည် ဖြစ်ပြီး အဆိုပါ ယာဉ်သည် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီရမည် ဖြစ်ပါသည်။တင်သွင်းမှု ကန့်သတ်ထားသည့် နိုင်ငံများ အမေရိကန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ Office of  Foreign Assets Control  မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း များအရ အာဖဂန်နစ္စတန် (တာလီဘန်)၊ ကျုးဘား၊ အီရန်၊ အီရတ်၊လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆူဒန်၊ ဆာဘီးယား/ မွန် တီနီဂရိုး/ကိုဆိုဗို သို့မဟုတ် ယူဂိုဆလားဘီးယား နိုင်ငံတို့မှ မော်တော်ယာဉ်တင်သွင်းခြင်းကို ပိတ်ပင်ထားပါသည်။ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကား ဘန်ပါနှင့် တစ်ပါးသူ ခိုးယူမှုမှ ကာကွယ်ရေးတို့အတွက် စံချိန်စံညွှန်း သတ်မှတ် ချက်များ အမေရိကန်နိုင်ငံအတွင်းသို့ တင်သွင်းမည့် မော်တော်ယာဉ် များကိုတင်သွင်းလာပါကပို့ဆောင်ရေးဝန်ကြီးဌာန၏ သတ်မှတ် ချက်များနှင့် ကိုက်ညီကြောင်းကြေညာရန်အတွက် HS-7  ပုံစံကို တင်ပြလျှောက်ထားရပါသည်။ ယေဘုယျအားဖြင့် ယာဉ် သက်တမ်း(၂၅) နှစ်အောက် မော်တော်ယာဉ်များ သည် Federal Motor Vehicle safety Standards (FMVSS)  သတ်မှတ်ချက်များနှင့်လည်းကောင်း၊ ၁၉၇၈ ခုနှစ်၊ စက်တင်ဘာ လ ၁ ရက်နေ့ နောက်ပိုင်းတွင် ထုတ်လုပ်သည့် ယာဉ်များသည် ကားဘန်ပါ စံသတ်မှတ်ချက် (bumper standard)  နှင့် လည်း ကောင်း၊ ၁၉၈၇ ခုနှစ်မှ စတက် ထုတ်လုပ်သည့် ယာဉ်များသည် ခိုးယူ ခံရမှုမှ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စံသတ်မှတ်ချက် (theft-prevention standard) နှင့်လည်းကောင်း ကိုက်ညီ ရမည်ဖြစ်ပါသည်။မော်တော်ယာဉ်တင်ပို့ခြင်း (Exporting a Motor Vehicle) မော်တော်ယာဉ် တင်ပို့လိုသူသည် တင်ပို့လိုသည့် မော် တော်ယာဉ်အကြောင်း ဖော်ပြထားသည့် Vehicle Identification Number (VNI)  သို့မဟုတ် Product Idneti-fication Number (PNI)    ပါဝင်သည့် စာရွက်စာတမ်းများ ကို တင်ပြလျှောက်ထားရပါသည်။ အမေရိကန်နိုင်ငံတွင် မှတ်ပုံ တင်ထားသည့် မော်တော်ယာဉ်များ  (U.S. Titled Vehicles) အတွက် မော်တော်ယာဉ် အမေရိကန်ဒေါ်လာ ၂၅၀၀ အထက် တန်ဖိုးရှိသည့် မော်တော်ယာဉ်များကို တင်ပို့ပါက Census Bureau Electronic Export Information (EEI)  စာရင်းတွင် ကြေညာလွှာတင်ပြရပါသည်။ Electronic Export Information (EEI)တစ်နည်းအားဖြင့်ဆို သော် Automated Export System (AES)  ဆိုသည်မှာ ပြည်ပသို့ တင်ပို့မည့် ကုန်စည် များအား Electronically  ကြေညာလွှာတင်ရသည့် စနစ်တစ်ခု ဖြစ်ပြီး၊ အမေရိကန်နိုင်ငံ၏ ပို့ကုန်နှင့် ကုန်သွယ်ရေးစာရင်းအင်း များ ပြုစုခြင်းကို အထောက်အကူပြုရန် စာရင်းအင်းဌာန  (Census Bureau)  သို့ ပေးပို့ရခြင်းဖြစ်ပါသည်။  Census Bureau မှ လက်ခံရရှိသည့်စာရင်းကို Bureau of Indusry and Security Directorate of  Defense Trade Controls နှင့် အမေရိကန်နိုင်ငံ၏ ပို့ကုန်များကို စောင့်ကြည့်လေ့လာ ရာတွင် ဆက်နွယ်နေသည့် အခြားသော ဗဟိုအစိုးရဌာနများ အားလည်း သိရှိစေရပါသည်။မော်တော်ယာဉ်ထုတ်လုပ်ခြင်း Federal Motor Vehicle safety Standards (FMVSS) များနှင့် ညီညွှတ်မှုရှိသည့် မော်တော်ယာဉ်နှင့် မော် တော်ယာဉ်စက်ပစ္စည်းကိရိယာများ တင်ပို့လိုသည့် မော်တော် ယာဉ်ထုတ်လုပ်သူများသည် ထုတ်လုပ်သည့်မော်တော်ယာဉ် သို့မဟုတ် စက်ပစ္စည်း၏ အချက်အလက်များကို စတင် ထုတ် လုပ်သည့်ရက်မှ ရက်ပေါင်း (၃၀) ထက်နောက်မကျဘဲ ဖော်ပြ၍ NHTSA   သို့တင်ပြလျှောက်ထားရပါသည်။ ထုတ်လုပ်မှု လုပ် ငန်းနှင့်သက်ဆိုင်သည့် သတင်းအချက်အလက် ပြောင်းလဲပါက လည်း ရက်ပေါင်း (၃၀) အတွင်း တင်ပြလျှောက်ထားရပါသည်။ ကုန်သွယ်မှုအမည်များ၊ ကုန်အမှတ်တံ ဆိပ်သို့မဟုတ် အညွှန်း တံဆိပ်အမည်များစသည့် ထုတ်လုပ်သည့် ကုမ္ပဏီ အနေဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသည့်အမည်များကို NHTSA သို့ တင်ပြရပါသည်။ အမေရိကန်နိုင်ငံတွင် မော်တော် ယာဉ်ထုတ်လုပ်သူများ သည် ဗဟိုအစိုးရမှ ပြဌာန်းထားသည့်အောက်ဖော်ပြပါ စံသတ် မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြရပါသည်- -     စံသတ်မှတ်ချက်များ (Emissions Standards)၊ -     ဥပဒေများနှင့် အစီအစဉ်များ (Laws and Programs) ၊ -     Compliance Resources -     Fuel Economy Standards -     Safety Standards -     Safety Standards for Specific Vehicles ထို့အပြင် ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ စံသတ်မှတ်ချက် များ (Emissions Standards)  တွင် များစွာသော လယ်ယာ သုံး၊ စက်မှုလုပ်ငန်းသုံး နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ကိရိယာတန်ဆာပလာများအပါအဝင် (၁၉) ကီလိုဝပ် (မြင်း ကောင်ရေ ၂၅) နှင့်အထက် စက်အင်အားရှိသော လမ်း သွား လာရန် အသုံးပြုခြင်းမဟုတ်သည့် အင်ဂျင်စက်များ ထုတ်လုပ် ရာတွင် လိုက်နာရန် ''Emissions Standards for Forklifts, Generators and Compressors''  အဝေးပြေးလမ်းမ များပေါ်တွင် မော်တော်ဆိုင်ကယ်များမှ ဓာတ်ငွေ့ထုတ်လွှတ်မှု ကို ထိန်းချုပ်ရန်ပြဌာန်းထားသည့် ''Emissions Standards for Highway Motorcycles'' non-road sparkignition engines  မြက်ခင်းနှင့် ဥယျာဉ်များတွင် အသုံးပြုသည့် စက်သုံး ဆီ အနည်းငယ်သုံးသည့် စက်ပစ္စည်းကိရိယာများ၊ လေဆိပ် ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုသည့် စက်ပစ္စည်းကိရိယာ များ ထုတ်လုပ်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များ၊ လမ်းညွှန်ချက်များ၊ ပေးဆောင်ရမည့်အခကြေးငွေများ (compliance fee) စသည်တို့ကို ပြဌာန်းထားသည့် ''Emissions Standards for Lwan and Garden (Small Gasoline) Equipment''  မြေပြင်တွင် အသုံးပြုသည့် အပန်းဖြေ ယာဉ်များ အတွက် သတ်မှတ်ထားသည့် 'Emission Standards for Snowmobiles, Dirt Bikes and ATVs''  တို့ကို လိုက်နာ ကြရပါသည်။ Laws and Programs  များ အဖြစ် Heavy-Duty Highway Diesel Engines Program Light-Duty Vehicle and Engine Emission Certification Mobile Source Air Toxics Rule  တို့ကို ပြဌာန်းထားပါသည်။ Fuel Economy Standards  နှင့် စပ်လျဉ်း၍ Light-duty vehicle နှင့် truck  manufacturers Certification and Fuel Economy Information System (CFEIS)  ကို လည်း ကောင်း၊ ခရီးသည်တင်ကား သို့မဟုတ် ပေါင် ၈၅၀၀ နှင့်အောက် Light trucks  မော်တော်ယာဉ်များကို ထုတ် လုပ် ပြီး အမေရိကန်နိုင်ငံအတွင်းတွင် ရောင်းချခြင်းအတွက်  Corporate Average Fuel Economy (CAFE) Standards များနှင့် Fuel Economy Testing, Reporting and Labeling: Regulations and Standards များကို လိုက်နာဆောင်ရွက်ကြရပါ သည်။ အမေရိကန်နိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်သူများ သည် ထုတ်လုပ်သည့်မော်တော်ယာဉ်များကို ဈေးကွက်သို့ တိုက်ရိုက်ရောင်းချခြင်းကို ကန့်သတ်ထားပါသည်။ မော်တော် ယာဉ်အသစ်များကို အရောင်းကိုယ်စားလှယ်များ (dealers) များကသာ ရောင်းချနိုင်ပါသည်။Sources:National Highway Traffic Safety Administration (NHTSA) www.nhtsa.gov/cars/rules/ import/ Environmental Protection Agency www.epa.gov/otaq/standards. htm Customs and Border Protection www. cbp.gov/ trade/basic-import-export/importing-car US Department of Commerce http://selectusa.commerce.gov/industry-snapshots/automotive-industry-uni... http://export.gov/industry/auto/index. asp? EventlD=29653