Main menu

Background

စပါးသီးနှံမှာကျရောက်တက်တဲ့ ဖြုတ်ကောင်(Hopper) ကိုကာကွယ်ဖို့ (IPM) နည်းနဲ့ ဘက်စုံပိုးမွှားကာကွယ်ရေးစီမံချက် အလုပ်ရုံဆေးနွေးပွဲကျင်းပ

Wed, 09/15/2010 - 09:52 -- Anonymous (not verified)

 စပါးသီးနှံမှာကျရောက်တက်တဲ့ ဖြုတ်ကောင်(Hopper) ကိုကာကွယ်ဖို့ (IPM) နည်းနဲ့ ဘက်စုံပိုးမွှားကာကွယ်ရေးစီမံချက် အလုပ်ရုံဆေးနွေးပွဲကျင်းပ        စပါးသီးနံှမှာကျရောက်ပြီး အများဆုံးဖျက်ဆီးတတ်တဲ့ ဖြုတ်ကောင် (Hopper)  ကို  Integrated Pest Management (IPM) နည်းနဲ့ သဘာဝနည်းလမ်းများ အတိုင်း ဘက်စုံပိုးမွှားကာကွယ်နိုင်မယ့် အခြေအနေ အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ မိုျးစေ့ဌာန၊ FAO Auditorium မှာ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁ ရက်က ကျင်းပခဲ့ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းနဲ့ အပြည် ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန(IRRI)  တို့ ပူးပေါင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ပညာရှင်များ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နဲ့ ပါမောက္ခများ၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးမှ အရာထမ်းများ IRRIမှ ဂေဟဗေဒ သိပ္ပံ ပညာရှင်များဖြစ်တဲ့ Dr K.L.Heong ၊ Dr Lorry Wing  မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ဗဟိုအလုပ်အမှုဆောင်များ၊ ဆန်စပါး အထူးပြုကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၈ဝ ခန့်  တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။      မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးကျော်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်နဲ့  IRRIမှ ပညာရှငDr K.L Heong တို့မှ အမှာစကားအသီး သီး ပြောကြားကြပြီး၊ စပါးဖျက်ပိုးဖြုတ်ကောင်ကို ဂေဟ နည်းစနစ်နဲ့ သဘာဝနည်းများအတိုင်း ကာကွယ်နိုင်မယ့်အခြေအနေကို  စုပေါင်းဆွေးနွေး အမြင်ခြင်း ဖလှယ်ခဲ့ကြပါတယ်။ဖြုတ်ကောင်ကျရောက်တတ်တဲ့ အကြောင်းရင်းများ     စပါးပင်တွေ ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်တတ်တဲ့ ဖြုတ်ကောင်ကျရောက်ရတဲ့ အကြောင်းရင်းတွေကတော့ ရေကြီးရေလံျှမှု၊ မိုးခေါင်ခြောက်သွေ့မှုနဲ့ နာဂစ်လို လေမုန်တိုင်း အကြီးအကျယ် ကျရောက်မှုတွေဆိုတဲ့ သဘာဝ ဘေးအန္တရာယ်တွေကြောင့်အပြင်  ပိုးသတ်ဆေး အလွယ်တကူနဲ့ အလွန်အကံျွသုံးစွဲမှုတွေကြောင့်လို့ Dr. K.L.Heong က ပြောကြားပါတယ်။ ဒါကြောင့်လည်း အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ဖြုတ်ကောင် ကျရောက်ခဲ့ပါ တယ်။                                                                                                                                                          ၂ဝဝ၉ ခုနှစ် ဇူလိုင်လမှာ စတင်ဖြစ်ပွားခဲ့ကာ ထိုင်းနိုင်ငံမှာ လယ်မြေဟက်တာ ၁ သန်းမှ စပါးတန်ချိန် ၁ ဒသမ ၁ သန်း၊ စုစုပေါင်း ထုတ်လုပ်မှုရဲ့ ၁၆ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရသလို ဗီယက်နမ်မှာဟက်တာ ၃ သိန်းခန့် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ပြီး၊ တရုတ်နိုင်ငံမှာ ဟက်တာ ၄ သိန်းနီးပါး ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ယခု နှစ် ၂ဝ၁ဝ မှာလည်းထိုင်းမှာဟက်တာ ၅သောင်း၊ ဗီယက်နမ်မှာ ဟက်တာ ၁၄ဝဝဝဝခန့်နဲ့ မလေးရှားမှာ ဟက်တာ ၂ဝဝဝ ခန့် ပျက်စီးခဲ့ရတယ်လို့ ထပ်လောင်း ပြောကြား ပါတယ်။ဖြုတ်ကောင် များကို ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်များဟာ လေတိုက်ခတ်ရာ လမ်းကြောင်းတစ်လျှောက် ပြန့်ပွားတတ်ရာ မြန်မာနိုင်ငံမှာလည်း နာဂစ်မုန်တိုင်း ဖြစ်ပြီးနောက် ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ်မှာ ဖြုတ်ကောင်ကျရောက်မှုကြောင့် စပါးများပျက်စီး ခဲ့ရတယ်လို့ ဆိုပါတယ်။စပါးဖျက်ဆီးမှုအများဆုံး ဖြုတ်ကောင်     မြန်မာနိုင်ငံမှာတွေ့ရှိရတဲ့ ဆန်၊ စပါးဖျက်တဲ့ ပိုးမွှား ၁၄ မိုျးရှိတဲ့အနက် ကျရောက်မှုအများဆုံး ဖြုတ် အမိုျးအစား ၄ မိုျးရှိတယ်လို့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ အပင်ကာကွယ်ရေးဌာနမှ မန်နေဂျာဒေါ်ဖြူဖြူလွင် က ပြောကြားပါတယ်။ အဲဒီဖြုတ်တွေကတော့ brown plant hopper လို့ခေါ်တဲ့ ဖြုတ်ညို၊Green Leafhopper ဖြစ်တဲ့ ရွက်လိပ်ပိုး၊ white backed plant hopper  လို့ခေါ်တဲ့ ကျောဖြူ ဖြုတ်ပိုးနဲ့ Zigzag leaf hopper  တို့ဖြစ်ပါတယ်။ ဒီပိုးတွေထဲမှာ စပါးထွက်ရှိမှုကို အဆိုးဝါးဆုံး ထိခိုက်တာကတော့ ဖြုတ်ညိုနဲ့ ကျောဖြူ ဖြုတ်ကောင်ပဲ ဖြစ်တယ်လို့လည်း ဒေါ်ဖြူဖြူလွင်က ပြောကြားပါတယ်။မြန်မာနိုင်ငံမှာလည်း ဖြုတ်ကျရောက်မှုကြောင့် စပါးအထွက်ထိခိုက်မှုရှိခဲ့       အာရှနိုင်ငံတွေမှာ  စပါးအထွက် ထိခိုက်အောင် ကျရောက်တဲ့ ပိုးဟာ ဖြုတ်ညိုနဲ့ ကျောဖြူဖြုတ်များ ဖြစ်သလို မြန်မာနိုင်ငံမှာ လည်း ဖြုတ်ညို ကျရောက်မှုကြောင့် စပါးခင်းများ ပျက်စီးပြီး အထွက်ဆုတ်ယုတ်ခဲ့တဲ့ အတွေ့အကြုံ နှစ်ကြိမ်ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ၁၉၉၈-၉၉ ခုနှစ် မိုးရာသီမှာ ပထမဆုံးအကြိမ်အနေနဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းဒေသကြီး ၆ ခု၊ ရှမ်း၊ မွန်၊ ကယားနဲ့ ကရင်ပြည်နယ်လေးခုမှာရှိတဲ့ မြို့နယ် ၄၈ မြို့နယ်၊ လယ်မြေ ဧရိယာ ၈၈ဝ၂၉ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ အများဆုံးထိခိုက်ခဲ့တဲ့ ဧရာဝတီတိုင်းမှာ မိုးစပါးစိုက်ဧက ၅၂ဝဝဝ ပျက်စီးခဲ့ရတယ်လို့  ဆိုပါတယ်။  နောက်တစ်ခါကတော့ ၂ဝဝ၈-၂ဝဝ၉ ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ပြီးတဲ့နောက် ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှာ နွေစပါး ရာသီအတွင်း လယ်မြေ ၇၁ဝ ဧက ထိခိုက်ပျက်စီးခဲ့ရပြီး ဒီနှစ် ၂ဝ၁ဝ မိုးစပါး ရာသီမှာလည်း ဒေဒရဲမြို့နယ်မှာ ဖြုတ်ညို ကျရောက်မှု ပြန်ဖြစ်လာတာ တွေ့ရပါတယ်။ မနောသုခနဲ့ သီးထပ်ရင် စပါးအမျိုးအစားများမှာ ထိခိုက်မှု ခံရတယ်လို့လည်း ဆိုပါတယ်။ဖြုတ်ပိုးပြန့်ပွားနိုင်မှု      ဖြုတ်ညိုဟာ အရွယ်အစားသေးပြီး ဘဝစက်ဝန်း (Life Cycle) တိုပါတယ်။ ဥအမြောက်အမြားဥနိုင်ပြီး လျင်မြန်စွာ ပံျသန်းသွားလာနိုင်တာကြောင့် ပြန့်ပွားနှုန်းမြန်တယ်လို့ အပင်ကာကွယ်ရေးဌာန ဒုတိယ ကြီးကြပ် ရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းဝင်းက ရှင်းလင်းပြောကြားပါတယ်။ ဒါကြောင့် လေတိုတ်ခတ်ရာ လမ်းကြောင်း အတိုင်း ပြန့်ပွားနိုင်သလို ရေကြီးမှု ကြောင့်လည်း ပံျ့နံှ့နိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် လယ်သမားများဟာ စပါးပင်မှာ ပိုးမွှား ကျရောက်ပြီဆိုတာနဲ့  ပိုးသတ် ဆေးဖြန်းရမယ်ဆိုတဲ့ မှားယွင်းတဲ့ အသိရှိခြင်းကြောင့်လို့ Dr K.L Heong ကလည်း ထပ်လောင်းရှင်းလင်းပါတယ်။ စပါးမှာ ကျရောက်တတ်တဲ့ ရွက်လိပ်ပိုးကြောင့် စပါးရွက် ၆၇ ရာခိုင်နှုန်းခန့် ပျက်စီးမှုရှိတဲ့တိုင် စပါးအထွက်နှုန်းကို ထိခိုက်နိုင်မှု မရှိဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ တောင်သူ အများစုဟာ ပိုးသတ်ဆေးသုံးစွဲမှုကြောင့်  ရွက်လိပ်ပိုးသာမက လယ်သမားများရဲ့ အခြားမိတ်ဆွေ ပိုးမွှားများပါ သေကျေပျက်စီးရတဲ့အတွက် ပိုးသတ်ဆေးဖျန်းပြီး နှစ်ပတ်အတွင်း ဖြုတ်ညိုများဟာ ဥဥပြီး ၃-၄ ရက်ခန့်ကြာရင် တားမနိုင်ဆီးမရ ပြန့်ပွားနိုင်တယ်လို့ ဆိုပါတယ်။ပိုးသတ်ဆေးများ အလွယ်တကူမသုံးစွဲသင့့်််      စပါးမှာကျရောက်တတ်တဲ့  ပိုးနဲ့ပတ်သက်လို့ ရွက်လိပ်ပိုးလို အထွက်နှုန်းကို ဆိုးဆိုးရွားရွား ထိခိုက်မှု မရှိတဲ့ပိုးဆိုရင် ဒီအတိုင်းပဲ ပိုးရဲ့ အရိပ်အခြေကိုကြည့်ပြီး နေသင့်ပါတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လည်း ဆိုရင် ပတ်ဝန်းကျင်မှာရှိတဲ့ ဒီပိုးတွေရဲ့ ရန်သူပိုး (တောင်သူများရဲ့ မိတ်ဆွေပိုး)တွေက အလိုအလျောက် ထိန်းခုျပ်နိုင်တာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့်လူတို့ရဲ့မိတ်ဆွေ ပိုးတွေကို သေစေနိုင်ပြီး ဖြုတ်ညိုတွေ တိုးပွားဖို့ အခွင့်အလမ်းတွေ ဖြစ်စေတဲ့ ပိုးသတ်ဆေးတွေ အလွယ်တကူ မသုံးစွဲသင့်ဘူးလိုံ့ီ  Dr K.L Heong က ဆိုပါတယ်။       ဗီယက်နမ်နဲ့ထိုင်းတို့မှာ ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကို (IRRI)  က သုတေသနလုပ်ခဲ့ရာမှာ ရွက်လိပ် ပိုးကျတဲ့ စပါးခင်း များကို ပိုးသတ်ဆေးဖြန်းခဲ့တာကြောင့် နောက်ဆက်တွဲအဖြစ် ဖြုတ်ညိုများကျရောက် ကာ စပါးစိုက်ဟက်တာ ၅ဝဝဝဝ ခန့် ပျက်စီးခဲ့တာ တွေ့ရှိရတယ်လို့လည်း ထပ်လောင်းပြောကြားပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးလုပ်ငန်းများက ပိုးသတ်ဆေးမျိုးစုံ ရောနှောပြီး (cocktail) ပုံစံဆေးဘူးများ သုံးစွဲခြင်းကို စနစ်တကျ ထိန်းခုျပ်တားဆီးသင့်တယ်လို့ ဆိုပါတယ်။အပင်ပိုးမွှားထိန်းသိမ်းရေး(IPM) စနစ်ကျင့်သုံးဖို့လိုစပါးများကို ဖျက်ဆီးတတ်တဲ့ ဖြုတ်ကောင်ကျရောက်မှုကို အပင် ပိုးမွှားထိန်းသိမ်းရေး (Integreded Pet Management)  စနစ်နဲ့ ကာကွယ်တာ အကောင်းဆုံးပါလို့ ပညာရှင်တွေရဲ့ လေ့လာသုတေသနပြု ချက်အရ Dr. K L Heong က ပြောကြား ပါတယ်။ ဒီလို အပင်ပိုးမွှား ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှ ဇီဝမျိုးစုံပြည့်စုံမှု (Bio- diversity)၊ သဘာဝ ပတ်ဝန်းကျင်နဲ့ ဂေဟစနစ် (Environment & Ecosystem) နည်းလမ်းများနဲ့သာ ဖြေရှင်းနှိမ်နင်းခြင်းဟာ အထိရောက်ဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်ပြီး စဉ်ဆက်မပြတ် စိုက်ပိုျး ထုတ်လုပ်နိုင်ရေး  (Sustainable Agriculture) ကို ဖော်ဆောင်နိုင်မှာပါလို့ အကြံပြု ပြောကြားပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းပိုအောင်မြင်    ဖြုတ်ပိုးကျရောက်ပြီဆိုရင် အဲဒီစပါးခင်းကို မီးရှို့ပြီး တခြားလယ်ကွင်းတွေကို စီးဆင်းနိုင်တဲ့ ရေစီးရေလာ ကို ဖြတ်တောက်ရပါမယ်။ ဗီယက်နမ်နိုင်ငံမှာ ဖြုတ်ကောင်ကျရောက်မှုကို အလင်းထောင်ချောက်(Light trip)  အသုံးပြု ဖမ်းဆီးကြပါတယ်။ ဒါပေမဲ့ ဒါဟာ ပြန့်ပွားနှုန်းမြန်တဲ့ ဖြုတ်ကောင်ကို မနှိမ်နင်းနိုင်ခဲ့ပါဘူး။ အမှန်တကယ်တော့ ကုသခြင်းထက် မကျရောက်အောင် ကာကွယ်ခြင်း ပိုမိုအောင်မြင်မှာ ဖြစ်ပါတယ်။ ဖြုတ်ကောင်များကို နှိမ်နင်းရာမှာ ဖြုတ်ကောင်ရဲ့ သဘာဝရန်သူများဖြစ်တဲ့ ဝတ်မှုံကူးတဲ့ အကောင်များ (Pollinators) များနဲ့ နှိမ်နင်းခြင်းဟာ အထိရောက်ဆုံးလို့ ဆိုပါတယ်။ ဒါကြောင့် ပိုးမကျအောင် ကာကွယ် တဲ့ အနေနဲ့ ဝတ်မှုံကူးတဲ့အကောင်များ နေထိုင်နိုင်တဲ့ သဘာဝ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးသင့်ပါတယ်။ ပိုးသတ်ဆေးဖျန်းခြင်းဟာ မလိုလားတဲ့ ဓာတ်ြွကင်းများကြောင့် ပတ်ဝန်းကျင်ကို ဖျက်ဆီးမှုများဖြစ်ကာ ဝတ်မှုံ ကူး တိရစ္ဆာန်ငယ်များသေဆုံးပြီး၊ ဖြုတ်ကောင်များ အလွယ်တကူ ပေါက်ပွား ဖျက်ဆီးခံရနိုင်ပါတယ်။ ဂေဟစနစ်နဲ့ ကာကွယ်     Dr K L Heong ဆက်လက်ပြောကြားရာမှာ ကမ္ဘာပေါ်ရှိ စိုက်ပိုျးရေးနိုင်ငံများနဲ့ သုတေသနများမှ IPM ကို ဖော်ဆောင်ရာမှာ သဘာဝ နည်းစနစ်များကိုသာ ဂေဟနည်းလမ်းများနဲ့ ဆောင်ရွက်ခြင်းပဲ ဖြစ်ပါ တယ်လိုဆိုပါတယ်။ ပတ်ဝန်းကျင်မှာ လူတို့ရဲ့ သဘာဝမိတ်ဆွေပိုးတွေ အများကြီးရှိပေမဲ့ လူတွေက သတိ မထားမိကြပါဘူး။ အလွယ်တကူ သတိထားမိတာကပျား တွေပဲဖြစ်ပါတယ်။ ပျားတွေဟာ ကိုယ်တိုင်လည်း ဝတ်မှုံကူးသလို ပတ်ဝန်းကျင်မှာရှိတဲ့ မိတ်တွေပိုးတွေကိုလည်း ခေါ်ယူလာ တတ်ကြတာကြောင့် ပျားတွေ လာရောက်နိုင်ဖို့ စပါးပင်တွေရဲ့ကြားမှာ အဝါရောင်၊ အဖြူရောင်ပန်းတွေ  ပွင့်တဲ့အပင်တွေ  စိုက်ပျိုးခြင်းဟာ အကောင်းဆုံးသော ဂေဟစနစ်ပဲ ဖြစ်ပါတယ်လို့ ထောက်ပြပါတယ်။      စပါးစိုက်ခင်းတွေမှာ ရေနေသတ္တဝါများထည့်သွင်းခြင်း၊စိုက်ခင်းများအနီးအဝါရောင်၊ အဖြူရောင် ပန်းပွင့်အပင်များဖြစ်တဲ့ ပဲတီစိမ်း၊ ရုံးပတီသီးတို့လို သီးပင်စားပင်၊ ပန်းပင်တွေကိုကန်သင်းဘောင် မှာ စိုက်ပိုျးမယ်ဆိုရင် ပိုးသတ်ဆေးဖျန်းဖို့ လိုအပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် စပါးကွင်းတွေကြားထဲမှာ ပဲတီစိမ်း၊ နှမ်းစိုက်ပိုျးသလို ဗီယက်နမ်မှာလည်း ဂေါ်ဖီထုပ်ပင်နဲ့ အခြား ပင်များ၊ နယူးဇီလန်မှာလည်း ခရမ်းရောင်ပန်းပွင့်များ ကြားညှပ် စိုက်ပိုျးခြင်းဖြင့် ဖြုတ်ကောင် ကျရောက်မှုကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံမှာ ဂေဟစနစ်အားသာချက်ရှိ       Dr. K.L Heong   က ဆက်လက်ဆွေးနွေးရာမှာ ဇီဝမျိုးစုံ၊ သီးနံှ အပင်မိုျးစုံစိုက်ပျိုးခြင်းဟာ ပိုးမွှား အန္တရာယ်ကို သိသိသာသာတားဆီးမှု ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ သစ်သီးဝလံစတာတွေကို စုံစုံလင်လင် စိုက်ပျိုးလေ့ရှိတာကြောင့် ဒီလိုရှိနေပြီးသား အခြေအနေကောင်းများကို ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အားသာချက်က ဒေသအသီးသီးမှာ စပါးမျိုးခွဲများစွာကို စိုက်ပိုျးခြင်းပဲ ဖြစ်ပါတယ်။ ပိုးမွှား ကျရောက်မှု ဒဏ်ခံရတဲ့ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့မှာ စပါး ၂မိုျး ၃ မိုျးခန့်ကိုသာ တစ်နိုင်ငံလုံး စိုက်ဧရိယာရဲ့ ၇ဝ-၈ဝ ရာခိုင်နှုန်းမှာ စိုက်ပျိုးတာကြောင့်အပင်မိုျး စုံလင်မှုနည်းပါးပြီး ပိုးမွှား ပြန့်ပွားလွယ်ကာ ဆုံးရှုံးမှုများရခြင်း ဖြစ်တယ်လို့ဆိုပါတယ်။IPM နည်းနဲ့ နှိမ်နင်းဖို့ လယ်သမားတွေ နိုးထသင့်ပါပြီ     ''ထိုင်းနိုင်ငံကတော IPM နည်းစနစ်ရဲ့ အကိုျးရလဒ်ကို နားလည်လာပြီဖြစ်လို့ ပိုးသတ်ဆေးသုံးစွဲမှု ထိန်းခုျပ်လာကြပြီး ဘက်စုံပိုးမွှားကာကွယ်ရေး စီမံချက်များ ချမှတ်ကာ ဖြုတ်ကျရောက်မှုကို ကာကွယ်နေပြီဖြစ် ပါတယ်။h IPM ရဲ့ အနှစ်သာရနဲ့ သရုပ်မှန်ကို ပိုးသတ်ဆေးဖျန်းခြင်းနဲ့ ခွဲခြားနိုင်ရေး၊h IPM နဲ့ပတ်သက်တဲ့ ပညာပေး လုပ်ငန်းများ (Capacity Building)ကို IRRI မှ ကျယ်ကျယ်ပြန့်ပြန့်သင်ကြားပို့ချပေးဖို့  ကျွန် တော်တို့ IRRIကလည်း မြန်မာ့စိုက်ပိုျးရေးလုပ်ငန်း၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းတို့နဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဘယ်နေရာမှာဘဲဖြစ်ဖြစ် စပါးပင်တွေ ပိုးကျရောက်နေရင် စိတ်ဓာတ် မကျဘဲ အကြောင်းရင်းကိုဖော်ထုတ်ရမှာ ဖြစ်ပါတယ်။  ဖြစ်ပေါ်တဲ့ အကြောင်းရင်းတွေကို သေချာစိစစ်ပြီးIPM နည်းနဲ့ နှိမ်နင်းဖို့ လယ်သမားတွေ နိုးထသင့်ပါပြီ''လို့ Dr. K.L Heong  က  တိုက်တွန်း ပြောကြား ပါတယ်။  ဆန်စပါးအထူးပြုကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်မယ်      မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဆွေးနွေးရာမှာ အသင်းဝင် ဆန်စပါး အထူးပြုကုမ္ပဏီ ၃၃ ခုရှိပြီး တောင်သူလယ်သမားများနဲ့ ၂ဝဝ၉ ခုနှစ်ကစပြီး ထိတွေ့ လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။  ''နိုင်ငံတော်အစိုးရအနေနဲ့ ဆန်စပါးနဲ့ပတ်သက်လို့ စားနပ်ရိက္ခာဖူလုံဖို့ (Food Security)၊ ဘေးကင်းစိတ်ချရဖို့(Food Safety) ကို စနစ်တကျဆောင်ရွက်ဖို့ ညွှန်ကြား ထားပါ တယ်။ ကျွန်တော်တို့ အထူးပြုကုမ္ပဏီများအနေနဲ့ စိုက်ပိုျးထုတ်လုပ်ကြိတ်ခွဲရောင်းချတဲ့ ကွင်းဆက် တစ်လျှောက်မှာ ရင်းနှီးမြုပ်နံှဆောင် ရွက်နေတာဖြစ်လို့ အသင်းတိုင်းမှာ Food Safety အသိနဲ့သတိ အမြဲ ယှဉ်တွဲထားရှိရမှာဖြစ်ပါတယ်။ ယခုအလုပ်ရုံဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြတဲ့ ဖျက်ဆီးတတ်တဲ့ပိုးမွှားများကို ပိုးသတ်ဆေးဖြန်းခြင်းနဲ့ ဖြေရှင်းခြင်းဟာ မလိုလားအပ်တဲ့ ဇီဝမိုျးကွဲ (Biodiversity) ကို ထိခိုက်စေတဲ့ အခြေအနေများ ဖြစ်ပေါ်တတ်လို့ ရှောင်ရှားနိုင်ရေး ကျွန်တော်တို့ ကိုယ်တိုင်သိသလို လယ်သမားတွေအသိရှိဖို့  ချပြဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်''ဟု ပြောကြားသွားပါတယ်။IPM စနစ်သုံးစွဲခြင်းဖြင့် ဝင်ငွေပိုမိုရရှိနိုင်      သဘာဝနည်းလမ်းများဖြစ်တဲ့ စိုက်ခင်းအနီး ပန်းပင်များ စိုက် ပျိုးခြင်း၊ ကန်သင်းပေါင်မှာ စားပင်သီးနံှ များ စိုက်ပျိုးခြင်းဖြင့် ပိုးမွှားအန္တရာယ် ကာကွယ်ရာရောက်တဲ့အပြင် တောင်သူတွေ တစ်ဖက်တစ်လမ်းမှ ဝင်ငွေ တိုးတက်စေတာကြောင့် ဒီစနစ်ကို ဖော်ဆောင်သင့်ပါတယ်လို့ ဦးရဲမင်းအောင်က ဆက်လက် ပြောကြားပါတယ်။ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ ပိုးသတ်ဆေးသုံးစွဲမှုဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးနေသေးတာဖြစ်လို့ ဒီလို အချိန်အခါကောင်းမှာ ဆောင်ရွက်မယ်ဆိုရင် ပိုမိုအောင်မြင်နိုင်ပါတယ်။ IPMကို စနစ်တကျ ဆောင်ရွက်ခြင်းအားဖြင့် ပိုးသတ်ဆေးတင်သွင်းမှုအတွက် နိုင်ငံခြားငွေ သုံးစွဲမှု လျော့ နည်းသွားမှာဖြစ်သလို၊ ဇီဝမိုျးစုံထိန်းသိမ်းမှုကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်တဲ့အပြင် စိုက်ပျိုးရေး ထုတ်ကုန်များလည်း ပိုးသတ်ဆေးကြောင့် ဖြစ်ပေါ်တတ်တဲ့ ဓာတ်ြွကင်းအန္တရာယ်မှ ကာကွယ် နိုင်မှာဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။ဘေးကင်းစိတ်ချရတဲ့ မြန်မာ့ဆန်ဈေးကွက် ဖော်ဆောင်လာနိုင်       ''ဒီလိုကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဓာတုဆေးဝါးကင်းစင်တဲ့ ဆန်၊စပါးများထုတ်လုပ်နိုင်မယ်ဆိုရင် ပြည်တွင်း ဈေးကွက် သာမက ပြည်ပဈေးကွက်မှာပါ ဘေးကင်းစိတ်ချရတဲ့(Food Safty) မြန်မာ့ဆန်ဈေးကွက် ဖော်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ လက်ရှိမြန်မာ့စိုက်ပိုျး ရေးရဲ့ တောင်သူတွေကို တိုက်တွန်းဆောင်ရွက်နေတဲ့ ''ဘာပဲစိုက်စိုက် နေကြာညှပ်စိုက်'' ဆိုတဲ့ ဆောင်ပုဒ်ဟာလည်း နိုင်ငံတကာမှာဆောင်ရွက်နေတဲ့ ပိုးမွှား ကာကွယ်ရေးစနစ်(IPM) ကို အထောက်အကူပြုနေပါတယ်။ လာမယ့်နှစ်တွေမှာ အထူးပြု ကုမ္ပဏီတွေ အနေနဲ့ စပါးမိုျးစေ့များနဲ့အတူ သစ်သီးဝလံ၊ ပန်းမန်မိုျးစေ့များကိုပါ ပူးတွဲထောက်ပံ့ခြင်းဖြင့် အသင်း အနေနဲ့ရော အထူးပြုကုမ္ပဏီအနေနဲ့ပါ ညှိနှိုင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ IPM လုပ်ငန်းများ ပိုမိုကျယ်ပြန့် အောင်မြင်လာစေဖို့ လက်ရှိအထူးပြုကုမ္ပဏီများမှ ဆန်စပါးထွက်ရှိရာဒေသများမှာ ရေတို၊ ရေရှည်စီမံကိန်းများချမှတ်ပြီး မြန်မာ့စိုက်ပိုျးရေးလုပ်ငန်းနဲ့  IRRI  တို့ရဲ့ အကူအညီရယူ ပူးပေါင်းကာ သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာများမှာ တောင်သူများကို အနီးကပ်လက်တွေ့ဆောင်ရွက်သွားမှာပါ'' လို့ ဦးရဲမင်းအောင်က ပြောကြားခဲ့ကြောင်းပါခင်ဗျာ။MIRT