အိုမီနာဝါမူရာခါမီစိုက်ခင်းက အိုကီနာဝါစီရင်စုမြောက်ပိုင်း အိုဂီမီကျေးရွာကမ်းရိုးတန်းဒေသမှာရှိပါတယ်။ အရှေ့တရုတ် ပင် လယ်ပြင်ကို မျက်နှာချင်းဆိုင်ထားတဲ့ တစ်ထပ်တိုက်က ဂျပန်နိုင်ငံတစ်ဝန်းရှိ
တခြားသမရိုးကျစက်ရုံ အဆောက်အအုံတစ်ခု လို ဖြစ်ပါတယ်။ မျက်နှာကြက်မှန်ပြတင်းတွေက တစ်ဆင့်အဆောက်အအုံထဲကို နေ ရောင်ဝင်ရောက်လျက်ရှိနေပြီး တိုမျို (Tomyo) လို့ခေါ်တဲ့ ပဲပင်ပေါက်ဘူး ထောင်ပေါင်းများစွာအပေါ် ဖြာကျလျက်ရှိနေပါတယ်။ နာရာမှာရှိတဲ့ လက်ကားလုပ်ငန်းကြီးနဲ့ ပူးပေါင်းပြီး ဂျပန်နိုင် ငံမှာ ပဲပင်ပေါက်အများဆုံး ထုတ်လုပ်သူ ဟီရိုရှီးမားအခြေစိုက် မူရာခါမီစိုက်ခင်းကုမ္ပဏီက အိုကီနာဝါမူရာခါမီ စိုက်ခင်းကို ထူထောင်ခဲ့ရာထုတ် လုပ်မှုကို ၂၀၁၃ ခုနှစ်ဇူလိုင်က စတင်ခဲ့ ပါတယ်။ အိုကီနီဝါမူရာခါမီက အိုကီနာဝါစီရင်စုမှာ အလျှိုလျှိုပေါ်လာခဲ့တဲ့ အိမ်တွင်းစိုက်ပျိုးရေးလုပ်ငန်းတွေထဲက တစ်ခုအပါအဝင်ဖြစ် ပါတယ်။ နွေရာသီအပူရှိန်မြင့်မားတဲ့အ တွက် ဆလပ်ရွက်လိုဟင်းသီးဟင်းရွက် တွေက အိုကီနာဝါပြင်ပကွင်းတွေမှာ စိုက်လို့မရပါဘူး။ ဒါကြောင့် အိမ်တွင်းစိုက်ပျိုးရေးလုပ်ငန်းတွေ ကြီးထွားလာတာဖြစ်ပါတယ်။ ဒီလို ဟင်းသီးဟင်းရွက်မျိုးတွေကို နွေရာသီမှာ ဂျပန်ပြည်မကနေ လေယာဉ်နဲ့ သယ်ယူနေရတဲ့အတွက် ဈေးနှုန်းတွေမြင့်တက်တတ်ပါတယ်။ ဒီဒေသမှာ ရွက်စိမ်းဟင်းသီး ဟင်းရွက်အဓိကစိုက်ပျိုးတဲ့ စက်ရုံ ၁၀ ရုံရှိပါတယ်။ အိုကီနာဝါစီရင်စုက နွေရာသီမှာ အပူချိန်မြင့်မားရုံသာမက တိုက်ဖွန်းမုန် တိုင်းဒဏ်ကိုခံရပါတယ်။ ဒါကြောင့် အရွက်စားတဲ့ ဟင်းသီးဟင်းရွက်တွေကို ပြင်ပကွင်းပြင်မှာ စိုက်ဖို့ခက်ခဲသလို ပလပ်စတစ်ဖန်လုံအိမ်နဲ့ စိုက်ရတာလည်းအဆင်မပြေပါဘူး။ အအေးပေးနဲ့ အလင်းပေးစနစ်တွေကိုအသုံးပြုတဲ့အခါ လျှပ်စစ်ဓာတ်အားပေးတဲ့အခါ ကုန်ကျစရိတ်မြင့်တက်စေပါတယ်။ ဒါကြောင့် စီးပွားဖြစ်လည်ပတ်နိုင်တဲ့ အိမ်တွင်းဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းနည်းပါးတယ်။ အိုကီနာဝါမှာရှိတဲ့ စက်ရုံတွေ ရဲ့ အဓိကအချက်က ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ဖို့ ဖြစ်ပါတယ်။ လျှပ်စစ်သုံးစွဲစရိတ်ကျဆင်းဖို့အတွက် နည်းလမ်းတွေကို ရှာဖွေသုံးစွဲလာကြပြီး စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရအဖွဲ့နဲ့ တက္ကသိုလ်တွေကလည်း ပူးပေါင်းဆောင်ရွက်လာပါတယ်။ အိမ်တွင်း ဟင်းသီးဟင်းရွက်စိုက်ခင်းတွေကနိုင်ငံအနှံ့ပြန့်ပွားလာမယ်လို့ခန့်မှန်းထားပါတယ်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးမှာ ယခင်က အတွေ့အကြုံမရှိခဲ့တဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်း ထုတ်လုပ်သူတွေက ဒီနယ်ပယ်ထဲကိုဝင်လာပါတယ်။ ကီတာကျူရူမှာ အခြေစိုက်တဲ့ ယာကာလျှပ်စစ်ကော်ပိုရေးရှင်းက မျိုးစေ့ချ၊ မြေသြဇာဖျန်းတဲ့အလုပ်ကအစပြုပြီး ရိတ်သိမ်း တင်ပို့မှုလုပ်ငန်းအထိ နည်းစဉ်အားလုံးအလိုအလျောက်ဆောင်ရွက်မဲ့စနစ်ကိုဖော်ထုတ်ခဲ့ပါတယ်။ ကုမ္ပဏီက ဒီစနစ်ကို ၂၀၁၆ ခုနှစ် နှစ်ဦးပိုင်းမှာ ထုတ်လုပ်ဖို့ကုမ္ပဏီကစီစဉ်ထားပါတယ်။