Main menu

Background

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ွGovernment Procurement Agreement သည် ဧပြီလ ၆ ရက်နေ့မှ စတင်သက်ဝင်တော့မည် ဖြစ်ခြင်း

Fri, 05/09/2014 - 06:05 -- ydnar

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Government Procurement Agreement ကို အမေရိကန်၊ အီးယူ၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကနေဒါ၊ နော်ဝေ၊ Iceland နှင့် Liechtenstein နိုင်ငံတို့က စာချုပ်အား  Ratification ပြုလုပ်ပြီးနောက် အစ္စရေးနိုင်ငံသည် မတ်လ ၇ ရက်နေ့ တွင်ထပ်မံ အတည်ပြုခဲ့သည့်အတွက် စာချုပ် အဖွဲ့ဝင် (၃) ပုံ (၂) ပုံက အတည်ပြုနိုင်သဖြင့် (၆-၄-၂၀၁၄) မှစ၍

စာချုပ်သက်ဝင်သွားပြီဖြစ်ပါသည်။ ဂျပန်နိုင်ငံက မတ်လ ၁၇ ရက်နေ့တွင် Ratification ပြုလုပ်ခဲ့သဖြင့် အဆိုပါစာချုပ်သည် ဂျပန်နိုင်ငံအတွက် ဧပြီလ ၁၇ ရက်နေ့မှ စတင်၍ စာချုပ်သက်ဝင်မည်ဖြစ်ပါသည်။ ပြန်လည်ပြင်ဆင်လိုက်သောအချက်မှာ စာချုပ်ဝင်နိုင်ငံများကြား စီးပွားရေးလုပ်ငန်းများကို Public Procurement Market အတွက်ပါ ဆောင်ရွက် နိုင်မည့်အခွင့်အရေးကို ထည့်သွင်းထား ခြင်းဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်တွင်စာ ချုပ်အား သဘောတူညီခဲ့ကြပြီး GATT 1994 နှင့် ကိုက်ညီအောင်နှင့် ပိုမိုခေတ်မီအောင် ပြင်ဆင်ခဲ့ပါသည်။ ယခုပြင်ဆင်သော အချက်မှာပုဂ္ဂလိကကဏ္ဍ အီလက်ထရောနစ်ပစ္စည်းများ ဝယ်ယူရေးအတွက်ဖြစ်ပြီး စာချုပ်ဝင်နိုင်ငံများအကြား တစ်နှစ်လျှင် အမေရိကန်ဒေါ် လာ (၈၀) မှ (၁၀၀) ဘီလီယံအထိ အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ပါသည်။ အဆိုပါစာချုပ်အရ စာချုပ်ဝင်နိုင်ငံများသည် စာချုပ်၏စည်းမျဉ်းများဖြစ်သော ပြည်သူပိုင်ဝယ်ယူမှုများတွင် ပွင့်လင်းမြင်သာရှိမှု၊ ယှဉ်ပြိုင်နိုင်မှုနှင့် ကောင်းမွန်သောအုပ်ချုပ်မှုတို့ကို ကတိ ကဝတ်ပြုရမည် ဖြစ်ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စာချုပ်များတွင် Multilateral Trade Agreements နှင့် Plurilaeral Trade Agreements  ဟူ၍ (၂) မျိုးရှိရာ Multilateral Trade Agreements များမှာ WTO အဖွဲ့ဝင်ဖြစ်သည်နှင့် လိုက်နာရ မည့်စာချုပ်များ ဖြစ်ပါသည်။  Plurilaeral Trade Agreements မှာ WTO အဖွဲ့ဝင်အချို့တို့က မိမိတို့သဘောဆန္ဒအရ ပါဝင် စုပေါင်းရေးဆွဲထားသောစာချုပ်ဖြစ်ပြီး Agreement on Government Procurement နှင့် Agreement on Civil Aircraftတို့မှာ Plurilateral Trade Agreements များဖြစ်ကြပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၆၀) ရှိသည့်အနက် Agreement on Government Procurement ၏ စာချုပ်ဝင်နိုင်ငံများမှာ အီးယူ (၂၈) နိုင်ငံအပါအဝင် စုစုပေါင်းနိုင်ငံ (၄၃) နိုင်ငံသာရှိပါသည်။ မြန်မာနိုင်ငံသည် Agreement on Government Procurement ၏ စာချုပ်ဝင်နိုင်ငံမဟုတ်သေးသဖြင့် အဆိုပါစာချုပ်ပါ စည်းမျဉ်းများနှင့် သက်ဆိုင်ခြင်း မရှိပါ။ Agreement on Govemment Procurement   စာချုပ်ဝင်နိုင်ငံအဖြစ်သို့ မွန်ဂိုးလီးယား၊ ရုရှ၊ တာဂျစ်ကစ္စတန်၊ ဆော်ဒီအာရေဗျ နှင့် The Former Yugoslav Republic of Macedonia တို့က ပါဝင်ရန်ကြိုး ပမ်းလျက်ရှိပါသည်။