Main menu

Background

ကိုရီးယားလူငယ်အလုပ်လက်မဲ့များ

Fri, 05/09/2014 - 07:06 -- ydnar

 

ကိုရီးယားအစိုးရသည် လတ်တလောတွင် ကျောင်းသားများကို လုပ်ငန်းခွင်သင်တန်းများပေးနိုင်မည့် အလုပ် သင်ကျောင်း(Apprentice School)များဖွင့်လှစ်ရန် အစီအစဉ်ရေးဆွဲလျက်ရှိသည်။ အထက်တန်းအောင်မြင်ပြီးပါ ကအလယ်အလတ်စီးပွားရေးလုပ်ငန်းများတွင် အလုပ်လုပ်မဲ့ကျောင်းသားများကို အစိုးရကအထူးအခွင့် အရေး များပေးအပ်မည်ဖြစ်သည်။ ယင်းအစီအစဉ်သည် ကိုရီးယားစီးပွားရေးနှင့် နည်းဗျူဟာဝန်ကြီးဌာနက လူငယ်အလုပ် အကိုင်များ တိုးတက်လာစေရန် ဆောင်ရွက်မည့်အစီအစဉ်တစ်ရပ်ဖြစ်သည်။ ယင်းအစီအစဉ်သည် ကိုရီးယား အလုပ်အကိုင်ဈေးကွက်အထူးသဖြင့်

လူငယ်များအလုပ်အကိုင်ရရှိရေးအတွက် အခြေအနေမကောင်းသည့် အချိန်တွင် အချိန်ကိုက်ဖော်ထုတ် လာခြင်းဖြစ်သည်။ ကိုရီးယားတွင် အလုပ်လက်မဲ့ဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် လူငယ်များဖြစ်ကြသည်။ ၎င်းအပြင်လူငယ် ၅ သန်းခန့်သည် စာသင်ကြားနေခြင်း၊ သို့မဟုတ် အခြားအကြောင်းများကြောင့် လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်း မရှိကြချေ။ ယင်းအခြေအနေသည် ကိုရီးယားစီးပွားရေးတိုးတက်မှုအနေအထားကို များစွာထိခိုက်စေသည်။ ၂၀၀၀ ပြည့် နှစ်တွင် နိုင်ငံ၏အလုပ်အကိုင်ရရှိမှုရာ ခိုင်နှုန်းသည် ၆၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပြီး၊ ယခုနှစ်မတ်လတွင် ၆၄ ဒသမ ၅ ရာခိုင်နှုန်းသာရှိနေသည်။ ၎င်းအပြင် လူငယ်များအလုပ်အကိုင်ရရှိမှုသည်လည်း ၂၀၀၀ ပြည့်နှစ်တွင် ၄၃ ဒသမ ၄ ရာ ခိုင်နှုန်းမှ ယခုအခါ ၃၉ ဒသမ ၅ ရာခိုင်နှုန်းသို့လျော့ကျသွားသည်။ ယင်း ကိန်းဂဏန်းများသည် ဂျာမဏီ၏ ၅၇ ဒသမ ၇ ရာခိုင်နှုန်း၊ ဆွစ်ဇာလန်၏ ၆၉ ဒသမ ၇ ရာခိုင်နှုန်းနှင့် အိုအီးစီဒီနိုင်ငံ များ၏ ပျမ်းမျှလူငယ်အလုပ်အကိုင်ရရှိ မှုရာခိုင်နှုန်း ၅၀ ဒသမ ၉ ရာခိုင်နှုန်း အောက်များစွာကျနေသည်ကိုတွေ့ရသည်။ ၂၀၀၀ ပြည့်နှစ်တွင် အလုပ်အကိုင်ရရှိမှုနှုန်းသည် ၆၁ ဒသမ ၅ ရာခိုင် နှုန်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ၆၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်လာခဲ့သည်။ သို့သော် အသက် ၁၅ နှစ်မှ ၂၉ နှစ်အထိလူငယ် အလုပ်အကိုင်ရရှိမှုသည် ၄၃ ဒသမ ၄ ရာခိုင်နှုန်းမှ ၃၉ ဒသမ ၅ ရာခိုင်နှုန်းသို့လျော့ကျသွားသည်ကိုတွေ့ရသည်။ ၉၃ ရာခိုင်နှုန်းသော မိဘများအနေဖြင့် လည်း သူတို့ကလေးများကို ကောလိပ်ကျောင်းပြီးသည်အထိ ပညာသင်လိုကြသည်ကိုတွေ့ရသည်။ အထက် တန်းပြီးကတည်းက လုပ်ငန်းခွင်ဝင်နေကြသော အထက်တန်းအောင်ကျောင်းသားများ ၏ ၅၂ ဒသမ ၃ ရာခိုင်နှုန်း သည် ကောလိပ်ဆက်တက်လိုကြသည်။ အလုပ်အကိုင်ရရှိမှုနှုန်းကျဆင်းခြင်းသည် လုပ်ငန်းများတွင်ဝင်ရောက် လုပ်ကိုင်ခြင်းမရှိကြသော လူငယ် များကြောင့်အဓိကဖြစ်ကြောင်း တွေ့ရသည်။ လူငယ်အများစုသည် အဆင့်မြင့်ပညာရေးဒီပလိုမာ လက်မှတ် ရရှိအောင် ကျောင်းဆက်တက်နေကြခြင်း၊ သို့မဟုတ် ရရာအလုပ်ဝင်ရောက်ကြရမည့်အစား အလုပ်ကောင်းကောင်း ကို ရှာဖွေနေကြခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ကြောင့်လူငယ်များအလုပ်ဝင်ကြစေရန် ကိုရီးယားအစိုးရသည် အသေးစားနှင့်အလတ်စားလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသော အထက်တန်းအောင်ကျောင်းသားများ ကို တစ်နှစ်လျှင် ဝမ်တစ်သန်း(ဒေါ်လာ ၁၀၀၀ ခန့်)ထောက်ပံ့ပေး မည်ဟုကြေညာခဲ့သည်။ ယင်းထောက်ပံ့ကြေးကို သုံးနှစ်ဆက် တိုက်ခံစားခွင့်ရှိမည်ဖြစ်သည်။ လူငယ်များ နှစ်နှစ်စစ်မှုထမ်းပြီးနောက် မူလလုပ်ငန်းကိုပြန်လည် ဝင်ရောက်ပါက အစိုးရက ၎င်းတို့၏လစာအား တစ်လလျှင် ဝမ် ၂၅၀၀၀၀ (ဒေါ်လာ ၂၅၀ ခန့်) တိုးပေး မည်ဖြစ်ကြောင်းလည်း အထက်တန်းအောင်ကျောင်းသားများကို ခန့်ထားသော လုပ်ငန်းများအတွက် လုပ်သား အင်အားပြတ်တောက်မှုမရှိအောင် အစီအစဉ်ချမှတ်ပေးထားသည်။အလုပ်သင်ကျောင်းများ အလုပ်သင်ကျောင်းများကို စဦးစီ မံကိန်းအနေဖြင့် 'specialized vocational high schools' အထူးသက်မွေး ပညာအထက်တန်းကျောင်း(၃)ကျောင်း နှင့် 'business oriented schools' အခြေခံစီးပွားရေးပညာကျောင်း (၄) ကျောင်းတို့အား ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယင်းကျောင်းများသည် နှစ်နှစ်တက်အကယ်ဒမီကောလိပ်များ 'academy-oriented colleage education အားအစားထိုးသွားမည်ဖြစ်သည်။ စဦးစီမံကိန်း  'pilot operation' အား နောင်နှစ်တွင် ဆောင်ရွက်ပြီး အောင်မြင်သည့်ရလဒ်ထွက်ပေါ်လာပါက တစ်နိုင်ငံလုံးတွင် ကျောင်းများဖြန့်ခွဲ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ကိုရီးယားအစိုးရသည် ဂျာမဏီနှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် ဖွင့်လှစ်ထား သော သက်မွေးပညာကျောင်းများပုံစံ၊ အလုပ်သင်ကျောင်းများကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်သွားမည်လည်းဖြစ်သည်။ ယင်းကျောင်းများတွင် တက်ရောက် မည့်ကျောင်းသားများသည် ရက်သတ္တ ပတ်တစ်ပတ်လျှင် တစ်ရက်(သို့)နှစ်ရက် ကျောင်းတက်ရပြီး၊ ကျန်သုံးရက် (သို့) လေးရက်ကို လုပ်ငန်းခွင်ဝင်ကြရမည် ဖြစ်သည်။ ယင်းအစီအစဉ်များသည် အ စိုးရအနေဖြင့် လူငယ်များကို လုပ်ငန်း ခွင်ဝင်ကြစေရန် တွန်းအားပေးမည့် အစီအစဉ်များဖြစ်သည်။ အစီအစဉ်များအရ ၂၀၁၇ ခုနှစ်တွင် လူငယ်များအတွက် အလုပ်အကိုင်နေရာ ၅၀၀ယ၀၀၀ ခန့်ဖန် တီးပေးနိုင်မည်ဖြစ်သည်။သုံးသပ်တင်ပြချက် သို့သော်အဆိုပါလုပ်ဆောင်ချက်များဖြင့် ကိုရီးယားလူငယ်များအတွက် အလုပ်အကိုင်များတိုးတက်လာမည်လား ဆိုသည်မှာ သံသယရှိနေဆဲဖြစ်သည်။ လုပ်ငန်းများမှလိုအပ်သော ဝန်ထမ်းကို ရှာတွေ့ရန်ခက်ခဲသလို လူငယ်များအနေဖြင့်လည်း ၎င်းတို့လုပ်လိုသည့်အလုပ်မျိုးနှင့် ကိုက်ညီဖို့ရန် ခက်ခဲနေဦးမည်ဖြစ်သည်။  ကိုရီးယားတွင် ကောလိပ်ကျောင်းပြီးထားသော လူငယ်များ များစွာရှိနေသည်။ ကိန်း ဂဏန်းများအရ ၇၀ ဒသမ ၇ ရာခိုင်နှုန်းသော အထက်တန်းအောင်မြင်ပြီးသူ များကောလိပ်ဆက်တက်ကြသည်ကို တွေ့ရသည်။ ယင်းအချိုး အစားသည် အိုအီးစီဒီတိုင်းပြည်များထဲတွင် အများ ဆုံးအချိုးအစားဖြစ်သည်။ အလုပ်အကိုင်ရရှိမှုတွင် ကောလိပ် ဘွဲ့ရနှင့် ဘွဲ့မရသေးသူများအား ခွဲခြား ဆက်ဆံမှုများရှိနေသေး၍ အထက် တန်းကျောင်းပြီးသူ လူငယ်များသည် ကောလိပ်ဆက်တက်ရန်သာ အားသွန်ခွန်စိုက်ကြိုးစားကြမည်ဖြစ် သည်။ ကောလိပ်ဘွဲ့ရပြီးပါကလည်း ၎င်းတို့နှင့် ကိုက်ညီသော အလုပ်အကိုင်နယ်ပယ် သည် ပို၍ကျဉ်းမြောင်းသွား ဖွယ်သာရှိသည်။ ရှိနှင့်နေသည့်အလုပ်များကလည်း ၎င်းတို့လိုလားချက်နှင့် ကိုက်ညီမည်မဟုတ်ချေ။ လတ်တလောတွင်လည်း အသေးစားနှင့်အလတ်စားကုမ္ပဏီများသည် ဝန်ထမ်းရှာဖွေရရှိရန် အခက် အခဲတွေ့နေကြရသည်။ လူငယ်များကလည်း ယင်းကုမ္ပဏီများတွင် အလုပ်လုပ်လိုစိတ်မရှိကြချေ။ ကိုရီးယား အစိုးရအနေဖြင့် အရှည်မျှော်တွေး၍ အပြောင်းအလဲများပြုလုပ်လိုပါက လိုလားချက်များနှင့် ကိုက်ညီအောင် အချိန်ယူရမည်ဖြစ်သည်။ ကိုရီးယားလူငယ်များ၏ အလုပ်အကိုင်နေရာများကို အရည်အသွေး မီ သောပြုပြင်ပြောင်း လဲမှုများဖြင့် ဆောင်ရွက်မှသာ အစိုးရ၏ ရည်မှန်းချက်များ ပြီးမြောက်နိုင်မည်ဖြစ်သည်ကို တွေ့ရပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။