Main menu

Background

သြစတြေးလျနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသော စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ

Fri, 05/16/2014 - 08:07 -- ydnar

 
သြစတြေးလျယှဉ်ပြိုင်မှုနှင့် စားသုံး သူကော်မရှင်သည် သြစတြေးလျနိုင်ငံ တွင် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိ သည့်အဓိကအစိုးရအာဏာပိုင်အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့ပါ သည်။ ၎င်းအဖွဲ့အစည်းသည်စားသုံးသူများ၊စီးပွားရေးလုပ်ငန်းများနှင့်လူ့အဖွဲ့အစည်းတို့အကျိုးကျေးဇူးဖြစ်ထွန်းစေရန်အတွက်ဈေး ကွက် အတွင်းတရားမျှတသောကုန်သွယ်မှုဖြစ်ထွန်းလာစေရန်

ဆောင်ရွက်ပေးလျက်ရှိပါသည်။ အဓိက လုပ် ငန်းတာဝန်မှာ စီးပွားရေး လုပ်ငန်းရှင်များတရားမျှတသောကုန်သွယ်မှုအလေ့အထများနှင့်စားသုံးသူအကာအကွယ်ပေးရေးဥပဒေတို့ကိုလိုက်နာကျင့်သုံး   စေရေးအတွက် ဆောင်ရွက်သွားရန် ဖြစ်ပါသည်။
 
သြစတြေးလျနိုင်ငံတွင် စားသုံး သူများ အနေဖြင့်လုံခြုံစိတ်ချရမှုရှိသော ထုတ်ကုန်များ ဝယ်ယူအသုံးပြုနိုင် ရန်သြစတြေးလျ စားသုံးသူဥပဒေမှ အကာအကွယ်များပေးအပ်ထားပါသည်။ သြစတြေးလျနိုင်ငံတွင် အချို့သော ထုတ်ကုန်များ ကို ရောင်းချမည် ဆိုပါကမဖြစ်မနေ လိုက်နာရသောစံချိန်စံညွှန်းများ နှင့် ကိုက်ညီရန်လိုအပ်ပြီး ထိုကဲ့သို့ လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူ များ ဘေးအန္တရာယ်ရှိမှုမှ လျော့နည်းသက်သာစေခြင်း၊ အကာအကွယ်ပေး နိုင်ခြင်းတို့ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ သို့ဖြစ်၍ သြစတြေးလျနိုင်ငံတွင် ထုတ်ကုန်တစ်ခုသည်မဖြစ်မနေလိုက်နာဆောင် ရွက်ရမည့် စံချိန်စံညွှန်းအတိုင်း လိုက် နာဆောင်ရွက် ရမည်ဖြစ်ပါကရောင်းချ မှုမပြုလုပ်မီ သီးခြားလုံခြုံစိတ်ချရမှု ဆိုင်ရာ စံသတ်မှတ်ချက်နှင့် ကိုက်ညီ ရမည် ဖြစ်ပါ သည်။ ထုတ်ကုန်သည်စားသုံးသူအားထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရန် ကာကွယ်သည့်အနေဖြင့် သြစတြေးလျနိုင်ငံတွင်ယင်းထုတ် ကုန် အားလိုအပ်ပါကယာယီသို့မဟုတ်အမြဲရောင်းချ မှုမပြုလုပ်ရန်တားမြစ်ပိတ်ပင်နိုင်ပါ သည်။အကယ်၍ စီးပွားရေးလုပ်ငန်းရှင် သည် ထုတ်ကုန်ကို ရောင်းချခြင်း မပြုလုပ်ရန် ယာယီသို့မဟုတ်အမြဲ ပိတ်ပင်တားမြစ်ထားသော်လည်း ရောင်းချမည်ဆိုပါက လုပ်ငန်းရှင်အနေဖြင့်ဥပဒေကိုချိုးဖောက်ရာရောက်ပေမည်။ထုတ်ကုန်သို့မဟုတ်ဝန်ဆောင်မှုသည်လုံခြုံမှုဆိုင်ရာအန္တရာယ်များဖြစ်  ပါ်လျှင်သို့မဟုတ်မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့်စံချိန်စံညွှန်းများနှင့်မကိုက်ညီလျှင်သို့မဟုတ်တားမြစ်ပိတ်ပင်ထားလျှင် အဆိုပါထုတ်ကုန်သို့မဟုတ်ဝန်ဆောင်မှုအားဈေးကွက်အတွင်းမှပြန်လည်သိမ်းယူခြင်းသို့မဟုတ်သိမ်းဆည်းခြင်းတို့ ဆောင်ရွက်ရ မည်ဖြစ်ပါသည်။ထိုကဲ့သို့သိမ်းဆည်းမည်ဆိုပါကထုတ်ကုန်ရောင်း ချသူမှစတင် ဆောင်ရွက်ခြင်း သို့မဟုတ် ဓနသဟာယ အစိုးရအဖွဲ့သို့မဟုတ်ယှဉ်ပြိုင်မှုနှင့်စားသုံးသူမူဝါဒအတွက် တာဝန်ရှိသောပြည်နယ်နှင့် နယ်မြေဒေသခံဝန်ကြီးမှအမိန့်အရ   ဆောင်ရွက်နိုင်ပါသည်။ စားသုံးသူတစ်ဦးအနေဖြင့်ထုတ်ကုန်သည်လုံခြုံစိတ်ချမှုမရှိပါကငွေကြေးပြန်လည် ရရှိရန် တောင်းဆို ခွင့်ရှိပါသည်။
သြစတြေးလျနိုင်ငံတွင် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် လုံခြုံမှုဆိုင် ရာစံချိန်စံညွှန်းများ၊ ပိတ်ပင်မှုများ၊ လုံခြုံ မှုဆိုင်ရာသတိပေးချက်များ၊ ထုတ်ကုန် ပြန်လည်သိမ်းဆည်းမှုများနှင့် မဖြစ် မနေလိုက်နာဆောင်ရွက်ရသည့် အစီ ရင်ခံမှုများ ကို“Product Safety Australia”Websiteတွင်ဝင်ရောက်ဖတ်ရှုနိုင်ရန် ဖော်ပြထားပါသည်။ ထို့ပြင်အဆိုပါ Websiteတွင် အန္တရာယ် ဖြစ်မှုများကို လျော့နည်းသက်သာ စေသည့် လုံခြုံစိတ်ချရမှုဖြစ်ထွန်းစေသော အလေ့အထများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်းဖတ်ရှုလေ့လာနိုင်ပါသည်။သြစတြေးလျနိုင်ငံတွင်ထုတ်ကုန်သို့မဟုတ်ဝန်ဆောင်မှုသည် လုံခြုံစိတ်ချရ မှုနှင့်ပတ်သက်သည့်အန္တရာယ်ရှိခြင်းသို့မဟုတ် အန္တရာယ်ရှိမရှိ စုံစမ်းစစ် ဆေးမှုပြုလုပ် နေသည့်ကာလဖြစ်ခြင်း စသည့် အခြေအနေများတွင် လုံခြုံစိတ်ချရမှုဆိုင်ရာ သတိပေးထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ကြေညာနိုင်ပါသည်။ အဆို ပါထုတ်ပြန်ကြေညာချက်တွင် အချို့ သောထုတ်ကုန် သို့မဟုတ် ထုတ်ကုန် နှင့် ဆက်နွှယ်သည့်ဝန်ဆောင်မှုများ သည် တစ်စုံတစ်ဦးအားထိခိုက်နစ်နာမှုရှိမရှိစုံစမ်းစစ်ဆေးနေကြောင်း သတင်း အချက်အလက်များ၊ထုတ်ကုန်သို့မဟုတ် ထုတ်ကုန်နှင့် ဆက်နွှယ်သည့် ဝန်ဆောင်မှုအား အသုံးပြုရာတွင် ဖြစ်ပေါ်လာနိုင် သောစွန့်စားမှုအန္တရာယ်များပါဝင် သည့် သတင်း အချက် အလက်များကို ဖော်ပြထားမည်ဖြစ်ပါသည်။ သြစတြေး လျနိုင်ငံတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှု နှင့်ပတ်သက်သည့် မဖြစ်မနေ သတင်းပို့သည့်စနစ်လည်းရှိပြီး ယင်းစနစ်အရ ရောင်းချသူတစ်ဦးသည် ၎င်းရောင်းချ လိုက်သော ထုတ်ကုန်သို့မဟုတ် ထုတ်ကုန်နှင့်ဆက်နွှယ်သည့်ဝန်ဆောင်မှုကြောင့် စားသုံးသူတစ်ဦးတွင် ပြင်းထန်စွာ ထိခိုက်နစ်နာမှု၊ နာမကျန်းဖြစ်မှု သို့ မဟုတ် သေဆုံးမှုတို့ဖြစ်ပေါ်ကြောင်း သတိပြုမိပါက၎င်းသည်အဆိုပါသတင်း အချက်အလက်အားသတိပြုမိသည့်နေ့ မှ စတင် ၍ (၂) ရက်အတွင်း သတင်း ပေးပို့အစီရင်ခံရမည်ဖြစ်ပါသည်။
သြစတြေးလျနိုင်ငံတွင် စားသုံးသူ များအနေဖြင့် လုံခြုံစိတ်ချရမှုမရှိသော ထုတ်ကုန်သို့မဟုတ်ဝန်ဆောင်မှုကြောင့် ထိခိုက်နစ်နာမှုဖြစ်ပေါ်ပါက ပထမဦး စွာသက်ဆိုင်သည့်စီးပွားရေးလုပ်ငန်းမှ လုပ်ငန်းရှင်၊ မန်နေဂျာ သို့မဟုတ် ဝန် ဆောင်မှု လုပ်ငန်းဆောင်ရွက်သူသို့ဆက် သွယ်နိုင်ပါသည်။ ထို့ပြင် နိုင်ငံတော် နှင့်ဒေသဆိုင်ရာစားသုံးသူကာကွယ်ရေး အဖွဲ့အစည်း များထံ၌လည်းစားသုံးသူများ၏အခွင့်အရေးများနှင့်ရွေးချယ်မှုများအတွက်သတင်းအချက်အလက်များပေးအပ်နိုင်ပါသည်။ ၎င်းအဖွဲ့ အစည်းများမှ သက်ဆိုင်ရာစားသုံးသူနှင့်လုပ် ငန်း ရှင်များအကြားစေ့စပ်ဖြေရှင်းမှုကို လည်းကူညီဆောင်ရွက်ပေးနို င်ပါသည်။ ထို့နောက် အချို့သော စက်မှုလုပ်ငန်း များသည်ကဏ္ဍအလိုက်အဖွဲ့အစည်းများ ဖြစ်သည့် ဆက်သွယ်ရေး လုပ်ငန်း အဖွဲ့ အစည်း၊ ငွေကြေးအဖွဲ့အစည်း စသည့် အဖွဲ့အစည်းများထံ၌လည်း ထိခိုက် နစ် နာမှုများကိုဖြေရှင်းကြပါသည်။ စွမ်းအင် လုပ်ငန်းအဖွဲ့အစည်းနှင့်အငြင်းပွားမှုဖြေရှင်းရေးရုံးများမှာမူပြည်နယ်နှင့်ဒေသအသီးသီးတွင်ရှိကြပါသည်။သြစ တြေးလျယှဉ်ပြိုင် မှုနှင့်စားသုံးသူကော်မရှင်သည်လည်း စားသုံးသူများ၏အခွင့် အလမ်းများနှင့်တာဝန်များဆိုင်ရာသတင်း အချက်အလက်ပေး အပ်ခြင်း၊စားသုံးသူများ၏ထိခိုက်နစ်နာမှုများအတွက်သင့်လျော်သည့်အရေးယူဆောင်ရွက်မှုများပြုလုပ် ခြင်းတို့ ကို ဆောင်ရွက်ေ ပး လျက် ရှိပါသည်။ ပြည်နယ်နှင့်ဒေသအလိုက် အသေးစားအရေးဆိုသည့်ခုံရုံးများသည် လည်းစားသုံးသူ များအငြင်းပွားမှု ကိုဖြေရှင်း ပေးခြင်း၊ အငြင်းပွားမှုဖြေရှင်းရေးလုပ် ငန်းစဉ်များကိုအကြံဉာဏ်ပေးအပ်ခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် Australian Capital Territory , New South Wales ,Northern Territory ESifh Quee-nsland စ သည့်ပြည်နယ်နှင့်ဒေသအလိုက် စားသုံးသူကာကွယ်ရေး အဖွဲ့ အစည်းများ၊ အခြားအစိုးရ အဖွဲ့အစည်း များနှင့် စည်းမျဉ်းထိန်း ညှိသူများသည် လည်း စားသုံးသူများ၏ ထိခိုက်နစ်နာမှု များကိုဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါ သည်။