Main menu

Background

ပြည်တွင်းလုပ်ငန်းရှင်များထိခိုက်နစ်နာမှုကို ကုစားဖို့ကုန်သွယ်ရေးဆိုင်ရာအကာအကွယ်စီမံဆောင်ရွက်ချကများ(Trade Defense Measure)အကောင်အထည်ဖော်ဖို့လိုပြီ

Mon, 05/19/2014 - 06:33 -- ydnar

နိုင်ငံတကာမှာကုန်သွယ်ရေးနဲ့ပတ်သက်လို့မိမိတု့ိ ပြည်တွင်းသာမကပြည်ပကုန်သွယ်မှု လုပ်ကိုင်တဲ့ (Export/Import) လုပ်ငန်းရှင်တွေ အဆင်ပြေချောမွေ့စေဖို့ ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့ (WTO) လို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လုပ်ထုံးလုပ် နည်းစည်းမျဉ်း (Rules and Regulations) တွေနဲ့အညီ ကုန်သွယ်မှုလွယ်ကူလျင်မြန် ချော့မွေစေရေး(Trade facilitation) နဲ့ ကုန်သွယ်မှုဖြေလျော့ရေး(Trade Liberalization)  စတဲ့ ကုန်သွယ်ရေး

လုပ်ငန်းများ အဆင်ပြေချောမွေ့အောင်ပြုလုပ်နေသလို တစ်ဖက်မှာလည်း ပြည်ပကဝင်ရောက်လာမယ့် သွင်းကုန်ပစ္စည်းတွေကြောင့် ပြည်တွင်း လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာမှု မရှိရအောင်နဲ့ ပြည်တွင်း စားသုံးသူတွေ အရည်အသွေး ပြည့်မီတဲ့ ကုန်ပစ္စည်းတွေ သုံး စွဲနိုင်ဖို့ လည်းTrade Remedy/Trade Defence လို့ခေါ်တဲ့ ကုန်သွယ်ရေးဆိုင်ရာ ကုစားမှုတွေနဲ့ ကျင့်သုံးကာကွယ်နေကြ တာကို လေ့လာတွေ့ရှိရပါတယ်။
 
ထိခိုက်စေတဲ့ ကုန်သွယ်မှုများ
ပြည်တွင်းအသေးစား၊ အလတ်စားလုပ်ငန်းများကို ဆိုးဝါးစွာထိခိုက်စေတဲ့ ကုန်သွယ်မှုလုပ်ငန်းတွေကတော့ ပြည်တွင်းဈေး ကွက်ပေါက်ဈေး(သို့မဟုတ်)ထုတ်လုပ်မှုစရိတ်ထက်လျော့တဲ့ဈေးနဲ့တင်ပို့ရောင်းချခြင်းလို့ခေါ်တဲ့dumping (လျှော့ဈေးနဲ့ စုပုံတင် ပို့ရောင်းချခြင်း)နောက်ပြီး အစိုးရရဲ့အထောက်အပံ့(subsidy)ရယူထုတ်လုပ်တဲ့ ထုတ်ကုန် တွေကို အသာစီးယူပြီး တင်ပို့ခြင်းေ တွ ဖြစ်တဲ့မမျှတတဲ့ကုန် သွယ်မှုတွေအပြင် သွင်းကုန်တွေ ရုတ်တရက်မြင့်တက်ခြင်း(Import surge) တွေကြောင့် အလားတူ ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ ထိခိုက်မှုဖြစ်ရပါ တယ်။ကုန်သွယ်မှုဆိုင်ရာ ဒိုင်းလွှား(Trade Defence)
ဒီလိုတစ်ဖက်သတ်အသာစီးရယူ တင်ပို့လာတဲ့ ကုန် ပစ္စည်းတွေကြောင့် ထိခိုက်နစ်နာမှုတွေကို ကာကွယ်ဖို့ဆိုရင် အားလုံး သိပြီးဖြစ်တဲ့အတိုင်းကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) သတ်မှတ်ချက်အရ Antidumping, Counterveiling  နဲ့ သွင်းကုန်တွေ များ ပြားလာလို့ ထိခိုက်မှုကိုကုစားဖို့Safeguard measure   လို့ခေါ်တဲ့ ကုန်သွယ်ရေးဆိုင်ရာဒိုင်းလွှား (၃) မျိုးနဲ့ ကြပ်မတ် ရမှာဖြစ်ပါတယ်။ပထမစီမံဆောင်ရွက်ချက်ဖြစ်တဲ့Antidumping ဆိုတာကတော့ အစောက တင်ပြခဲ့ပြီးဖြစ် တဲ့ အတိုင်း ပြည်ပ တင်ပို့တဲ့နိုင်ငံရဲ့ မျှတတဲ့ ဈေးကွက်ပေါက်ဈေး (fair market price)   (သို့မဟုတ်) ထုတ်လုပ်မှုစရိတ် ထက်နိမ့်ပြီး တင်ပို့လာခြင်း(လျှော့ဈေး နဲ့စုပုံ တင်ပို့ခြင်း)ကြောင့် အလားတူ ကုန်တွေထုတ်လုပ်တဲ့ ပြည် တွင်းလုပ်ငန်းရှင်တွေ ယှဉ်ပြိုင်နိုင်မှု မရှိတော့ဘဲ ထိခိုက် နစ် နာမှုတွေရှိတဲ့အခါdumping လုပ်ကြောင်း စစ်ဆေး လို့ မှန်ကန်ခဲ့ရင် တန်ပြန်စုပုံခွန် (antidumping duty)စည်း ကြပ်ခြင်းဖြင့် ပြည်တွင်းထိခိုက်မှုကို ကုစားတာပဲဖြစ်ပါတယ်။ အလားတူ ဒုတိယ ဆောင်ရွက်ချက်တစ်ခုက ပြည်ပ တင် ပို့တဲ့နိုင်ငံအစိုးရက ပို့ကုန်တိုးမြှင့်ဖို့ရည်ရွယ်ပြီး ပံ့ပိုးတဲ့ငွေကြေး (သို့မဟုတ်)ကုန်ပစ္စည်း(သို့မဟုတ်) ဝန်ဆောင်မှုစတဲ့ ထောက် ပံ့မှု တစ်ခုခုကြောင့် ကုန်ကျစရိတ် သက်သာစွာ ထုတ်လုပ်တဲ့ ကုန်တွေတင်ပို့လာလို့ ပြည်တွင်းလုပ်ငန်းရှင်များ ဆုံးရှုံး နစ်နာ မှုရှိတဲ့အခါ ဒီမမျှတတဲ့ကုန်သွယ်မှုကိုကုစားဖို့အတွက် Contervailing duty  ကို စည်းကြပ်ကောက်ခံတာ ဖြစ်ပါ တယ်။ နောက်ဆုံးတစ်ချက်ကတော့Safeguard measure ပဲဖြစ်ပါ တယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ unfair trade နှစ်ခု ကြောင့် မဟုတ်ပေမဲ့ သွင်းကုန်တွေ ရုတ်တရက်တင်သွင်းမှုမြင့် တက် (Import surge) ကြောင့် ပြည်တွင်းလုပ်ငန်းရှင် တွေယှဉ်ပြိုင်နိုင်စွမ်းကျဆင်းကာ ထုတ်လုပ်မှုထိခိုက်ပြီး နစ်နာ ဆုံးရှုံးမှုရှိရင် လည်းSafeguard measure   ကိုduty  အပြင် ပမာဏကန့်သတ်ခြင်း သို့မဟုတ်သွင်းကုန် ကိုတာ(Import Quota) နဲ့လည်း သတ်မှတ်စည်းကြပ် ပြီး ကုစားပေးခြင်းဖြစ် ပါတယ်။ကုန်သွယ်ရေးဆိုင်ရာကုစားမှုစီမံဆောင်ရွက်ချက်များတွင် ကျယ်စွာ အသုံးပြုလာ ၁၉၈၀ ပြည့်နှစ်မတိုင်မီအထိ ကုန်သွယ်ရေး ဆိုင်ရာ ကုစားမှုအစီအမံတွေကို ဖွံ့ဖြိုးပြီး နိုင်ငံတွေကသာ အသုံးပြု ခဲ့ကြရာမှ
မကြာသေးတဲ့နှစ်တွေအတွင်း ဖွံ့ဖြိုးဆဲနိုင်ငံ တွေလည်း အသုံးပြုလာခဲ့ကြရာ အခုဆိုရင် ကမ္ဘာ့ ကုန် သွယ် ရေးဆိုင်ရာကုစားမှု လုပ်ဆောင်ချက် Trade Remedy Actions) တွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်က ဖွံ့ဖြိုး ဆဲနိုင်ငံတွေ က ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဥပမာအနေနဲ့ပြောရ မယ်ဆိုရင် တရုတ်နိုင်ငံဟာ ကမ္ဘာမှာ anti-dumping actions  တွေရဲ့ တစ်ခုတည်းသော အကြီးဆုံးပစ်မှတ်တစ်ခုဖြစ်လာတယ်လို့ ၂၀၁၀ (WTO) အစီရင်ခံစာအရ သိရပါတယ်။ ၁၉၈၀ ပြည့်မတိုင်မီက ဖွံ့ဖြိုးဆဲနို င်ငံတွေရဲ့ trade remedies အကန့်အသတ်သာ သုံးစွဲရတဲ့အကြောင်း ရင်း ၂ ခုရှိတယ်လို့ ဆိုပါတယ်။ပထမတစ်ချက်က ၁၉၈၀ပြည့်မတိုင်မီကာလတွေမှာဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်လုံလောက်ပြီးသဘာဝအရကာကွယ်မှုတွေဖြစ်စေတဲ့အကောက်ခွန်နှု န်းအလွန်ကိုမြင့်မားခဲ့တာကြောင့်ဖြစ်ပြီးဒုတိယအချက်ကတော့ ကုန်သွယ် ရေးဆိုင်ရာကုထုံးတွေအတွက် သိကျွမ်းဝင်မှုများများ မရှိခဲ့တဲ့အတွက်ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာမှုတွေကို မှန်မှန် ကန်ကန်ကိုင်တွယ်ဖြေရှင်းဖို့ ကျွမ်းကျင်မှုမရှိတာကြောင့်လို့ သိရပါတယ်။ ဒါပေမဲ့ဥရုဂွေး အကြော့ ဆွေးနွေးပွဲတွေအရ အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ အကောက်ခွန်လိုင်း (tariff lines)  တွေကို ကျယ်ကျယ်ပြန့်ပြန့်ကန့်သတ်တာရယ်၊ အချို့သော သိသာ ထင်ရှားတဲ့ဖြေလျော့မှုတွေ ဆောင်ရွက်ခဲ့တာတွေအပြင် ဒေသ တွင်းလွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေများပြားလာတာနဲ့အညီကုန်စည်လွတ်လပ်စွာရောင်းဝယ်ဖောက်ကား မှုတွေကြောင့်ပြည်တွင်းလုပ်ငန်းရှင်တွေအတွက်ဖြစ်ပေါ်လာတဲ့ထိခိုက်နစ်နာမှုတွေ တိုးလာတယ်။ ဒါကြောင့် နိုင်ငံတော်တော် များများမှာအဲဒီလိုထိခိုက်နစ်နာမှုတွေကိုအကာအကွယ်ဖြစ်စေဖို့ကုစားမဲ့အစီအမံတွေကိုတွင်တွင်ကျယ်ကျယ် ချမှတ်အသုံးပြုလာ ကြခြင်း ဖြစ်တယ်လို့ ဆိုပါတယ်
WTO ကိုအကြောင်းကြားအစီရင်ခံတဲ့ မမျှတဲ့ ကုန်သွယ် ရေးဆိုင်ရာ အငြင်းပွားမှုများ
WTOကထုတ်ပြန်တဲ့စာရင်းတွေကိုလေ့လာကြည့်မယ်ဆိုရင် ၁၉၉၅ ကနေ ၂၀၁၂ အထိစုပုံတင်သွင်း လာ ခြင်း ကြောင့် တင်သွင်းခံရတဲ့နိုင်ငံများမှ ဆန့်ကျင်ကာကွယ်ဖို့ တင်ပြ လာတဲ့ (anti-dumping   အစပျိုးလာတဲ့) အမှုက ၄၂၃၀ ရှိပြီး အဲဒီ အပေါ်  anti- dumping  စီမံဆောင်ရွက်မှုတွေလုပ် လာတဲ့ အမှု ၂၇၁၉ ခုရှိတယ်လို့ သိရပါတယ်။ အမှုတွဲ ၄၂၃၀ ထဲမှာ ၉၁၆ ခုနဲ့ အမှုတွဲ ၂၇၁၉ ထဲက ၆၆၄ ခုက တရုတ် နိုင်ငံဘက်က ဈေးချိုချိုနဲ့ ကုန်ပစ္စည်းတွေ စုပုံသွင်းလာတဲ့ ပြဿနာတွေပဲဖြစ်တယ်လို့ သိရပါတယ်။ နောက်အိန္ဒိယက လည်း အမှုတွဲ ၉၇ ခုပါဝင်ပြီးdumping လုပ်တယ်လို့ စာရင်း တွေက ပြဆိုထားပါတယ်။
အစိုးရ ထောက်ပံ့မှုကြောင့် ထိခိုက်တဲ့နိုင်ငံများမှ တင်ပြလာတဲ့ (Countervailing initiations လုပ်တဲ့) အမှုတွဲ ၃၀၂ ခုရှိပြီးအဲဒီထဲမှာစီမံဆောင်ရွက်ချက်တွေနဲ့ပြန်ပြီးကုစားတဲ့ အမှု ၁၇၇ ခုရှိတယ်လို့သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ တရားဝင်တင် တဲ့ နိုင်ငံတွေထဲမှာ အမေရိကန်နဲ့ အီးယူ  က အများဆုံးဖြစ်ပြီးတော့ ပို့ကုန်ပစ္စည်းတွေကို အထောက် အပံ့ ပေးတဲ့ နိုင်ငံတွေ ထဲမှာ တရုတ်နဲ့ အိန္ဒိယက အများဆုံးဖြစ် တာကိုလည်း တွေ့ရှိရပါတယ်။ Safeguardနဲ့ပတ်သက်လို့ တင်ပြတဲ့ အမှု ၂၅၅ မှာစီမံဆောင်ရွက်ချက်တွေဆောင်ရွက် ပြီး ပြန်လည်ကာကွယ်တဲ့အမှုတွဲ ၁၂၃ ခုရှိတယ်လို့ သိရပါတယ်။ အများဆုံး တိုင်ကြား တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ အင်ဒိုနီးရှားတို့ဖြစ်ပါတယ်။ အိမ်နီချင်းနိုင်ငံတချို့ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ကုစားမှု စီမံဆောင်ရွက်ချက်များတရုတ် အိမ်နီးချင်းနိုင်ငံတွေကိုလေ့လာမယ်ဆိုရင် တရုတ်နိုင်ငံ အနေနဲ့ ကုန်သွယ်ရေးဆိုင်ရာကုစားတဲ့ စီမံဆောင်ရွက်ချက် တွေ
စည်းမျဉ်းများထုတ်ပြန်မှုအနေ နဲ့ regulations of the People's Republic of China on Safeguard  ? Regulation on Antidumping ? Regulations on Countervailing DutyစတာတွေကForeign Trade Law ရဲ့အောက်မှာ ထည့်သွင်းရေး ဆွဲပြီး ၂၀၀၄ ခုနှစ်မှာ ပြဋ္ဌာန်းတယ်လို့သိရပါတယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေ ထိခိုက် နစ်နာမှုမှာ အထက်ဖော်ပြပါ စုပုံတင် သွင်းခြင်းကြောင့်ထိခိုက်တာလား၊ အစိုးရထောက်ပံတဲ့ ကုန်တွေတင်သွင်းလာလို့ ထိခိုက်တာလား၊ တင်သွင်းမှုရုတ်တရက်မြင့် တက်လာလို့ ထိခိုက်တာလားဆိုတာမှန်ကန်စွာကွဲခြားစိစစ်နိုင်ဖို့နဲ့ အမှန် တကယ် ထိခိုက်နစ်နာမှုရှိ^မရှိစတာတွေကို စစ်ဆေးတဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့(Investigation Body))အနေနဲ့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။ဒါပေမဲ့ပြည်တွင်းထိခိုက်တဲ့ လုပ်ငန်း မှာ စိုက်ပျိုးရေးထုတ်ကုန်တွေ ပါဝင်တယ် ဆို ရင် စိုက်ပျိုးရေး ဝန်ကြီးဌာနနဲ့ ပူးပေါင် ဆောင်ရွက်စစ်ဆေးပြီး တင်သွင်းမှုမြင့် တက်တဲ့ပမာဏနဲ့ ထိခိုက်မှုတို့ကို ဆုံးဖြတ်ပေး တယ်။နောက်ကာကွယ်လုပ်ဆောင်မှု (safeguard measure)ဖြစ်တဲ့အခွန်(tariff)ဒါမှမဟုတ် ခွဲတမ်းကိုတာ သတ်မှတ်ခြင်းေ တွ ကို နိုင်ငံ တော်ကောင်စီ အခွန်ဆိုင်ရာကော်မရှင် (State Council Tariff Commission)  က ဆုံးဖြတ်တယ်လို့ သိရပါတယ်။ထိုင်း
ထိုင်း နိုင်ငံမှာတော့The Anti-Dumping and  Countervailing Act   ကို ၁၉၉၉ ခုနှစ်မှာ ချမှတ် အကောင် အထည်ေ ဖာ်ခဲ့ပြီး(The Export and Import Act)  ကို ၂၀၀၇ ခုနှစ်မှာပြဋ္ဌာန်းခဲ့ကြောင်း နှင့် ယင်းဥပဒေများကို ပို့ကုန်သွင်းကုန် အက်ဥပဒေThe Safeguard Measures on Increased Imports Act နဲ့ ချိတ်ဆက်ထားတယ် လို့လည်း လေ့လာရ ပါတယ်။ဒီလုပ်ဆောင်ချက်တွေအတွက်တာဝန်ရှိ တဲ့ ဝန်ကြီးဌာနတွေကတော့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာ နနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနတို့ဖြစ်ပါတယ်စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ပြည်ပကုန်သွယ်ရေးဌာနကတာဝန်ယူဆောင်ရွက်ရတယ် လို့သိ ရ ပါတယ်။ကုန်သွယ်မှုဆိုင်ရာ အကာအကွယ်အစီအမံ ဆောင်ရွက် ဖို့ ဖွဲ့စည်းထား တဲ့ ကော်မတီမှာ စီးပွားကူး သန်းဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး စီးပွားကူးသန်းဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်နဲ့အတူ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ စားသုံးသူကာကွယ် ရေး အဖွဲ့ရုံးမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူပညာရှင် ၇ ဦးကို ကော်မတီအဖွဲ့ဝင်များအဖြစ် ဝန်ကြီးများ ကက် ဘိနက်မှ ခန့်အပ်တာဝန်ပေးတယ်လို့ သိရပါတယ်။ ပြည်ပ ကုန်သွယ်မှုဌာန(Department of Foreign Trade)မှ ညွှန်ကြားရေးမှူးချုပ်ကိုတော့ ကော်မတီ အဖွဲ့ဝင်အဖြစ် ပါ ဝင်ပြီး ကော်မတီရဲ့ အတွင်းရေးမှူးအဖြစ်လည်း ထမ်း ဆောင် ရတယ်လို့ သိရပါတယ်။ အဲဒီညွှန်ကြားရေး မှူးချုပ်မှ ကော်မတီ ရဲ့ လက်ထောက်အတွင်းရေးမှူးအဖြစ် ပြည်ပ ကုန်သွယ်ရေး ဌာနရဲ့ အရာရှိ (သို့မဟုတ်) အရာရှိများ ကိုလည်း ခန့်အပ် ခွင့်ရှိတယ်လို့ သိရပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အဖွဲ့ဝင် တစ်ဦးစီဟာ နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံတကာစီးပွားရေး၊ စာရင်းအင်းနှင့် ဘဏ္ဍာရေး၊ နိုင်ငံတကာ ကုန်သွယ်မှု ဥပဒေများ၊ စိုက်ပျိုးရေး၊ စက်မှုနှင့်စီးပွားရေးဆိုင်ရာအုပ်ချုပ်မှုစတဲ့ ကဏ္ဍများ မှာ ကျွမ်းကျင်သူတွေ ဖြစ်ရမယ်လို့လည်း ဆိုပါ တယ်။ အဲဒီကော်မတီရဲ့ ဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာ တချို့ကိုလည်း ဖော်ပြလိုက်ပါတယ်- (၁)    ယခုအက်ဥပဒေအရ safeguard measuresကို ဆုံးဖြတ်ခွင့် (၂)    ပုဒ်မ ၃၉ ရ အလျော်အစားကို ဆုံးဖြတ်ခွင့်
(၃)ယခုအက်ဥပဒေ အကောင်အထည်ဖော်ရန် အတွက် ဝန်ကြီးအဆင့် စည်းမျဉ်းများ၊ သတိပေး ချက်များထုတ်ပြန်မှုနှင့် ပတ်သက်၍ အကြံပေးခွင့် (၄)    ဆပ်ကော်မတီများ ခန့်အပ်ခွင့် (၅)    ကက်ဘိနက်မှ တာဝန်ပေးချက်အရ လည်း ကောင်း၊ သို့မဟုတ် ယခုအက်တွင် ပြဋ္ဌာန်းချက် အရ လည်းကောင်း၊
အခြားမည်သည့်လုပ်ငန်းတာဝန်ကိုမဆိုဆောင်ရွက်ခွင့်တင်သွင်းခွန်စည်းကြပ်မှုကို ကော်မတီက အကောက်ခွန်နဲ့ အကောက် ခွန် ဥပဒေအရစည်းကြပ်ပြီး တင်သွင်းကိုတာ သတ်မှတ်မယ်ဆိုရင် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ် တဲ့ စည်းမျဉ်းအရ ပြည်ပကုန်သွယ် ရေးဌာနကို တာဝန်ပေးတယ်လို့ သိရပါတယ်။အိန္ဒိယ
စုပုံတင်သွင်းခြင်းနဲ့ ထောက်ပံ့မှုတွေနဲ့ထုတ်လုပ်ထားတဲ့ ကုန်များတင်သွင်းခြင်းတွေကြောင့် ထိခိုက်နစ်နာမှု ကိုကုစားဖို့ Customs Tariff (Identification, assessment and collection of countervailing duty on subsidies atricles and for determination injury)Amendment) Rules  ကို ၂၀၀၆ ခုနှစ်မှာThe Custom Tariff Act ရဲ့အောက် မှာ ပြဋ္ဌာန်း ထားကြောင်း သိရပါတယ်။ နောက်ရုတ် တရက် တင် သွင်းမှုမြင့်တက်လို့ ပြည် တွင်းလုပ်ငန်းရှင်များ ထိခိုက်နစ်နာမှု ကို ကာကွယ်တဲ့Safeguard Measures (Quantitative Restrictions)Rulesကို ၂၀၁၂ မှာပြဋ္ဌာန်းပြီး ဒီစီမံဆောင် ရွက်ချက်ကိုတော့The Foreign Trade Act နဲ့ ဆက်စပ် ပြဋ္ဌာန်းတယ်လို့ သိရပါတယ်။ဗဟိုအစိုးရမှ Anti dumping and CVD  ဆောင်ရွက် ဖို့စစ်ဆေးရေး (The Investigation Body) အတွက် အခွင့်ရအရာထမ်းကို ပြည်ပကုန်သွယ်ရေးဌာနရဲ့ တွဲဖက် ညွှန်ကြားရေးမှူးချုပ် အဆင့်ထက်မနိမ့်တဲ့ အရာထမ်းအဖြစ် တရားဝင်ပြန်တမ်းမှာခန့်အပ်ပါတယ်။ အဲဒီလို ခန့်အပ်ခြင်း ခံရတဲ့အဖွဲ့ဟာသဘာဝအားဖြင့် လွတ်လပ်စွာဆောင်ရွက်နိုင် ပြီးပြည်ပကုန်သွယ်ရေးညွှန်ချုပ်မှ လုပ်ငန်းတာဝန် အထောက် အကူများနဲ့ ဝန်ထမ်းပိုင်းဆိုင်ရာ အထောက်အကူများ ပေး အပ်ဖို့ တာဝန်ရှိတယ်လို့လည်း လေ့လာရပါတယ်။ ကော်မတီ အနေနဲ့သီးခြားဖွဲ့စည်းထားမှုရှိတာမတွေ့ရဘဲပမာဏကန့်သတ်ချက်များစည်းကြပ်မှုကိုလုပ်ပိုင်ခွင့်လွဲအပ်ခြင်းခံရတဲ့အဖွဲ့အစည်း ရဲ့ အကြံပြုချက်ကို အခြေခံပြီးဗဟိုအစိုးရမှ စည်း ကြပ်မှု ပြုတယ်လို့ သိရပါတယ်။  anti-dumping duty and countervailing dutyစည်းကြပ်ကောက်ခံမှုကို ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ အခွန်ဌာနမှ ကောက်ခံ ခွင့်ရှိ တယ်လို့လည်းသိရပါတယ်။Safeguardဆိုင်ရာစီမံဆောင်ရွက်ဖို့အတွက်ဘဏ္ဍာရေးဝန်ကြီးဌာနအတွင်းသီးခြား ညွှန်ကြားရေးမှူး ချုပ် မှ စီမံ ဆောင်ရွက်တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့Safeguard Measure ဆောင်ရွက်ရာမှာ ဗဟိုအစိုးရက ခန့်အပ်ခြင်းခံရတဲ့ Investigation Body  အနေ နဲ့ ပြည်တွင်းလုပ်ငန်းရှင်များ သိရှိဆောင်ရွက်နိုင်ဖို့ Safeguard Measure နဲ့ပတ်သက်တဲ့အသိပေးမှု တွေဆောင်ရွက် ပြီး ထိခိုက်နစ်နာမှုရှိရင် ၎င်းတို့ အဖွဲ့အစည်းနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်းလည်း ထုတ်ပြန်ကြော်ငြာပေးထား တယ်လို့ အိန္ဒိယနိုင်ငံSafeguardဆိုင်ရာကျွမ်းကျင်သူ ပြောကြားချက်အရ သိရပါတယ်။ နောက်ပြီး ပြည်ပက တင် သွင်းမှုကြောင့် ထိခိုက်မှုမှန်ကန်ခြင်းရှိ/မရှိကို စစ်ဆေးနိုင်ဖို့ကို လည်း ထိခိုက်မှုရှိလို့ Safeguard Measure လာရောက် လျှောက်ထားတဲ့ လုပ်ငန်းရှင်များဘက်မှတင်သွင်းမှုပမာဏ၊ထိ ခိုက်မှုအတိုင်းအတာစတာတွေကိုတွက်ချက်နိုင်တဲ့ သတင်း အချက်အလက်ပေးဖို့ လည်း အသိပညာဖြန့်ဖြူးပေးထားတယ် လို့ ၎င်းင်းကဆိုပါတယ်။ကမ္ဘောဒီးယားမိမိတို့နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတစ် နိုင်ငံဖြစ်တဲ့ ကမ္ဘော ဒီးယားနိုင်ငံဟာလည်း သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေက ဝက်၊ ဘိ လပ်မြေ၊
အိမ်မိုးကြွပ်နှင့်ငါးစတဲ့ကုန်ပစ္စည်းများပုံမမှန်တဲ့တင်သွင်းမှုတွေကြောင့် ထိခိုက်မှုတွေ ဖြစ်ရတယ်လို့ သိ ရပါ တယ်။ ၂၀၀၇ခုနှစ် က ဗီယက်နမ်နိုင်ငံဟာ ဈေးအလွန်နိမ့်တဲ့ ဝက်တွေ အမြောက်အမြားတင်သွင်းပြီးရောင်းချမှု၊ ၂၀၀၈ခုနှစ် မှာလည်း ထိုင်းနိုင်ငံ ဟ ဈေးနိမ့်တဲ့ထုတ်ကုန်တွေ တင်သွင်း ရောင်းချမှုတွေကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေ အထိနာ ခဲ့ရတယ်လို့ ဆိုပါ တယ်။ ဒါကြောင့်မရိုးသားတဲ့တင်သွင်းမှု လုပ်ငန်းတွေနဲ့ တင် သွင်းမှု အလွန်မြန်ဆန်စွာ များပြားလာမှုတွေကြောင့် ပြည် တွင်းလုပ်ငန်း ရှင်တွေ ထိခိုက်ဆုံးရှုံးမှုကို ဖြေရှင်းဖို့အတွက်Trade Remedy Law  ကို ဝန်ကြီးဌာနများWorking Group  နဲ့ ၂၀၁၀ မှာ ဆွေးနွေးခဲ့ကြပါတယ်ယင်းဥပဒေကို အတည်ပြုဖို့ အမျိုးသားလွှတ်တော်ကို မတင်ပြမီ ၂၀၁၁ အစောပိုင်းလတွေမှာ မူကြမ်း ကို စိစစ်တည်းဖြတ်ဖို့ ဝန်ကြီးများကောင်စီကို တင်ပြတယ်လို့ သိရပါ တယ်။ ၂၀၁၁ နိုဝင်ဘာလWTO Trade Policy Reviewမှာဖော်ပြထားချက်အရယင်းဥပဒေဟာ ဝန်ကြီးများအဆင့် မှာ အင်္ဂလိပ်ဘာသာ နဲ့နောက်ဆုံးမူကြမ်း အဆင့် ရောက်ေ နပြီ လို့ သိရပါတယ်။မြန်မာ့SMEs တွေရဲ့အခြေအနေ
မြန်မာနိုင်ငံရဲ့အသေးစားနဲ့အလတ်စားစက်မှုလုပ်ငန်းတွေရဲ့ထိခိုက်နစ်နာမှုတွေကိုလေ့လာကြည့်တဲ့အခါပြီးခဲ့တဲ့ရှစ်နှစ်လောက် က ပြည်တွင်း မီးချောင်းထုတ်လုပ်တဲ့ လုပ်ငန်းဟာ တရုတ်က တင်သွင်းတဲ့ မီးချောင်းတွေကြောင့် ထိခိုက်နစ်နာမှု ရှိခဲ့တယ်လို့ သက်ဆိုင်ရာဌာနက လေ့လာ ထားတဲ့ အစီရင်ခံစာ တစ်စောင်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ၂၀၀၅ခုနှစ်လောက်က စက်မှု(၂)က ထုတ်လုပ်တဲ့ နေရှင်နယ် တံဆိပ်နဲ့Myanmar Lighting Manufacturing Co., Ltd. တို့ကထုတ်လုပ်တSuper Lampမီးချောင်းများရှိနေတဲ့အတွက် ပြည်တွင်းဈေးကွက် အတွက်လုံလောက်မှု ရှိနိုင်ပြီးနို င်ငံတော်အနေနဲ့လည်းနိုင်ငံခြားငွေသုံးစွဲ မှုသက်သာကာတိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင် များကိုလည်း အားပေးတဲ့ အနေနဲ့ ၂၀၀၅ခုနှစ်အောက်တိုဘာ လမှာ ပြည်ပက တင်သွင်းမှုကို ပိတ်ပင်ခဲ့ပါတယ်။ဒါပေမယ့်လျှပ်စစ်ဓာတ်အားသုံးစွဲမှု တိုးတက်လာ တာနဲ့အမျှမီးချောင်းလိုအပ်ချက်ကလည်းတိုးတက်လာတဲ့အတွက်ပြည်တွင်းထုတ်လုပ်မှုတိုးတက်လာပေမယ့်၂၀၀၆ခုနှစ် မှာဈေး ကွက်ဝေစုရရှိမှုဟာပြည်တွင်းမီးချောင်းရဲ့ဈေးကွက်က ၄၅နဲ့၅၀ရာခိုင်နှုန်းကြားရှိပြီးပြည်ပမှဝင်ရောက်တဲ့မီးချောင်း ဈေးကွက်က ၅၀ရာခိုင်နှုန်းကျော်ရှိလာခဲ့ပါတယ်။အရည်အသွေးအားဖြင့်ထိုင်းနိုင်ငံထုတ်မီးချောင်းပြီးရင်ပြည်တွင်းမီးချောင်းတွေ ကဒုတိယနေ ရာ မှာရှိနေပြီး တရုတ် မီးချောင်းတွေ ထက် ပိုမိုကောင်းမွန်ပေမယ့် ပြည်တွင်း မီး ချောင်း ထုတ်လုပ်သူတွေဟာ ကုန်ကြမ်း ကိုပြည်ပမှဝယ်ယူတင်သွင်းရခြင်း၊Mass Productထုတ်လုပ်ဖို့အတွက် အရင်းအနှီးမလုံလောက် ခြင်းကြောင့် တရုတ်မီးေ ချာင်းတွေရဲ့ဈေးနှုန်းနဲ့ဈေးကွက်ယှဉ်ပြိုင်မှုနဲ့ရင်ဆိုင်ခဲ့ကြရပြီး လုပ်ငန်း ထိခိုက်မှုတွေဖြစ်ရ တယ်လို့သိရပါ တယ် ။နောက် မြန်မာ့ လက်ရက်ကန်း ချည်ထည်လုပ်ငန်းတွေ လည်း တဖြည်းဖြည်း တိမ်ကောလာတာတွေ့ရပါတယ်။ အထူး သဖြင့် မုံရွာနဲ့ ပခုက္ကူကထုတ်လုပ်တဲ့ချည်စောင်တွေကရာသီဥတုကိုလိုက်ပြီး ပူတဲ့အချိန်မှာဆိုရင် အေးပြီး ချမ်းတဲ့အချိန် မှာ ဆိုရင်နွေးတဲ့ အရည်အသွေးရှိပါတယ်။ ဒါပေမယ့် တရုတ်ပြည်က အရောင်အသွေးလည်းစုံ၊ ပေါ့ပါးပြီး ဈေးနှုန်းချိုသာ တဲ့ စောင်တဲ့ အလုံး အရင်းနဲ့ဝင်လာတဲ့နောက်ပိုင်းပြည်တွင်း  ချည်စောင်ထုတ်လုပ်မှု ထိခိုက်လာ တာ တွေ့ရပါတယ်။ ဒါ့အပြင်မန္တလေးစက်မှု လုပ်ငန်းများထဲက သံရည်ကျို လုပ်ငန်းဟာလည်း အရင်က သံမှိုလု ပ်ငန်း၊ ရေယာဉ်ပန်ကာ နဲ့ ပြည်တွင်း ထုတ်စက်မှုအသေးစားတွေအတွက်လိုအပ်တဲ့အပိုပစ္စည်းတွေထုတ်လုပ်နိုင်ခဲ့ရာမှဒီနောက်ပိုင်းမှာတော့ တရုတ်စက်ပစ္စည်းတွေ ကို အသုံးများလာခြင်းအပြင် တရုတ် နိုင်ငံမှ အသင့်သုံးစွဲရနိုင်တဲ့ အပိုပစ္စည်းတွေက လိုအပ် တဲ့နေ ရာမှာ လိုသလို အသုံးချနိုင်အောင် အသင့်စီမံပြီး တင်သွင်း လာတဲ့အတွက် ပြည်တွင်းသံရည်ကျို လုပ်ငန်းနဲ့ ဆက်စပ် လုပ်ငန်းများ ရပ်တန့်ရ တဲ့အထိရှိလာတယ်လို့လည်းမန္တလေး  စက်မှုဇုန် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ ဒါတင်မကသေးပါ ဘူး။ပြည်တွင်း သစ် အချောထည်လုပ် ငန်းများဖြစ်တဲ့ ပရိဘောဂလုပ်ငန်းဟာလည်း တရုတ် ပြည်က ဝင်လာတဲ့ ကြိတ်သားနဲ့ပြုလုပ်တဲ့ ပရိဘောဂ များ၊ ပလတ်စတစ် နဲ့ ပြုလုပ်တဲ့ ပရိဘောဂများကြောင့် ပြည်တွင်းထုတ် လုပ် မှုမှာထိခိုက်မှုတွေရှိတယ်လို့ ကြားသိရပါ တယ်။ စာရေးသူအနေနဲ့လက်လှမ်းမီ သလောက် တင်ပြထား တာဖြစ်လို့ ထိခိုက်နစ်နာတဲ့ကဏ္ဍစုံက အခြားလုပ်ငန်းရှင် တွေ လည်း ရှိဦးမယ်လိုယူဆရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကာကွယ်မှုတွေ ပြင်ဆင်ဖို့ ဘာကြောင့်လို
ကုန်သွယ်ရေးဆိုင်ရာအကာအကွယ်တွေအကောင်အထည်ဖော်ဖို့မြန်မာနိုင်ငံကအလျင်အမြန်လိုအပ်နေတဲ့အကြောင်း အရင်းေ တွ ကိုလေ့လာဖော်ထုတ်တဲ့အခါပထမအချက်အနေနဲ့မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက် အားလုံးသိပြီးဖြစ်  တဲ့ အတိုင်း လာမယ့် ၂၀၁ ခုနှစ်မှာ (နောက်ဆုံးအခြေအနေအရ ကမ္ဘောဒီးယား၊လာအို၊ မြန်မာ၊ဗီယက်နမ်၊ (၄)နိုင်ငံဟာ ၂၀၁၈ အထိ အချိန်တိုး ပေး ထား) အေအီးစီလို့ခေါ်တဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်း ကာလမှာ ကုန်စည်တွေ ဝင်ရောက် မှုကြောင့် ပြည်တွင်း လုပ် ငန်းရှင်တွေ နစ်နာမှုရှိနေတဲ့အခြေအနေမှာ လွတ်လပ်စွာ စီးဆင်းလာတော့မယ့် ကုန်စည်တွေ အတွက် အသေးစားနဲ့ အလတ်စား ပြည်တွင်း ထုတ်လုပ်သူတွေ ကြံ့ကြံ့ခံနိုင်မယ့် အခြေ အနေမရှိသေးခင် ထိခိုက်နစ်နာ မှုတွေကိုကုစားနိုင်ဖို့ ပြင်ဆင်မှုက တကယ့်ကို လိုအပ်လာပါတယ်။ဒုတိယ အချက်ကတော့ WTO စာရင်းတွေရဲ့ပြဆို ချက် အရ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ လျှော့ဈေးနဲ့တင်ပို့မှု (Dum-ping) နဲ့ အစိုးရထောက်ပံ့မှု (Subsidy) လုပ်ထားတဲ့ ထုတ် ကုန်တွေ တင်ပို့မှုအများဆုံးပြုလုပ်တဲ့နိုင်ငံတွေက မြန်မာနိုင်ငံ ရဲ့အိမ်နီးချင်းများဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီနိုင်ငံကြီးနှစ်နိုင်ငံကြားက မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာလည်း တရုတ်ကုန်ပစ္စည်းတွေ ဝင်ရောက်လို့ပြည်တွင်းလုပ်ငန်း ရှင်တွေ ထိခိုက်နေတဲ့ အခြေအနေမှာ မိမိတို့ဘက်ကုန်သွယ်ရေးဒိုင်းလွှား(Trade Defence) တွေ နဲ့ မဖြစ်မနေ ကာကွယ် မှုပြုရတော့မှာ ဖြစ်ပါတယ်။
တတိယအချက်ကတော့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ် စာရင်းဝင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ပြည်တွင်းကတည်ထောင် ကာစ လုပ်ငန်းများ (Infant Industries)  အရင်းအနှီးနဲ့ နည်း ပညာ မလုံလောက်သေးတဲ့ အသေးစားအ လတ်စားလုပ်ငန်း ရှင်တွေ အတွက်ပံ့ပိုးမှုတွေ၊ ဖြေလျှော့မှုတွေဆောင်ရွက်ပေး နေခြင်းနဲ့အတူ တစ်ဖက်ကလည်း လုပ်ငန်းရှင်တွေ ဆုံးရှုံး ရပ်တန့်မသွား ရအောင် ကုန်သွယ်ရေးဆိုင်ရာကုစားမှုစီမံ ဆောင်ရွက်ချက်တွေနဲ့ ကာကွယ်ဖို့ကအလွန်ကိုအရေးပါတာတွေ့ရပါတယ် ။နောက်ဆုံးတစ်ချက်ကတော့ မိမိ တို့ရဲ့ အိမ်နီးချင်းနိုင်ငံ တွေအားလုံးမှာTrade Remedy ဆိုင်ရာစီမံဆောင် ရွက် ချက်တွေကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းစတဲ့ ထုတ်ပြန်ချက် တွေနဲ့ အကောင်အထည်ဖော်ထားပြီးဖြစ်တာကို လေ့လာ သိရှိရပါတယ်။ ဒါကြောင့် ကုန်သွယ်ရေးဆိုင်ရာ ကုစားမှုတွေ အတွက် မိမိတို့နိုင်ငံ အနေနဲ့လည်း ခိုင်မာတဲ့စီမံ ဆောင်ရွက်ချက်တွေနဲ့ ကာရမှာဖြစ်ပြီးအထူးသဖြင့် မြန်မာ နိုင်ငံအနေနဲ့ တင်သွင်းမှုမြင့်တက်ခြင်း ကြောင့် ထိခိုက်နစ် နာကြရတာ ဖြစ်လို့ ပထမဦးဆုံးအကောင်အထည်ဖော်ဖို့လို Safeguard Measureပဲဖြစ်ပါတယ်။ကုန်သွယ်ရေး ကုစားမှုများကို ကျင့် သုံးရာမှာ ယှဉ်ပြိုင် ဥပဒေနဲ့ ချိန်ဆ ဖု့ိလို
ဒါပေမဲ့ကုန်သွယ်ရေးကုစားမှုများ ကို စားသုံးသူ အကျိုး ဘက်မှကြည့်မယ် ဆိုရင် အထူးသဖြင့် ဈေးသက်သက်သာ သာ နဲ့ ဝယ်ယူစားသုံးနိုင်မှုကိုဟန့်တားမှုဖြစ်စေတယ်လို့တချို့ကထောက်ပြ ကြပါ တယ်။ နောက်စုပုံတင်သွင်း လာ ခြင်းကြောင့် ထိခိုက်မှုကိုပြန်လည်ကာကွယ် တဲ့အစီအမံများ  (antidumping measure)  ကိုလည်း ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းများ အချင်းချင်းလွတ်လပ်ပြီး မျှတတဲ့ယှဉ်ပြိုင်မှုကို အားပေးတဲ့ယှဉ် ပြိုင်မှုဥပဒေ(Competition Law/antitrust law) နဲ့ဆန့်ကျင်နေ တယ်လို့လည်းထောက်ပြကြပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများဖြစ်တဲ့အမေရိကန်၊ကနေဒါ၊ သြစတြေးလျ တို့နဲ့ ဘရာဇီးလ်တို့လို နိုင်ငံတွေကantidumping measure   တွေကို ပြည် တွင်းလုပ်ငန်းရှင်များကိုအကာအကွယ် ပေးဖို့ဆိုပြီး တွင်တွင်ကျယ်ကျယ် အသုံးချနေတာကို ထောက်ပြကြတာဖြစ်ပါ တယ်။ antidumping measure   ကို ကျင့်သုံးခြင်းဆိုတာ တင်ပို့ တဲ့ နိုင်ငံ ဈေးကွက် ပေါက်ဈေးထက် လျော့တဲ့ ဈေးနဲ့ တင်သွင်းလာခြင်းအားဖြင့် ပြည်တွင်းလုပ်ငန်းရှင်များသိသိသာသာ ထိခိုက်မှုရှိလာတဲ့အခါမှာ ပြည်တွင်း ဈေးကွက်တွေကို ပြည်ပလုပ်ငန်းရှင် များမမျှတတဲ့ ကုန်သွယ်မှု ပြုခြင်းဖြင့် လက်ဝါးကြီးအုပ်ချုပ်ကိုင်လာခြင်း (monopoly) လုပ်ခြင်းကိုကာကွယ်ဖို့ အဓိကအားဖြင့် တားဆီးကာကွယ်ခြင်း ပဲဖြစ်ပါတယ် ။ဒါပေမဲ့လည်းအထက်မှာတစ်ဖက်ကထောက်ပြသလို antidu-mping measure ကိုတလွဲသုံးပြီး ပြည်တွင်း လုပ်ငန်းရှင်ေ တွကို မတရားသဖြင့် ကာကွယ်ခြင်းတွေမဖြစ်ဖို့နဲ့ မမျှတတဲ့ကုန်သွယ်မှုအတွက် ပြည်တွင်း လုပ်ငန်းရှင်တွေကို ကာကွယ်တဲ့ ဥပဒေအနေနဲ့ အသုံးချနိုင်အောင်တော့ ယှဉ် ပြိုင်မှုဥပဒေ(Competition Law/antitrust law)  နဲ့ ချိန်ဆပြီး အကောင် အထည်ဖော်ဖို့လိုမှာဖြစ်ပါတယ်။
အစိုးရထောက်ပံ့မှု (subsidy) နဲ့ ထုတ်လုပ်တဲ့ကုန်ပစ္စည်းများတင်သွင်းခြင်း ကြောင့် ပြည်တွင်း လုပ်ငန်းရှင်များ နစ်နာရခြင်း ဆိုတာကတော့တစ်ဖက်သတ်အသာစီးယူကုန်သွယ်တဲ့ မမျှတ တဲ့ကုန်သွယ်မှုဆိုတာရှင်းနေပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေက အရင်းအနှီးနဲ့ နည်းပညာတွေသာလွန်လို့ ထုတ်လုပ် နိုင်စွမ်းမြင့်ပြီး အမြောက် အမြားထုတ်လုပ်(mass product) ခြင်းကြောင့် ထုတ်လုပ်မှုစရိတ်နည်းပြီးဈေးသက်သက်သာသာနဲ့ထုတ်လုပ်တင် ပို့တဲ့ ကုန်များဝင်ရောက်မှု များလို့ ပြည် တွင်းလုပ်ငန်း ရှင်တွေပြင်းပြင်းထန်ထန် ထိခိုက်ရခြင်း ဆိုတာကတော့ မမျှတတဲ့ ကုန်သွယ်မှုမဟုတ်ပါဘူး။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက် နိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ ပြည်တွင်း က အသေးစားလုပ်ငန်းရှင်များကို ကာကွယ်ဖို့ WTOကSafeguard Measure ကိုSafety valveအနေနဲ့ ပြဋ္ဌာန်းပေးထားတာဖြစ်ပါတယ်။ ဒါက လည်းSafeguard Measure ကျင့်သုံးဆောင် ရွက်မှုကိုTransition period အတွက် အချိန်တိုအတွင်းသာ ကျင့်သုံးဖို့သတ် မှတ်ထား တာ ဖြစ် လို့ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုး တက်လာလို့ ပြည်တွင်းလုပ်ငန်း ရှင်များနည်းပညာနဲ့ အရင်းအနှီးမြင့်ပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိလာခဲ့ရင် ဒီစီမံဆောင်ရွက်ချက်ကို တသမတ်ထဲအသုံးချလို့ရနိုင်မှာမဟုတ် ဘူးလို့ သိရပါတယ်။Trade Remedyများအကောင် အထည် ဖော်ဖို့ သက်ဆိုင် ရာအစိုးရ ဌာနများမှ ပူးပေါင်းဆောင်ရွက်မှု သည် ပဓာန ကျ
ကုန်သွယ်ရေးဆိုင်ရာ အကာ အကွယ် များဖြစ်တဲ့Safeguard Measure,Antidumping and Countervailing Measures တွေအကောင်အထည်ဖော်ဖို့ စာရေးသူ လက်လှမ်းမီသလောက်အကြံပြု တင်ပြ ရရင်ပထမဦးဆုံးမူဝါဒ သတ်မှတ် ချက်ချမှတ်မှုနဲ့အဖွဲ့အစည်းစုဖွဲ့မှု (To set the policy and institution) ဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။ အထက် မှာ ဖော်ပြခဲ့သလို အခြားနိုင်ငံတွေရဲ့ စီမံ ဆောင်ရွက်ချက်တွေကိုလေ့လာတဲ့အခါ မှာ တချို့ကစည်းမျဉ်း(regulation) အနေ နဲ့ ပြဋ္ဌာန်းပြီးတချို့ကတော့ ဥပဒေ(Act)အနေနဲ့ပြဋ္ဌာန်းဆောင်ရွက် တာတွေ့ရပါတယ်။နောက်အဲဒီ ဥပဒေ၊ စည်းမျဉ်းတွေ ကိုတချို့နိုင်ငံတွေမှာကုန်သွယ်ရေးဥပဒေ အောက်မှာပြဋ္ဌာန်းပြီး တစ်ချို့ နိုင်ငံတွေမှာတော့ အကောက် ခွန်ဥပဒေ အနေ နဲ့ ဆောင်ရွက်ပြဋ္ဌာန်း တာတွေ့ရပါတယ်။ ဘယ်လိုပဲ အခေါ် အဝေါ်နဲ့ပြဋ္ဌာန်းမှုကကွဲပြားနေပေမဲ့လည်း ကုန်သွယ်မှုနဲ့ ဆက်စပ်နေတဲ့သက်ဆိုင်ရာဝန်ကြီးဌာနများပူးပေါင်းဆောင်ရွက်မှသာအကောင်အထည်ပေါ်မှာဖြစ်ပါတယ်။ဥပမာအနေနဲ့ကြည့် ရင် ထိုင်း နိုင်ငံအနေနဲ့ သက်ဆိုင် ရာဝန်ကြီးဌာန တွေက ဘာသာရပ်ကျွမ်း ကျင်သူတွေ စုစည်းပြီး ကော်မတီ တစ်ရပ် ဖွဲ့ စည်း တယ်။ ပြီး တော့အခွန်နဲ့ပတ်သက် လို့ စည်းကြပ်မှုကိုသက်ဆိုင်ရာဘဏ္ဍာရေးက တာဝန်ယူ ဆောင်ရွက်ပြီး တင်သွင်းကို တာသတ်မှတ်မှုကို ကုန်သွယ်ရေး ဌာန ကတာဝန်ယူဆောင်ရွက်တာကိုလေ့လာ သိရှိရပါတယ်။ နောက်တစ်ချက်ကတော့ ပြည် တွင်းထိခိုက်နစ်နာမှုမှာမမျှတတဲ့ကုန်သွယ်မှု ကြောင့်လား၊ တင်သွင်းမှုတွေ မြင့်တက် လာလို့ထိခိုက်တာလား၊ ဘယ်အတိုင်း အတာထိနစ်နာတာလဲ စတာတွေကို မှန်ကန်စွာစစ်ဆေးအတည်ပြုနိုင်မယ့် ဘာသာရပ် ဆိုင်ရာကျွမ်းကျင်သူများ ပါဝင် ဖွဲ့စည်းထားတဲ့Investigation Body ဖွဲ့စည်းဖို့ဖြစ်ပါတယ်။ ဒါကိုလဲ အထက်မှာ ဖော်ပြခဲ့သလို အခြားနိုင်ငံ တွေမှာ ကျင့်သုံးဆောင်ရွက်မှု တွေ ထဲက မိမိတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ အချက် ကိုသုံးသပ်ပြီး ဖွဲ့စည်းဆောင်ရွက် ဖို့ပဲဖြစ်ပါတယ်။
ဒီလိုမူဝါဒတွေအဖွဲ့အစည်းတွေဆောင်ရွက်ခြင်းနဲ့ တစ်ပြိုင်နက် ပြည်တွင်းလုပ်ငန်းရှင်တွေ၊ ပြည်သူတွေ ကိုကုန်သွယ်ရေး ဆိုင်ရာအကာအကွယ်တွေနဲ့ပတ်သက်တဲ့ အသိအမြင်များ ရရှိဖို့နဲ့လုပ်ငန်းရှင်များကိုယ်တိုင်ပူးပေါင်းပါဝင်မှအကောင် အထည်ဖော်နိုင် မယ် ဆိုတဲ့အချက်များကိုလည်း အချိန်နဲ့တစ် ပြေးညီပညာပေးချပြဆောင်ရွက်သွား ရမှာ ဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် နိုင်ငံတကာ အဖွဲ့အစည်းတွေ ကလည်းTrade Remedy  နဲ့ပတ်သက်လို့ သက်ဆိုင်ရာ ပြည်သူ့ ဝန်ထမ်းတွေ နဲ့လုပ်ငန်းရှင်တချို့ကိုသင်တန်းများ၊အလုပ်ရုံဆွေ နွေးပွဲများဦးစီးကျင်းပပြီး အသိပေး ဆောင်ရွက်နေ တာ တွေ့မြင် နေရပါတယ်။ ဒါကြောင့်ကုန်သွယ်မှုအဆင်ပြေ ချောမွေ့အောင်စီမံဆောင်ရွက်နေသလို ပြည်တွင်းလုပ်ငန်းရှင်များ ယှဉ်ပြိုင်မှု ပိုမို တင်းကျပ်တော့မယ့်မဝေးတော့တဲ့ကာလအတွက်အမီ ကာကွယ်မှုဆိုင်ရာ စည်း မျဉ်းများ၊ အစီအမံများဆောင် ရွက်ပေး ခြင်းဖြင့် ထိခိုက်နစ်နာမှုတွေကို ကုစား နိုင်ဖို့ နိုင်ငံတကာမှ ပညာရှင်များ၊ နည်းပညာအကူအညီများကို အကျိုးရှိရှိ လက်ကမ်းကြိုဆိုကာ သက်ဆိုင်ရာဌာန အသီးသီးမှ ပူးပေါင်းညှိနှိုင်း ဆောင်ရွက် နိုင်ရေး အကြံပြု ရေးသားလိုက်ရပါ တယ်။Source:WTO lecture notes of Training on Evidence based Trade Policy and WTO Trade Defence Measures (TTI)