Main menu

Background

မြန်မာနိုင်ငံမှာ ယခုကတည်းက သွားရောက်မြှုပ်နှံကြရန် မလေးရှားကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးပြောကြား

Tue, 05/27/2014 - 08:46 -- ydnar

 
မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်နဲ့ င်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာရှိနေတဲ့အတွက်  မလေးရှား ကုမ္ပဏီများ အနေနဲ့ ယခု ကတည်းက သွားရောက် ရင်းနှီးမြှုပ်နှံ ကြရန်(၂၄)ကြိမ် မြောက်အာဆီယံ အစည်းအဝေး အတွက် ကြိုတင်ပြင်ဆင်နေမှုနဲ့ စပ်လျဉ်းပြီး မီဒီယာများနဲ့ တွေ့ဆုံစဉ်

မလေးရှားကုန် သွယ်ရေးနဲ့ စက်မှုဝန်ကြီး Mustapa Mohamed ကပြောကြားလိုက်တာဖြစ်ပါတယ်ထုတ်လုပ်မှုကဏ္ဍအထူးသဖြင့်ပင်လယ်စာထုတ်လုပ်ရေး၊ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့အခန်းကဏ္ဍများမှာအခွင့်အလမ်းများစွာရှိတယ်လို့ဝန်ကြီးကပြောပါတယ်မလေးရှားကုမ္ပဏီ ၁၀၀ ခန့် မြန်မာနိုင်ငံ မှာ ရှိနှင့်နေပြီလို့  လည်းဆို ပါတယ်။
 
မိမိတို့ကုမ္ပဏီများအနေနဲ့ ခွင့်အလမ်းများစွာရှိနေတဲ့ကဏ္ဍများမှာအမြန်ဆုံးဖက်စပ်ပူးပေါင်းထုတ်လုပ်  လုပ်ဆောင်ပေး ရန်နဲ့ ထပ်မံလာရောက် ရင်းနှီးမြှုပ်နှံမှုများ အမြန်ဆုံး စတင် နေရာ ယူထားကြရန် ပြောကြားခဲ့ပါ တယ်။
အစိုးရသစ်လက်ထက် အသွင်ကူးပြောင်းတဲ့ကာလမှာ နိုင်ငံခြားတိုက် ရိုက် ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ တိုးတက် လာကြောင်း၊ယခုအခါ ကန် ဒေါ်လာ ၄ ဘီလီယံကျော်ဖိုးထိ ရင်းနှီး မြှုပ်နှံမှုများရှိနေကြောင်း၊ မြန်မာ-မလေးရှား ကုန်သွယ် မှု အောင်မြင်ဖြစ်ထွန်းနေကြောင်း၊၂၀၁၄ ပထမ ၃ လကာလမှာ ကန်ဒေါ်လာ ၂၈၃သန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ယမန်နှစ် ကာလတူမှာတော့ ကန်ဒေါ်လာ ၂၀၈ သန်းသာ ဆောင်ရွက်နိုင်တာမို့ သန်း ၇၀ ကျော် ပိုမိုရင်းနှီးမြှုပ်နှံ လာတာ တွေ့ရှိရပါတယ်။မလေးရှားနိုင်ငံဟာမြန်မာနိုင်ငံမှာလာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံ များစာရင်းမှာ သတ္တမနေ ရာ ရှိနေပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ကန်ဒေါ်လာ ၁ ဒသမ ၆၅ ဘီလီယံရှိပါတယ်။ ရင်းနှီးမြှုပ်နှံထားတဲ့ ကဏ္ဍတွေ ကတော့ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းတို့နဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍ များပဲ ဖြစ်ကြ ပါတယ်။
၂၀၁၄ နှစ်ဦးပိုင်းမှာUOB (United Overseas Bank)ရဲ့ ကွင်း ဆင်းလေ့လာချက်အရ အာရှ လုပ်ငန်း တော်တော် များများ ဟာမြန်မာနိုင်ငံမှ ပေါ်ထွက်လာတဲ့ ကြီးမားလှတဲ့ အလား အလာကောင်းများကြောင့် သွားရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဆန္ဒရှိကြကြောင်း၊ ကုမ္ပဏီ ၁၀၈ခုကျော်ဟာမြန်မာနိုင်ငံမှာ လာရောက် ရင်းနှီး မြှုပ်နှံနေ တာကို တွေ့ရကြောင်း၊ ၁၀၈ ခုမှာ စင်္ကာပူကုမ္ပဏီ ၆၄ ခုဖြစ်ကြောင်း၊ လာမဲ့နှစ်မှာရင်းနှီးမြှုပ်နှံမှုများထပ်မံတိုးချဲ့မဲ့ လက္ခဏာ တွေ့ရကြောင်းလေ့ လာသူများ ကဖော်ထုတ် ထားပါတယ်။
မြန်မာဒေသခံကုမ္ပဏီ အတော် များများကမြန်မာနိုင်ငံမှာ အသုံးမပြုရသေး သောအလားအလာရှိ ကဏ္ဍများကျန်ရှိနေခြင်းကြောင့် ပြည်ပကုမ္ပဏီများ လာ ရောက်နေကြခြင်းဖြစ်ကြောင်း၊ မြန်မာ နိုင်ငံမှာ စီးပွားရေးလုပ်ငန်း များ လုပ် ဆောင်ရန်အခွင့်အလမ်းများအမှန်တကယ် လိုအပ်နေသေးကြောင်း၊တစ်ပြိုင်နက် တည်းမှာ စွန့်စားမှုနဲ့ စိန်ခေါ်မှုများစွာလည်းရှိနေကြောင်း၊ UOBအမှုဆောင်ဒါရိုက်တာလည်းဖြစ်လေ့လာရေး အဖွဲ့ ခေါင်းဆောင် လည်း ဖြစ်တဲ့ Sam Cheong  က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့လူမှုရေး အသွင်ကူးပြောင်းမှု ခြေလှမ်းများဟာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကာလတည်းကအရှိန် အဟုန်နဲ့ဆောင်ရွက်နေပြီဖြစ်တာကြောင့်UOBဟာမြန်မာနိုင်ငံမှာဈေးကွက်ထိုး ဖောက်ချဲ့ထွင်ရန်အတွက် စိတ်ဆန္ဒရှိ နြေ ခင်း ဖြစ်တယ်လို့လည်းဆိုပါတယ်။ Soon Hong Seng ထုတ်လုပ်ဖြန့်ဖြူးရေးကုမ္ပဏီမှ မန်နေ ဂျာIvan Chu က မြန်မာနိုင်ငံရဲ့ ပွင့် လင်းမြင်သာမှုအပိုင်းမှာနည်းပါးနေသေးတာနားမလည်နိုင်ကြောင်းဆိုပါတယ်။မြန်မာ့စီးပွားရေး ကိုအရှိန်အဟုန်နဲ့ အသွင် ကူးပြောင်းစဉ် ကာလမှာ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဥပဒေ အပြောင်းအလဲ များကြောင့် စိန်ခေါ်မှုများနဲ့ ရင်ဆိုင် နေရတယ်လို့ Ivan Chu ကStraits Timesသတင်းစဉ်ကို ပြောပါတယ်။ မြန်မာနိုင်ငံဟာစီးပွားရေးကို အရှိန်အဟုန်နဲ့တိုးမြှင့်လုပ်ဆောင်နေချိန်မှာအခြေခံအဆောက်အအုံများဖွံ့ဖြိုး တိုးတက်ေ အာင် လုပ်ဆောင်ရန်လိုအပ်လျက်ရှိတာကြောင့်မိမိတို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး (ကုန်မာ) ပစ္စည်း များ၊လုပ်ငန်းသုံး ကိရိယာ တန်ဆာပလာ၊ ယာဉ်ယန္တရားကြီးများ၊လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးသုံးပစ္စည်းများ တင်ပို့ရောင်းချရန် အသင့်ရှိနေတဲ့ဈေး ကွက်တစ်ခုလို့လည်းဆိုပါတယ်။ Krislite (လျှပ်စစ်မီးပန်းဆွဲများ၊ မီးဆိုင်းများရောင်းချတဲ့ကုမ္ပဏီ) မှ ဒါရိုက်တာတစ်ဦးက မြန်မာနိုင်ငံမှာ ၁၉၉၄ခုနှစ်များ ကတည်းက လာရောက် လုပ်ငန်းလုပ်ကိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ ၂၀၀၃ ခုနှစ်မှာတော့ နိုင်ငံခြား ကုမ္ပဏီ များအတွက် လုပ်ထုံးလုပ်နည်းနည်းဥပဒေဆိုင်ရာအခက်အခဲများရှိခဲ့တာ ကြောင့် ပြန်လည် ထွက်ခွာခဲ့ကြောင်း၊ ယခုအခါ ဖြေလျော့မှု များေ ကြာင့် ၂၀၁၃ခုနှစ် သြဂုတ်လက စပြီး မြန်မာ နိုင်ငံ ကို ပြန်လည်ဝင်ရောက် ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ ကဏ္ဍစုံမှာ အခွင့်အလမ်းများစွာရှိနေပြီဖြစ်ကြောင်း၊ဗီယက်နမ်၊တရုတ်၊အင်ဒိုနီးရှားနဲ့ မလေးရှားဈေး ကွက်များကို မရွေးဘဲ မြန်မာနိုင်ငံ ကို ရွေးချယ်ရခြင်းကတော့ မြန်မာနိုင်ငံ ဟာ စီးပွားရေးအခွင့်အလမ်း များစွာ ရှိပြီး နိုင်ငံခြားတိုက်ရိုက်ရင်း နှီးမြှုပ်နှံမှု များ များပြားလာနိုင်တဲ့ အလားအလာ ရှိတာကြောင့်လို့ ဆိုပါတယ်။