Main menu

Background

အပျိုကြီးဦးရေ တိုးပွားလာခြင်း

Thu, 06/05/2014 - 03:49 -- ydnar

အသက်၂၇နှစ်အရွယ်အထိ အိမ်ထောင်မပြု ဖြစ်သေးသော တရုတ်မိန်းမပျိုများသည် အလွန်ဇီဇာ ကြောင် လာကြောင်း၊ အမြင့်သုံးပါး (Three highs) နှင့် ပြည့်စုံသူမျိုးကို ရဖို့အတွက်သာ မျှော် မှန်းတတ်ကြသည်ဟု ကွန်မြူနစ်ပါတီက သုံးသပ် ကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ၂၀၀၇ ခုနှစ်တွင်ထုတ်ဝေခဲ့သော '' အပျိုကြီး ဘ၀ ထောင် ချောက်မှလွတ်မြောက်စေမည့်လွယ်ကူရိုးရှင်းသောနည်းလမ်းများ ''သတင်းဆောင်းပါး တွင်ဖော်ပြခဲ့ သည်။ပညာအရည်အချင်း မြင့်မားရမည်၊ အသက် မွေးကျောင်းလုပ်ငန်းအဆင့်အတန်းမြင့်ရမည်၊ ဝင်ငွေ မြင့်ရမည် ဟူသောအမြင့်သုံးပါးနှင့် ပြည့်စုံသော ယောကျ်ားကိုမျှော်မှန်းကြခြင်းဖြစ်သည်။နောက်ပိုင်းတွင်လည်း အလားတူ သတင်းခေါင်းကြီး အာဘော်များကိုဆင်ဟွာသတင်းများတွင်မကြာခဏဖော်ပြခဲ့သည်။ ၂၀၁၁ခုနှစ်က ထုတ်ေ၀ သည့်သတင်းစာ၏အယ်ဒီတာ့အာဘော်တစ်ခုတွင်''အမျိုးသမီးတို့၏အသက်အရွယ်သည်ကြီးရင့်လာလေတန်ဖိုး   လျော့လာလေ ဖြစ်တတ်သည်ကိုသတိမမူမိခြင်း မှာဝမ်းနည်းဖို့ကောင်းသည်။ မဟာဝိဇ္ဇာဘွဲ့ပါရဂူ ဘွဲ့ရသည့်အချိန် တွင်အဝါရောင်သန်းနေသည့်ပုလဲ လုံးများကဲ့သို့ ရင့်ရော်နေပေပြီ။''ဟု ရေးသားခဲ့ သည်။

 
ကွန်မြူနစ်ပါတီသည် အမျိုးသမီးများ၏အဆင့်အတန်း တိုးတက်မြင့်မားရေးကို ထောက်ခံ အားပေးခဲ့သည့် အစဉ်အလာရှိခဲ့ပါလျက်သတင်းဆောင်းပါးများတွင်ဖော်ပြခဲ့သည့်အာဘော်များမှာအံ့သြစရာဖြစ်နေ သည်။ မော်စီတုံး သည် အမျိုးသမီးများ၏အဆင့်အတန်းကို မြှင့်တင်ပေးရာတွင် အောင်မြင်ခဲ့သည်။ ၁၉၅၀ပြည့်နှစ်တွင် လက်ထပ် ထိမ်းမြားခြင်း ဥပဒေကို ကွန်မြူနစ် ပါတီက ပြဌာန်းပေးခဲ့ရာတွင် ပြတ်စဲကွာရှင်းခွင့်၊ ဥစ္စာ ပစ္စည်းပိုင်ခွင့်တို့ အပါအဝင် အမျိုးသမီးတို့ အတွက် အခွင့်အရေးများကို ထိုဥပဒေအရ ပြဋ္ဌာန်းခဲ့သည်။ သို့သော်လည်း ဘုံပိုင်ဆိုင်မှုစနစ် ကျင့်သုံး လိုက်ခြင်း(Collectivisation) ကြောင့် ပစ္စည်းပိုင်ခွင့်ဆိုသည်မှာအဓိပ္ပါယ်မရှိတော့သလို ဖြစ်သွားရသည်။ မော်ခေတ်တရုတ်ပြည်တွင် အမျိုးသမီးတို့ တက်ကြွစွာ ဦးဆောင်လှုပ်ရှားခဲ့ရာ ယနေ့ထိတိုင် ဖြစ်သည်။ ၂၀၁၀ပြည့်နှစ်တွင် မြို့ပြနေ အမျိုးသမီး ၂၆ ရာခိုင်နှုန်းသည် တက္ကသိုလ်ဘွဲ့ရပြီးသူများဖြစ် ရာ လွန်ခဲ့သော ၁၀ နှစ်က ထက် နှစ်ဆတိုးလာခြင်း ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများတွင် အမျိုးသားများကိုသာ ဦးစားပေးရွေးချယ် ခဲ့သော်လည်းတရုတ်တက္ကသိုလ်များတွင်အမျိုးသမီးများကအမျိုးသားများထက်စွမ်းဆောင်ရည်ပိုမိုသာလွန်ကြောင်းတွေ့ ရသည်။သို့သော်လည်း ယခုတော့ အမျိုးသမီးများရှေ့တန်းအဆင့်ရောက်ခဲ့သည့်အစဉ် အလာမှာ ယိုယွင်းပျက်ပြား ကာ အမျိုးသားများက လွှမ်းမိုးသည့်ခေတ်သို့ ပြန်ရောက်လာသည်။ ၁၉၅၀ပြည့်နှစ်က အမျိုးသမီးများ အဆင့်မြှင့် တင်ရေးကို တွန်းအားပေးခဲ့သည့်ပါတီက ယခု တော့ အမျိုးသမီးများ ကို မီးဖိုချောင်ထဲ ပြန်ပို့ရန် ကြိုးပမ်းနေသည်ဟုသုတေသီလီတာဟောင်ဖစ်ချာ ကဆိုသည်။ မြို့ပြနေအမျိုးသမီးများ၏ လစာ ဝင်ငွေမှာ ၁၉၉၀ ပြည့်နှစ်က  အမျိုးသားများ ရရှိကြသည့်လစာ၏ ၇၈ ရာခိုင်နှုန်းအထိရှိခဲ့ရာမှ ၂၀၁၀ပြည့်နှစ် သို့ရောက်လာချိန်တွင်၆၇ ရာခိုင်နှုန်း သာရှိတော့သည်ဟုထောက်ပြသည်။ မြို့ပြနေ အမျိုးသမီးများ အလုပ်အကိုင် ခန့်ထားမှုနှုန်းမှာ လည်း ၁၉၉၀ပြည့်နှစ်က ၇၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၀ပြည့်နှစ်တွင် ၆၁ ရာခိုင်နှုန်းသို့ လျော့ကျ လာသည်။ မော်စီတုံးခေတ်က အမျိုးသမီး အားလုံးနီးပါး အိမ်ထောင်ပြုခဲ့ကြသော်လည်း လူမှု လွတ်လပ်ခွင့် ပိုမိုထွန်း ကား ကျယ်ပြန့်လာသည့် ရာစုသစ်သို့ဝင်ရောက်လာချိန်တွင် အဖော်မရှာ လိုသည့် အပျိုကြီးဦးရေတိုးပွားလာသည်။
ယင်းအခြေအနေက အန္တရာယ်မကင်း ကြောင်း ကွန်မြူနစ်ပါတီကို သတိပေးနေသည်။ တစ်ကိုယ်တည်း သမား နည်းနေသမျှလူ့အဖွဲ့အစည်းကိုပိုမိုတည်ငြိမ်အေးချမ်းစေသည်ဟုပါတီကနားလည်လက်ခံထားသည်။အိမ်ထောင်သည် တိုးပွား လာခြင်းကြောင့် စားသုံးမှုကို တိုးတက်လာစေပြီး၊ အိမ်ရာအရောင်းအဝယ်လုပ်ငန်း ပိုမိုဖွံ့ဖြိုးစေနိုင် သည်ဟု တွက်ဆထားသည်။ထူးချွန်ထက်မြက်သောအမျိုးသမီးများကအရည်အချင်း ပိုကောင်းမည့်သားသမီးများကို မွေး ထုတ်ပေးနိုင်လိမ့်မည် ဟုလည်း ယုံကြည်ထားသည်။
အပျိုကြီးဦးရေ များပြားလာသည့်ပြဿနာကိုဖြေရှင်းရန်အိမ်ရာရောင်းဝယ်ရေးကုမ္ပဏီများ၊ ဖူးစာဖက် ရှာဖွေရေး အင်တာနက်ဝက်ဘ်ဆိုက်များနှင့်ပူးပေါင်းဆောင်ရွက်ရန်ပါတီကဆက်သွယ်သည်။လက်ထပ်ထိမ်းမြားခြင်းနှင့်အိုးအိမ် ပိုင်ဆိုင်မှုအပေါ်အစိုးရကစစ်တမ်းကောက်လေ့လာရာတွင်အောင်သွယ်လုပ်ငန်းအေဂျင်စီများကတာဝန်ယူ ဆောင် ရွက်ပေးလေ့ရှိသည်။ အပယ်ခံအထီး ကျန် ဖြစ်ရခြင်းသည် အမျိုးသမီးများ ကြုံရနိုင်သော အဆိုးဝါးဆုံးကိစ္စဖြစ် သည် ဟူသော ထင်မြင်ယုံကြည်မှုလွှမ်းမိုးလာစေရန်လည်းစဉ်ဆက်မပြတ်လှုံ့ဆော်သည်။ ထို့ပြင် အမျိုးသားတစ်ဦးအနြေ ဖင့်အိမ်ထောင်မပြုမီနေစရာအိမ်ခန်းတစ်ခန်းတော့ပိုင်ဆိုင်ထားရမည်ဟူသောအဆိုစကားကိုယုံကြည်သက်ဝင်အောင် လ ည်း  သွေးထိုး ပေးသေးသည်။
အပယ်ခံအပျိုကြီးဘ၀ အဖြစ်ဆိုးလှကြောင်းဝါဒဖြန့်လှုံ့ဆော်မှုများကိုအလေးအနက်ယုံကြည် မိခဲ့ကြသူအမျိုးသမီး အများအပြားမှာ မသင့်လျော်သူများနှင့်အလျင်စလိုလက်ထပ်မိကြပြီး၊ မပျော်မွေ့ နိုင်သော အိမ်ထောင်သည်ဘ၀ ကို ရောက်ကုန်ကြသည်။ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုစာချုပ်စာတမ်းများတွင် မိမိ၏အမည်နာမကို မထည့်သွင်းရန် သဘော တူကြောင်းကြိုတင်ဝန်ခံချက်ဖြင့်ထိမ်းမြားလက်ထပ်ရသည့်အခြေအနေသို့ရောက်ကုန်သည်။ယခုတော့ထိုအခြေ အနေ မှ လွတ်မြောက်နိုင်ရန် အမျိုးသမီးများက ပြန်လည်ခုခံ တိုက်ခိုက်လာကြသည်။ တစ်ကိုယ်တည်းဘ၀ မှာပင် အပျိုကြီးအဖြစ်မွေ့လျော်သွားမည့်သန္နိဋ္ဌာန်ကိုအပယ်ခံဟူသောစကားနှင့်အသံတူသော်လည်းအနိုင်ယူခြင်းဟု အဓိပ္ပါယ် ထွက်သည့် တရုတ်ဝေါဟာရဖြင့် ခုခံ ကာကွယ်နေကြပြီဟု ဆိုပါသည်။