Main menu

Background

တရုတ်နိုင်ငံက နှစ်စဉ်ကလေးနှစ်သန်းထပ်တိုးဖို့ရည်မှန်း

Thu, 06/05/2014 - 04:08 -- ydnar

 
တရုတ်နိုင်ငံက နှစ်စဉ်ကလေးဦးရေနှစ်သန်းတိုးတက်ဖို့ရည်မှန်းချက်ချထားကြောင်း မေ ၂၉ ရက်နေ့ကကျန်းမာရေး ဝန်ကြီး ဌာနက ပြောပါတယ်။ အ ခုအခြေအနေကိုကြည့်ပါက နိုင်ငံရဲ့ ဖွားမြင်နှုန်း ၁၁ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုးမြင့် တက်ရမဲ့သဘောဖြစ်ကြောင်း Timesfindia indiatimes ဝက်ဘ် ဆိုက်သတင်းမှာ ဖော်ပြထားပါတယ်။

 
အခုရည်မှန်းချက် မိသားတစ်စုကလေးတစ်ယောက်မူဝါဒကိုပြောင်းပြန်လှန်လိုက်တာဖြစ်ပြီး အသက် အရွယ်ကြီးပြင်း တဲ့လူ့အဖွဲ့အစည်း ဖြစ် ပြင်းပြင်းထန်ထန် ကူးပြောင်းလာ တာကိုတိုက်ဖျက်ပြီး ဇနီးမောင်နှံတွေကို ဒုတိယ ကလေးယူဖို့ တိုက်တွန်းထားပါတယ်။တရုတ်နိုင်ငံကပြင်းထန်တဲ့လူဦးရေထိန်းချုပ်ရေးမူဝါဒကိုနှစ်သုံးဆယ်ကျင့်သုံးခဲ့ရာမှအသက်အရွယ် ကြီးရင့် သူဦးရေထက် အသက်ငယ်သူဦးရေပိုမို ကျဆင်းလာပါတယ်။ တရုတ်နိုင်ငံကအိန္ဒိယနိုင်ငံလို နုပျိုတဲ့နိုင်ငံတစ်ခုနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင် တွေက ခန့်မှန်းပါတယ်။
''ကလေးမွေးစားမှုကို မြှင့်တင်ဖို့ ချမှတ်ထားတဲ့နည်းလမ်းတွေအနက် တစ်ခုကမိခင်စောင့်ရှောက်ရေး ဆေး ခန်းကုတင်တွေ နည်းပါးမှုနဲ့ ဆက်သွယ် နေပါတယ်''လို့ အမျိုးသားကျန်းမာရေးနဲ့မိသားစုစီမံကိန်းကော်မရှင် ဒုတိယ ဝန်ကြီး ဝမ်ဂူကျင်းက ပြောပါတယ်။
လူဦးရေကြီးထွားမှုကိုထိန်းချုပ်ဖို့နဲ့ ရေနဲ့တခြားအရင်းအမြစ်တွေလိုအပ်ချက်မြင့်မားတာကို ဖြေရှင်းဖို့ အတွက်မွေးဖွားမှုကန့်သတ်တဲ့စီမံကိန်းတွေကို တရုတ်နိုင်ငံမှာ၁၉၈၀ ပြည့်နှစ်မှစပြီး ဆောင်ရွက်ခဲ့ပါတယ်။ကလေး တစ်ဦးထက်ပိုယူရင် မြို့ပြနေဇနီးမောင်နှံတွေ ကပြင်းထန်တဲ့ဒဏ်ကြေးငွေတွေကို ပေး ဆောင်ရပါတယ်။ တရားမဝင်ဘူး လို့ ပြဋ္ဌာန်းထားတဲ့တိုင်အောင် အမျိုးသမီး တွေကို ကလေးဖျက်ချဖို့ သို့မဟုတ် သန္ဓေတားဖို့ အတင်းအကျပ်ဆောင် ရွက်တတ်ပါတယ်။