Main menu

Background

သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကမ်းရိုးတန်း စောင့်ရှောက်ရေး လုပ်ငန်းများတွင် နိုင်ငံရပ်ခြားစစ်တပ်များအပေါ် ဂျပန်နိုင်ငံမှအကူအညီပေးရန်ပြင်ဆင်မည်

Thu, 06/05/2014 - 04:15 -- ydnar

 
ဂျပန်နိုင်ငံအစိုးရအနေဖြင့် တရား ဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) ဆိုင်ရာ ပဋိညာဉ်စာချုပ်ကို နိုင်ငံရပ်ခြားစစ်တပ် များသို့ အကူအညီပေးသွားနိုင်ရန် ပြင်ဆင်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါ သည်။ တိုက်ခိုက်ရေးဆိုင်ရာလုပ်ငန်း များတွင် မဟုတ်ဘဲ သဘာဝဘေး  အန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကမ်းရိုးတန်းစောင့်ရှောက်ရေး လုပ်ငန်း များဆောင်ရွက်ခြင်းလုပ်ငန်းများတွင် ကူညီသွားမည်ဖြစ်ကြောင်းလည်းသတင်း အရင်းအမြစ်များမှ သိရှိရသည်။ ''ယခင်ကတော့ ကျွန်တော်တို့ဂျပန် နိုင်ငံအနေနဲ့ ဘယ်နိုင်ငံခြားစစ်တပ်ကို မှဘယ်လိုတရားဝင် ဖွံ့ဖြိုးမှုအကူ အညီမျိုး ကိုမှ မပေးဖူးဘူး''ဟူ၍လည်း အစိုးရ အရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။

 
အိုဒီအေပဋိညာဉ်စာချုပ်အနေ ဖြင့်နိုင်ငံခြားစစ်တပ်များအားတရားဝင် ဖွံ့ဖြိုးမှုအကူအညီအသုံးပြု၍ ကူညီရေးကိုတားမြစ်ပိတ်ပင်ထားပြီး နိုင်ငံတကာအငြင်းပွားမှုကို ဖြစ်ပေါ်စေမည့်ကိစ္စများတွင် လွဲမှားစွာ အသုံးမပြုနိုင် ရန် ကာကွယ်ထားခြင်းလည်းဖြစ်ပါသည်။ယခုပြုလုပ်မည့်(ODA) ပြန်လည်သုံးသပ်ခြင်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ကဝန်ကြီးချုပ်ရှင်ဇိုအာဘေးဦးဆောင်သည့် အစိုးရအဖွဲ့မှချမှတ်ခဲ့သည့် နိုင်ငံတော်လုံခြုံရေးမဟာဗျူဟာအရ ဂျပန်နိုင်ငံ ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီကို မဟာဗျူဟာကျကျအသုံးချသွားရေးတို့ပါဝင်နိုင် ကြောင်းလည်း အဆိုပါအရာရှိ မှပြော ကြားခဲ့သည်။
ဂျပန်နိုင်ငံ၏ အိုဒီအေပဋိညာဉ်စာ ချုပ်ကို ၁၉၉၂ ခုနှစ်တွင်ချမှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ပြင်ဆင်မှုပြုလုပ်ခဲ့ သည်။ ယခုပြုလုပ်မည့် ပြင်ဆင်မှုတွင် စစ်တပ်မှဦးဆောင်သည့် သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ တွင် ပါဝင်ပတ်သက်သူများအားသင်တန်းအကူအညီပေးခြင်း၊ပင်လယ်ရေကြောင်းများတွင် ကမ်းရိုးတန်းစောင့် ရှောက်ရေး လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်စောင့်ကြပ်ရေးသင်္ဘောများထောက်ပံ့ပေးရေးတို့အတွက်ခွင့်ပြုပေး သွားနိုင်မည်ဖြစ်ကြောင်း လည်း သိရှိရသည်။
ဂျပန်အစိုးရအနေဖြင့်အဆိုပါပဋိ ညာဉ်ကို ယခုနှစ်နှစ်ကုန်ပိုင်းတွင် ပြင် ဆင်ရေးဆွဲသွားနိုင်ရန် ရည်ရွယ် ထား ကြောင်းနှင့် နှစ်စဉ်ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ထောက်ပံ့ပေးအပ်နေသည့် ဂျပန်နိုင်ငံ ၏အိုဒီအေမှာ အမေရိကန်ေ ဒါ်လာ ၁၀ ဘီလီယံ(ဂျပန်ယန်းအားဖြင့် ၁ ဒသမ ၀၂ ထရီလီယံခန့်)ကျော်ရှိရာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မဟာဗျူဟာ ကျကူညီမှုဖြစ်စေရန်နှင့် ပြောင်းလဲနေသည့်ကမ္ဘာ့အခြေအနေအရပ်ရပ်နှင့်ကိုက်ညီစေရန်ဆောင်ရွက်သွား မည် ဖြစ်ေ ကြာင်း လည်း သိရှိရသည်။ ဂျပန်နိုင်ငံ၏ မိမိကိုယ်မိမိကာကွယ်ရေးတပ်နှင့် အမေရိကန်နှင့် အ ခြားသောပြည်ပစစ်တပ်အင်အားစုများ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပြီးခဲ့သည့်နှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံအား တိုက်ခတ်ခဲ့သည့် တိုင်ဖုန်းမုန်တိုင်းကယ် ဆယ်ရေးကာလအတွေ့အကြုံများကို ကိုးကားလျက် ဂျပန်နိုင်ငံအနေဖြင့် တိုက်ခိုက်မှုမဟုတ်သည့် လုပ်ငန်းများ တွင် စစ်တပ်အင်အား၏ အခန်းကဏ္ဍ တိုးချဲ့ရေးကို အသိအမှတ်ပြုလျက်ရှိ ကြောင်းလည်း တွေ့ရသည်။ ဂျပန်အစိုးရအနေဖြင့် နိုင်ငံရပ်ခြား စစ်တပ်များသို့ အိုဒီအေအထောက်အပံ့ ပေးရန် ဆုံးဖြတ်ပါကလည်း ထောက်ပံ့ မှုအကြောင်းအရာပေါ်မူတည်၍ အိုဒီ အေထောက်ပံ့ရေးမူအနေဖြင့် ပြုပြင် ပြောင်းလဲနိုင်ရန်လိုအပ်ကြောင်းလည်း အစိုးရသတင်းအရင်းအမြစ်မှ ပြောကြား  ခဲ့ကြောင်း သိရှိရသည်။
ဤအပြောင်းအလဲမှာ အိုဒီအေ အနေဖြင့် စစ်ဘက်ဆိုင်ရာ ရည်ရွယ် ချက်များသို့ ပြောင်းလဲသွားနိုင် မည့်အ ခြေအနေရှိမရှိကို ပူပန်မကင်းဖြစ်စေနိုင်သည်။ဤအချက်များကို ခြုံမိစေရန်အတွက် အစိုးရအနေဖြင့် အိုဒီအေ လက်ခံမည့်နိုင်ငံများအနေဖြင့် တိုက် ခိုက်ရေးလုပ်ငန်းများတွင်အသုံးချမသွား စေရန် မည်ကဲ့သို့သော စီမံကိန်းများချ မှတ်သွားရမည်ကို လေ့လာဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ယခင်က ဂျပန်နိုင်ငံ၏ အိုဒီအေများ အနေဖြင့် နိုင်ငံတကာအငြင်းပွားဖွယ်များ မဖြစ်စေရန်အတွက် နိုင်ငံရပ်ခြားစစ် တပ်များသို့ ကူညီပေးရန် တင်းကျပ်စွာ တားမြစ်ခဲ့သည်။အစဉ်အလာအားဖြင့် ဂျပန်နိုင်ငံ၏ အိုဒီအေများသည် လက်ခံ သည့်နိုင်ငံများ၏ အခြေခံ အဆောက် အဦတည်ဆောက်ရေးနှင့် ဆင်းရဲနွမ်း ပါးမှုလျော့ချရေးလုပ်ငန်းများတွင် အဓိ ကအားဖြင့် ကူညီပေးလျက်ရှိကြောင်း လည်း လေ့လာသိရှိရသည်။