Main menu

Background

အိန္ဒိယအစိုးရသစ်နဲ့အိန္ဒိယစီးပွားရေးမျှော်မှန်းချက်များ

Thu, 06/05/2014 - 07:25 -- ydnar

အိန္ဒိယနိုင်ငံရဲ့အထွေထွေရွေး ကောက်ပွဲနောက်ဆုံးရလဒ်ကို မေ ၁၇ ရက်က ထုတ်ပြန်ခဲ့ရာ ဘာရာတီယာ ဂျနာတာပါတီက အောက်လွှတ်တော် ရှိကိုယ်စားလှယ်နေရာ၅၄၅နေရာအနက် ၂၈၂ နေရာ  အနိုင်ရခဲ့ပါတယ် ။ဒါ ကြောင့်မဟာမိတ်ပါတီများရဲ့အထောက် အပံ့ မလိုဘဲအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင် မည့်အနေအထားရှိနေပါတယ်။ စီးပွား ရေးကိုအလေးပေးတဲ့ ဂျာနာတာပါတီ အပြတ်အသတ်အနိုင်ရခဲ့သည့်အတွက် ကူးသန်းရောင်းဝယ်ရေးကို တဟုန်ထိုး မြှင့်တင်ပေးနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည် မှုများမြင့်မားလျက်ရှိပါတယ်။ကွန်ဂရက် ပါတီ ဦးဆောင်တဲ့ အစိုးရလက်အောက် မှာ စီးပွားရေး တုံ့ဆိုင်းမှုများအပေါ် မကျေနပ်မှုများကို အခွင့်ကောင်းယူ ရင်း အလုပ်အကိုင်နဲ့ ဖွံ့ဖြိုးမှုတွေကို ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိကဝတ် နဲ့ ဂျာနာတာပါတီ အောင်ပွဲခံလာခြင်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု နှုန်းက ဆယ်စုနှစ် တစ်နှစ်အတွင်း တိုး တက်မှုအနှေးကွေးဆုံးအခြေအနေမျိုး ကို ရောက်ရှိခဲ့ပါတယ်။ စီးပွားရေးတိုး တက်မှုနှုန်းကို နှစ်အလိုက်နှိုင်းယှဉ်ပါက ၂၀၁၁ ခုနှစ်တွင်း ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ် ပထမသုံးလပတ်တွင် ၅ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပါတယ်။ ကုန် ထုတ်လုပ်မှုနဲ့ အခြေခံအဆောက် အအုံ တွေမှာ ကျပ်တည်းမှုတွေ ရှိနေတဲ့အ တွက် ကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှုစွမ်း အားကို အဟန့်အတားဖြစ်စေပြီး စီးပွား ရေး နှေးကွေး ကျဆင်းချိန်မှာပင် ငွေ ကြေးဖောင်းပွမှုနှုန်းက မြင့်မားနေဆဲဖြစ် ပါတယ်။ အလုပ်အကိုင် ဖန်တီး မှုကလည်းလူဦးရေတိုးတက်နှုန်းကို အမှီမ လိုက်နိုင်ဘဲရှိနေတဲ့အတွက် နှစ်စဉ်အ လုပ် လုပ်နိုင်တဲ့အရွယ် ၁၀ သန်း လောက် တိုးပွားနေတဲ့ နိုင်ငံတစ်ခုမှာ အဓိက ပြဿနာတစ်ခုဖြစ်လာပါတယ်။ မျှော်လင့်ချက်များ ဖြစ်ပေါ်လာသော ပြောင်းလဲမှု များနှင့်အတူ ရောက်ရှိလာသော အစိုးရသစ် အပေါ်တွင် မျှော်လင့်ချက်များ ထား ရှိကြတာက သဘာဝပဲဖြစ်ပါ တယ်။ အစိုးရသစ်ထံမှ မျှော်လင့်ချက်စာ ရင်းတွင် ထိပ်ဆုံးမှ နေရာယူထားသည် မှာ ပြည်နယ်အခွန်အတုတ်တွေ သပွတ်အူလိုရှုပ်ထွေးနေတာကိုရှင်းလင်းပြီးရှင်းလင်းလွယ်ကူတဲ့တစ်ခုတည်းသော ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု အခွန် ထားရှိ ရေးဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ အတွက်ပြည်နယ်တွေဟာကိုယ့်ဘဏ္ဍာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ကို စွန့်လွှတ်ဖို့ လို အပ်တဲ့အတွက်ယခင်အစိုးရလက်ထက် မှာဒီအစီအစဉ်ကနှောင့်နှေးခဲ့ရပါတယ်။ အလုပ်ခန့်ထားမှုနဲ့ အလုပ်ထုတ် ပယ်မှုကို လွယ်ကူသက်သာစေဖို့အ တွက်အိန္ဒိယနိုင်ငံရဲ့အလုပ်သမားဥပဒေ ကိုပြင်ဆင်ရေးကလည်း စီးပွားရေး လုပ် ငန်းတွေရဲ့ မြင့်မားတဲ့ လိုအင်ဆန္ဒတွေ ဖြစ်ပါတယ်။ ဘာရာတီယာ ဂျနာတာ ပါတီနဲ့ နရိန္ဒရာမိုဒီတို့ဟာ ဝန်ကြီးအဖွဲ့ ဖွဲ့စည်း ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေချိန်မှာ  ရင်းနှီးမြှုပ်နှံသူတွေကသူတို့အတွက် အဓိကကျတဲ့ အိန္ဒိယစီးပွားရေးကို ကိုင် တွယ်သွားမဲ့ ဘဏ္ဍာရေးဝန်ကြီးဘယ် သူဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားနေကြ ပါတယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌ အပြောင်းအ လဲဖြစ်မဖြစ်ကလည်း စဉ်းစား စရာတစ် ခုဖြစ်နေပါတယ်။မိုဒီစီးပွားရေးပေါ်လစီသဲလွန်စများ ပါတီနဲ့စီးပွားရေးပညာရှင်တွေနဲ့နီးစပ်သူတွေပြောစကားအရဘဏ္ဍာ ရေးဝန်ကြီးရာထူး အတွက် ရှေ့ဆုံး က ပြေးနေသူက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တွေရဲ့ ယုံကြည်မှုကိုဆက်လက်ထိန်း သိမ်းနိုင်စွမ်းရှိရမဲ့သူဖြစ်တဲ့ မစ္စတာ အရန် ဂျိတ်တလေဖြစ်ပါတယ်။သူကအိန္ဒိယရှိ BJP  ပါတီရဲ့ အဆင့်မြင့်ခေါင်းဆောင် တစ်ဦးလည်းဖြစ်ပါတယ်။ သူက ၁၉၉၈ ခု ကနေ ၂၀၀၄ ခုနှစ်အထိBJP ပါတီ ဦး ဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် အစိုးရ အဖွဲ့မှာကူးသန်းရောင်းဝယ်ရေးနဲ့စက်မှုလုပ်ငန်းဝန်ကြီးနဲ့ဥပဒေနဲ့တရားရေးဝန်ကြီးအဖြစ်ပူးတွဲထမ်း ဆောင်သူဖြစ်ပါ တယ်။ နောက်ထပ်နာမည်ပြေးနေသူမှာ အရန်ရှူးရီဖြစ်တယ်။ BJP  ပါတီမှ ဝါ ရင့်နိုင်ငံရေးသမားဟောင်းတစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အစိုးရအဖွဲ့မှာဆက်သွယ်ရေးနဲ့သတင်းအချက်အလက်နည်းပညာဝန်ကြီး ဟောင်း တစ်ဦးဖြစ်တယ်။သူကလည်း ကမ္ဘာ့ဘဏ်မှာ စီးပွားရေးပညာရှင် အ ဖြစ်တာဝန်ထမ်းဆောင်ဖူးသူဖြစ်တယ်။ ထို့အတICIC Bank  ဥက္ကဋ္ဌကေဗွီကာ မက်HDFC Bank  ဥက္ကဋ္ဌ ဒီးပက်ပါ ရက်တို့လည်း ခန့်မှန်းတဲ့အထဲမှာပါဝင် ပါတယ်။ သူတို့က ပါတီပြင်ပမှ ပုဂ္ဂိုလ် များဖြစ်တယ်။
 
အစိုးရရဲ့ စီးပွားရေးလမ်းပြမြေပုံ ဖြစ်တဲ့ ပထမဆုံးဘတ်ဂျက်ကို ဇူလိုင်မှာ တင်ပြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ လတ်တလောအရေးယူဆောင်ရွက်လိမ့်မယ်လို့ဈေးကွက်ထဲကမျှော်မှန်းထားတာတွေကရပ်ဆိုင်းထားတဲ့မော်တော် ကားလမ်းစီမံကိန်းတွေ ဖြစ်ပါတယ်။ ဒီ စီမံကိန်းတွေက အလုပ်အကိုင်နဲ့ ဝင်ငွေ ကိုဖန်တီးပေးနိုင်မဲ့ အရာတွေဖြစ်ေ ကြာင်း မွန်ဘိုင်းအခြေစိုက် အကျိုးဆောင်လုပ် ငန်းဖြစ်တဲ့ ဏPrabhvdas Lilladher ရဲ့ ပူးတွဲအုပ်ချုပ်မှုဒါရိုက်တာ ဒီလစ်ဘတ်ကပြောပါတယ်။ ပြည်သူ့ကဏ္ဍရဲ့ လုပ် ငန်းရပ်တွေဟာ သူတို့ကိုယ်ပိုင် လမ်း ကြောင်း အတိုင်း ဆောင် ရွက်နိုင်ဖို့ လွတ် လပ်ခွင့်ပိုပေးပြီးရပ်ဆိုင်းထားတဲ့အခြေခံ အဆောက်အအုံ စီမံကိန်းတွေ ဆောင် ရွက်ဖို့ အစီအမံတွေ ကို ကြေညာလိမ့် မယ်လို့ သူကပြောပါတယ်။ အစိုးရသစ်ရဲ့ ဘတ်ဂျက်က ကွန် ဂရက်အစိုးရရဲ့ ဘတ်ဂျက်နဲ့ တမူကွဲပြား လိမ့်မယ်။ ယခု ဘတ်ဂျက် မှာတော့ စားသုံးမှုထက် ရင်းနှီးမြှုပ်နှံမှုကို အား ပေးလိမ့်မယ်လို့ လေ့လာဆန်းစစ်သူတို့ကခန့်မှန်းပါတယ်။ မျှော်လင့် တကြီး စောင့်စားနေတဲ့ အခွန်အကောက် ဖွဲ့ စည်းပုံကို တိုးတက်ကောင်း မွန်အောင် ပြင်ဆင်ပေး တဲ့ ကြေညာ ချက်ထုတ်ပြန် လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ''မစ္စတာမိုဒီက စီးပွားရေးမှာ ဝယ် လိုအားကိုတွန်းအားပေးလှုံ့ဆော်တဲ့ မူ ဘောင်ကို ဆောင်ရွက်ဖို့လိုပါတယ်။ တစ်ချိန်တည်းမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ မှုကိုတိုးမြှင့်ပေးရပါမယ်။ အခွန် အ ကောက်ပြင်ဆင်ဖို့ ကုန်စည်နဲ့ ဝန်ဆောင် မှုခွန်အကောင်အထည်ဖော်မှုနဲ့ တိုက် ရိုက်အခွန်စည်းမျဉ်းအတွက် အချိန် ဇယား စတာတွေနဲ့ ပတ်သက်တဲ့သူ့ သဘောထားကိုဈေးကွက်တွေကစောင့် မျှော်နေပါတယ်''လို့ နီမာဘန်းစစ်ကျူရီတီမှအမှုဆောင်အရာရှိချုပ် ရာဟူးအဂို ရာကပြောပါတယ်။ မိုဒီနဲ့သူ့ပါတီအောက်လွှတ်တော် မှာအပြတ်အသတ်အနိုင်ရတုန်းက မြင့် တက်ခဲ့တဲ့ အိန္ဒိယစတော့ဈေးကွက်တွေ မှာ လောလောဆယ်မြင့်တက်နေတာ တွေက ဘတ်ဂျက်ထုတ်ပြန်တဲ့ အချိန် ထိဆက်လက်မြင့်တက်နေဦးမှာဖြစ်ပြီး ဘတ်ဂျက်ထုတ်ပြန်တဲ့အခါ ရင်းနှီးမြှုပ် နှံသူတွေရဲ့ မှန်းချက်နဲ့ နှမ်းထွက်ကိုက် ရင်ဆက်တက်နေမဲ့ အလားအလာရှိပါ တယ်။ ဈေးကွက်ကို လှုပ်ခတ်စေမဲ့နောက်  တစ်ချက်က အိန္ဒိယဗဟိုဘဏ်ရဲ့ ခေါင်း ဆောင်မှု အနေအထား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာတုန်းက အိန္ဒိယဗဟိုဘဏ်ရဲ့ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ မစ္စတာရာဟူရမ်ရာဂျန် က ငွေ ကြေး တည်ငြိမ်အောင် ဆောင်ရွက်တာ၊ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်တာနဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာရေး လိုငွေပြမှုကို တိုးတက် ကောင်းမွန်အောင် ဆောင် ရွက်နိုင်တာတွေကြောင့်အမှတ်ကောင်း ရထားသူဖြစ်ပါတယ်။ ဒါပေမဲ့ သူရာထူးလက်ခံပြီးတဲ့ အ ချိန်ကစပြီး ဗဟိုဘဏ်က တခြားဘက် ကိုထုတ်ချေးတဲ့ ဗဟိုဘဏ်အတိုးနှုန်း (Rapo Rate) ကို မြှင့်တင်တာသုံးခါရှိ နေပါပြီ။ အိန္ဒိယနိုင်ငံကို ဒုက္ခပေးနေတဲ့ ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ဖို့အ တွက် ဆောင်ရွက်ခဲ့တာ သုည ဒသမ ၇၅ ရာခိုင်နှုန်းထပ်မံမြင့်တက်ပြီး အတိုး နှုန်းက ၈ ရာခိုင်နှုန်းထိ ရောက်ရှိနေပါ တယ်။ ပါတီနဲ့ မစ္စတာရာဂျန်တို့အကြား သဘောထားကွဲလွဲမှုမရှိဘူးလို့ ပြောပေ မဲ့BJP အစိုးရက မစ္စတာရာဂျန်ကို ရာထူးက ဖယ်ရှားလိမ့်မယ်လို့ တော် တော်များများက ထင်နေကြပါတယ်။ မစ္စတာဂျိတ်လေးက အတိုးနှုန်းမြင့်တက် တာတွေကို ဝေဖန်ခဲ့ပေမဲ့ မစ္စတာရာဂျန် ဖယ်ရှားရေးကိစ္စအတွက် နှုတ်ဆိတ်နေ ခဲ့ပါတယ်။ အစဉ်အလာအားဖြင့် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးရာထူးကို အစိုးရတွေက လွတ်လွတ်လပ်လပ် ကိုင်တွယ်ဖြေရှင်း တတ်ပါတယ်။ အစိုးရက မစ္စတာရာ ဂျန်ကို အဆောတလျှင်ထုတ်ပယ်ဦးမှာ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေ ကခန့်မှန်းပါတယ်။အတိတ်ကအောင်မြင်မှုများ အိန္ဒိယအနောက်ပိုင်းပြည်နယ် တစ်ခုဖြစ်တဲ့ဂူဂျာရတ်ပြည်နယ်မှာ ပြည် နယ်ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်စဉ် က ကုမ္ပဏီများဝင်ရောက်ရလွယ်ကူ အောင်ဆွဲဆောင်ပြီးမစ္စတာမိုဒီက အောင်မြင်မှုမှတ်တိုင်ကိုစိုက်ထူနိုင်ခဲ့ သူ ဖြစ်ပါတယ်။ ဒါပေမဲ့အမျိုးသားအဆင့် မှာတော့ မူဝါဒပြောင်းလဲမှုတွေက ကြီး မားမှာဖြစ်ပါတယ်။ ပိုမိုအငြင်း ပွား စရာ ဖြစ်ပြီးရဲရင့်တဲ့ ဦးဆောင်မှုပြုဖို့လိုပါ တယ်။ အဖွဲ့အစည်းဆိုင်ရာ အထိန်းအ ကွပ်တွေက မစ္စတာမိုဒီရဲ့ လုပ်ငန်း ကို ရှုပ်ထွေး ခက်ခဲစေနိုင်ပါတယ်။
BJP ပါတီကအထက်လွှတ်တော်မှာလူအများစုရရှိထားခြင်းမရှိပါဘူး။ဒီလို မရှိသေးတဲ့အတွက် အဆင် သင့်ဖြစ်နေပြီးအကောင်အထည်ဖော်နိုင် ခြင်းမရှိသေးတဲ့ စက်မှုလုပ်ငန်းစီမံကိန်း တွေလို ဝန်ကြီးအဖွဲ့ အဆင့် ကဆောင်ရွက်နိုင်တဲ့လုပ်ငန်းတွေကိုအစိုးရသစ်ကလျင်မြန်စွာအရေးယူဆောင်ရွက်နိုင်ပေမဲ့ကျယ်ကျယ်ပြန့်ပြန့်ညီညွှတ် မှုတွေ ရှိဖို့အတွက် ဥပဒေရေးရာပြောင်းလဲမှု တွေလိုဦးမှာဖြစ်ပါတယ်။ပထမခြေလှမ်း ရွေးကောက်ပွဲအစပိုင်းက တစ်ဦး ချင်းရဲ့ ကတိကဝတ်အဖြစ် သူဝန်ကြီး ချုပ်ဖြစ်လာရင် မစ္စတာမိုဒီက ကတိက ဝတ်သုံးချက် ထားခဲ့ပါတယ်။ ''ပါတီက ကျွန်တော်ကိုတာဝန် အပ်နှင်းထားပါတယ်။ ပုဂ္ဂလိက တစ်ဦး ချင်းအရ ကျွန်တော်ကတိသုံးချက်ပေး ချင်ပါတယ်။ ကျွန်တော်အမြဲတမ်း ကြိုး ကြိုးစားစားဆောင်ရွက်ပါမယ်။ ကျွန် တော်ကိုယ်ကျိုးအတွက်ဘာမှ မလုပ်ပါ ဘူး။ မကောင်းတဲ့ရည်မှန်းချက်ကို ဘယ်အတွက်မှ မထားပါဘူး''လို့ ပြောခဲ့ ပါတယ်။ မစ္စတာ မိုဒီ စတင် တာဝန်ထမ်း ဆောင်ချိန်မှာ ပထမဆုံးလှုပ်ရှားမှုအ ဖြစ် ငွေမည်း ဖော်ထုတ်ရေးအတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(SIT)ကို မေ ၂၆ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။ ဒီ အဖွဲ့အစည်းကို တရားရုံးချုပ် တရားသူကြီးဟောင်း အမ်ဘီရှားက ဦးဆောင်မှာဖြစ်ပြီး အခွန်ဌာနအတွင်း ဝန်၊ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ထောက်လှမ်းဌာနညွှန်ကြားရေးမှူးများ၊ တရားဥပဒေစိုးမိုးရေးဦးစီးဌာနအရာရှိ များ၊ တိုက်ရိုက်ခွန်ဗဟိုဘုတ်အဖွဲ့ဥက္ကဋ္ဌ နဲ့ အိန္ဒိယဗဟိုဘဏ်ဒုတိယ အုပ်ချုပ် ရေးမှူးတို့ ပါဝင်ပါတယ်။ တရားရုံးချုပ် တရားသူကြီး ဟောင်း အရီလှစ်ပရာယက်က အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မှာ ဖြစ် ပါတယ်။ ငွေမည်းကိစ္စအားလုံး ကြီးကြပ် နိုင်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲစည်းရေးကို ရက်သတ္တပတ်အ တွင်း ဆောင်ရွက်ရန် တရားရုံးချုပ်က အစိုးရကို တာဝန်ခံခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နယ်မြေပိုင်နက် ကျယ်ဝန်းတာနဲ့အမျှ အစိုးရရဲ့ ဆောင် ရွက်ဖွယ်ရာများဟာလည်း များပြားလှ ပါတယ်။ အဓိကကျတဲ့အကျိုးသက် ရောက် မှုတွေ ပေါ်ထွက်လာနိုင်ဖို့ အတွက် နှစ်အနည်းငယ်ခန့် အချိန်ယူရလိမ့်မယ် လို့ Crisilူ  ကြွေးမြီအဆင့်သတ်မှတ် ရေးအေဂျင်စီက စီးပွားရေးပညာရှင် ဗီ ဒီယာမဟမ်ဘဲကပြောပါတယ်။ အောင် ပွဲခံနိုင်ဖို့အတွက် မစ္စတာမိုဒီက အလုပ် တွေအများကြီး လုပ်ရဦးမှာ ဖြစ်ပါ တယ်။ အစိုးရသစ်က ထူးထူးခြားခြား မလုပ်သေးဘဲ စီးပွားရေးဖွံ့ဖြိုးမှုက ၆ ရာခိုင်နှုန်းအထိ ရောက်တဲ့တိုင်အောင် ဒီ ၆ ရာခိုင်နှုန်းကလိုအပ်တဲ့အလုပ်အကိုင်ကိုဖန်တီးနိုင်ဦးမှာ မဟုတ်ပါဘူး။ ဝန်ကြီးချုပ်သစ်အတွက် အသက်ရှုချိန် တောင် ရမှာမဟုတ်ပါဘူးလို့ သူက ပြော ပါတယ်။