Main menu

Background

အမျိုးသားပို့ကုန်မဟာဗျူဟာနှင့်ကယားပြည်နယ်

Mon, 06/09/2014 - 08:37 -- ydnar

မိသားစုတစ်ခုမှာ ဘဝရပ်တည်ရေး၊ စားရေး၊ ဝတ်ရေး၊ နေရေး၊ လူတန်းစေ့နေထိုင်နိုင်ရေး၊ အနာဂတ်မှာ မပူမပင်၊ မတောင့် မတ၊ မကြောင့်မကြနေနိုင်ရေး၊ သားသမီးတွေရဲ့ လူမှု ရေး၊ ပညာရေး၊ မိသားစုကျန်းမာရေးများ အဆင်ပြေစေရေး အတွက် မိခင်နဲ့ဖခင်သာမက အရွယ်ရောက်သားသမီးများပါ အလုပ်လုပ်ကြရပါတယ်။ အလုပ်လုပ်တယ်ဆိုတဲ့နေရာမှာလည်း အသိ ပညာတတ်ထားတဲ့ အုပ်စုက ဉာဏ်အားနဲ့လုပ် ကြပြီး ကျန်းမာသန်စွမ်းတဲ့ အရွယ်ကောင်းတွေ ကတော့ ကာယအားနဲ့ အသက်မွေးကြပါတယ်။ ဒီလိုနဲ့ပဲ စိုက်ပျိုးမွေးမြူရေး၊ စက်ရုံအလုပ်ရုံ ကုန် ထုတ် လုပ်ငန်းတွေနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ကျောင်းဆရာ၊ ဆရာမ၊ ဂီတ၊ဆံပင်ညှပ်၊ယာဉ်မောင်းစတာတွေနဲ့ အသက် မွေး  ဝမ်းကျောင်း ကြရပါတယ်။

နိုင်ငံတစ်နိုင်ငံမှာလည်းဒီလိုပါပဲ။ ကိုယ့်မှာရှိ တဲ့ သဘာ၀ အရင်းအမြစ်တွေကို ထိုင်ပြီးထုခွဲ ရောင်းချ စားသောက်နေရုံ နဲ့ နိုင်ငံကဖွံ့ဖြိုး တိုး တက်လာမှာ မဟုတ်ပါဘူး။ ကိုယ့်သားသမီး တွေလိုဖြစ်နေတဲ့ နိုင်ငံသူနိုင်ငံသားတွေ ခေတ်နဲ့ အညီ ရင်ဘောင်တန်းနိုင်အောင် ဘယ်လိုပုံစံ၊ ဘယ် လိုနည်းနဲ့ ရှာကြံကျွေးမွေးရပါ့မလဲလို့ မိဘသဖွယ် စဉ်းစားနေကြရ ပါတယ်။ ဈေးကွက်ကောင်းတဲ့  ကြီးတဲ့နိုင်ငံတွေရဲ့အကြား မှာ ကံအကြောင်းထောက်မစွာ တည်ရှိနေလို့ တစ်ဆင့်ခံ ကုန် သွယ်ရေး (Transit Trade)ပဲလုပ်မလား၊ ပြန်လည်ပို့ကုန်(Re-export) ၊ ပြန်လည်သွင်းကုန် (Re-import) များလုပ် မလား၊ ကိုယ့်မှာ သဘာဝအရင်းအမြစ်ကုန်ကြမ်းတွေ ပေါများ နေရင် နည်းပညာနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ လေ့ကျင့် ပြီး ဈေးကွက် ဝင်ပို့ကုန်များ တန်ဖိုးမြှင့်ပို့ကုန်များကို အဓိက ဇောင်းပေးတဲ့နည်းနဲ့သွားမလားရွေးချယ်စရာတွေအများကြီးပါ။ ဒါပေမဲ့ လက်ရှိ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံအများစုက တော့အထက်မှာတင်ပြခဲ့တဲ့ ပို့ကုန်ဦးဆောင်တဲ့ ဖွံ့ဖြိုးတိုးတက် မှုပုံစံ (Export - led Growth Model-ELG) နဲ့ပဲ ယနေ့ အောင်မြင်နေကြတယ်လို့ လေ့လာသိရှိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်  (National Export Strategy-NES) ကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က ဆောင်ရွက်ခွင့်ပြုခဲ့ပါ တယ်။ ဂျာမနီနိုင်ငံGIZ ရဲ့ အထောက်အပံ့နဲ့ နိုင်ငံတကာ ကုန်သွယ်မှုစင်တာ(International Trade Centre-ITC) က နည်းပညာ များ အကူအညီပေးမှာ ဖြစ်ပါတယ်။ NES စတင်တဲ့ အချိန်ကနေ အကောင်အထည်ဖော်ချိန် အထိ ၅ နှစ်ကြာမြင့်မှာဖြစ်ပြီး အကြိုညှိနှိုင်း ဆွေးနွေးခြင်း၊ အသေးစိတ်ညှိနှိုင်းခြင်း၊မဟာဗျူဟာရေးဆွဲခြင်းနဲ့ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းစတဲ့ လုပ်ငန်းအဆင့် ၄ ဆင့် နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မဟာဗျူဟာရေးဆွဲခြင်း လုပ်ငန်းများ စတင်တာနဲ့ တစ်ပြိုင်နက် အလုပ်ရုံဆွေးနွေးပွဲများ အကြိမ်ကြိမ်ကျင်းပနိုင်ခဲ့ပြီး (NES Plan of Action)  အသေး စိတ်လုပ်ငန်း စီမံချက်မူကြမ်းကို ရေးဆွဲနိုင်ခဲ့ပါတယ်။ အမျိုးသားပို့ကုန်မဟာဗျူဟာရဲ့ မျှော်မှန်းချက် (Vision) ကတော့ ''ထွန်းသစ်စ မြန်မာနိုင်ငံအတွက် ပို့ကုန် ဦးဆောင် သည့် စဉ်ဆက်မပြတ် တိုးတက်မှုနှင့်ကြွယ်ဝမှုဆီသို့'' ပဲဖြစ်ပါ တယ်။ မဟာဗျူဟာရဲ့ ဦးတည်ချက်တွေကတော့ - (၁)    စဉ်ဆက်မပြတ် တိုးတက်မှုရှိပြီး အလုံးစုံပါဝင်ကာ ညီညွတ်မျှတမှုရှိသည့် ပို့ကုန်ဦးဆောင်သော တိုးတက်မှု ကို ဖော်ဆောင်ရန် (၂)    ကျိုးကြောင်းညီညွတ်ကာ ထိရောက်မှုရှိသော ကြို တင်မှန်းဆနိုင်သော ပွင့်လင်း မြင်သာမှုရှိသော မူဝါဒနှင့် စည်းမျဉ်းမူဘောင်များဖြစ်ပေါ်လာစေရန် (၃)    ထုတ်လုပ်မှု စွမ်းဆောင်ရည်များ တိုးချဲ့ခြင်းနှင့် တီထွင် ဖန်တီးမှုများ အားပေးဆောင်ရွက်ခြင်းဖြင့် ယှဉ်ပြိုင်မှု ရှိသော အရည်အသွေးကောင်း ပို့ကုန် အမယ်စုံများ တိုးတက်လာ စေရန် (၄)    လက်ရှိ ပို့ကုန် လုပ်ငန်းရှင်များနှင့် ထွန်းသစ်စပို့ကုန် လုပ်ငန်းရှင်များ၏ လိုအပ်ချက် အမျိုးမျိုးကိုပူးပေါင်းဖြည့် ဆည်းပံ့ ပိုးနိုင်မည့် ခေတ်မီ ကုန်သွယ်မှု အထောက်အကူပြုအဖွဲ့အစည်းများ ထူထောင် နိုင်ရန် (၅)    ရုပ်ပိုင်းဆိုင်ရာ ကုန်သွယ်မှု အခြေခံ အဆောက် အအုံများ တည်ဆောက်ရန်တို့ဖြစ်ကြပါတယ်။ မဟာဗျူဟာမြောက် ဦးစားပေးပို့ကုန် ကုန်စည်တွေက တော့ ဆန်၊ ပဲအမျိုးမျိုးနဲ့ဆီထွက်သီးနှံ၊ ရေထွက် ကုန်ပစ္စည်း၊ အထည်အလိပ်နဲ့အဝတ်အထည်၊ သစ်တောထွက်ပစ္စည်းတို့ ဖြစ်ကြပြီး ဝန်ဆောင်မှုကဏ္ဍ ပို့ကုန်အနေနဲ့ ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းကို ဦးစားပေးအဖြစ် ရွေးချယ်ထားပါတယ်။ အဲဒီမှာပဲ NES  ဟာ ဝန်ဆောင်မှုကဏ္ဍကနေ ပို့ကုန် မြှင့်တင်ဖို့အတွက် ကယားပြည်နယ်ကို မျက်စေ့ကျခဲ့ ပါတယ်။ နိုင်ငံတကာ ကုန်သွယ်မှုစင်တာ(ITC) ကTrade in service Officer Marie-Claude Frauenrath့ နဲ့အဖွဲ့ဟာ ကယားပြည်နယ်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက် နေ့ကတစ်ကြိမ်၊ ဧပြီ ၁၀ ရက်က တစ်ကြိမ် လာေ ရာက်ပြီး ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးခြင်း၊ ပန်ပက်ကျေးရွာ၊ တနီးလာလဲကျေးရွာများသို့ ကွင်းဆင်း သွား ရောက်လေ့လာခြင်း၊ ပြည်ပခရီးသွားဧည့်သည်များအား ဆွဲ ဆောင်မှုပေးနိုင်မဲ့ ကယားပြည်နယ်ရှိ အထင်ကရဒေသများ သို့သွားရောက်လေ့လာခြင်းများစတင်ဆောင်ရွက်သွားခဲ့ပါတယ်။ ကယားပြည်နယ် ဆိုတာဟာလည်းရှေးယခင်ကနဲ့မတူဘဲ ငြိမ်းချမ်းပွင့်လင်းလာတာ မကြာသေးတော့(Land of Virgin)  ဆိုသလို ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်သဖွယ်ပါပဲ။ လျှပ် စစ်ဓာတ်အားတွေ ထုတ်ပေးနိုင်တဲ့ သာမောဖွယ် ရေတံခွန် အလှတွေရှိ တယ်။သဘာ၀ တောတောင်ရှုခင်းတွေ နေရာ အနှံ့မှာရှိတယ်။လွိုင်ကော်မြို့လယ်မှာကွေ့ကာဝိုက်ကာစီးဆင်း နေတဲ့ ဘီလူးေ ချာင်းကလည်း သာသာညင်းညင်းပါပဲ။ မဆုံး နိုင်တဲ့ သဘာဝကျောက်လိုဏ်ဂူတွေရှိတယ်။ ကယားမျိုးနွယ်စု တွေရဲ့ ဓလေ့ထုံးတမ်းကိုးကွယ်ယုံကြည်မှု၊ နေထိုင်မှုပုံစံတွေ၊ ဝတ်ပုံစားပုံတွေကို မျက်မြင်လေ့လာနိုင်တယ်။ သူတို့ရဲ့ ရိုးရာ အစားအစာ၊ သောက်စရာနဲ့ ရိုးရာဂီတတွေကိုလည်း ကြည့်ရှု လေ့လာခံစားနိုင် တယ်။သဘာ ဝကျောက် တောင်ကြီးေ တွရှိေ နပြီး၊ ခဲ၊ ခဲမဖြူ၊ ခနောက်စိမ်း သတ္တု တွေထွက် တဲ့သတ္တုတူးဖော်ရေးလုပ်ငန်းကြီးတွေရှိတယ်။ ဒါတွေကို လာရောက် တည်းခိုလေ့လာနိုင်တဲ့ အဆင့်မီ ဟိုတယ်အချို့လည်းရှိတယ်။ အချို့လည်း အဆင့်မြှင့်နေ တယ်။ ကယားပြည်နယ်ဟာ စတုရန်းမိုင် ၄၅၀၀ ခန့်ပဲကျယ်ပြီး လူဦးရေ ၃ ဒသမ ၆ သိန်းခန့်ရှိတာကြောင့် လူနေသိပ် သည်းမှု တစ်စတုရန်းမိုင်မှာ လူ ၈၀ ဦးခန့်ပဲ ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၅၀ ပေခန့်ရှိတာကြောင့် မျှတဲ့ရာသီဥတု လည်းရှိ ပါတယ်။
 
ကယားပြည်နယ်အစိုးရကလည်းကိုယ့်ပြည်နယ်ရဲ့ အား သာချက်က ဘာလဲဆိုတာသိတဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ် ငန်းတွေလုပ်နေပါပြီ။မြို့ပြများ စိမ်းလန်းသာယာရေး နောင်ယား ကန်အလှဖော်ထုတ်လှပရေး၊ ပြည်နယ်အတွင်းရှိ အထင်ကရေ နရာဒေသများရဲ့ပုံစံတူ Land Mark များပြသ ထားခြင်း၊ အဲဒီနေရာတွေကို အချိန်မရွေးသွားလာလေ့လာနိုင် အောင် လမ်းတံတားများ အဆင့်မြင့်ပြုပြင်မွမ်းမံထားခြင်း တို့ဖြင့် ကြိုတင်စီမံထားရှိပြီး ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်းရှင် များကိုလည်း ဟိုတယ်လုပ်ငန်းရှင်များအသင်းအကူအညီနဲ့လိုအပ် တဲ့သင်တန်းတွေ ဖွင့်လှစ်ပို့ချသင်ကြားထားပြီး ဖြစ်ပါတယ်။ နောက်ပြီး  အချိုပေါ် သကာလောင်းဆိုသလို နောက် အားသာချက် တစ်ခုကတော့ မယ်စဲ့ နယ်စပ်ကုန်သွယ်မှု စခန်းပင်မ အဆောက်အဦကြီး ကျပ် ၁၁၀ ဒသမ ၁၆ သန်းနဲ့ တည်ဆောက်ပြီးစီးသွားတဲ့အကြောင်းပါပဲ၊ မကြာခင်မှာ တရားဝင် နယ်စပ် ကုန်သွယ်မှုစခန်းဖွင့်လှစ်လိုက်ရင် ထိုင်း နိုင်ငံမယ်ဟောင်ဆောင်ပြည်နယ်၊ ချင်းမိုင်၊ ဘန်ကောက် စတဲ့ ဒေသတွင်း ခရီးသွားတွေ၊ ကုန်သည်တွေ၊ ကမ္ဘာလှည့်ခရီးသွား တွေဝင်ကြ၊ ထွက်ကြ၊ လည်ကြ၊ ပတ်ကြ၊ ရောင်းကြ၊ ဝယ်ကြ၊ သယ်ကြ၊ ပို့ကြတော့မှာဖြစ်ပါတယ်။ဒါကြောင့် NESဟာ ဝန် ဆောင်မှု ပို့ကုန်မြှင့်တင်ရေးအတွက် ကယားပြည်နယ် ကို ရွေးချယ်လိုက် တာမှန်ကန်လှပါတယ်လို့ ပြောရမှာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတကာအသင်းအဖွဲ့များက NESလို မဟာဗျူဟာစီမံကိန်း၊ စီမံချက်များချပြီး ကူညီနေ သလို ဒေသ ခံပြည်နယ် အစိုးရကလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒေသခံပြည်သူတွေကလည်း ယဉ် ကျေးမှုအရ အိမ်သာလို့ဧည့်လာတာဖြစ်တဲ့အတွက်အိမ်ရှင်ရဲ့ဝတ္တရားအရလှိုက်လှဲပျူငှာဖော်ရွေသမှုနဲ့ကြိုဆိုကူညီရမှာဖြစ်ပါ တယ် ။ နောက် တစ်ပိုင်း ကလည်းသူတို့လာခြင်း၊ သွားခြင်း၊ စားသောက်ခြင်းနဲ့ တည်းခိုနေထိုင်ခြင်းတွေမှာ တို့ဒေသခံ တွေရဲ့ ယာဉ်တွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ကျေး ရွာသူရွာသား၊ယဉ်ကျေးမှုအဖွဲ့တွေပဲ။တိုတိုပြောရင် တို့ဒေသခံ တွေပဲ ဝင်ငွေတွေ တိုးတက်ရကြမှာ၊ ဝင်ငွေတွေတိုးတက်လာ တာနဲ့အမျှ ဝယ်ခြမ်းနိုင်စွမ်း၊ သုံးစွဲနိုင်စွမ်းတွေတိုးတက်လာပြီး ဒေသခံတို့တစ်တွေ လူနေမှုအဆင့်တွေတိုးတက်မြင့်မားလာ ကြမှာဖြစ်ပါတယ်။ ကြိုဆိုကူညီတဲ့နေရာမှာ နိုင်ငံတကာ အဆင့်မီ ဖြစ်ဖို့ ကိုယ်တို့ တစ်တွေရဲ့စိတ်ဓာတ်တွေကိုလည်း နိုင်ငံတကာအသိအမြင်၊ နိုင်ငံတကာအကြံအတွေး၊ နိုင်ငံတကာဗဟုသုတတွေနဲ့ ကြို တင်ပြင် ဆင်ထားရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။