Main menu

Background

ဇွန်လဆန်း ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲဈေးအေးသလို အရောင်းအဝယ်လည်း အေး

Wed, 06/11/2014 - 03:36 -- ydnar

 
ဇွန်လဆန်း ပြည်ပဲဈေးကွက်မှာ ပဲဈေးများအားလုံး ဈေးအေးအရောင်း အဝယ်အေးခဲ့သလို ပဲစင်းငုံ၊ ပဲကြီးဈေး များ ထပ်မံလျော့ နည်းသွားခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးမှာ တစ်တင်း ၂၄၈၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး ပဲ အဝင်မများတော့လို့ လက်ကျန်ပဲများ ပါ ထုတ် ရောင်းချခဲ့ကြတာကို တွေ့ရပါ တယ်။ ပဲဈေး ငြိမ်နေသော်လည်း ရန်ကုန်ဝယ်လက်မှ နေ့စဉ်ပုံမှန်ဝယ်ယူ နေတဲ့အတွက် အိတ် ၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ မတ်ပဲဈေးမှာ ယခုကာလမှာ ယခင် လဆန်းနဲ့ယှဉ်ရင် ဈေးအေးနေခဲ့တယ် ဆိုပေမဲ့ ယခင်နှစ်က ဇွန်လဆန်း ဈေး ထက်တော့ ဈေးပိုရလျက်ရှိပါတယ်။ ယခင်နှစ်က မတ်ပဲဈေးမှာ တစ်တင်း ၁၇၄၀၀ ကျပ်ဖြင့် သာဈေးကောင်း မရ ခဲ့တာကို တွေ့ရပါတယ်။

ပဲစင်းငုံသီးနှံမှာ ပဲအဝင် မရှိဘဲ လက်ကျန်ပဲအချို့ ရန်ကုန် ဝယ်လက် တစ်ခါတစ်ရံအဝယ်ရှိလို့ အဝယ်ရှိတဲ့ရက်မှာအိတ်၂၀၀နဲ့ ၃၀၀ကြားအရောင်း အဝယ်ဖြစ်ခဲ့သလို ပဲဈေးကလည်း ယခု တစ်ပတ် ဇွန်လဆန်းမှ  တစ်တင်း ၇၀၀ ကျပ် ထပ်မံ ကျဆင်းသွား တဲ့အတွက် တစ်တင်းကို ၁၉၀၀၀ ကျပ်သာ ရရှိခဲ့ ကြောင်း သိရပါတယ်။ ကုလားပဲသီးနှံမှာ ပဲအဝင်အနည်း ငယ်ရှိပြီး ပန်းတောင်း၊ ရွှေတောင်၊ ကျီး သဲ၊ ကံမမြို့နယ်များမှ တစ်ရက်အိတ် ၂၀၀ကျော် ဝင် ရောက်ခဲ့ကြပါတယ်။ ဝယ်လက်အနေဖြင့် ဒေသတွင်း လက် လီ သမားနှင့် ခွဲစက်သမားများမှ နေ့စဉ် အဝယ်ရှိလို့ တစ်ရက် အိတ် ၃၀၀ ကျော် အရောင်းအဝယ်ဖြစ်ပေမဲ့ ပဲဈေးက တော့ ဈေးငြိမ်လျက်သာ ရှိနေခဲ့ပါ တယ်။ ပဲကြီးသီးနှံမှာလည်း ယခုဇွန်လ ဆန်းမှာ ထပ်မံကျဆင်းသွားလို့ ရွှေ ကျွန်းတစ်တင်း ၂၅၅၀၀ ကျပ်၊ ကမ်းနား တစ်တင်း ၂၂၅၀၀ ကျပ်ဖြင့် ပဲကြော်ဖိုသမား နေ့စဉ်အဝယ်ရှိလို့အိတ် ၂၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲဝင်ရောက်မှုကတော့ ပန်းတောင်း ၊ ရွှေတောင်၊ ကျီးသဲ၊ ကံမမြို့နယ် အပြင် လက်ပံတန်းမြို့နယ်မှလည်း ပြည်ဈေး ကွက်ကို ဝင်ရောက်ခဲ့တယ်လို့ သိရပါ တယ်။ ထောပတ်ပဲ၊ ပဲနီပြား သီးနှံမှာ လည်း ယခင်လကအတိုင်း ဈေးငြိမ်နေခဲ့ ကာထောပတ်ပဲတစ်တင်း၂၅၀၀၀ ကျပ်၊ ပဲနီပြား တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့်သာ ဒေသတွင်း လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့ အတွက် ယခုဇွန်လ ဆန်း ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲဈေးအေးနေသလို အရောင်းအဝယ် လည်း အေးခဲ့ကြတယ်လို့ သိရပါတယ်။