Main menu

Background

ပြည်တွင်းပဲမျိုးစုံ ဈေးကွက်မှာ ပဲတီစိမ်းကို တရုတ်အဆွဲသွက်လို့ ဈေးကောင်းရပြီး ဈေးကွက်ကိုဦးဆောင်နေ၊ မတ်ပဲအတက်အကျမြန်၊ ပဲစင်းငုံနီ အိန္ဒိယအဝယ်အေးလို့ ဈေးကျ

Wed, 06/11/2014 - 08:11 -- ydnar

 
ပြည်တွင်း ပဲမျိုးစုံ ဈေးကွက်မှာ Export ပဲတွေအနက် ပဲတီစိမ်းတစ်မျိုး တည်းသာ တရုတ်ဝယ်လက်က အရည် အသွေးပေါ် မူတည်ပြီး ဈေးကောင်းပေး အဝယ်ရှိတာကြောင့် ဈေးသိသာစွာမြင့်လာပြီး အရောင်းရော အဝယ်ပါသွက်လို့ ဈေးကွက်မှာ ဦးဆောင်နေကြောင်း ဈေးကွက် အတွင်းမှ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီး (ထိပ်စ) ကို တရုတ်ဝယ်လက်က တစ် ပိဿာ ၂၁၆၉ ကျပ် (တစ်တန်ကို ၁၃၂၈၂၇၀ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၂၀၀၀ ခန့် အဝယ်ရှိခဲ့ကြောင်း သိရပါ တယ်။ပခုက္ကူဈေးကွက်မှာ ယခင်အပတ်ကအရောင်းအဝယ်အေးတဲ့ ပဲတီစိမ်းကို ဒီတစ်ပတ်မှာ ရန်ကုန်-မန္တလေး အဆွဲပြန်လိုက် လာတာကြောင့် ဈေးမြင့်လာပြီးတစ်ပိဿာ ၂၀၂၀ ကျပ် (တစ်တန်ကို ၁၂၃၇၀၀၀ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၃၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မုံရွာဈေးကွက်မှာပဲတီစိမ်းအနေနဲ့ ဈေးကွက်သို့ဝင်ရောက်မှုနည်းလာပေမဲ့ အဝင်ရှိ သလောက်တော့ တရုတ် အဆွဲသွက်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲဈေး ကောင်းတာကအခုထွက်တဲ့ပဲက မိုး လွတ်ပြီး အရည် အသွေး ကောင်းတယ် လေ။ ဒါကြောင့် Export အတွက် ဝယ် ယူနေတဲ့ ဝယ်လက်တွေက ဈေးကောင်း ပေး အဝယ်ရှိတာလို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၂၀၉၅ ကျပ် (တစ်တန်ကို ၁၂၈၂၉၅၀ ကျပ်) ဈေးြ ဖင့် နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း၊ပဲတီစိမ်းဈေးကောင်းရလို့ တောင်သူ ရော ကုန်သည်ပါ စီးပွားရေးအရ တွက် ချေကိုက်ေ နကြောင်း ဈေးကွက်အတွင်း မှသိရပါတယ်။

 
မတ်ပ(RC)  ) အနေနဲ့ ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ အတက်အကျ မြန်လာကြောင်း၊ အဓိက အကြောင်းက အိန္ဒိယ အဝယ်ပေါ်မူတည်ကြောင်း၊အိန္ဒိယအဝယ်အေးတဲ့ရက်မှာဈေးကျလာပြီးအိန္ဒိယအဝယ်ပြန်လိုက်တဲ့နေ့မှာဆိုရင်ရုတ်တရက်   ဈေးခုန်တက်လာလို့ ပဲအရောင်းအဝယ် လုပ်တဲ့ ကုန်သည်တွေ ဈေးကွက်အခြေအနေ ကိုမျက်ခြည်မပြတ်လေ့လာရောင်း ဝယ် နေရကြောင်းဈေးကွက်အတွင်းမှသိရပါ တယ်။ မတ်ပဲ (RC)   ကို ဈေးကွက်စဖွင့် ချိန်မှာ တစ်တန်ကို ၇၄၅၀၀၀ ကျပ် ဈေးဖြင့် အိန္ဒိယဝယ်လက်က ဈေးဖွင့် အဝယ်ရှိခဲ့ပြီး နောက်ပိုင်းရက်တွေမှာ ဈေးအနည်းငယ်ဆင်းခဲ့ပြီး ဈေးကွက် ပိတ်ချိန်မှာတော့ တစ်တန်ကို ၇၅၉၀၀၀ ကျပ်ဈေးဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရပါ တယ်။ မတ်ပဲအနေနဲ့ ဒီနှစ်ဧပြီလ မှ မေလ ကုန်အထိ တန်ချိန် ၁၃၈၂၂၂ ခန့် ပြည်ပ တင်ပို့နိုင်ခဲ့ပြီး၊ ယခင်ဘဏ္ဍာနှစ် ကာလတူဖြင့် နှိုင်းယှဉ်ပါက တန်ချိန် ၆၆၀၀၀ ခန့်ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီနှစ်မှာ မတ်ပဲစိုက်ဧက ယခင် နှစ်ကထက်  လျော့သွားသလို အထွက် နှုန်းက လည်း လျော့ လာပေမဲ့ မတ်ပဲ ပြည်ပ တင်ပို့မှု အားကောင်းနေတာ ကြောင့် မတ်ပဲဈေးက ဒီထက်ဈေး မကျ နိုင်ဘဲ ဈေးကောင်းတောင် ရနိုင် ဖွယ် ရှိကြောင်းကုန်သည်များက သုံးသပ် ပြောကြားကြောင်း သိရပါတယ်။ ပဲစင်းငုံနီအနေဖြင့် ဘုရင့်နောင် ဈေးကွက်မှာ အိန္ဒိယ ဝယ်လက်က အဝယ် အေးနေတာကြောင့် ယခင် အပတ်နဲ့ နှိုင်းယှဉ်ပါက တစ်တန်ကို ကျပ် ၂၀၀၀၀ ခန့် ဈေးကျသွားကြောင်း၊ ဈေးကျရတဲ့ အဓိကအကြောင်းက အိန္ဒိယ ဘက်မှာ လည်း ပဲစင်းငုံနီအနေ ဖြင့် လက်ဝယ်မှာ ပစ္စည်းများများရှိနေ သေးတာကြောင့် အဝယ်ဆိုင်းနေတဲ့ အနေအထားဖြစ်ကြောင်း သိရပါတယ်။ နောက်ပိုင်းကာလမှာ ဈေးကွက်လိုအပ် ချက်အရ ဝယ်လိုအား ပြန်လိုက်လာနိုင် ကြောင်း၊ ဒီရက်ပိုင်း ပြည် တွင်းဈေးကွက် ဖြစ်တဲ့ မန္တလေး၊ မုံရွာ၊ မကွေး၊ ပခုက္ကူ၊ ပြည်၊ အောင်လံနဲ့ရေစကြိုဈေးကွက် မှာတော့ ပဲစင်းငုံနီကို နထစသမအ အတွက် အဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် က အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအား အခြေအနေကိုတွက်ချက်ပြီး ဝယ်ယူ မှု တွေရှိတာကြောင့် ဈေးကျလာပြီး တစ် ပိဿာ၉၅၀ကျပ်(တစ်တန်ကို ၅၈၂၀၀၀ ကျပ်)ဈေးဖြင့်သာဈေးပေါက်ပြီးအရောင်း အဝယ်ဖြစ်မှုနည်းခဲ့ကြောင်း ဈေးကွက် အတွင်းမှ သိရပါတယ်။