Main menu

Background

အပျော်ရွှင်ဆုံးတိုင်းပြည်

Wed, 06/11/2014 - 08:54 -- ydnar

ဆွစ်ဇာလန်နိုင်ငံသားတို့ကမိမိတို့ဘဝကိုအကျေနပ်ဆုံးဖြစ်မိကြသည်မှာဒုတိယမြောက် နှစ်ထဲသို့ ရောက်လာခဲ့ပြီဟု ပိုမိုေ ကာင်းမွန်သော ဘဝညွှန်းကိန်း(Better Life Index) သုတေသနအဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။ စက်မှုနိုင်ငံ များ ပါဝင်သည့်စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုးမှုအဖွဲ့(OECD) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် အမေရိကန်ြ ပည်ထောင်စုသည်  အပျော်ရွှင်ဆုံး ၁၀ နိုင်ငံစာရင်းထဲမဝင်နိုင်ခဲ့ သည်မှာ လေးနှစ်ဆက်တိုက်ရှိခဲ့ပြီဟု ဖော်ပြထား သည်။ အိမ်နီးချင်းမက္ကဆီကိုနှင့်ကနေဒါနိုင်ငံတို့ သည်လည်း အပျော်ဆုံးနိုင်ငံထဲမှာ မပါနိုင်ခဲ့ချေ။

ပိုမိုကောင်းမွန်သော ဘဝညွှန်းကိန်းအဖွဲ့ သည် OECDအဖွဲ့ဝင် ၃၄ နိုင်ငံအပြင် ရုရှားဖက်ဒ ရေးရှင်းနှင့် ဘရာဇီးနိုင်ငံတို့၏ဘဝနေထိုင်မှုအဆင့် အတန်းကိုအကဲဖြတ်အမှတ်ပေးထားခြင်းဖြစ်သည်။ ထိုသို့အကဲဖြတ်ရာ ၌ နိုင်ငံသား တို့ရရှိသည့်ဝင်ငွေ၊ပညာရေးအခြေအနေ၊နေထိုင်စရာအိုးအိမ်၊ကျန်းမာရေးစောင့်ရှောက်မှုနှင့်မိမိဘဝကို ကျေနပ်မှု စသည့်အချက် များဖြင့် ဆန်းစစ်ခြင်းဖြစ်သည်။၂၄/၇ဝေါစထရိဂျာနယ် 24/7 Wall St.)က ဘဝကိုအကျေနပ်မိဆုံးဖြစ်သည့် နိုင်ငံ ၁၁ နိုင်ငံကို သုံးသပ်ဖော်ပြထားသည်။ ဘဝအဆင့်အတန်းမြင့် မှုကိုအကဲဖြတ်ရာတွင်အရေးအပါဆုံးအချက်တစ် ရပ်မှာ ရှင်သန်ဖွံ့ဖြိုးသော အလုပ်အကိုင်ဈေး ကွက်(Healthy job market)တည်ရှိနေခြင်း ဖြစ်သည်။ နှစ်သိမ့်ကျေနပ်မှုအမြင့်ဆုံး နိုင်ငံ ၁၁ နိုင်ငံအနက် ၉ နိုင်ငံသည်အလုပ်အကိုင်ခန့်ထားမှုနှုန်းအမြင့်ဆုံးအဆင့်ထဲတွင်ပါဝင်နေသည်။ အလုပ်လုပ်နိုင်မည့်အရွယ်ရောက်ပြီး လူဦးရေ အနက် အလုပ်အကိုင်ခန့်အပ်ခံရပြီးသူ ရာခိုင်နှုန်း ဖြင့်တိုင်းတာခြင်းဖြစ်သည်။ အလုပ်လက်မဲ့ဖြစ်မှုအချိုးအစား မြင့်မား သည်နှင့်အမျှဘဝကိုကျေနပ်မှုနှုန်း နိမ့်ကျလေ့ ရှိသည်။ အိုအီးစီဒီ အဖွဲ့ဝင်နိုင်ငံ များထဲတွင်၂၀၁၃ခုနှစ်ကအလုပ်လက်မဲ့ဖြစ်မှုနှုန်း ၂၇ဒဿမ၃ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးသို့ရောက်ခဲ့သော ဂရိ နိုင်ငံသည် ဘဝေ ကျနပ်မှုနှုန်းအနိမ့်ဆုံးအဆင့်သို့ကျဆင်းခဲ့သည်။ အလားတူပင် အဆင့်မှတ်နည်း သော ပိုလန်၊ ဟန်ဂေရီနှင့် ပေါ်တူဂီနိုင်ငံ တို့တွင်လည်း  အလုပ်လက်မဲ့ဖြစ်မှုနှုန်း မြင့်မားခဲ့ကြသည်။ အိုအီးစီဒီအဖွဲ့မှ သက်သာချောင်ချိမှုနှင့် တိုးတက် မှုအခြေအနေေ လ့ လာစောင့်ကြည့်ရေးဌာနအကြီး အကဲ ရိုမီနာဘိုရိနီ (Romina Boarini )က ''အလုပ်အကိုင်သည် ငွေကြေးအရ လုံခြုံစိတ်ချ ရမှုကိုပေးစွမ်းရုံသာမက၊ လူတစ်ဦး၏စိတ်ပိုင်းကျန်းမာ ရေးအပေါ်တွင်လည်း ရိုက်ခတ်စေနိုင်သည်'' ဟု ဆိုပါသည်။ ''အလုပ် အကိုင်လက်လွှတ်ဆုံးရှုံးရသူ များမှာလစာဝင်ငွေမရတော့သည်သာမက လူ့အဖွဲ့အစည်းနှင့်ဆက်သွယ်နိုင်စွမ်းကိုပါ လက် လွတ် လိုက်ရခြင်းဖြစ်ကြောင်း''ထောက်ပြပါသည်။ ကျန်းမာခြင်းသည် ဘဝပျော်ရွှင်ကျေနပ်မှုကို ဖြည့်ဆည်းပေးသည်။ သုံးသပ်ကြည့်ခဲ့သည့် နိုင်ငံ ၁၁ နိုင်ငံထဲ တွင် နိုင်ငံသား အများစုက သူတို့၏ ကျန်းမာရေးအခြေအနေကောင်းပါသည်ဟုပြောကြ သည့်နိုင်ငံ ၈ နိုင်ငံရှိသည်။ ကနေဒါနိုင်ငံသား ၈၈ ရာခိုင်နှုန်းက ကျန်းမာရေး အခြေအနေကောင်းပါ သည်သို့မဟုတ်တော်တော်ကောင်းပါသည်ဟုဖြေခဲ့ ကြသည်။ အိုအီးစီဒီ အဖွဲ့ဝင်နိုင်ငံများတွင် ကျန်းမာ ရေးကောင်းမွန်ကြောင်း  ဖြေကြားသည့်နှုန်းမှာ ပျမ်းမျှ၆၉ ရာခိုင်နှုန်းသာရှိသဖြင့် ကနေဒါနိုင်ငံက သာလွန်နေသည်။ အသက်ရှင်နိုင်မည့်သက်တမ်း ကာလသည်လည်း အိုအီးစီဒီနိုင်ငံများတွင် မြင့်မား သည်။ဆွစ်ဇာလန်နိုင်ငံ သည် ဘဝကျေနပ်မှု အမြင့် ဆုံးနိုင်ငံဖြစ်ပြီး၊ ပျမ်းမျှသက်တမ်းမှာ ၈၂ဒဿမ ၈ နှစ်ဖြစ်သည်။ အိုအီးစီဒီအဖွဲ့က လေ့လာသုံး သပ်ခဲ့သည့် နိုင်ငံများထဲတွင် သက်တမ်းအရှည် ဆုံးနိုင်ငံဖြစ်သည်။ ဘဝကျေနပ်မှုနည်းခြင်းသည် ကျန်းမာရေး အပေါ် ဆိုးကျိုးသက်ရောက်စေသည်ဟု ရိုမီနို ဘိုရိနီကပြောကြောင်း ၂၄/၇ ဝေါစထရိဂျာနယ် တွင် ဖော်ပြထားသည်။ နိုင်ငံသားတို့၏ ဘ၀ ကျေနပ်မှုအဆင့်အတန်းကို အဆုံး အဖြတ်ပေး နိုင် သည့် နောက်ထပ်အကြောင်းတစ်ရပ်မှာ နိုင်ငံအစိုးရတို့၏အသုံးစရိတ်ကျခံသုံးစွဲမှု (Go-vernment spending) ဖြစ်သည်ဟု ဆိုပါသည်။ ထိုအသုံးစရိတ်ထဲတွင် နိုင်ငံသားများသို့ ငွေကြေး အထောက်အပံ့လွှဲပြောင်းပေးခြင်း(Transfer payments to citizens)၊ကုန်စည်နှင့်ဝန်ဆောင်မှု များဝယ်ယူခြင်းတို့ ပါဝင်သည်။ အပျော်ရွှင်ဆုံး နိုင်ငံများအနက် ၈ နိုင်ငံမှအစိုးရတို့သည် ၂၀၁၃ ခုနှစ်တွင် ပြည်တွင်းထုတ်လုပ်မှု တန်ဖိုး(ဂျီဒီပီ)ဖြင့် အချိုးချကြည့်လျှင်အမေရိကန်ပြည်ထောင်စုအစိုး ရထက် အသုံး စရိတ် ပိုသုံးခဲ့ကြသည်။ ထို့အတူပင် အိုအီးစီဒီအဖွဲ့ဝင်နိုင်ငံများ၏ ပျမ်းမျှအသုံးစရိတ် အချိုး(ဂျီဒီပီ၏၄၁ဒဿမ၇ ရာခိုင်နှုန်း) ထက် လည်း ပိုမို သုံးစွဲခဲ့ကြသည်။ အမေရိကန်နိုင်ငံသားတို့၏ ဘဝကျေနပ်မှု အဆင့်မှာယမန်နှစ်ကအဆင့်၁၄နေရာတွင်ရှိခဲ့သော် လည်းယခုနှစ် တွင်အဆင့်၁ ၇နေရာသို့ကျဆင်းသွား သည်ဟု အစီရင်စာတွင် ဖော်ပြထားသည်။ အမှန် တော့ အမေရိကန်ပြည်ထောင်စုသည် နိုင်ငံသား တစ်ဦးချင်းသုံးစွဲနိုင်သည့်ဝင်ငွေG(Disposable Income)နှင့် အိမ်ထောင်စုအသားတင်ချမ်းသာ ကြွယ်ဝမ( Household Net Wealth)တို့အရ အခြားနိုင်ငံအားလုံးထက်ရှေ့ရောက်နေသော်လည်း  တစ်နိုင်ငံလုံးတွင် မညီမမျှမှုများ (Inequality)ရှိနေေ သးခြင်းေ ကြာင့်ဘဝကျေနပ်မှုအဆင့်လျော့ ပါးရခြင်းဖြစ်သည်ဟုဆိုပါသည်။ ဝင်ငွေမညီ မမျှ ဖြစ်နေခြင်းကြောင့် ဘဝကျေနပ်မှု နည်းပါးစေ သည်။ အိုအီးစီဒီအဖွဲ့၏ကိန်းဂဏန်းများအရ အမေရိကန်နိုင်ငံအတွင်း ဝင်ငွေမညီမမျှဖြစ်မှုကို တိုင်းတာဖော်ပြသည့် ဂီနိမြှောက်ဖော်ကိန်း(Gini coefficient) တန်ဖိုးသည် နိုင်ငံအားလုံးနီးပါးထက် ပိုပြီးကြီးမားနေသည်ဟု ဆိုပါသည်။