Main menu

Background

ကမ္ဘာ့ငတ်မွတ်မှုနှင့် ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် Feed The Future Initiative အစီအစဉ်ကို သုံးသပ်ဆွေးနွေး

Thu, 06/12/2014 - 05:19 -- ydnar

သမ္မတအိုဘားမားလမ်းညွှန်ချမှတ်ခဲ့သည့်Feed The Futuer Initiativeအစီအစဉ်အကောင်အထည်ဖော် ရေး လုပ်ငန်းစဉ် များ၏ရလဒ်များအ ပေါ်သုံးသပ်ဆွေးနွေးပွဲကို ၁၉-၅-၂၀၁၄ ရက်နေ့တွင် ဗာဂျီးနီးယားပြည်နယ်တွင် ကျင်းပရာအမေရိကန်နိုင်ငံ  တ ကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID)  မှ အကြီးအကဲRajiv Shah၊အစိုးရဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက် ရောက်ခဲ့ပြီး ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။

ကမ္ဘာ့နိုင်ငံများ စားနပ်ရိက္ခာဖူလုံ မှုရရှိရေးနှင့် သန်းပေါင်းများစွာသော ကမ္ဘာ့ပြည်သူများ ငတ်မွတ်မှုနှင့် အလွန် အမင်း ဆင်းရဲမှု တို့မှ လွတ်မြောက်နိုင် ရေးတို့အတွက်Feed The Futuer Initiative   အစီအစဉ်ဟု ခေါ်တွင်သည့် ကမ္ဘာလုံးဆိုင်ရာ စားနပ် ရိက္ခာဖူလုံရေးကနဦးလှုပ်ရှားမှုကို သမ္မတအိုဘားမား က ၎င်းင်း၏နိုင်ငံရေးမူဝါဒတစ်ရပ်အဖြစ် စတင်ကြေညာခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အီတလီနိုင်ငံ၌ကျင်းပသည့်-8ထိပ်သီး ညီလာခံတွင် ကမ္ဘာလုံးဆိုင်ရာ စားနပ် ရိပ်က္ခာ ဖူလုံရေးလုပ်ငန်းများအတွက် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံထည့်ဝင် နိုင်ရန် ကတိကဝတ်ပြုခဲ့ပါသည်။ Feed The Future  အစီအစဉ် သည် ၂၀၁၃ ခုနှစ်တစ်နှစ်တည်းတွင်ပင် တောင်သူလယ်သမား ၇ သန်းခန့်ကို အကူအညီ များပေးအပ်နိုင်ခဲ့ပြီးကလေးသူ ငယ် ၁၂ ဒသမ ၅ သန်းခန့်ကို ဆာ လောင်မွတ်သိပ်မှု၊ ဆင်းရဲနွမ်းပါးမှုနှင့်  အာဟာရချို့တဲ့မှုများမှ ကာကွယ်နိုင်ခဲ့ ကြောင်း၊ ထိုအစီအစဉ်ကို စတင်ခဲ့သည့် လွန်ခဲ့သည့် ၄ နှစ်မှစ၍ Feed The Future   အစီအစဉ်နှင့်Grow Africa  နှင့် New Alliance for Food Security and Nutrition ကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများက စိုက်ပျိုးေ ရးလုပ်ငန်းများ တွင် ဒေါ်လာ ဘီလီယံနှင့်ချီ၍ရင်းနှီးမြှုပ်နှံမှုများပြုလုပ် ရန်ဆွဲဆောင်ခြင်း၊ စိုက်ပျိုးရေးကဏ္ဍ တွင် အထွက်တိုးစေရန် သင့်တော်သည့် နည်းပညာအသစ်များ ပေးအပ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် စွန့်စားရ မှု အန္တရာယ်များကို စီမံဆောင် ရွက်ခြင်း စသည့် အကူအညီများ ပေးအပ်နိုင် သကဲ့သို့အာဟာရပြည့်ဝသည့်အစား အစာများ (nutrient-packed foods)   များကိုမိခင်နှင့် ကလေးများသို့ ကူညီထောက်ပံ့ခဲ့ပါသည်။
Feed The Future အစီအစဉ် အား အာဖရိက၊ အာရှ၊ လက်တင် အမေရိကနှင့်ကာရစ်ဘီယန်ဒေသများ ရှိ နိုင်ငံ ၁၉နိုင်ငံ တွင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။အာဖရိကတိုက်တွင်ဆာလောင်မွတ် သိပ်မှုနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ေ ရး အတွက် လယ်သမား ၂ ဒသမ ၆ သန်း ကိုအကူအညီများပေးအပ်ပြီး အာဖရိ ကနိုင်ငံများ၏ စိုက်ပျိုးရေးလုပ်ငန်းများ တွင် ပုဂ္ဂလိက ကဏ္ဍမှ ဒေါ်လာ ၇ ဘီလီယံရင်းနှီးမြှုပ်နှံခဲ့ပါသည်။ ဥပမာ အားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တောင်သူလယ်သမား ၃ ဒသမ ၃ သန်းအား အဆင့်မြင့်မျိုးစေ့များ၊ ဓာတ် မြေသြဇာများထောက်ပံ့ခြင်း၊ လယ်ယာ လုပ်ငန်းခွင်စီမံခန့်ခွဲမှုနည်းလမ်းများကို ပို့ချခြင်းတို့ဖြင့် အထွက်နှုန်း ၂၀ ရာခိုင် နှုန်းတိုးစေသည်အထိ ကူညီနိုင်ပြီး ဆန် ရောင်းချမှုမှ ဒေါ်လာ ၂၅ သန်းပိုမို ရှာ ဖွေနိုင် ခဲ့ပါသည်။