Main menu

Background

အာရှတိုက် မြို့တော်များ၏ ရာသီဥတုပြောင်းလဲမှု ကိစ္စရပ်များကို ဖြေရှင်းမည့် Capital Investment Plan ရေးဆွဲရန် အရေးတကြီးလိုအပ်

Fri, 06/13/2014 - 04:07 -- ydnar

အာရှတိုက်ရှိမြို့တော်ကြီးများ သည်ရာသီဥတုပြောင်းလဲမှု၏အန္တရာယ် များကို ဖြေရှင်းဆောင်ရွက်ရန်၊ ကာဗွန်ထုတ်လွှတ် မှုလျှော့ချနိုင်ရန် သတင်းအချက်အလက်နှင့် ငွေကြေးရင်းနှီး မြှုပ်နှံမှုစီမံကိန်းများ (capital investment plan) အတွက် အကြံပြုချက်များ အရေးတကြီးလိုအပ်လျက်ရှိသဖြင့် မြို့ တော်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း များ၏ ဘဏ္ဍာငွေများ တိုးတက်ေ ရးနှင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုရရှိရေးနည်းလမ်း များကို ရှာဖွေနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို Public-Private Infrastructure Advisory Facility (PPIAF) and the World Bank's Low-Carbon Livable Cities Initiative   တို့သည် အခြားအဖွဲ့အစည်း  များနှင့် ပူးပေါင်း၍ တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့ရှိ Creditworthiness Academy  တွင် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိကျင်းပ ခဲ့ပါသည်။

 
အာရှတိုက်ရှိမြို့တော်ကြီးများ၏ သက်ဆိုင်ရာအစိုးရများသည် ကာဗွန် ထုတ်လွှတ်မှုလျှော့ချရေး ရည်မှန်းချက် များကို အမျိုးသား အဆင့်လုပ်ငန်းစဉ်အ ဖြစ်ချမှတ်ထားသော်လည်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ကျွမ်းကျင်မှုအတတ်ပညာများ လို အပ်ခြင်း၊ အချို့သောမြို့ကြီးများတွင် လူဦးရေတိုးတက်မှုနှုန်းမြင့်မားခြင်းနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို စီမံဆောင်ရွက်ရန် မလွယ်ကူခြင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေကြခြင်းဖြစ်ပါသည်။
ယခင်နှစ်က နိုင်ရိုဘီတွင် ကျင်းပ ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် နိုင်ငံအသီးသီးမှကိုယ် စားလှယ်များက ရာသီဥတုဆိုင်ရာ အခြေခံအဆောက်အအုံများတည်ဆောက် မည့် စီမံကိန်းများရေးဆွဲခြင်းနှင့် ကာလ ရှည်ဘဏ္ဍာငွေရရှိရေး နည်းလမ်းများကို ရေးဆွဲခြင်းတို့အတွက် နည်းပညာအကူ အညီလိုအပ်ကြောင်း ဆွေးနွေးဆုံးဖြတ် ခဲ့၍ ယခုနှစ်တွင် ဆိုးလ်မြို့၌ ကျင်းပ သည့်ဆွေးနွေးပွဲတွင် Climate-smart capital investment planningကို ထည့်သွင်းဆွေးနွေးကြပါသည်။ Climate-smart capital investment planning ဆိုသည်မှာ မြို့ပြ လျှပ်စပ်ဓာတ်အား စီမံကိန်းများ၊ ခေတ်မီနည်းစနစ်များဖြင့် ရေပေးေ၀ ရေး စီမံကိန်းများနှင့် လမ်းမီးများအစား ထိုး လဲလှယ်တပ်ဆင်ခြင်းစီမံကိန်းများ ကဲ့သို့သော ငွေကြေးအရင်းအနှီးများ စွာလိုအပ်သည့် စီမံကိန်းများကို ကြို တင်ခန့်မှန်းနိုင်ရန် ဒေသအစိုးရများမှ အသုံးပြုသည့် မူဝါဒ တစ်ရပ်ဖြစ်ပါ သည်။ အဆိုပါ Capital investment planning   ကို ရေးဆွဲခြင်းဖြင့် အစိုးရ များအနေဖြင့် အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်စီမံကိန်းများအတွက် ရန်ပုံငွေသုံးစွဲမှုနှင့် အချိန် မီပြီးစီးမှုတို့အတွက် ဦးစားေ ပး ဆောင ်ရွက်နိုင်စေ မည်ဖြစ်ပါသည်။ ထို့အပြင် Climate-smart and cost effectiveness criteria  များကို ထည့်သွင်း စဉ်း စားပြီး သက်ဆိုင်ရာ အစိုးရများ အနေ ဖြင့် အဆိုပြုထားသည့်သမားရိုးကျနည်း လမ်း များဖြင့် ဆောင်ရွက်မည့်စီမံကိန်း များ အတွက် အခြားနည်း လမ်း များကို လည်းစဉ်းစား တွက်ချက် ၍ ဆောင် ရွက် နိုင်စေခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှု ကို လျှော့ချနိုင်စေမည်ဖြစ်ပါသည်။