Main menu

Background

ဘယ်လိုပြင်မလဲ စဉ်းစားစို့

Mon, 06/16/2014 - 03:53 -- ydnar

 
ယနေ့ကမ္ဘာကြီးမှာ ကျန်းမာရေးဆိုင်ရာပြဿနာများဟာ ဟိုနေရာမှာတစ်မျိုး၊ ဒီနေရာမှာတစ်မျိုး အမျိုးမျိုးအ ဖုံဖုံ ဖြစ် နေတာတွေ တွေ့နေ၊ မြင်နေ၊ ကြားနေရပါတယ်။ အဲဒီဖြစ် ပေါ်နေတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေထဲက အများစု ကတော့ လူတို့ရဲ့နေထိုင်မှုပုံစံမှားယွင်းတာထက်စာရင် အစား အသောက်တွေမသန့်ရှင်းမှုကြောင့်နဲ့ လူတို့ရဲ့အသိပညာ အားနည်းချက်တွေကြောင့် အဓိကဖြစ်နေရတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒါဆိုဘာလို့ဒီလိုဖြစ်နေရတာလဲ၊ ဒါတွေ ကိုဘယ်လိုပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်မလဲဆိုတာ စာရေးသူ ဉာဏ်မီသလောက် စဉ်းစားသုံးသပ်မိတာလေးကို ရေးသား တင်ပြချင်ပါတယ်။

ဒီလိုဖြစ်နေရတဲ့အကြောင်းကို အဖြေရှာကြည့်လိုက်တဲ့ အခါမှာ တွေ့ရှိရတာကတော့ စီးပွားရေးလုပ်ငန်းရှင် တွေ အနေနဲ့ ကိုယ်ရောင်းချလိုက်တဲ့ကုန်ပစ္စည်းပဲဖြစ်ဖြစ်၊ စားသုံး ကုန်ပဲဖြစ်ဖြစ် ဘေးအန္တရာယ်ကင်းရှင်းအောင် စားသုံးသူတွေ ကို မထိခိုက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိရှိနားလည် နိုင်မှုတွေ အားနည်းနေသေးတာကို တွေ့ရပါတယ်။ ဒါ့အပြင် စားသုံးသူပြည်သူတွေအနေနဲ့လည်း ကိုယ့်အတွက်ဘယ်လို အစားအသောက်တွေက ဘေးအန္တရာယ်ဖြစ်စေတယ်၊ ဘယ်လို အစားအသောက်တွေကို ရွေးချယ်ဝယ်ယူစားသုံး ရမယ် စားသုံးသင့်တယ်၊ အန္တရာယ်ကင်းအောင် ဘယ်လို နေထိုင် အသုံးပြု စားသုံးရမယ်ဆိုတာတွေကို သိရှိနိုင်မှု တွေ ဟာ အရမ်းအားနည်းနေတာကို တွေ့ရှိရပါတယ်။ ဒီလို အခြေခံအချက်လေးတွေ ကိုတောင် စားသုံးသူပြည်သူတွေက သိရှိနိုင်မှု အားနည်းနေသေးတဲ့အခါမှာ ဒီလိုကုန် ပစ္စည်း တွေကြောင့် ဘေး အန္တရာယ် တစ်စုံတစ်ရာကျရောက်လာပြီ ဆိုရင်လည်း ဘယ်လိုဆောင်ရွက်ရမယ်၊ ဘယ်လိုအရေးယူ တိုင်ကြားရမယ်ဆိုတာတွေကို ဘယ်လိုသိနိုင်ပါတော့မလဲ။ စာရေးသူတို့တွေ ဒီလိုပဲ လည်စင်းခံရတော့မှာလား။ အလွန်စိုးရိမ်စရာကောင်းလှပါတယ်။ ဒါတွေကိုဘယ်လို ပြင် ကြမှာလဲ။ ပြင်ဆင်ဖို့ဘယ်သူ့မှာတာဝန်ရှိသလဲ။ အဖြေက တော့တာဝန်ရှိမှုသည်စာရေးသူတို့အားလုံးမှာရှိပါတယ်။ အား လုံး ဆိုတော့ အစိုးရနဲ့ပြည်သူတွေပဲပေါ့၊ ကဲအစိုးရအပိုင်းကို ခဏဘေးဖယ်ပြီး ကိုယ့်အပိုင်း ဖြစ်တဲ့ ပြည်သူဆိုတဲ့အပိုင်းကို အရင်ကြည့်ကြရအောင်ပါ။ အစိုးရအပိုင်းဆိုတာက ကိုယ့် အပိုင်းလည်း မဟုတ်၊ ပြင်ဆင်လုပ်ကိုင်ရတဲ့အပိုင်းမှာ လည်း အဘက်ဘက်ကနေ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကနေ ကြည့်ပြီး သွားနေရတာဆိုတော့ လုပ်ဆောင်ချက်တွေက ရှုထောင့် တစ်ခုတည်းကြည့်ပြီးလုပ်တဲ့သူတွေလောက်တော့ ဘယ်မြန်နိုင်ပါ့မလဲ။ ပြည်သူ့အပိုင်း ဆိုတာကတော့ ကိုယ်ပိုင် တဲ့အပိုင်း လည်း ဖြစ် နေတဲ့အပြင် ပြောင်းလဲ လုပ်ကိုင်ဖို့အတွက် အစိုးရအပိုင်းထက်စာရင်တော့ ပိုလွယ်ကူမှာအမှန်ပါ၊ ဒါကြောင့် ဒီအပိုင်းကို အရင်စပြီး စဉ်း စားကြည့်လိုက်ကြရအောင်။ ကဲ ပြည်သူ့အပိုင်းဆိုတာ ဒီကိစ္စမှာပြည်သူနှစ်မျိုးပါဝင် နေ ပြန်ပါသေးတယ်။ ထုတ်လုပ်ရောင်းချသူနဲ့ စားသုံးသူဆိုတဲ့ အမျိုးအစားတွေပါ၊ ပထမအနေနဲ့ ထုတ်လုပ်ရောင်းချသူ ဘက်ကနေ စဉ်းစားကြည့်ကြစို့။ ထုတ်လုပ်ရောင်းချသူဆိုတာ ကုန်ပစ္စည်းတွေကို စတင် ထုတ်လုပ်တဲ့နေရာကစလို့ နောက်ဆုံးအသုံးပြုတဲ့သူ၊ စား သုံးသူထံ ရောက်တဲ့အထိ တာဝန်ယူဆောင်ရွက်နေကြတဲ့ သူတွေ အားလုံးပါပါတယ်။ ထုတ်လုပ်သူ၊ တစ်ဆင့်ထုတ်လုပ် သူ၊ ထုပ်ပိုးသူ၊ ကုန်ပစ္စည်းအစိတ်အပိုင်းတွေတစ်ခုချင်းစီကိုထုတ်လုပ်တဲ့သူ၊ အဲဒီအစိတ်အပိုင်းလေးတွေကိုတပ်ဆင်ပြီး ထုတ်လုပ် တဲ့သူ၊ အခြားတိုင်းပြည်မှတင်သွင်းဖြန့်ချိတဲ့သူ၊ ကိုယ်တိုင်ထုတ်လုပ်ခြင်းမဟုတ်သော်လည်း ကိုယ့်ရဲ့ကုန် အမှတ် တံဆိပ်ကို တပ်ဆင်ထားသူ၊ လက်လီလက်ကားဖြန့် ချိသူ၊ ရောင်းချသူ စသည်စသည်ဖြင့် အားလုံးပါဝင်နေပါ တယ်။ လူတိုင်းဟာ တစ်ချိန်ချိန်မှာ ထုတ်လုပ်ရောင်းချသူ ဖြစ်နိုင်သလို တစ်ဘက်မှာလည်း စားသုံးသူဖြစ်နေပါသေး တယ်။ ဒါကြောင့် ကိုယ်တိုင်စားသုံးသူဖြစ်တဲ့အပိုင်းမှာ ဘယ်လိုလုပ်မလဲဆိုတာလေးကိုစဉ်းစားပြီး ကိုယ်ချင်းစာနာ စိတ် လေး နဲ့ဆောင်ရွက်မယ် ဆိုရင် လောကကြီးကအေးချမ်း နေမှာ အမှန်ပါ၊ ဒါပေမဲ့စားသုံးသူပြည်သူတွေကို ဘေးအန္တရာယ် မဖြစ်ရအောင် ဘယ်လိုလုပ်ကိုင်ရမယ်၊ ဘယ်လိုစံချိန်စံညွှန်း တွေနဲ့ကိုက်ညီရမယ်ဆိုတာတွေကိုတော့သိရမှာပေါ့လေ။ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းဖို့လို့ ဆိုလိုက်တာနဲ့ စာရေးသူပထမဆုံးသတိရမိတာကတော့ ဂျပန် နိုင်ငံကို ပါပဲ။ဘာဖြစ်လို့လဲဆိုတော့ ဂျပန်နိုင်ငံဟာ အာရှ တိုက်အတွင်းမှာတည်ရှိနေပြီး ကျွန်မတို့မြန်မာနိုင်ငံနဲ့ ကိုးကွယ်တဲ့ ဘာသာရေးရော နေထိုင်မှုပုံစံများပါ တူညီကြတဲ့ အပြင် အစားအသောက်လုံခြုံစိတ်ချရမှု အဆင့်အတန်းနဲ့ ပတ်သက်လို့ ယုံကြည်ရမှုအဆင့်ဟာ ကမ္ဘာပေါ်မှာပါ အလွန် မြင့်မားကြောင်းကို တွေ့ခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရှိ တစ်ချို့ အစား အသောက်တွေရဲ့ စံ နှုန်းဟာဆိုရင် နိုင်ငံ တကာ စံနှုန်း တွေထက်ကိုပင် မြင့်မားနေကြောင်းလည်းသိရှိခဲ့ရပါတယ်။ ဒါကိုပြီးခဲ့ တဲ့ဖေဖော်ဝါရီလတုန်းက စာရေးသူတက်ရောက်ခဲ့တဲ့ နှစ်ပတ်ကြာ ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲ ပုံစံသင် တန်း ကြောင့် သိရှိနားလည်ခဲ့ရခြင်းဖြစ်ပါတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ လောက်ကလည်း ဂျပန်နိုင်ငံ ဟာ အခုစာရေးသူတို့မြန်မာနိုင်ငံလို အစားအသောက်ကိစ္စနဲ့ ပတ်သက်လို့ အုတ်ရောရော ကျောက်ရောရော ဖြစ်နေတဲ့ အချိန်ပေါ့၊ အစားအသောက် အဆင့်အတန်းလည်း အခုလို မမြင့်မားသေးပါဘူး၊ နိမ့်ကျနေပါသေးတယ်။အဲဒီအချိန်မှာပဲ ဒီလိုအစားအသောက်တွေ စံချိန်မမီတဲ့အတွက်ကြောင့် ကိုယ့် လူမျိုးတွေဟာ ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး ဆောင်ရွက်ရမဲ့ ကိစ္စ ရပ်တွေမှာ အရာရာ နောက်ကျန်ခဲ့ရတယ်ဆိုတာကို ဂျပန် လူမျိုးတွေသိရှိလာခဲ့ကြပါတယ်။ ဒီလိုသိရှိလာတဲ့အခါမှာ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်၊ ကိုယ့်လူမျိုးကိုယ့်နိုင်ငံကို တိုး တက်စေလိုတဲ့စိတ်၊ နိုင်ငံတကာမှာ ဂျပန်လူမျိုးဆိုတာ စည်း ကမ်းရှိပြီး ဉာဏ်ရည်ဉာဏ်သွေး ဘယ်ေ လာက်မြင့် မား ကြောင်းကိုပြသယှဉ်ပြိုင်လိုတဲ့စိတ်စတဲ့ နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့ စိတ်များနဲ့ ဂျပန်အစိုးရနဲ့ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းတို့ဟာ သူတို့နိုင်ငံမှာရှိတဲ့စားသောက်ကုန်တွေ၊ စား သောက်ဆိုင်တွေနဲ့ အစားအသောက်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေဟာ ကမ္ဘာပေါ်မှာအစားအသောက် အဆင့် အတန်းအမြင့်မားဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံလိုမျိုး တစ်နေ့ မှာဖြစ်ရမ ယ်လို့ ရည်ရွယ်ပြီးဆောင်ရွက် ခဲ့ကြပါတယ်။ အဲဒီ ရည်ရွယ်ချက်ကြောင့် ဂျပန်လူမျိုးပညာရှင်တွေကို အမေရိကန် နိုင်ငံကို ပညာတော်သင်စေလွှတ်ပြီး အစားအသောက်ဆိုင်ရာ နည်းပညာတွေကိုသင်ယူစေပါတယ်။ စားသောက်ဆိုင် တစ် ဆိုင်ချင်း စီမှ အမေရိကန်နိုင်ငံထုတ် အစားအသောက်ဆိုင်ရာ စက်ပစ္စည်းကရိယာတွေကို ဝယ်ယူနိုင်စွမ်း မရှိကြသေးတဲ့ အတွက်ေ ကြာင့် ဂျပန်စားသောက်ဆိုင်များအသင်းမှ စုပေါင်း ကျခံကာစက်တစ်လုံးဝယ်ယူပြီး မိမိတို့နိုင်ငံမှာတင် ထုတ် လုပ် နိုင်စေ ရန် အတွက် အဆင့်ဆင့်ဖြုတ်ခြင်း၊ တပ်ခြင်းများ ဆောင် ရွက်ပြီး လေ့လာသင်ယူမှုများ ပြုလုပ်ခဲ့ကြတဲ့အတွက် ယခု အခါတွင် ဂျပန်နိုင်ငံရဲ့ အစားအသောက်အဆင့်အတန်းနဲ့ ကုန်ပစ္စည်းများရဲ့လုံခြုံစိတ်ချရမှု အဆင့်အတန်းမှာ အလွန် မြင့်မားနေ တယ်ဆို တာအားလုံးမျက်မြင်တွေ့ရှိနေရပါပြီ၊ ယခုအချိန်မှာ ဂျပန်နိုင်ငံဟာ ပြည်ပအကူ အညီမလိုဘဲ မိမိတို့ အင်အားဖြင့် ကမ္ဘာ့ အလယ်မှာေ ကာင်းစွာ ရပ်တည်နိုင်တဲ့ အဆင့်မှာ ရောက်ရှိနေရုံသာမက အခြားနိုင်ငံများကိုပါ အကူအညီများေ ပးနိုင်တဲ့ အဆင့်မှာ ရှိသည်ဟုဆိုလျှင် မည်သူ များငြင်းဆိုနိုင်ပါအံ့နည်း။ အထက်မှာပြောခဲ့သလို အစားအသောက်ပညာရပ်များ ကို နိုင်ငံတကာတွင်လေ့လာသင်ယူမှုများ ပြုလုပ်ခဲ့ကြပြီး မိမိတို့နိုင်ငံတွင်းမှာလည်းအစားအသောက်လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ ပိုမိုဖွင့်ပေးခဲ့သောကြောင့် လုပ်ကိုင်သူ အများအပြားရှိလာပါတော့တယ်။ ပြိုင်ဆိုင်မှုတွေပြင်းထန်လာ ခဲ့ သည်ပေါ့။ ဒီအခါမှာ ဂျပန်လုပ်ငန်းရှင်များရဲ့ စိတ်ဓာတ်နဲ့ အစိုးရရဲ့ မူဝါဒများကောင်းမွန်မှန်ကန်မှုကို အထင်အရှား မြင်လာရပါတော့တယ်။ ပြိုင်ဆိုင်မှုများ ပြင်းထန်လာတဲ့ အခါ မှာ ဂျပန် စီးပွားရေးလုပ်ငန်းရှင်များဟာ သူတို့ရဲ့ လုပ်ငန်းတွေ ကိုတရားမျှတစွာ ယှဉ်ပြိုင်နိုင်ဖို့အတွက် လုပ်ငန်းပုံစံများ ကို ပြောင်း လဲမှုတွေပြုလုပ်လာရပါတယ်။ လုပ်ငန်းပုံစံများကို ပြောင်းလဲတဲ့အခါမှာ ကုန်စရိတ်များကို လျှော့ချနိုင်ဖို့ အတွက် မိမိတို့ ရဲ့ကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေရဲ့ အရည် အသွေးကို ယခင်ကထက်ပိုမိုမြှင့်တင်ခဲ့ပြီး၊ ဈေးနှုန်း ချို သာစွာဖြင့် စားသုံးသူများလက်ထဲရောက်နိုင်စေရန်အတွက် လူအင်အားအစား စက်အင်အားများကို အသုံးပြု၍ တိုးချဲ့ လုပ်ကိုင်ခဲ့ကြတယ်။