Main menu

Background

စားသုံးသူ ကာကွယ်ပေးရေးက နုနု၊ ကျန်းမာရေး အသိဉာဏ်က နည်းနည်း မုန်တိုင်းထဲက စားသုံးသူ

Mon, 06/16/2014 - 04:08 -- ydnar

 
တစ်ရက်မှာ ကြက်သွန်နီအရောင်းအဝယ်ဖြစ်တဲ့ ပခုက္ကူ မြို့မဈေးရဲ့ အနောက်နားမှာရှိတဲ့ ဦးမေဃကျောင်းဝန်းကို ကြက်သွန် အဝင်၊ ဈေးနှုန်းအနေအထား လေ့လာရင်း တစ် ဆက်တည်း ဈေးတစ်ပတ်လည် လေ့လာမေးမြန်းစုံစမ်းကြည့်မိ ပါတယ်။ လက်လီဈေး၊ လက်ကားဈေး၊ ကွာခြားမှုဆိုတာတွေ ပါ။ ကြက်သွန်ဈေး လေ့လာရင်း ဘာသွားတွေ့ သလဲဆိုေ တာ့ ဈေးကြီး ရဲ့မြောက်ဘက်အလယ်ပေါက်တည့်တည့်မှာ တညင်း သီးပြုတ် ရောင်းနေကြတဲ့ သူတွေပါ။ သူ့ရာသီသူ့အချိန်နဲ့ ပေါ်တဲ့ သီးနှံ၊ ရောင်းတာ ဘာဆန်းသလဲကွာ---မေးစရာ ရှိပါလိမ့်မယ်။ ဟုတ်ကဲ့ --- ရာသီပေါ်လို့ စားသုံးသူတွေ စားသုံး ဖို့ ပြုတ်ပြီးေ ရာင်းတယ်။ ဒါပေမဲ့ ဒီတညင်းသီးတွေဟာ ပုံမှန် အနေအထားမဟုတ်ဘူး လူကြည့်လို့ကောင်းအောင် ဆိုးဆေးတွေ ဆိုးထား တာကို တွေ့ရပါတယ်။ သေချာအောင် မေးကြည့်တော့

ဈေးရောင်းသူက မဖြေချင်ဖြေချင်နဲ့ ပြန် ပြောတယ်။ နည်းနည်းေ တာ့ ဆေးဆိုးထားတယ်။ ဝယ်သူရော ရှိရဲ့လားလို့မေးတော့ ၄၀၀၀ ကျပ်ဖိုးလောက် ဈေးဦးပေါက်ပြီ လို့ ပြောပါတယ်။ တစ်နိုင်ငံလုံး စားသုံးသူ ကာကွယ်ပေးရေး ဆောင်ရွက် နေကြလို့ငါးပိထဲကို အရောင်ဆိုးတာ၊ ရေချိုငါးပိထဲမှာ ဓာတ် မြေသြဇာထည့်တာ ငရုတ်သီးမှုန့် အမျိုးမျိုးကို အရောင်တင် တာ၊လက်ဖက်ထဲမှာဆိုးဆေးပါတာ၊ ထိုင်ဝမ်က လာတဲ့မုန့်ေ တွ မှာစားသုံးရန်မသင့်တာလူတွေကိုနည်းမျိုးစုံနဲ့ ဘေးအန္တရာယ် ပေးတာတွေ ပွက်လောညံနေတဲ့ ကြားထဲက အခုတညင်းသီး ကို ကြည့်ကောင်းအောင် လှအောင် အရောင်ဆိုး ရောင်း တယ်။ ရောင်းသူက ရောင်းသလို ဝယ်စားသူက စား တယ်။ ရောင်းသူမှန်သလား၊ မှားသလား၊ ဝယ်ယူစားသုံးသူရော မှား သလား၊ မှန်သလား ခြုံငုံသုံးသပ်ကြည့်ရင် ကျန်းမာရေး အသိ ပညာ၊ ကျန်းမာရေး အသိÓဏ် အားနည်းတယ်လို့ပဲ ပြောရ မလား။ ကျွန်တော်တို့ ငယ်ငယ်က သုံးစွဲခဲ့ကြတဲ့ မြန်မာ့ရိုးရာ တိုင်းရင်း ဆေးထုပ်ကလေးတွေမှာ အနာမျိုး ၉၆ ပါးပျောက် တယ်လို့ မှတ်သားဘူးပါတယ်။ ခေတ်မီလာသော အတိုင်း အတာအရဆိုရင် ယခုအခါ အနာမျိုး ၉၆ ပါးမကတော့ တာ ကို တွေ့နေရပါတယ်။ ဘယ်အတွက်ကြောင့် ဘာကြောင့်ဖြစ်လာ ရသလဲ။ လူဦးရေ မတရားထူထပ် ပွားများလာလို့လား တိုး တက် များပြားလာသော လူဦးရေနဲ့ ကိုက်ညီအောင် မြေ ကွက်တွေ တိုးချဲ့လို့ စိုက်ပျိုးမြေတွေချဲ့ထွင်လို့ သစ်ပင် သစ် တောြ ပုန်းတီးလို့ ဂေဟစနစ်တွေ ပျက်ခဲ့သလား၊ တိုးတက် ထွန်းကားလာတဲ့ သိပ္ပံပညာအရ စက်ရုံအလုပ်ရုံတွေ ပေါများ လာလို့ အဲဒီစက်ရုံတွေက ထွက်တဲ့ ကာဘွန်ဒိုင်အောက် ဆိုက် ဓာတ်ငွေ့တွေကြောင့် အိုဇုန်းလွှာတွေပေါက်လို့ ဖန်လုံအိမ် အာနိသင်ေ တွပျက်လို့၊ အယ်နီညိုကြောင့် လာနီညာကြောင့် ဆိုသောအကြောင်းအကြောင်းတွေကြောင့် ရောဂါထူပြော လာလို့ ၉၆ ပါးမကတော့တာလားဆိုတာကို သက်ဆိုင်တဲ့ ပညာရှင်များအပိုင်းက ပြောဆိုပြုစုကြပါလိမ့်မယ်။ ကျွန်တော် တို့တစ်တွေက ပညာရှင်မဟုတ်လေတော့ ကိုယ်တွေ့တာ မြင် တာကိုပဲ တင်ပြချင်တာပါ။ အစားအသောက်ပိုင်း လေ့လာကြည့်ရအောင်ပါ။ ကိုယ့် လူမျိုး ကိုယ့်နိုင်ငံရဲ့ အဓိကအစားအစာ ဆန်ကိုပဲ အရင် ကြည့်ရအောင်ပါ။ စပါးဘဝမဖြစ်ခင် အပင်ဘဝကတည်းက သုံးစွဲလိုက်ရတဲ့ ဓာတုဆေးဝါးတွေ ပေါင်းသတ်ဆေးပိုးသတ် ဆေး အတက်ပွားဆေး၊ အရွက်ထွားဆေး၊ အသီးအနှံအောင် ဆေး၊ ကြားထဲထူးထူးခြားခြား ပိုးကျလို့ အသုံးပြုရတဲ့ ပိုး သတ်ဆေးဖြစ်ထွန်းပြီ၊ အောင်မြင်ပြီ၊ အစေ့အဆန်ဘ၀ ရောက်ပြီ၊ ပေါက်ဈေးနဲ့ မကိုက်ညီလို့ ဈေးစောင့်ရင်း လှောင် ထားပြီး ပိုးဒဏ်ကာကွယ်ဖို့ သတ်ရပြန်ပြီ၊ ပိုးသတ်ဆေး သုံးရပြန်ပါပြီ၊ ကိုယ့်လက်ထဲကပွဲစား၊ ပွဲစားကစက်ရုံပိုင်ရှင်၊ စက်ရုံပိုင် ရှင်က ဈေးမကြိုက်သေးဘူး၊ လှောင်ထားမယ်။ မကြိတ်ခွဲသေးဘူး၊ ကျပြန်ပြီ ပိုးသတ်ပြန်ပြီ ပိုးသတ်ဆေးနဲ့။ ကောင်းပြီစပါးကနေ ဆန်အဖြစ် ကြိတ်ခွဲပြီးဆန်ဘဝမှာလည်း ဈေးကွက်ရှိရာကို ရောက်လာတယ် ။ ဈေးမ ကြိုက်၊  ဈေးမကိုက်ဘူး၊ လှောင်ထား ပိုးကျ ပိုး သတ် သုံးပြန်ပြီ ပိုးသတ်ဆေး စပါးဘ၀ မရောက်ခင် ပျိုးပင်ဘ၀ ကသည် ဆန် ဖြစ်လို့သိုလှောင်ရုံထဲရောက်သည်အထိ သုံးထားတဲ့ပိုးသတ် ဆေးဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါ အသုံးပြုသလဲ၊အသုံးပြုတဲ့ သူတွေကရော ပိုးသတ်ဆေး သုံးစွဲရာ မှာ တရားဝင် စနစ်တကျ မှန်မှန်ကန် ကန် သူ့အညွှန်းနဲ့သူ သုံးစွဲခဲ့ ကြရဲ့လား၊ ဒါမှမ ဟုတ် ကိုယ်ထင်သလို ကိုယ်သိ သလိုသူများပြောသလို သုံးစွဲခဲ့လို့ ဓာတု ပိုးသတ်ဆေးကြွင်းတွေများ ကျန်နေခဲ့ ရင် ဒီဆန်ကို စားသုံးကြတဲ့ ပြည်သူတွေဟာ တရုတ်သိုင်း ကားထဲက အဆိပ်တစ်ထောင်မယ်တော်ကြီး အဆိပ်ကို နည်း နည်းခြင်း စားပြီး သိုင်းကျင့်သလို ဖြစ်နေမလားဆိုတာလို့ တောင် ထင်ရပါတယ်။ ထားအုံး ဆန် ...။ ''ကျွန်တော်တို့ဒေသ အညာသား ပဲစား ဆိုတဲ့ အညွှန်း အတိုင်း နံနက်လင်းပြီဆိုကတည်းက ပဲပါလာပြီ။ မနက်စာ ထမင်းနဲ့ စားတော်ပဲပြုတ် ဒါမှမဟုတ် မုန့်ဟင်းခါး၊ ခေါက် ဆွဲစားရင် မတ်ပဲကြော်၊ ကုလားဘရာကျော်၊ ထပ်တရာ၊ ပူရီ စားရင် စားတော်ပဲပါတယ်။ နေ့ခင်းစာ ကုလားပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ပဲကြီး၊ ပဲနောက်၊ ပခုက္ကူမှာ သံဃာတော်များ အရုဏ်ဆွမ်းလောင်းရုံ ၅ ရုံ အနည်းဆုံးရှိပါတယ်။ မနက် စောစောအရုဏ်ဆွမ်းလောင်းပါတယ်။ မနက် ၄ နာရီ ကျော် ပြီဆိုက ထဲက ဆွမ်းလောင်းအသင်းက နိဗ္ဗာန်ဆော်ဆရာက အသံချဲ့စက်နဲ့ အော်ပါတယ်။ ယနေ့အလှူရှင် ဦး---ဘယ်သူ၊ ဒေါ်--- ဘယ်သူက စေတနာသုံးတန်ပြတ်သားပြီး ဟင်းလျာ ၄ မျိုးနဲ့ လောင်းလှူပါတယ်ခင်ဗျာ။'' '' ဝက်သားနှပ်ဟင်းလျာ''  '' ကုလား ပဲနှပ်ဟင်းလျာ''   ''  ငြုပ်ကြော်ဟင်းလျာ''  ''သရက် ချဉ်သုပ်ဟင်းလျာ'' မနက် ၄ နာရီ အရုဏ်ဆွမ်း လောင်းရာ မှာ ပဲပါတယ်။ နံနက်ခင်းအစားမှာလည်းပဲပါတယ်။ နေ့ခင်း ထမင်း ပဲပါတယ်။ လာပြီ ညနေပိုင်း ရပ်ကွက်ထဲမှာ လိုက် ရောင်းချပါ တယ်။ပဲပြုတ် စွန်တာနီ ပဲကို ပြုတ်ရောင်းပါတယ်။ ကျွန်တော် တို့အရပ်အခေါ် စွန်တာနီ ပဲကို တွန်တာနီပဲလို့ ခေါ်ပါတယ်။ ဆိုလိုချင်တာကအညာမှာပဲဟာအမြဲတန်းပါလေ့ရှိတဲ့ဟင်းလျာ ပါ။ ဒီပဲတွေနဲ့မကင်းနိုင်ကြဘူး။ တစ်ရက်က ဘုန်းကြီးကျောင်း၊ ဆွမ်းချိုင့်အလှည့်ကြလို့ အိမ်က အမျိုးသမီး ကုလားပဲနှပ် တယ်။တစ်ရေထည့်၊နှစ်ရေ၊သုံးရေ၊လေးရေထည့်တာတောင် ပဲကပြုတ်မနူးဖြစ်နေတယ်။ ကျွန်တော်ပြောတယ် ပရက်ရှာ ကွတ်ကာ  (Pressure-Cooker ) နဲ့ ပေါင်းလေကွာ ဆိုတော့ လည်း ဒီကုလားပဲမနပ်ဘူး၊ အရိုးအသားတောင် ၄၅ မိနစ်၊ ၁ နာရီနဲ့ နူးတဲ့ အိန္ဒိယကလာတဲ့Pressure -Cooker ကုလားပဲဆန်နဲ့ကျမှ လက်မြှောက် အရှုံးပေးရတယ်။ ဒီပဲရဲ့ သိုလှောင်မှု ဘယ်လောက်ကြာပြီလဲ၊ အပင်ဘဝ၊ သီးကင်း ဘဝ၊ အလုံးဘဝ၊ အစေ့အဆန်ဘဝ၊ ခွဲခြမ်းဘဝ၊ ဖြတ်သန်း လာရတဲ့ ပဲဘဝ၊ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ၊ ပိုးသတ်ဆေးနဲ့ တွေ့ကြုံခဲ့ရသလဲ၊ ပိုးအကြိမ်ကြိမ် အသတ်ခံခဲ့ရလို့ ပိုးသတ် ဆေးကြွင်း ဘယ်လောက်များအောင်ကျန်နေလို့ အရိုးအထိ နူးနိုင်တဲ့  Pressure -Cooker လက်မြှောက်အရှုံးပေးရသလဲ။ ဒါကို စားသုံးကြတဲ့ ကျွန်တော်တို့တစ်တွေ ဆန်၊ ပဲ ပြီးတော့ အသီးအရွက်ဘက် ဆက်ကြအုံးစို့။ နေ့စဉ်စားနေကြတဲ့ အသီး အနှံ ဘယ်အသီးအနှံမှ ပိုး သတ်ဆေး မလွတ်ဘူး။ နဲနဲပါတာနဲ့ များများပါတာပဲကွာတာ။ ပိုးသတ်ဆေး မလွတ်တာကြီးဘဲ ဖြစ်ပါတယ်။ ယခင်က ခရမ်း ချဉ်သီးဆိုတာ ကျွန်းသီး၊ ကိုင်းသီး၊ ဒီနှစ်မျိုးပဲပေါ်ချိန်မှာ စား ကြရတာ၊ နည်းပညာတိုးတက်တဲ့ ခေတ်ထဲမှာ တိုင်ထောင်သီး၊ ထိုင်ဝမ်သီးမျိုး ပေါ်လာတယ်။ တစ်နှစ်ပတ်လည်ထွက်တယ်။ ဒါပေသိ ပိုးသတ်ဆေးအရမ်း သုံးရတယ်။ ဒီတော့ ပိုးသတ် ဆေးကြွင်းရှိတယ်။ ကိုယ့်စာကို ရေးရင်း---ရေးရင်း ပိုးသတ် ဆေးနဲ့ ဓာတုဆေးကြွင်းထဲက ထွက်နိုင်ပါတော့မလား၊ နည်း နည်းစိုးရိမ်လာရတယ်။ ဒီလောက်များပြားနေတဲ့ အဆိပ်တွေ ဓာတုဗေဒဆေးတွေထဲမှာ တစ်ခါပြည်တွင်း ပြည်ပက အစား အစာတွေမှာ တာရှည်ခံအောင် အရောင်လှအောင်ဆွဲဆောင် တဲ့ အနေနဲ့ ဓာတုဆေးဝါး၊ ဆိုးဆေးတွေသုံးမယ်၊ အဲတာတွေ အကုန်လုံးပေါင်းစားပြီး တရုတ်သိုင်းဇာတ်ကားထဲက အဆိပ် တစ်ထောင် ဖွားဖွားကို ကျွန်တော်တို့တစ်တွေသွားပြီး သိုင်း ပြိုင်ရင်''မည်သို့ဆောင်ရွက်လိုက်သည်မသိ'' ဆိုတဲ့ သိုင်းကွက် နဲ့ ချလိုက်ရင် တရုတ်သိုင်းကားထဲက အဆိပ်တစ်ထောင် ဘွားဘွားလောက်တော့ သနားတယ်ပြောရမှာပေါ့ဗျာ---။ဒါတွေကို နိုင်ငံတော်အပိုင်းကသိတယ်။ အာဆီယံ ၁၀ နိုင်ငံ မှာ စားသုံးသူအကာအကွယ် ပေး ရေး ကျွန်တော်တို့နိုင်ငံက နောက်အကျဆုံး။ ဒါကြောင့် ကြိုး စား ဆောင်ရွက်လုပ်ကိုင် အစပျိုးနေတယ်။ အကောင်အထည် ဖော်နေတယ်။ ၂၀၁၂ ခုနှစ် ဇွန်လ  ၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာကိုတွေ့ လိုက်၊ ဖတ်လိုက်ရပါတယ်။ တမူး နယ် စပ်မှာအိန္ဒိယနိုင်ငံက တင်သွင်းတဲ့ အစားအသောက်များ၊ စား သုံးရန်သင့်၊ မသင့် သိရှိစေရန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာန၊(FDA) မှ ဓာတ်ခွဲခန်းတစ်ခုဖွင့်လှစ်မယ် ဆိုတဲ့ သတင်း၊ အခြားနယ်စပ် စခန်းတွေမှာလည်း ဖွင့်လှစ်ပြီး ခဲ့တာတွေ ရှိနေပြီဆိုတာလည်း သိရပါတယ်။ မိုဘိုင်းအသင်း တွေ ဖွဲ့စည်းတယ်။ ရှောင်ကွင်းလမ်းတွေမှာ စားသုံးရန် မသင့် တဲ့ အရက်၊ ဘီယာ၊ ဆေးဝါး၊ မုန့်၊ အေးခဲကြက်သား၊ ဘဲသား၊ ရနိုင်သမျှရအောင် ဖမ်းဆီးတယ်။ ဖျက်ဆီးတယ်။ ဒီလောက် ဆောင်ရွက်နေတယ်။ ပညာပေးတယ်။ အသိပေး တယ်။ ဗဟု သုတ မျှဝေတယ်။ ပြီးတော့အရေးယူတယ်။ ဒီလောက်လုပ် ကိုင်ဆောင်ရွက်ပြနေတယ်။ ကိုယ့်ပြည်တွင်းမှာ ရောင်းချသူ ရော၊ စားသုံးသူရော ကျန်းမာရေးအသိနဲ့ ဘယ် လောက် လိုက်နာဆောင်ရွက်နေပြီလဲ ကြိုးစားနေကြပြီလဲ။ အနေအထားကတော့ ဒီစာအစမှာ ဖော်ပြထားသလို တညင်းသီးတောင် ဆေးထပ်ဆိုးရောင်းချနေကြတုန်း၊ ဒီသေး သေးမွှားမွှားကလေးကသည် အခြားကြီးကြီးမားမားအဆင့် ဘယ်လောက်များ မှားနေကြအုန်းမှာလဲ။ ကျန်းမာရေးအသိ မရှိလို့ ရောင်းတယ်၊ ကျန်းမာရေး အသိရှိလို့ ဝယ်မစားဘူး၊ ရောင်းသူဆက်ရောင်းနိုင်ပါအုန်းမလား၊ ရောင်းသူရောဝယ်သူ ရော ကျန်းမာရေး အသိမရှိလို့ ဒီကိစ္စတွေ ဆက်ဖြစ်နေအုံးမယ် ဆိုရင်၊ ဘယ်လိုလဲ--- စားသုံးသူ အကာကွယ်ပေးရေး ခင်ဗျာ-- စားသုံးသူ အကာအကွယ်ပေးရေးက နုနု၊ ကျန်း မာရေး အသိဉာဏ်နည်းနည်း၊ မုန်တိုင်းထဲက စားသုံးသူလို့ ပြောရင် လွန်မလားဗျာ----။