Main menu

Background

MITS Korea Co., ရဲ့ ကုန်ပစ္စည်းစစ်ဆေးရေးလုပ်ငန်းများလုပ်ဆောင်မည့်အစီအစဉ် ရှင်းလင်းတင်ပြပွဲကျင်းပ

Mon, 06/16/2014 - 08:47 -- ydnar

အာရှကုန်သွယ်မှုမြှင့်တင်ရေးဖိုရမ်(Asia Trade Promotion Forum-ATPF)အဖွဲ့ကိုလည်းဝင်ရောက်ထားပြီး ဖြစ်ကြောင်း၊ ကုန်သွယ်မှုဖွံ့ဖြိုးရေး အတွက် အခွင့်အလမ်း တစ်ခု ဖြစ်တဲ့EU နိုင်ငံများရဲ့GSP အခွင့်အရေးများ ရရှိ ထားပြီဖြ စ်ကြော င်း၊ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာနနဲ့ ပူးပေါင်းပြီး အမျိုးသားပို့ကုန်မဟာဗျူဟာရေးဆွဲ ကာ ဆန်စပါး၊ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ၊ သစ်တောထွက်ကုန်၊ ရေထွက်ကုန်၊ အသင့်ချုပ်ပြီးအထည်၊ ရော်ဘာထွက် ကုန်နဲ့ ခရီးသွားလုပ်ငန်းတို့ကို ဦးစား ပေးမြှင့် တင်ရမဲ့ကဏ္ဍများအဖြစ်ရွေးချယ် ထားကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ရေး ဗဟိုဌာနများကို မြို့နယ်အဆင့်များထိ ဆက်လက် တိုးချဲ့ဖွဲ့စည်းသွားမှာ ဖြစ် သလို ပြည်ပမှာရှိတဲ့ စီးပွားရေးသံမှူး များနဲ့ ချိတ်ဆက်ပြီး ကုန်သွယ်မှုမြှင့်တင် ရေး ကွန်ယက်ကြီး တည်ဆောက်ကာ ကုန်သွယ်မှုကို အိမ်နီးချင်းနိုင်ငံများ နည်းတူ တိုးတက်လာအောင် တစ်ရှိန် ထိုး မြှင့်တင် သွားမှာဖြစ်ေ ကြာင်း ပြော ကြားခဲ့ပါတယ်။

ထို့ပြင် နိုင်ငံအသီးသီးက ဘယ်လိုစီးပွားရေးစနစ်ကို ကျင့်သုံးဆောင်ရွက် သည်ဖြစ်စေ အခြားကမ္ဘာ့နိုင်ငံ များမှ အဖွဲ့အ စည်းတွေ က စံပြုသတ်မှတ်ထား တဲ့ လုပ်ထုံးလုပ်နည်းစနစ်တွေနဲ့ တစ် ပြေး ညီကျင့်သုံးလိုက်နာထုတ် လုပ်တင် ပို့ရောင်းချမှုေ တွကို ဆောင်ရွက်နေ ကြရတာဖြစ်တဲ့အတွက် ကုန်ဝယ်ယူသူ ဖြစ်စေ၊ ရောင်းချသူဖြစ်စေ စံချိန်စံညွှန်း သတ်မှတ်ချက်များနဲ့ အရည်အသွေး သတ်မှတ်ချက်များနဲ့အညီ တရားသဖြင့် ရောင်းဝယ်နိုင်စွမ်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိရန် လိုအပ်ကြောင်း၊ ကုန်ပစ္စည်းစ စ်ဆေး ခြင်းလုပ်ငန်းကိုကုန်သွယ်မှုအတား အဆီးတွေကို ကျော်လွန်ပြီး မှန်မှန်ကန် ကန်မျှမျှတတကုန်သွယ်နိုင်စွမ်းရှိဖို့ အတွက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးတဲ့အဖွဲ့ တွေဟာ နိုင်ငံတိုင်းမှာရှိကြောင်း ထပ်မံ ပြောကြား ခဲ့ပါတယ်။ ယခုအခါမြန်မာနဲ့ကိုးရီးယားနိုင်ငံ တို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကုန်ပစ္စည်း တင်ပို့ရာမှာ သင်္ဘောမတင်မီ စစ်ဆေး ခြင်း (Preshipment Inspection-PSI) နဲ့ဆိပ်ကမ်းရောက်စစ်ဆေးခြင်း (Destination Inspection) တို့ကို လုပ်ဆော င်နိုင်ရန်MITS နဲ့MITS Korea  တို့ အကျိုးတူ မိတ်ဖက်ဆောင် ရွက်လာတာဖြစ်ပါတယ်။အဲဒီလိုဆောင် ရွက်တဲ့အ တွက် မြန်မာ့ပို့ကုန်ပစ္စည်းများရဲ့Image  ကိုလည်း တည်ဆောက် နိုင်မှာဖြစ်သကဲ့သို့ စမ်းသပ်စစ်ဆေးမှု တွေကို တိကျမှန်ကန် စွာဆောင်ရွက် ပေးခြင်းအားဖြင့် နှစ်နိုင်ငံစားသုံးသူများ ကို အကာအကွယ်ပေးရေးမှာ များစွာ အထောက်အ ကူပြုမှာဖြစ် တယ် လို့ ဆို ပါတယ်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုဆောင်ရွက်ခြင်းများ လျင် မြန်ပွင့်လင်းမြင်သာမှုရှိစေခြင်း၊ သွင်း ကုန်ပို့ကုန် လုပ်ငန်းရှင်များ၏ အကျိုး စီးပွားအား အကာအကွယ်ပေးခြင်း၊ စာချုပ်ပါအချက်အလက်သတ်မှတ်ချက် များနှင့်ကိုက်ညီမှုရှိမ ရှိသေချာစွာ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းတင်ပို့သူနှင့် တင်သွင်းသူတို့ကြား အငြင်းပွားမှုများ ကိုဖယ်ရှားနိုင်စေခြင်း၊ စားသုံးသူ /သုံးစွဲသူ ပြည်သူလူထု၏ လူမှုကျန်းမာရေး များအတွက် ဘေးကင်းလုံခြုံမှုရှိစေ ရန် အကာအကွယ်ပေးခြင်းစတဲ့ အကျိုး ကျေးဇူး များကို ရရှိစေမှာဖြစ်ပါတယ်။ MITS Kအနေဖြင့်MITS မြန်မာကိုယ်စားကိုရီးယားနိုင်ငံမှ မြန်မာ နိုင်ငံသို့ တင်ပို့မည့်ကုန်ပစ္စည်းများ အား စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းစသည့် ဝန် ဆောင်မှု လုပ်ငန်းများအား တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်သည့် အပြင် မြန်မာနိုင်ငံ၏ သွင်းကုန်ပို့ ကုန်ဥပဒေ နှင့်အညီတင်သွင်းသူတင်ပို့သူများ၏လို အပ်ချက်နှင့် အညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။    ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာလည်း ဇွန်လ ၁၂ ရက်နေ့မှာMITS  နဲ့ ပတ် သက်၍ရှင်းလင်းခဲ့ပြီးယခုMITS  Kနဲ့လုပ်ဆောင်ချက်သည်ပထမခြေလှမ်း ဖြစ်ပြီး၊MITSမြန်မာသည် ဆက်လက် ၍ မလေးရှား၊ အင်ဒိုနီရှား၊ စင်္ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့နဲ့ လည်းပူးပေါင်း ဆောင်ရွက်သွားရန်အစီအစဉ်ရှိကြောင်း သိရှိရပါတယ်။