Main menu

Background

သဘာဝသယံဇာတ ကြွယ်ဝမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု ဝိရောဓိများ

Mon, 06/23/2014 - 05:12 -- ydnar



သတိပေးချက်ရလဒ် လက်နက်ကိုင်တိုက်ပွဲများ၏ အနိ ဋ္ဌာရုံများကို ကောင်းစွာ ဆင်ခြင်သုံးသပ်နိုင်ခဲ့ပြီးသည့် စစ်အေးကာလလွန် အချိန် များတွင် ဖွံ့ဖြိုးဆဲတိုင်းပြည်များသည် အခြားအရာများထက် ၎င်းတို့၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို အလွန်အမင်း အာရုံစိုက်လာ ခဲ့ကြ သည်။ ထိုလိုအပ်ချက်အတွက် နိုင်ငံခြားတိုက် ရိုက် ရင်းနှီးမြှုပ်နှံမှုကို အရေးကြီးသော အရင်းအနှီး ဇာစ်မြစ် အဖြစ်မျက်စိ ကျခဲ့ကြသည်။ မိမိတို့ နိုင်ငံများအတွင်းသို့ နိုင်ငံ ခြားအရင်းအနှီးများ စီးဝင်လာစေရေး သူထက်ငါ ဆွဲဆောင်မှု များ ပြုလုပ်လာ ခဲ့ကြ၏။ တိုက်ဆိုင်မှုရှိစွာပင် အပေးအယူ တည့်စရာအကြောင်းကဖန်လာသည်။ ကမ္ဘာအနှံ့ဖြန့်ကျက် ကျင်လည်ကျက်စားနေ ကြသော ကုမ္ပဏီများ၊ လုပ်ငန်းကြီး များကလည်း ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပရောဂျက်များ၊ ထူထောင် ရေးလုပ်ငန်းများတွင် ၎င်းင်းတို့၏ ရင်းနှီးငွေများကို ထည့်သွင်း မြှုပ်နှံရန် ထိုအချိန်၌အသင့်ရှိနေကြခြင်းဖြစ်သည်။ ထိုသို့ ပေးမည့်သူနှင့် ယူမည့်သူ သဟဇာ တဖြစ်နေသော်လည်း ဖြစ်စဉ်၏ အကျိုးဆက်များက အားလုံးကောင်းမွန်သည့် ရလဒ်များမဟုတ်။ အနုတ်လက္ခဏာပြသော အခြေအနေများလည်း ရှိခဲ့သည်။ လွန်ခဲ့သောဆယ်စုနှစ်များက ပြုလုပ်ခဲ့သော သုတေ သနများကလည်း သတိပေး အခြေ အနေတစ်ရပ်ကိုပြသနေ သည်။ သဘာဝသယံဇာတ ကဏ္ဍများရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် မြို့ပြပဋိပက္ခများ ဖြစ်ပေါ်မှုသည် ဆက်စပ်မှု ရှိနေသည်ဟူ သော တွေ့ရှိချက်ဖြစ်သည်။ယှဉ်တွဲလာသော အကောင်းနှင့်အဆိုး သဘာဝသယံဇာတမှ ရရှိလာသော နိုင်ငံခြားငွေများသည် ပြည်တွင်းတွင်အဂတိလိုက်စားမှုကိုပိုမိုဆိုးရွားေ စပြီး နိုင်ငံခြား လုပ်ငန်းများတည်ရှိ လုပ်ကိုင်နေမှုများမှာ များသော အားဖြင့် လူ့အခွင့်အရေးအလွဲသုံးစားပြုမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် အခြားရလဒ်ဆိုးများဆီသို့ တိုက် ရိုက်အားဖြင့်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့်လည်း ကောင်း ဦးတည် သွားနေသည်ဟု ထောက်ပြကြသည်။ ထို့ ကြောင့် နိုင်ငံတစ်နိုင်ငံအတွက် သဘာဝသယံဇာတကြွယ်ဝမှု သည် ကောင်းကျိုးကို သာမက ဆိုးကျိုးကိုလည်းဖြစ် စေသည် ဟု ဖြတ်သန်းခဲ့သော အတွေ့အကြုံများကို သက်သေ အဖြစ် မြင်ေ တွ့ခဲ့ကြ ရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်စပ် လာသော ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ပဋိပက္ခများနှင့် လူ့အခွင့် အရေးကိစ္စများတွင် အနုတ်လက္ခဏာဆောင်သည့် သက် ရောက်မှုများ များပြားလာသဖြင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများနှင့် ပတ်သက် ၍ ဆွေးနွေး သည့်အခါ ထိုကိစ္စများကိုပါ ထည့်သွင်းစဉ်းစားလာကြရသည့် အခြေအနေထိဖြစ်လာခဲ့သည်။ အခြားသော ရှုထောင့်များမှလည်း ထူးခြားသော သုံးသပ်ချက်ထွက် ရှိလာသည်မှာ သတိပြုစရာဖြစ်သည်။ ဖွံ့ ဖြိုးဆဲ တိုင်းပြည်များသို့ ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အများစုမှာ အများအားဖြင့် သဘာဝသယံဇာတ တူး ဖော်ထုတ် လုပ်ရေး ကဏ္ဍတွင်သာ ရင်းနှီးမြှုပ်နှံမှု များပြားပြီး ဝန်ဆောင်မှု ကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများကိုလက်ရှောင်တတ်လေ့ ရှိခြင်းြ ဖစ်သည်။အဘယ့်ကြောင့်နည်း ဆိုသည့် မေးခွန်း၏အဖြေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အချို့ကအခြေခံအဆောက်အအုံ မပြည့်စုံမှုက နံပါတ်တစ်နေရာတွင် ထားရမည့် အခက်အခဲတစ်ခုဖြစ်ပြီး အခြားသောလိုအပ်ချက်များမှာလည်း တန်းစီ၍ရှိနေ သည်ဟု ဆိုကာ တုံ့ပြန်သည်။စိတ်မြန်လက်မြန် အကယ်၍ နိုင်ငံအတွင်းတွင်လူမှုရေးမငြိမ်သက်မှု၊ ပဋိ ပက္ခများ အဆက်မပြတ်ဖြစ်ပေါ်နေသဖြင့် လုပ်ငန်းအားလုံး တိုင်း ပြည်တွင်းမှ ထွက်ခွာသွားရမည့် အခြေအနေမျိုး ကြုံလာခဲ့ပါက သဘာဝသယံဇာတအခြေခံထုတ်လုပ်ရေးကဏ္ဍများရှိ ရင်းနှီးမြှုပ်နှံမှုထက် ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍများမှ လုပ်ငန်းများကသာ ထိုတိုင်းပြည်မှ ဦးစွာထွက်ခွာ မည့် အခြေအနေ ပိုမိုရှိလိမ့်မည်ဟုလည်း သုတေသီတို့က ထောက်ပြကြသည်။ အခြားသောရင်းနှီးမြှုပ်နှံမှုများက စိုးရမ် မှုများဖြင့် ထွက်ခွာရန် အားထုတ်နေစဉ် သို့မဟုတ် ထွက်ခွာ နေစဉ် သဘာဝသယံဇာတတူးဖော်ရေး ထုတ်လုပ်သည့် လုပ် ငန်းများ၊ စွမ်းအင်ကဏ္ဍတွင် ပါဝင်ပတ်သက်နေသည့် လုပ် ငန်းများမှာမူ သည်စိတ်လှုပ်ရှားမှုများစွာ မရှိဘဲ ဆက်လက် ရပ်တည်နိုင်ရန် အားထုတ်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဟု ထင်မြင်ယူဆသနည်း ထိုကုမ္ပဏီများ၊ လုပ်ငန်းများနှင့်  သက်ဆိုင်ရာ အာဏာ ပိုင်များကြားအားကောင်းသောအကျိုးစီးပွားအခြေခံ ဆက်ဆံ ရေး များနှင့် လုပ်ငန်း သဘာဝအရ အရင်းအနှီးပမာဏ အမြောက်အမြားဖြင့် အထိုင်ချ တည်ဆောက် ထားပြီး ဖြစ် သော အခြေခံ အဆောက်အအုံများကြောင့် မျက်လုံးမှိတ်၍ စိတ်ဒုံးဒုံးချကာ နေလိုက်ကြခြင်းလည်းဖြစ်နိုင်သည်။ ထို့ အတူ နိုင်ငံ တစ်နိုင်ငံ အတွင်းသို့ ဝင်ရောက်မှုတွင်လည်း အခြားလုပ် ငန်းများ၏ အခြေအနေနှင့် ကွာခြားမှုများရှိ သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် ရင်း နှီး မြှုပ်နှံသူများသည် လက်လီအရောင်းဆိုင် လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍများ တွင် ရင်းနှီးမြှုပ်နှံမည့်သူများထက်ပို၍ လက်မြန်ခြေမြန်ရှိနိုင်သည်။ အခြားသူများက အခြေ အနေ အရပ်ရပ်ကို လေ့ လာအကဲဖြတ် နေဆဲအချိန်မှာပင် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေး ကဏ္ဍသို့ ဝင်ရောက်မြှုပ်နှံမ ည့်သူများမှာ အထိုင်ချရင်းနှီး မြှုပ်နှံပြီးသားဖြစ်လျက် ရှိနေသည်ကို တွေ့ကြရလိမ့်မည်။သယံဇာတ ပိုင်ဆိုင်မှု၏ ကောင်းကျိုးရရှိရေး ပွင့်လင်းမြင်သာစွာ ရှိနိုင်ရေး အားထုတ်နေကြသည့် ဒီမို ကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း သဘာ၀ သယံဇာတ ထုတ်လုပ်မှုနှင့် ပတ်သက်၍ အစိုးရနှင့် အရပ်ဘက်လူ အဖွဲ့ အစည်းများပိုမိုအလေးထားလုပ်ဆောင်လာသော အားထုတ်မှု တစ်ခုမှာ သဘာဝသယံဇာတ ထုတ်လုပ်ခြင်းမှ ရရှိလာသည့် ဝင်ငွေများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ရှိလာနိုင်ေ ရး ဖြစ် သည်။ သဘာဝသယံဇာတ ထုတ်လုပ်ခြင်းမှ ရရှိလာမည့်  ဝင်ငွေအကျိုးအမြတ်များမည်သည့်နေရာမှစ၍ မည်သည့် နေရာတွင် အဆုံးသတ်သည်။ မည်မျှရရှိသည်။ မည်မျှသုံး စွဲသည်စသဖြင့် အခြေအနေ အားလုံးကို အစိုးရနှင့် ပြည်သူ ပြည်သားအားလုံး မှန်ကန်၊ ပြည့်စုံစွာသိရှိနိုင်သည့် စနစ်တစ်ခု ဖန်တီးထားနိုင်ခြင်းအားဖြင့် အများပြည်သူအကျိုးဖြစ်ထွန်း စေနိုင်သကဲ့သို့ လာရောက်ရင်းနှီးမြှုပ်နှံသည့်နိုင်ငံများ၊ ကုမ္ပဏီ များအတွက်လည်း အဂတိလိုက်စားခြင်း၊ ဖိနှိပ်ခြင်းနှင့် ပဋိပက္ခ ကြောင့်ဖြစ် လာနိုင်သည့် စွန့်စားရမှု၊ ဘေးအန္တရာယ်များကို လျှော့ချနိုင်မည် ဖြစ်သည်။ တာဝန်ခံမှုရှိသော၊ တာဝန်သိတတ်သည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆွဲဆောင်ခြင်းသည် တိုင်းပြည် တစ် ပြည်၏အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက်အခြေခံကျသော အားထုတ်မှု ဖြစ်သည်။ ထိုလုပ်ငန်းများသာလျှင် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် တည်ငြိမ်မှုကိုပါ ဖြည့်ဆည်း ပေးနိုင်ပေလိမ့်မည်။ ထိုကဲ့သို့ အရည်အချင်းကောင်းများ ရှိေ သာ နိုင်ငံဖြတ်ကျော် စီးပွားရေးလုပ်ငန်းများ၊ကမ္ဘာ ကျော်လုပ်ငန်းကြီးများလုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်ပြောေ ချာ မွေ့လာနိုင် မည့် စီးပွားရေးပတ်ဝန်းကျင်များကို သက်ဆိုင်ရာ နိုင်ငံက ဖန်တီးပေးရန်လိုသည်။ သဘာဝသယံဇာတထုတ် လုပ်ရေးကဏ္ဍ တွင်နာမည်ကောင်းဂုဏ်သတင်းကို ထိန်းသိမ်း နိုင်စွမ်းရှိပြီး၊ သက်ဆိုင်ရာလူအဖွဲ့အစည်းက ပြဋ္ဌာန်းထား သော ဥပဒေ၊ စည်းမျဉ်းများကို ချိုးဖောက်ခြင်းမရှိဘဲ လုပ် ကိုင်နိုင်သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို လက်ခံ နိုင်မှသာ သဘာ၀ သယံဇာတဆိုသည့် ဥစ္စာဓနပိုင်ဆိုင်မှုသည် ထိုလူအဖွဲ့အစည်း၏စီးပွားရေးဖွံ့ဖြိုးမှုနှင့် နေထိုင်မှု အဆင့်အတန်းတိုးတက်ေ စရေး အတွက် အထောက်အကူရရှိလာစေ မည်ဖြစ်သည်။