Main menu

Background

ပုဂ္ဂလိက ကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်တက်ရောက်အမှာစကားပြောကြား

Thu, 06/26/2014 - 08:21 -- ydnar

ပုဂ္ဂလိက ကဏ္ဍနှင့် ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်း အဝေးကိုရန်ကုန်တိုင်းဒေသကြီး စီးပွား ရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာနတွင် ဇွန်လ ၂၁ ရက် က ကျင်းပ ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ် ရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ စီမံ/စီပွား ဝန်ကြီး ဦးသန်းမြင့်၊ နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်၊ပြည်ထောင် စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှု လက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင် နှင့် ဒုဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့ အသီးသီးမှဥက္ကဋ္ဌများတက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါ အခမ်းအနားတွင်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က နိုင်ငံတော် အစိုးရသည် နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ပြုပြင် ပြောင်းလဲမှုများကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက် လျက် ရှိ ပါကြောင်း၊ ပထမ အဆင့်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဒုတိယအဆင့် စီးပွားရေးပြုပြင်ပြောင်း လဲမှု၊ တတိယအဆင့်မှာ အုပ်ချုပ်ရေး စနစ်ပြုပြင်ပြောင်းလဲမှုနှင့် စတုတ္ထ အဆင့်မှာပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုး တိုးတက်ရေး ကို ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံ၏ စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများကြောင့်နိုင်ငံတကာ ဆက်ဆံရေးတွင် တိုးတက်လာ ခဲ့သလို နိုင်ငံတကာ၏ကူညီပံ့ပိုးပေးမှုများကြောင့် ပြည်သူများ၏ လူမှုစီးပွားရေးဘ၀ တိုးတက်မှုများကိုလည်း လျင်မြန် စွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် ကျင့်သုံးသည့် စီးပွားရေးစနစ် သည် ဈေးကွက် စီးပွားရေးစနစ်ဖြစ်သလိုပုဂ္ဂလိကကဏ္ဍ၏စီးပွားရေးစွမ်းအားကိုအဓိကအားထား၍ မောင်းနှင်သော စနစ်ဖြစ်သောေ ကြာင့်နိုင်ငံတော်အစိုးရ သည် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးကို အထူးပြုဆောင်ရွက်ပေးနေခြင်းဖြစ်ပါ ကြောင်း    ပို့ကုန်က ဦးဆောင်သည့် ရေ ရှည်တည်တံ့မည့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုရရှိနိုင်ရန် အမျိုးသားပို့ကုန် မဟာဗျူဟာ ကိုလည်း နိုင်ငံတကာ ကုန် သွယ်မှုဗဟိုဌာန၏ နည်းပညာအကူ အညီဖြင့် ကုန်သည်အသင်းများနှင့် တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ယခုအခါ နိုင်ငံ တော်၏ပွင့်လင်းမြင်သာသောနိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးပြုပြင်ေြ ပာင်း လဲမှုများဖြင့်နိုင်ငံ တကာမှရင်းနှီးမြှုပ်နှံ မှုများ တိုးတက်စီးဝင်လျက်ရှိသလို စီးပွားရေးပိတ်ဆို့မှု များ လည်း ပြန် လည် ဖြေေ လျာ့မှု ပြု လာပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်သည် နိုင်ငံ တော်အနေဖြင့် စီးပွားရေး တိုးတက်မှု အတွက် အရှိန်မြှင့်ရ မည့် အချိန် ဟု ဆို နိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ စီးပွားရေးနှင့် ကူးသန်းေ ရာင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်ပုဂ္ဂလိကကုန်သည် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပုံမှန်ထိေ တွ့၍အပြန် အလှန်ညှိနှိုင်း တိုင်ပင် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်တစ် ရပ်ချမှတ်လုပ်ဆောင်သွားမှာဖြစ်ပြီးလုပ် ငန်းရှင်များ၏ တင်ပြချက်၊လိုအပ်ချက်များ ကိုလည်း စီးပွားရေးကော်မတီနှင့် နိုင်ငံ တော်သမ္မတထံသို့ အချိန်နှင့် တပြေးညီ တင်ပြကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရ အနေဖြင့် စီးပွားရေးကဏ္ဍ၌ တိုးတက်မှု အထိုက်အလျောက်ရရှိနေလို့ ယခုထက် ပိုမိုတိုးတက်ဆောင်ရွက်သွားရန် လိုအပ် လျက်ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့်ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက်ဖြေလျော့ပေးမှုများဆောင် ရွက်ပေးခဲ့သော်လည်းအဆိုပါဖြေလျော့ ပေးမှုများကို အခွင့်ကောင်း ယူပြီး တရား မဝင်တင်သွင်းမှုများနှင့် စားသုံးရန် မသင့်သည့် စားသောက်ကုန်များကို တင်သွင်းလျက် ရှိနေသည့် အတွက် ထိထိ ရောက်ရောက်တားဆီးနှိမ်နင်းသွားရန် လိုအပ်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိက ကုန်သည်အသင်းအဖွဲ့များ လုပ်ငန်းရှင်များကလည်း တက်တက်ကြွကြွ ဆွေးနွေးအကြံပြုပေးကြပါရန် တိုက်တွန်းပြော ကြား ခဲ့ေ ကြာင်း သိရသည်။ ပုဂ္ဂလိကဏ္ဍနှင့်ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများ နှင့် ပတ်သက် ၍ နိုင်ငံတော် သမ္မတ အကြံ ပေး ပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက် က စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရ၊ ပုဂ္ဂလိကနှင့် လူမှု အဖွဲ့အစည်း သုံးဦး သုံးဖလှယ် ပူးပေါင်းဆောင်ရွက်မှလုပ်ငန်း များပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍပြုပြင်ပြောင်းလဲရေး အတွကWTO ?AEC စည်းမျဉ်း စည်း ကမ်းများအရ Protect  အစား Promotion အဖြစ်ဖော်ဆောင်ရန်လိုအပ် သလို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်  Outward Looking အမြင်ဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံလာသည့် စိန်ခေါ်မှုများ ကို အခွင့်အရေးအဖြစ် ပြောင်းလဲအသုံး ချတတ်ရန်အရေးကြီးပါကြောင်းဖြင့် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီးပြည်ထောင်စုမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု အသင်းချုပ်နှင့် ညီနောင်အသင်းများက လုပ်ငန်းများ လုပ်ကိုင်ရာ၌ တွေ့ကြုံရသည့်အခက်အခဲပြဿနာများနှင့် ဖြေရှင်းဆောင်ရွက်သင့်သည့်နည်းလမ်းများ ကိုကဏ္ဍ အလိုက် ဆွေးနွေး တင်ပြခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပြည်ထောင်စုဝန်ကြီးတို့မှဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။