Main menu

Background

အီးယူနှင့် အိန္ဒိယနိုင်ငံတို့၏ နှစ်ဦးနှစ်ဘက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေ

Fri, 06/27/2014 - 06:25 -- ydnar

 
အီးယူနှင့် အိန္ဒိယနိုင်ငံတို့၏ နှစ်ဦး နှစ်ဘက်ကုန်သွယ်မှု ပမာဏသည် ၂၀၀၃ခုနှစ်တွင်ယူရို ၂၈ဒသမ၆ဘီလီယံ ရှိ ခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ယူရို ၇၂ ဒသမ ၇ ဘီလီယံသို့တိုးတက်လာခဲ့ပါ သည်။ ၂၀၁၃ ခုနှစ်တွင်အီးယူမှ အိန္ဒိယ နိုင်ငံ သို့တင်ပို့မှုပမာဏ တန်ဖိုးမှာ ယူရို ၃၅ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး အိန္ဒိယ နိုင်ငံမှ အီးယူသို့ တင်သွင်းမှုပမာဏ တန်ဖိုးမှာ ယူရို ၃၆ ဒသမ ၈ ဘီလီယံ ခန့် ရှိခဲ့ ပါသည်။

အိန္ဒိယနိုင်ငံတွင် အီးယူ၏ နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် တိုး တက်လျက်ရှိပြီး၂၀၁၂ခုနှစ်တွင်ပမာဏ တန်ဖိုးအားဖြင့် ယူရို ၄၁ ဒသမ ၈ ဘီလီယံခန့် ရှိခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၌ အီးယူတွင် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပ မာဏ တန်ဖိုး သည် ယူရို ၈ ဒသမ ၈ ဘီလီယံခန့်ရှိခဲ့ ပါသည်။