Main menu

Background

တစ်ပါးသောနတ်မင်းနှင့်စကားပြောခြင်း

Tue, 07/01/2014 - 05:13 -- ydnar

 
စနေ၊ တနင်္ဂနွေရုံးပိတ်ရက်မှာ သူငယ်ချင်းတစ်ဦး ဖိတ် ခေါ်ထားလို့ ပခုက္ကူနဲ့ ၁၇ မိုင်အကွာ ရေစကြိုမြို့နယ် ထဲမှာ ရှိတဲ့ ပခန်း ကြီးကျေးရွာ (ယခင်ပခန်းကြီးမြို့ဟောင်း) ဘက်ကို ထွက်လာခဲ့ပါတယ်။သူငယ်ချင်းနဲ့တွေ့တော့ ငယ်စဉ် ကျောင် နေတုန်း က တွေ့ကြုံခဲ့ ရတာတွေကို စားမြုံ့ပြန်ရင်းထန်းတောကို ရောက်သွားကြပါတယ်။ အညာထန်းတောဆိုတာက ယာခရိုး၊ စည်း ခရိုးမှာ ရှေးလူကြီးသူမတွေ တန်းစီပြီး စိုက်ထားခဲ့ ကြတာပါ

။ထန်းပင်တွေရဲ့အလယ်မှာယာခင်းတွေနဲ့ပါ၊ ယာခင်း မှာ လည်း မြေပဲစိုက်ထားလို့ တစ်ထွာ၊ တစ်မိုက်လောက်ရှိတဲ့ မြေပဲပင်ပုပုဝိုက်ဝိုက်ကလေးတွေတွေ့နေရပါတယ်။ တောင်သူ အခေါ် မြေပဲပင်တွေကို ကြားလိုက်ထားတာတွေကို တွေ့ရပါ တယ်။ ကြားလိုက်တယ်ဆိုတာက ထွက်ပေါ်စ တစ်ထွာ၊ တစ် မိုက် မြေပဲပင်တွေ မိုးရွာပြီးနောက် နွားနဲ့ ထွန်နဲ့ ပေါင်းပင် သတ်ရင်း မြေမွဖို့၊ မြေပွဖို့  မြေပဲပင်တွေကြားမှာ ထွန်တာကို ကြားလိုက်တယ်လို့ ခေါ်ပါတယ်။ ကြားလိုက်ထားတဲ့ မြေပဲပင် ပေါက်များအတန်းလိုက် တွေ့ရတော့ သဘာ၀ အလှအပ ရှုမဆုံးပါဘူး၊ ထန်းတဲအဝင် အချို့နေရာတွေမှာ ထန်းပင်တွေ ကို ခုတ်လှဲပြီး ဓားနဲ့ ခွဲစိတ်ထားတာကိုလည်း တွေ့ရပါတယ်။ ဒီလိုထန်းပင်တွေကိုလှဲပြီး ခွဲစိတ်နေကြတာကိုလည်း လမ်းတစ် လျှောက်မှာ ကြိုကြားကြိုကြား တွေ့ခဲ့ရပါတယ်။ ''ဘာ အသုံး ပြုတာလဲ မေးတော့''  ''တောဓလေ့သဘာဝအရ အိမ်ရဲ့ ထုတ် တို့၊ ယောက်တို့၊ အသုံးပြုဖို့ လှဲပြီးခွဲနေကြတာလု့ိ '' သူငယ်ချင်း ကျောင်းဆရာက ရှင်းပြပါတယ်။ ဖတ်ဖူးတဲ့စာမှတ်ဖူးတဲ့စာအကြောင်းတွေ သတိရမိတယ်။ သက်တမ်းစေ့ဖို့ ကျွန်းတစ်ပင် အနှစ် ၈၀၊ ထန်းတစ်ပင် အနှစ် ၂၀ ၊အနည်းဆုံး အနှစ် ၂၀ လောက်ကြာမှ ထန်းသီးသီး၊ ထန်း နို့ ထွက်တဲ့ အပင်ခုတ်၊ လှဲလိုက်တော့ နှစ်ရက်တောင်မကြာ ပါဘူး ။ရင်ထဲနှမျောတဲ့စိတ်ကလေး ဝင်လာပါတယ်။ ထန်းတဲနဲ့ ခပ်လှမ်းလှမ်းရောက်တော့ မိတ်ဆွေကျောင်းဆရာက '' ဗျို့ ဘကြွက်နီ ကျွန်တော်တို့လာပြီ ခွေးကြည့်ပါဦးဗျို့'' ဆိုတော့ ထန်းသမား၊ ယာသမား ဖိုးကြွက်နီ ထန်းတဲထဲက ထွက်လာပါ တယ်။ ဖိနပ် ဗလာအင်္ကျီမပါ ချည်လုံချည် နှစ်နံစပ်နဲ့ လက် ထဲမှာ ပြောင်းဖူးဖက် ဆေးလိပ်တုတ်တုတ်ကြီး မီးတရဲရဲဖွာ '' လာဗျို့ ဆရာေ ကျာင်း (ကျောင်းဆရာကို ဒေသက ချစ်စနိုးနဲ့ ဆရာကျောင်းလို့ ခေါ်ကြကြောင်း နောက်မှ သိရပါတယ်) ဧည့်သည် လည်း ပါလာပြီကိုလာပါဗျာ'' ထန်းပင်တွေကြားမှာ ဆောက်ထားတဲ့ ထန်းလက် (ထန်းရွက်) မိုးနဲ့ တဲကုတ်ကုတ် ကလေး ထန်းရည် ကို ထန်းလျက်ချက်နေတဲ့ အနံ့သင်းသင်း ကလေးက နှာခေါင်းဝကို ကလူအိသို့ မြှူအိသို့နဲ့ပါ '' လာဗျာ ထိုင်ပါ''ထန်း လက် (ထန်းရွက်အရိုး) တွေနဲ့ ပြုလုပ်ထားတဲ့ စင် ကလေးပေါ်မှာသစ်သားပြားလေးတွေနဲ့ရိုက်ထားတဲ့ခုံကလေး၊ ခုံကလေးအပေ ါ်မှာတော့ ရေနွေးကြမ်းအိုး စဉ့်ရေနွေးအိုးလေး နဲ့ပါ။ ဝင်ရောက်ထိုင်ရင်း ရှုမဆုံးသော ထန်းတောယာခင်းပြင် သဘာ၀ အလှတရားကိုကြည့်လို့ တဖြူးဖြူးတိုက်နေတဲ့ လေ ကလေးရဲ့ အရသာခံစားရင်း သဘာဝလောကစည်းစိမ်ကို အပြည့်အဝရပါတယ်။ တစ်ဆက်တည်း လုပ်ငန်းကြောင်းလေးတွေ မေးဖြစ်ပါ တယ်။''အဆင်ပြေသလား''  '' ဒီနှစ်ထန်းလျက်ဈေးလေးကောင်း လို့ မဆိုးရုံပါဘဲဆရာရယ်''   ''စိုက်ထားတဲ့ မြေပဲခင်းကရော အဘဟာလား''  ''ဟုတ်ပါတယ် မြေပဲဆန် တစ်တင်းချထား တယ် စိုက်မိုးတော့ရပါပြီ အောင်မိုးရရင်တော့ ပွပြီပေါ့ဗျာ''လို့ ရှင်းပြပါတယ်။ ''ဒါနဲ့ ကျွန်တော်တို့ အညာဒေသမှာ ထန်း တက်တဲ့သူ ထန်းသမား တော်တော်ရှားသွားတယ်''လို့ မေးမိ တော့''မှန်တာပေါ့ဗျာ၊ထန်းသမားမှာလည်းအရင်းအနှီး ရှိတယ် ဆရာ သမား ရဲ့၊ မြူအိုးဖိုး၊ ကြိုးဖိုး၊ယင်းထောင် ယင်းဆွဲဖိုး၊ ထန်း လျက်ချက်ရတဲ့ ထင်းဖိုး၊ လုပ်အားခ၊ ဖအေလုပ်သူက ထန်း တက်၊ ဇနီးမယား က ထန်းလျက်ချက်၊ ရှိတဲ့သားသမီး ပလူမွေး ပလူတောင်ကစ ထန်းရည် မြူအိုးကောက်နဲ့ ရတဲ့ထန်း လျက် ဈေး မကောင်း လို့ကတော့ မိသားစု လုပ်အားခတောင်မကာလို့ ထန်းတက်သူတွေ ရွှေတွင်းရောက်၊ ကျောက်တွင်းရောက်၊ နယ်စပ်သွား၊ ကုန်ထမ်းရောင်းနဲ့ ထန်းသမားတွေ ရှားကုန် ကြတာ၊ ကျုပ်တောင်မိဘပေးခဲ့တဲ့ အမွေကလေး ထန်းလည်း တက်၊ ယာလည်းလုပ်၊ နှစ်ဆဆွဲနဲ့မို့ ဆက်လုပ်ဖြစ်တယ်'' လို့ မမောမပန်းရှင်းပြပါတယ်။ တကယ်တွေးကြည့်တော့လည်း သူတောင်မှထန်းသမား တောင်သူမို့ ထန်းကမရ၊ ယာကရဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ် နေရတာ၊ ထန်းလျက်ဈေးမကောင်း ယာက မိုးမမှန်လို့ကတော့ မတွေးရဲစရာပါ၊ အခြေခံလူတန်းစားများဘ၀ ရင်မောစရာ အပြည့်နဲ့ပါ၊ စကားပြောနေတုံး ဖိုးကြွက်နီကတော် ထန်းရည် မြူအိုး နှစ်အိုး လာချပါတယ်။ ထန်းရည်ခါးပါ နံနက် ၁၀ နာရီေ ကျာ်ကျော်ဆိုတော့ မြူအိုးမှာ ထန်းရည်ခါး ခေါင်းပေါင်း နဲ့ပေါ့၊ အမြုပ်ထလို့၊ အိုးအပေါ်ဖြူဖြူအမြုပ်တွေပေါ်နေတာ ကို အညာဒေသအခေါ် ခေါင်းပေါင်းပေါင်းတယ်လို့ ပြောတာ ပါ၊''အမြည်းကရောဖိုးကြွက်နီရ''   ''လာပါလိမ့်မယ်ဆရာကျောင်း ရယ်ထန်းတက်ရင်းရတဲ့ ပုတတ်လိုက်ထားတာ အကောင်လိုက် ကင်ထားသလို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက် အနည်းငယ်နဲ့ ထောင်းကြော်ထားတဲ့ ပုတတ်သားကြော်ပါ မယ်၊ ထမင်းစားဖို့ ဟင်းအဖြစ် ကိုယ့်ကြက်ကို လောက်လေး ဂွနဲ့ပစ်ပြီး လတ်လတ်ဆတ်ဆတ်ကြက်သားဟင်းရယ်၊ ဆူးပုတ် ရွက်၊ နွားလျှာရွက်၊ ကင်းပုန်ရွက်၊ ကျီးအားရွက် ဟင်းချိုချက် မယ် တစ်ခါတည်း စီစဉ်ထားတယ်'' လို့ ပြောပါတယ်။ ပြောရ ရင်တော့ ထန်းရည်ခါးသောက်လိုက်၊ ပုတတ် ကင်းမြီး လိုက်နဲ့ လေတဖြူးဖြူး ကြားမှာ သူငယ်ချင်းနှစ်ယောက် စကားဖောင် ဖွဲ့ရင်း လက်ပံပင် ဆက်ရက် ငှက်ကြ သလို ဖောင်လို့ပေါ့ဗျာ၊ ထန်းမြေတစ်အိုးလည်းကုန်သွားပါပြီ၊အမြီးကကောင်းကောင်း၊ ထန်းရည် က ကောင်းကောင်း ပါ၊ သောက်ကောင်း နေတုံး သူငယ်ချင်းကျောင်းဆရာထံက ဖုန်းအသံ မြည်လာပါတယ်။ သူငယ်ချင်းကျောင်းဆရာက သူငယ်ချင်းရေ အိမ်မှာကိစ္စလေး တစ်ခုပေါ်လာလို့ ငါခဏသွားရလိမ့်မယ်၊ မင်းဒီမှာပဲ နေခဲ့ ပေါ့ကွာ ငါမြန်မြန်ပြန်လာပါ့မယ်'' ပြောရင်းထွက်သွားပါတယ်၊ ထန်းတဲမှာ ကိုယ်တစ်ဦးပဲ ကျန်ခဲ့ပါတယ်၊
 
ဖိုးကြွက်နီက သူ့အလုပ်သူလုပ်ဖို့ ယာခင်းဘက်ထွက်သွား သလို ဖိုးကြွက်နီကတော်ကလည်း တဲထဲမှာ ထန်းလျက် ချက် နေတာ ဆိုတော့ ကိုယ့်တစ်ဦးထဲ သဘာဝလေခံစားရင်း ထန်း ရည်တစ်ကြိုက်၊ ပုတတ်ကြော်တစ်ကိုက်နဲ့ ရီရီဝေေ ဝဖြစ်နေပါ ပြီ၊ဗိုက်ထဲရောက်တဲ့ ထန်းရည်ကလည်း နေတက်လာတာနဲ့ အညီ အလျင်တက်နေတာဆိုတော့ ရီဝေရုံသာမက မူးတောင် မူးချင်နေပါပြီ၊ တစ်ယောက်ထဲ ပျင်းလိုက်တာ ခုအချိန်လေး များ စကားပြောဖော်ကလေးရှိရင် ကောင်းမှာပဲ ဆိုတဲ့ စိတ်ကူး ကလေးနဲ့ ရီဝေေ၀ဖြစ်နေချိန်၊ ''ဝုန်း''ကနဲအသံကြားရပြီး ပုဂ္ဂိုလ် တစ်ယောက် ရောက်လာပါတယ်။ '' ဘာလဲဟ၊ ဘာကြီးလဲ'' ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာနဲ့ သျှန်းပန်းနီ ခေါင်းပေါင်းလို့ လက်ထဲကလည်း ကြက်တစ်ကောင်ပိုက်လို့ တစ်ဆက်တည်း သူက '' ဟေ့ညီဘွား မင်းတစ်ယောက်ထဲ ထန်းရည်သောက်ရ တာ ပျင်းနေတယ်ဆိုလို့ ငါကိုယ်တော်လာခဲ့တာ''  '' ခင်ဗျာ- ခင်ဗျားကဘယ်သူတုံး''ဆိုတော့ မျက်ထောင့်နီကြီးနဲ့ ကြည့်ပြီး '' ညီဘွားရာ၊ မင်းရေစကြို သားဖြစ်ပြီး ကိုယ်တော်တောင်မှ မသိဘူးလား၊ မင်းတို့ အမြဲတန်း တင်မြှောက်ပသနေတဲ့ ဖေကျော်၊ ကိုကြီးကျော်၊ ပခန်းမင်းကျော်စွာလေကွာ၊ မင်းတယ် ပိန်းပါ့လား'' ဒီတော့မှ ကိုယ်နဖူးကိုရိုက်ပြီး သေလိုက်ဟဲ့ ငါလို့ တွေးရင်း လက်တွေ့ မှာတော့ လက်အုပ်ကလေးချီပြီး  ''ဟုတ်ကဲ့ ကျွန်တော်မျိုးအမိုက်အမဲကလေး မသိတတ်တာကို ခွင့် လွှတ် တော်မူပါ၊ ကိုကြီးကျော်ခင်ဗျာ၊ ကြပါ ထန်းရည်နဲ့ ပုတတ်သား ကင်၊ အကြော်သုံးတော်မူပါ''ဆိုတော့ ပုဂ္ဂိုလ်က ကြက် ပိုက် ရင်း စင်ပေါ် ဝင်ထိုင်၊ ဆက်ကပ်တဲ့ ထန်းရည် ဂွတ်ခနဲမြည် အောင် မော့သောက်ပြီး '' အင်း မဆိုးပါဘူး ဒါပေသိ ငါကိုယ် တော်ေ သာက်နေကြ ထန်းရည်တော့မမီသေးဘူး'' ပြောပါ တယ်။ '' အမြည်းသုံးဆောင်ပါဦးဆိုတော့ ''  '' ဟေ့ ငါကိုယ် တော်ေ သာက်တုံးက ကြက်ပေါင်တစ်ကိုက်၊ ယုန်ပေါင်တစ် ကိုက်နဲ့ ထန်းရည်တစ်ကြိုက် ဒီလိုသောက်တာကွ မင်းဟာက ပုတတ် ဆိုတော့ တယ်မနိပ်တာဘဲ အေးလေ ပြောလို့သာ ပြော တာ မင်းတို့လူတွေ အသုံးမကြလို့ လုပ်ချင်ရာ လုပ်လို့ တောတွေလည်း ကုန်နေပြီဆိုတော့ ယုန်ဆိုတာလည်း မတွေ့ ရသလောက် ဒီပုတတ် ကလေးမြည်းရ တာကို ပဲကျေးဇူးတင်ရ မလိုဖြစ်နေတာကို''   ''အဲဆော်သဟလို့''စိတ်ကူးထဲထင်ရုံရှိသေး''ဒီမှာ ညီဘွား ဖေကျော် ပြောတဲ့စကား မူးကြောင်ပေါက် ကြောင် ပြောတယ်ထင်သလား၊ ငါပြောတာ အမှန်တရားကွ မင်းတို့လူေ တွ ပေါက်ကရရှစ်ဆယ် လုပ်ချင်တာ လုပ်တယ်၊ ရှေ့ တစ်ခေါ် မမျှော်ဘူး၊ နောက်တစ်လှန် မပြန်ဘူးမျက်တောင် မွှေးအဆုံးပဲ ကြည့်ပြီးလုပ်ကြတယ်၊ ငါပိုင်တဲ့နယ် မှာ ဆေး စိုက်တယ်၊ပဲစိုက်တယ်၊နှမ်းစိုက်တယ်၊ မင်းကျော်စွာ တူးမြောင်း ဖောက်ပြီး ရေ စကြိုတဲ့နေရာမို့လို့ ယခုရေစကြိုမြို့ လို့ခေါ်တာ၊ မင်းမှတ်ပုံတင်မှာတောင် ၈/ရစက (နိုင်) ဆိုပြီး သတ်မှတ် ထားတယ်မဟုတ်လား ညီဘွားရဲ့'' '' ဟသိလှ ပါ့လား''စိတ်ထဲ တွေးရုံရှိသေးတယ် ''ဟေ့ညီဘွားရဲ့မင်းတို့ ကောမတ်စ်ဂျာနယ် ထဲမှာ မြင့်ဦး (ပခုက္ကူ) ဆိုပြီး ဟိုမရောက် ဒီမရောက် စာတို ပေစလေးတွေရေးတာ ဖေကျော်သိတယ်ကွ'' ၊ ဘုရားဘုရား နောက်ဘာတွေသိလို့ ဆက်ပြောရင် ကိုယ်မဟုတ် တာလုပ် ထားတာတွေ ပေါ်ကုန်မှာ မဖြစ်ဘူး မဖြစ်ဘူး စကားဖြတ်မှ '' မှန်ပါ့ကိုကြီးကျော် ညီဘွားကို ဘာဆို လိုချင် တယ် ပြောချင် တယ်ဆိုတာသာ မိန့်ပါတော့ ညီဘွားမှတ်သားလိုက်နာပါ့မယ်''  '' မင်းတို့တတွေကိုပြောလိုက်ရင် လိုက်နာပါ့မယ် ဆောင်ရွက် ပါမယ်နဲ့ ပြီးတော့ဟုတ်တာလည်းမဟုတ်ဘူး၊ ငါပြောမယ်  နား ထောင်စမ်းညီဘွား၊ ခုထန်းတော ထဲမှာကို ထန်းပင်တွေခုတ် အမြစ်ဖြတ်သတ်နေကြတာ၊ မင်းမေးတယ်မဟုတ်လား၊ မင်း တို့တတွေသိဖို့က ထန်းပင် တစ်ပင်ဖြစ်ဖို့ လွယ်တာမဟုတ်ဘူး၊ အနှစ် ၂၀ ကျော်ကြာတယ်၊ ထန်းပင်က ထန်းရွက် အမိုးရ တယ်၊ ထန်းလက်လျှော်ထုတ်လို့ ထန်းလျှော် ရတယ်၊ ခုမင်း ထိုင်နေတဲ့စင် ထန်းလက်နဲ့ လုပ်ထားတာ ထန်းနို့က ထန်းရည် ယိုတယ် (ထန်းဖိုရည်)၊ ထန်းမက ထန်းသီးသီးပြီး ထန်းရည် ယိုတယ် (ထန်းမရည်) အဲဒီထန်းရည်အချိုသောက်ရင် အား ရှိတယ်။ အချဉ်အခါးသောက်ရင် အပူအပုတ်စင်အောင် ဝမ်း သွားစေတယ်၊ လူမှာ အသက် ၄၀ ကျော်ရင် မိခင်နို့ဓာတ် ကုန်လို့ ထန်းနို့စို့ရတယ် ဆို တာ ရောဂါ ဘယကင်းလို့ ပြောတာ ကွ၊ ထန်းနို့အခြောက်မီးဆိုက်ရတယ်၊ အဲဒီထန်းနို့ ခြောက်ပြား ကို တော်ရုံတန်ရုံယားနာ အုန်းဆီ နဲ့ ရောလိမ်းရင်ပျောက်တယ်၊ ထန်းသီး လူစားရတယ်၊ နွားကျွေးရတယ်၊ ရင့်သွားတဲ့ အစေ့ စိုက်ရင် ထန်းမြစ်(ထန်းပင်မြစ်) ဆိုပြီး စားကြရတယ်၊ အဲဒီထန်း စေ့မှောက်စိုက်ရင် အဖိုပင်ဖြစ်တယ်၊ ထန်းနို့ထွက် တယ်၊လှန်စိုက်ရင် အမပင် ထန်းသီး သီးတယ်၊ ထန်းပင် သေရင်အဲဒီထန်းပင်ကိုခုတ်လှဲပြီး အိမ်ရဲ့ထုတ်ယောက် အဖြစ်သုံးရတယ်။ဒီလောက်အသုံးဝင်တဲ့အပင် မင်းရေး ပါ့လား၊ ထန်းတစ်ပင်လုံး လိုရာသုံးဆိုပြီး ခုတော့ အချိန် မရောက်ခင် ထန်းပင်တွေ ခုတ်လှဲ သတ်နေကြတယ်။ ဒီကိစ္စ ငါလုံးဝမကျေနပ်ဘူး၊ ဘာတဲ့ မကြာခင်ကလေးကတင် မင်းမေးလို့ ထန်းလျက်ချက်ဖို့ ထင်းရှားတယ်ဆိုတာ ဟို ကောင်ထန်း သမားပြောတယ်၊ ရှားမှာပေါ့ကွ မဆင်မခြင် ထင်းခုတ်တာကို၊ ငါတို့တစ်တွေ ဟိုတုန်းက ကိုယ်ပိုင် ထင်း စိုက်ခင်းရှိတယ်၊ သန်း၊ ဒဟတ်၊ ထနောင်း၊ မကျည်း၊ တမာ အကုန်စိုက်တယ် အချိန်ကျရင် ခုတ်သင့်တဲ့ အကိုင်း ခုတ်၊ ဖြတ်သင့်တဲ့အပိုင်းဖြတ်၊ ဒီလိုထင်းခုတ်တာ အခုတော့ မဟုတ် ပေါင်၊ တစ်ပင်လုံးလှဲတာ ရှားမှာပေါ့ထင်း၊ ကျေးရွာတစ်ရွာ တစ်အုပ်တစ်မ ထင်းစိုက်ခင်း အလကား ဖော်ရှိုးတွေ၊ မင်းတို့ တကယ်စိုက်မှ မစိုက်တာ ဒီမှာညီဘွား ငါက နတ်နော် အကုန် သိတယ်။''  '' ဟုတ်ကဲ့ပါခင်ဗျာ ဟုတ်ကဲ့ပါ''  ''ဘာဟုတ်ကဲ့ ပါလည်း ခုနပြောတဲ့ထဲမှာ ထန်းနို့ ပြာချ အုန်းဆီနဲ့ရောလိမ်း ရင် တော်ရုံတန်ရုံ အနာပျောက် တယ်ဆိုတာ ပါတယ်မဟုတ် လား၊ အဲဒီမှာ မင်းတို့လူတွေ စဉ်းစားစမ်း အုန်းပင်က အုန်း သီးဆီကြိတ်လို့ရတယ်၊ ဆံပင် လူး တယ် အုန်းဆီ၊ မြေပဲ၊ နှမ်း ကို ဆီကြိတ်တယ် ချက်စားတယ်၊ စားဆီ၊ ဘာတဲ့ဟိုမလေးရှား နိုင်ငံက တင်သွင်းတယ် စားအုန်းဆီ ဆီထွက်တဲ့အုန်းပင် တစ် မျိုးပေါ့နိုင်ငံခြားကတောင်မှာ ရတာမင်းတို့ပြောနေတဲ့  ဒေါ်လာ နဲ့ဝယ်ရ တာ နှမျှောစရာကြီး ကြား ထဲ နှလုံး သွေ ကြောကျဉ်း  တယ်ဆို လား ဘာဆိုလား၊ရောဂါက ရသေးတယ် ကဲ ဒီထန်း ပင်ေ တွ ဒီေ လာက် သီးနေ တာ အုန်းသီးဆံကဆီထုတ်သလို ထန်းသီး ဆံ ကဆီထုတ်လို့မရနိုင်ဘူး လားလို့ စဉ်းစားမိသလား၊ တွေး ခေါ်မိသလား၊ သုတေ သန ပြုလုပ် ဖူးသလား၊ ငါက ဘုန်းကြီးကျောင်းထွက် ဘဂဝါဟိုက်စကူးက မင်းတို့ လူ တွေလို ဗြယ နြယ ဗြယ ြှခယ ဏ့ီ တွေမရပါဘူး။ ငါလို သက်ကြီးရွယ်အိုဘုန်းကြီးကျောင်းထွက် ခေတ်ပညာ မတတ် တဲ့ အကောင်တောင် စဉ်းစားမိရင် မင်းတို့လူတွေ ခေတ် ပညာတတ်တွေ စဉ်းစားကြကွာ တို့တစ်တွေ ရှေးလူတွေ စဉ်းစားတွေးခေါ်လို့ တိုင်းပြည်အကျိုးပြု  သစ်ပင်တွေစိုက် တူးမြောင်းတွေဖော် ရေသွယ်စိုက်ပျိုးခဲ့လို့ ကိုယ့်ဒေသမှာ ဆန်၊ စပါး၊ ကျွန်းသစ်၊ ပဲ၊ ပြောင်းပေါ ခဲ့တယ်မဟုတ် လား၊ ဒီအစဉ်အလာတွေကို ထိန်းသိမ်းရင်း သစ်ပင်တွေ ဟိုခုတ်၊ ဒီခုတ် မလုပ်ကြပါနဲ့ကွာ ဟုတ်ပလား''    ''ဟုတ်ကဲ့ပါ ခင်ဗျာ''အဲဒီအချိန်မှာပဲ သူပါလာတဲ့ ကြက်ဖကြီးက အတောင် တဖြန်းဖြန်းခါရင်း''အောက်အီးအီးအွတ်''လို့ တွန်ပါလေရော။ ဒီတော့မှ ပခန်းမင်းကျော်စွာနတ်မင်း ကိုကြီးကျော်က '' ငါ့ကောင်ကြီးပျင်းနေပြီကွ ဒါကြောင့် တွန်သံပေးတာ ငါပြန် တော့မယ် မင်းလူတွေလည်း လာတော့မှာပါ ဒီမှာ ညီဘွား ငါ နောက်ဆုံးမှာခဲ့မယ် သစ်ပင်တွေ အရမ်းမခုတ်ပါနဲ့ ခုလေး တင်ငါပြောတဲ့ ထန်းသီးဆံက ဆီထုတ် ရမရ ဆိုတာ တွေ သုတေသနလုပ်ကြဖို့အကြောင်း မင်းစာရေးစမ်းကွာ ''  ''ဟုတ်ကဲ့ပါ ညီဘွားစာရေးပါ့မယ် ဂျာနယ်တိုက်က မရွေး ရင်တော့မတတ်နိုင်ပါဘူးကိုကြီးကျော်''ဆိုတော့'' ဟေ့ ညီဘွား ရေးတာမရေးတာ မင်းအလုပ်ရွေးတာမရွေးတာ ဂျာနယ်တိုက် ကအလုပ်၊ ကိုယ့်အလုပ်ကို ပီပြင်အောင်လုပ်ပါ ငါခိုင်းတဲ့ အတိုင်းသာရေးပါ ငါ့ဘာမှတ်သလဲ၊ မြို့စားကဖြစ်တဲ့ နတ် နော်၊ ပေါ့သေးသေး မမှတ်ပါနဲ့၊ ခိုင်းတဲ့အတိုင်းသာလုပ် မလုပ်ရင်၊ မရေးရင် နတ်ဆိုတာ ကိုင်တတ်တယ်ကွ မှတ်ထား''   ''ဟုတ်ကဲ့ ရေးပါ့မယ်ခင်ဗျာ''ဆိုတော့ '' ကောင်း ပြီ ညီဘွား ကိုယ်တော် ကြတော့ မယ်ဆိုပြီး ''ဝုန်း'' ကနဲ အသံ ကြားရပြီး ပျောက်သွားပါလေရော၊ ဒီတော့မှ ကျွန်တော် လည်း အိပ်ယာက လန့်နိုးသလို ရီဝေေ၀နဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်တော့မှ ထန်းပင်ပေါ်က ထန်းသီးခိုင်ကို ထန်း သမား ဖိုးကြက်နီဓားနဲ့ ချိုင်ချ လို့ အောက်ကျတဲ့ အသံဖြစ်နေ တာကိုဗျ၊ တစ်ဆက်တည်း ထန်းသီးတွေ ချိုင်နေသော ဟိုပုဂ္ဂိုလ်ကို ကိုကြီးကျော်များမြင်လို့ အပြစ်ပြောမလား ဆိုပြီး ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် လိုက်ကြည့်ရသေး တယ် တော်သေးတာပေါ့၊ ဟို ပုဂ္ဂိုလ် ကြသွား လို့၊ နို့မဟုတ်ရင် အငေါက်ခံရဦးမှာ၊ တစ်ဆက်တည်းမှာပဲ ရွာထဲသွားတဲ့ သူငယ်ချင်းကျောင်း ဆရာ ပြန်ေ ရာက် လာပါတယ်။ ဖိုးကြွက်နီ တို့ ကျွေးတဲ့နံနက်စာ ကြက်သားချက်နဲ့ ဆူးပုတ်ရွက်၊ နွားလျှာ ရွက်၊ ကင်းပုန်ရွက်၊ ကျီးအာရွက် ဟင်းချိုချက်၊ ပုတတ် သား ထောင်းကျော်နဲ့ ထမင်းစားပြီး ဖိုးကြွက်နီတို့ မိသားစုကို မုန့်ဖိုးလေးပေးပြီး ပခုက္ကူပြန်ခဲ့ပါတယ်။ ပခုက္ကူကို ပြန်ရင်း လမ်းတစ်လျှောက် စဉ်းစားမိပါတယ်။ ကိုကြီးကျော်ပြောသလို ထန်းသီးဆံကဆီထုတ်တဲ့ လုပ်ငန်း များ အောင်မြင်ခဲ့ရင် လာမယ့်နှစ်တွေမှာ နိုင်ငံတော်သမ္မတရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ဆုကို ကိုကြီးကျော်ကို ဘယ်လို များ ပေးကြမလဲ၊ ဂျာနယ်တိုက်က ရွေးတာမရွေးတာ အပထား နတ်ကိုင်မှာ ကြောက်လို့ စာရေးရပါဦးမယ်၊ ရေးပြီးရင် ခေါင်းစဉ် ဘယ်လိုတပ်ရပါ့မလဲ၊ ဆိုင်ကယ်စီးရင်း စဉ်းစားရင်း ခေါင်းထဲမှာ ပေါ်လာတာက ဘာတဲ့ တစ်ပါးသောနတ်မင်းနှင့် စကားပြောဖြစ်ခြင်းပေါ့ဗျာ။