Main menu

Background

အာဆီယံစီးပွားရေးအသိုက်အဝန်း

Thu, 07/10/2014 - 06:13 -- ydnar

ကျင့်သုံးရခြင်းအကြောင်းရင်း အာဆီယံအဖွဲ့ဝင်နိုင်ငံအတော်များများသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ယှဉ်ပြိုင်မှုဥပဒေ (Competition law) ကို ပြဋ္ဌာန်းခဲ့ကြသည်။ ယှဉ်ပြိုင်မှုဥပဒေကို လက်ဝါးကြီးအုပ် လုပ်ငန်းများအား တိုက်ဖျက်သည့်ဥပဒေ (Anti-monopoly or Anti-trust law)  ဟူ၍လည်း ခေါ်ဆိုသည်။ အာဆီယံ နိုင်ငံတိုင်းသည် ၂၀၁၅ ခုနှစ်တွင် ယှဉ်ပြိုင်မှုဥပဒေပေါ်လစီ (Competition policy and law) ကို စတင်ကျင့်သုံးရမည် ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် အဆိုပါ ဥပဒေပေါ်လစီကို စတင် ကျင့်သုံးခြင်းသည် ၂၀၀၇ ခုနှစ်အာဆီယံစီးပွားရေးပုံစံ(2007 ASEAN Economic Blueprint)၏ ရည်ရွယ်ချက်များကို ဖြည့်စွမ်းရန်အတွက် အာဆီယံနိုင်ငံများက ကြိုတင်ပြင်ဆင် ထားရမည့် လိုအပ်ချက်တစ်ရပ်လည်းဖြစ်သည်။ ဤကဲ့သို့ ပြင် ဆင်ခြင်း သည် ဒေသဆိုင်ရာစီးပွားရေး စွမ်းဆောင် ရည်(Regional economic performance) တိုးတက်ရေးအတွက် တရားမျှတသော စီးပွားရေးပြိုင်ဆိုင်မှု(Fair business competition)  ကို ဖန်တီးရာလည်း ရောက်ပါသည်။ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အာဆီယံသည် အရှေ့တောင်အာရှ ၁၀ နိုင်ငံပါဝင် သော စီးပွားရေးအုပ်စု(Economic group) ဖြစ်သည်။ အာဆီယံ ကို၁၉၆၇ခုနှစ်တွင် တည်ထောင်ခဲ့သည်။  အာဆီယံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအမြန်ဆန်ဆုံး သောဒေသ ဆိုင်ရာ စီးပွားရေး အုပ်စုများထဲမှ အုပ်စုတစ်ခုဖြစ်သည်။ အာဆီယံ၏ ကုန်သွယ်မှုပမာဏသည် ကမ္ဘာ့စုစုပေါင်း ကုန် သွယ်မှုပမာဏ ၏ ၆ ရာခိုင်နှုန်းနီးပါးရှိသည်။ ထို့ပြင် အာဆီယံ သည် အဖွဲ့ဝင်နိုင်ငံများ၏ မဟာဗျူဟာကျသော တည်နေရာ ကြောင့်အရေး ပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ထို မျှသာမက အာဆီယံဒေသကို ဖြတ်သန်းစီးဆင်းသော ကမ္ဘာ လုံးဆိုင်ရာ ကုန်သွယ်မှုတွင် အချိုးအစားများပြားစွာ ပါဝင်ခြင်း၊ စားသုံးသူဦးရေ မြန်ဆန်စွာ တိုးတက်လျက်ရှိခြင်းတို့ကြောင့် အရေးပါေ သာ အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ အာဆီယံသို့ စီးဝင်လျက်ရှိသော ပြည်ပတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု (FDI)သည်လည်းသိသိသာသာ တိုးတက်လျက်ရှိ သည်။ အာဆီယံသည် စားသုံးသူ သန်း ၆၀၀ ကျော်ရှိသည့် တစ်ခုတည်းသောဈေးကွက်(A Single Market) ကို ဖန် တီးလျက်ရှိပါသည်။ စားသုံးသူအရေအတွက် သန်း ၆၀၀ ကျော်ရှိသော အာဆီယံဈေးကွက်သည် ကမ္ဘာ့နဝမမြောက် အကြီးဆုံး စီးပွားရေးအဆောက်အအုံ (Ninth largest economy) ဖြစ်ပါသည်။ အာဆီယံအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ပိုမိုဖြေလျှော့ခြင်းက အာဆီယံနိုင်ငံများ၏ စီးပွားရေးကို ပိုမိုတိုးတက်စေပါသည်။ ထို့ပြင် အာဆီယံဒေသ အတွင်း ကောင်းမွန်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပတ် ဝန်းကျင်ကို ဖန်တီးရာလည်းရောက်ပါသည်။ ယှဉ်ပြိုင်မှုဥပဒေနှင့်ပေါ်လစီများသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် အပြည့်အဝအကောင်အထည်ဖော်မည့် အာဆီယံ စီးပွားရေးအသိုက်အဝန်း(ASEAN Economic Community -AEC) အတွက်အရေးကြီးပါသည်။ တစ်နည်း အားဖြင့် ယှဉ်ပြိုင်မှုပေါ်လစီသည် အာဆီယံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖြေလျှော့မှုဖြစ်စဉ်အတွက် အရေးကြီးပါသည်။ ဤပေါ်လစီများ ရေးဆွဲထားရှိမှသာ ဈေးကွက်များကို ပိုမိုဖွင့် လှစ်နိုင်ခြင်း၊ လုပ်ငန်းသစ်များ ဝင်ရောက်မှုကို လက်ခံနိုင်ခြင်း၊ ပြိုင်ဆိုင်မှုမရှိသည့် အပြုအမူများကို ကာကွယ်နိုင်ခြင်းနှင့် တရားမျှတသောယှဉ်ပြိုင်မှု (Fair competition) ကိုဖြစ် ထွန်း စေခြင်းတို့ကိုဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤအကြောင်း အချက်များကြောင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတိုင်းသည် ၂၀၁၅ခုနှစ်တွင်ယှဉ်ပြိုင်မှုဥပဒေပေါ်လစီသို့မဟုတ် လက်ဝါးကြီး အုပ်လုပ်ငန်းများကို တိုက်ဖျက်သော ဥပဒေနှင့်  ပေါ်လစီ များ (Anti-monopoly policies and laws)ကို ရေးဆွဲပြဋ္ဌာန်း ရန် လိုအပ်ခြင်းဖြစ်ပါသည်။အာဆီယံ၏ ယှဉ်ပြိုင်မှုဥပဒေပေါ်လစီ အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဆင့်မတူညီကြပေ။ ထိုနည်းတူစွာ ပင်အာဆီယံနိုင်ငံများ၏အဖွဲ့အစည်းဆိုင်ရာပေါ်လစီဝန်းကျင် (Institutional policy environment) နှင့် ကူးသန်းေ ရာင်း ဝယ်ရေး ဆိုင်ရာ ပေါ်လစီဝန်းကျင် (Cross border co-operation)   တို့သည်လည်း ကွဲပြားခြားနား လျက်ရှိသည်။ မည်သို့ပင်ဖြစ်စေကာမူ အာဆီယံနိုင်ငံအများစုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင်ရန်အလို့ငှာ ၎င်းတို့၏ စီးပွားရေးကို လွတ်လပ်ခွင့်ပြုကြပြီး စည်းမျဉ်းစည်းကမ်းထိန်းချုပ်မှုများကို လျှော့ချလျက်ရှိပါသည်။ အာဆီယံနိုင်ငံများသည် စီးပွားေ ရး၊ နိုင် ငံရေးနှင့် တရားစီရင်ရေးကိစ္စရပ်များတွင် ကွဲ ပြားခြားနားမှု ရှိသော်လည်း ယှဉ်ပြိုင်မှုဥပဒေနှင့် ပေါ်လစီကို စတင်ကျင့်သုံး ရန် လက်ခံကြိုဆိုကြပါသည်။ နိုင်ငံဖြတ်ကျော် စီးပွားရေးပူး ပေါင်း ဆောင်ရွက်မှုကိုမြှင့် တင်ရန်နှင့် မိမိတို့နိုင်ငံ၏ စီးပွားရေးကို ပိုမိုဖွင့်လှစ်ရန် အတွက် ယှဉ်ပြိုင်မှုဥပဒေနှင့် ပေါ်လစီကို လက်ခံကြိုဆိုကြခြင်းဖြစ်ပါ သည်။ အာဆီယံအတွင်း ယှဉ်ပြိုင်မှုဥပဒေ ပေါ်လစီ ကျင့်သုံးရ ခြင်း၏နောက်ထပ် အကြောင်းအချက်မှာ  နှစ်နိုင်ငံနှင့် ဒေသ ဆိုင်ရာ ကုန်သွယ်ရေး သဘောတူညီချက်များ (Bilateral and regional trade agreements)  ကို လက်မှတ် ရေးထိုး ထားသောကြောင့်ဖြစ်သည်။ အဆိုပါသဘောတူညီချက်များ သည် စီးပွားရေးလုပ်ငန်းများ၏ ပြိုင်ဆိုင်မှုကို  လျော့နည်းစေ သည့် လုပ်ဆောင်ချက်များအား ကန့်သတ်သော ကမ္ဘာ့ ကုန် သွယ်ရေးအဖွဲ့ပေါ်လစီများ (WTO policies) နှင့် လိုက် လျောညီထွေဖြစ်ကြပါသည်။ ယှဉ်ပြိုင်မှုဥပဒေဆိုသည်မှာ စီမံ အုပ်ချုပ်မှုအဟန့်အတားများနှင့် စည်းမျဉ်းဥပဒေ ဆိုင်ရာ အဟန့်အတားများကို လျော့ကျစေပြီးစည်းမျဉ်းဥပဒေ ဆိုင်ရာ ကြိုတင်သိရှိနိုင်မှုနှင့် ထင်သာမြင်သာရှိမှုကို ဆောင်ကြဉ်းပေး သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ထို့ပြင်နိုင်ငံ၏ စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်း (Competitiveness)ကို မြင့်မားစေပြီး စီးပွားရေး တိုးတက်မှု (Economic grouth)ကိုမြှင့်တင်ပေး သည့် ပေါ်လစီ လက်နက်တစ်ခုဖြစ်ပါသည်။အာဆီယံံစီးပွားရေးအသိုက်အဝန်း အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံစီးပွားရေးပုံစံ (ASEAN Economic Blueprint)  အရ ၂၀၁၅ ခုနှစ်တွင် ယှဉ်ပြိုင်မှုပေါ်လစီကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ကတိ ကဝတ်ပြုထားကြပါသည်။ရည်ရွယ်ချက်မှာဒေသ၏ စီးပွားရေး စွမ်းဆောင်ရည်ကို တိုးတက်စေမည့် တန်းတူလုပ်ကိုင်ဆောင် ရွက်ခွင့်နှင့် မျှတသော စီးပွားလုပ်ငန်းပြိုင်ဆိုင်မှု (Level playing field and fair business competition)  ကို ရရှိ ရန် ဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည်၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) ကိုအကောင်အထည်ဖော်ရန် ကတိကဝတ်ပြုပြီးလည်း ဖြစ်ပါ သည်။ AEC  တွင် သော့ချက်ကျသော လက္ခဏာရပ် သို့မဟုတ် ရည်ရွယ်ချက် ၄ မျိုးပါဝင်သည်။ ၎င်းင်းတို့မှာ (၁) တစ်ခု တည်း သောဈေးကွက်နှင့်ထုတ်လုပ်မှုအခြေခံဒေသ၊ (၂) စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသောဒေသ၊ (၃) စီးပွားရေးဖွံ့ဖြိုး တိုး တက်မှု ညီမျှသောဒေသနှင့် (၄) ကမ္ဘာလုံးဆိုင်ရာစီးပွားရေး နှင့် အပြည့်အဝပေါင်းစည်းနိုင်သည့် ဒေသဖြစ်ရေးတို့ဖြစ် သည်။ ဖော်ပြပါ AEC ၏ ရည်ရွယ်ချက်များအနက် ရည်ရွယ် ချက် တစ်ခုမှာ အာဆီယံကို စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းမြင့်မား သည့်ဒေသအဖြစ် ဖန်တီးရေးဖြစ်ပါသည်။ ဤကဲ့သို့ ဖန်တီး နိုင်ရေးအတွက် ၂၀၀၇ ခုနှစ်တွင် အာဆီယံစီးပွားရေး ဝန်ကြီး များသည် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ (ASEAN Experts Group on Conpetition -AEGC)  ကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ AEGC  သည် ယှဉ်ပြိုင်မှု ဥပဒေနှင့် ပေါ်လစီ ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရန် နှင့် ဆွေးနွေးရန်အတွက် ဒေသဆိုင်ရာဖိုရမ် (Regional forum) တစ်ခုဖြစ်ပါသည်။ ထို့ပြင် AEGC  သည် စွမ်းရည် တည်ဆောက်ရေးအစီအစဉ်များ (Capacity buliding programs)ပြုလုပ်ခြင်းအားဖြင့်ယှဉ်ပြိုင်မှုဥပဒေနှ င့် ပေါ်လစီ များ စတင်ကျင့်သုံးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန် ဖြစ်ပါသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ သဘောတူညီခဲ့သည့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အချက်များ အနက် အချက် (၄) ချက်ကို ဖော်ပြလိုပါသည်။ပထမအချက် မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ၂၀၁၅ ခုနှစ်တွင် ယှဉ် ပြိုင်မှုပေါ် လစီကို စတင်ကျင့်သုံးရန်ဖြစ်သည်။ ဒုတိယအချက် မှာ ယှဉ်ပြိုင်မှုပေါ်လစီအတွက် တာဝန်ရှိသော အေဂျင်စီများ သို့မဟုတ်အရာရှိများ၏ ကွန်ရက် (Network) တည်ထောင် ရန် ဖြစ်သည်။ အဆိုပါ ကွန်ရက်သည်  ယှဉ်ပြိုင်မှုပေါ်လစီ များ ဆွေးနွေး ညှိနှိုင်းခြင်းအတွက် ဖိုရမ် (Forum)အဖြစ် ဆောင်ရွက်ရန်ဖြစ်ပါသည်။ တတိယအချက်မှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ အမျိုးသားယှဉ်ပြိုင်မှုပေါ်လစီ(National competition policy) ရေးဆွဲရေးအတွက် စွမ်းရည် တည်ဆောက်ခြင်းလုပ်ငန်းစဉ်များကို အားပေးရန်ဖြစ်သည်။ နောက်ဆုံးအချက်မှာ ၂၀၁၀ ပြည့်နှစ်တွင် ယှဉ်ပြိုင်မှုပေါ်လစီ ဆိုင်ရာ အာဆီယံဒေသအတွက် လမ်းညွှန်ချက် စာအုပ် ထုတ်ဝေထားရှိရန်ဖြစ်သည်။ လမ်းညွှန်စာအုပ်ပြဋ္ဌာန်း ထုတ် ေ၀ ရာတွင် နိုင်ငံအလိုက်အတွေ့အကြုံများနှင့် နိုင်ငံတကာ တွင် ကျင့်သုံးလျက်ရှိသော စံနှုန်းများအပေါ်အခြေခံပြီး မျှတ သော ယှဉ်ပြိုင်မှုပတ်ဝန်းကျင်ဖန်တီးရေးကို အထောက်အကူ ပြုရန်ဖြစ်သည်။